Jimmy Choo ကုမ္ပဏီရဲ့ပထမဆုံးအမျိုးသား သံတမန်ဖြစ်လာခဲ့တဲ့ နာမည်ကျော်တရုတ်မင်းသား ဝမ်ရိပေါ်

 936

Pika (NP News) - စက်တင်ဘာ ၁၂

နာမည်ကျော် တရုတ်ရုပ်ရှင်သရုပ်ဆောင်ဝမ်ရိပေါ်သည် စက်တင်ဘာလ(၁၀)ရက်တွင် Jimmy Choo ကုမ္ပဏီ၏ ပထမဆုံးအမျိုးသားသံတမန်အဖြစ် တရားဝင်ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။ ဝမ်ရိပေါ်သည် တရုတ်အဆိုတော်-ရုပ်ရှင်သရုပ်ဆောင် Victoria Song၊ တောင်ကိုရီးယားအဆိုတော်-ရုပ်ရှင်သရုပ်ဆောင် Cho Mi-yeon တို့၏ သံတမန်အဆင့်တွင် ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဝမ်ရိပေါ်သည် Jimmy Choo ကုမ္ပဏီ၏ ၂၀၂၄ ခုနှစ်ကြော်ငြာကမ်းပိန်းတွင် ပါဝင်လာမည်ဖြစ်ကြောင်း လည်း သိရသည်။ Jimmy Choo ကုမ္ပဏီ၏ ဖန်တီးမှုဒါရိုက်တာ ဆန်ဒရာချိုအီက "ဝမ်ရိပေါ်ဟာ လုံးဝစိတ်အား ထက်သန်ပြီး ကျွန်မတို့ကုမ္ပဏီရဲ့သံတမန်အဖြစ် ခန့်အပ်ဖို့လိုအပ်နေတဲ့လူမျိုးပါ” ဟု ပြောခဲ့သည်။

ဂျပန်ကုမ္ပဏီ Evisu က ဝမ်ရိပေါ်ကို ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်ရက် အကြာတွင် Jimmy Choo ကုမ္ပဏီ၏ ခန့်အပ်မှုထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ဝမ်ရိပေါ်ကို စစ်မှန်သော ဖက်ရှင်ပုံစံရှိသည့် လူပုဂ္ဂိုလ်တစ်ဦးအဖြစ် ဂျပန်ကုမ္ပဏီ Evisu က ဖော်ပြပြောဆိုခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့်ဇွန်လတွင် ဝမ်ရိပေါ်သည် Loewe ဖက်ရှင်ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် တရားဝင်ခန့်အပ်ခံ ခဲ့ရကြောင်းလည်းသိရသည်။
Loewe ဖက်ရှင်ကုမ္ပဏီ၏ ဖန်တီးမှုဒါရိုက်တာ ဂျော်နသန်အန်ဒါဆန်က "ဝမ်ရိပေါ်ဟာ အဆိုတော်နဲ့ အကသမား တစ်ဦးအဖြစ် ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုမှုတွေကို ရရှိရုံသာမက သရုပ်ဆောင်နဲ့ဖက်ရှင်ပိုင်း အပါအဝင် နယ်ပယ်အသစ်တွေမှာလည်း တဖြည်းဖြည်းနာမည်ကျော်ကြားလာနေပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;
Jimmy Choo ကုမၸဏီရဲ႕ပထမဆုံးအမ်ိဳးသား သံတမန္ျဖစ္လာခဲ့တဲ့ နာမည္ေက်ာ္တ႐ုတ္မင္းသား ဝမ္ရိေပၚ
Pika (NP News) - စက္တင္ဘာ ၁၂

နာမည္ေက်ာ္ တ႐ုတ္႐ုပ္ရွင္သ႐ုပ္ေဆာင္ဝမ္ရိေပၚသည္ စက္တင္ဘာလ(၁၀)ရက္တြင္ Jimmy Choo ကုမၸဏီ၏ ပထမဆုံးအမ်ိဳးသားသံတမန္အျဖစ္ တရားဝင္ခန႔္အပ္ခံခဲ့ရေၾကာင္း သိရသည္။ ဝမ္ရိေပၚသည္ တ႐ုတ္အဆိုေတာ္-႐ုပ္ရွင္သ႐ုပ္ေဆာင္ Victoria Song၊ ေတာင္ကိုရီးယားအဆိုေတာ္-႐ုပ္ရွင္သ႐ုပ္ေဆာင္ Cho Mi-yeon တို႔၏ သံတမန္အဆင့္တြင္ ပါဝင္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဝမ္ရိေပၚသည္ Jimmy Choo ကုမၸဏီ၏ ၂၀၂၄ ခုႏွစ္ေၾကာ္ျငာကမ္းပိန္းတြင္ ပါဝင္လာမည္ျဖစ္ေၾကာင္း လည္း သိရသည္။ Jimmy Choo ကုမၸဏီ၏ ဖန္တီးမႈဒါ႐ိုက္တာ ဆန္ဒရာခ်ိဳအီက "ဝမ္ရိေပၚဟာ လုံးဝစိတ္အား ထက္သန္ၿပီး ကြၽန္မတို႔ကုမၸဏီရဲ႕သံတမန္အျဖစ္ ခန႔္အပ္ဖို႔လိုအပ္ေနတဲ့လူမ်ိဳးပါ” ဟု ေျပာခဲ့သည္။

ဂ်ပန္ကုမၸဏီ Evisu က ဝမ္ရိေပၚကို ကမာၻလုံးဆိုင္ရာသံတမန္အျဖစ္ ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ တစ္ရက္ အၾကာတြင္ Jimmy Choo ကုမၸဏီ၏ ခန႔္အပ္မႈထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ ဝမ္ရိေပၚကို စစ္မွန္ေသာ ဖက္ရွင္ပုံစံရွိသည့္ လူပုဂၢိဳလ္တစ္ဦးအျဖစ္ ဂ်ပန္ကုမၸဏီ Evisu က ေဖာ္ျပေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ဇြန္လတြင္ ဝမ္ရိေပၚသည္ Loewe ဖက္ရွင္ကုမၸဏီ၏ ကမာၻလုံးဆိုင္ရာသံတမန္အျဖစ္ တရားဝင္ခန႔္အပ္ခံ ခဲ့ရေၾကာင္းလည္းသိရသည္။
Loewe ဖက္ရွင္ကုမၸဏီ၏ ဖန္တီးမႈဒါ႐ိုက္တာ ေဂ်ာ္နသန္အန္ဒါဆန္က "ဝမ္ရိေပၚဟာ အဆိုေတာ္နဲ႔ အကသမား တစ္ဦးအျဖစ္ ကမာၻတစ္ဝွမ္းက အသိအမွတ္ျပဳမႈေတြကို ရရွိ႐ုံသာမက သ႐ုပ္ေဆာင္နဲ႔ဖက္ရွင္ပိုင္း အပါအဝင္ နယ္ပယ္အသစ္ေတြမွာလည္း တျဖည္းျဖည္းနာမည္ေက်ာ္ၾကားလာေနပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.