သမီးဖြစ်သူရဲ့ချစ်သူ အသက်(၁၄)နှစ်အရွယ်ကောင်လေးကို ဓါးနဲ့ထိုးခဲ့တဲ့မိခင် ဖမ်းဆီးခံရ
8921
Pika (NP News) - စက်တင်ဘာ ၁၂
တောင်ကိုရီးယားနိုင်ငံတွင် သမီးဖြစ်သူ၏ ချစ်သူဖြစ်သူ အသက်(၁၄)နှစ်အရွယ်ကောင်လေးကို ဓါးဖြင့်ထိုးခဲ့သည့် အသက်(၃၈)နှစ်အရွယ်မိခင်ကို တောင်ကိုရီးယားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါကောင်လေးကြောင့် သမီးဖြစ်သူ၏လုပ်ရပ်များက လမ်းလွဲနေသည်ဟု မိခင်ဖြစ်သူက ယုံကြည်နေပုံပေါ် သောကြောင့် ယခုကဲ့သို့ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လုံခြုံရေးဗီဒီယိုဖိုင်များအရ လမ်းကြားတစ်ခုထဲတွင် အတူတူထိုင်နေသော ကောင်လေးနှင့် ကောင်မလေးကို မိခင် ဖြစ်သူက အဝေးတစ်နေရာမှ ရပ်ကြည့်နေခဲ့ပြီးနောက် ရုတ်တရက်ချဉ်းကပ်လာကာ ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဝမ်းဗိုက်ကို ဓါးဖြင့်ထိုးခံခဲ့ရသော ကောင်လေးသည် ထွက်ပြေးရန်ကြိုးပမ်းခဲ့သော်လည်း ကောင်မလေး ၏ မိခင်ဖြစ်သူက နောက်မှပြေးလိုက်ခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ကောင်မလေးသည် မိခင်ဖြစ်သူကို တားဆီးရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း လည်း သိရသည်။ ဓါးဖြင့်ထိုးခံခဲ့ရသော ကောင်လေး၏နောက်ကို ကောင်မလေး၏ မိခင်ဖြစ်သူက ပြေးလိုက်နေ သည့်ကြောက်မက်ဖွယ်ကောင်းသောမြင်ကွင်းကို မျက်မြင်သက်သေများက ရဲတပ်ဖွဲ့ကို ပြန်လည်ပြောပြခဲ့ကြောင်း လည်း သိရသည်။
မျက်မြင်သက်သေတစ်ဦးက “သမီးဖြစ်သူက သူ့အမေရဲ့လည်ပင်းကိုဖက်ပြီး တိုက်ခိုက်မှုကို တားဆီးဖို့ ကြိုးပမ်းခဲ့ ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ ကောင်လေးက သူ့ဒဏ်ရာကို လက်နဲ့အုပ်ပြီး ထွက်ပြေးနေတာကို ကျွန်တော် တို့တွေ့ခဲ့ရပါတယ်” ဟု ပြောခဲ့သည်။
ထို့နောက် အခင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့ကရောက်ရှိလာခဲ့ပြီး ကောင်မလေး၏ မိခင်ဖြစ်သူကို ဖမ်းဆီးခဲ့ ကြောင်း သိရသည်။ ထို့ပြင် ဓါးဖြင့်ထိုးခံရမှုကြောင့် ထိခိုက်ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိခဲ့သော ကောင်လေး ကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ပြီး ခွဲစိတ်ကုသမှုများ ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေပြီး ယင်းအမျိုးသမီးအား ဖမ်းဝရမ်းထုတ်ရန်စီစဉ်နေကြောင်းလည်း သိရသည်။
Zawgyi Version;
သမီးျဖစ္သူရဲ႕ခ်စ္သူ အသက္(၁၄)ႏွစ္အ႐ြယ္ေကာင္ေလးကို ဓါးနဲ႔ထိုးခဲ့တဲ့မိခင္ ဖမ္းဆီးခံရ
Pika (NP News) - စက္တင္ဘာ ၁၂
ေတာင္ကိုရီးယားႏိုင္ငံတြင္ သမီးျဖစ္သူ၏ ခ်စ္သူျဖစ္သူ အသက္(၁၄)ႏွစ္အ႐ြယ္ေကာင္ေလးကို ဓါးျဖင့္ထိုးခဲ့သည့္ အသက္(၃၈)ႏွစ္အ႐ြယ္မိခင္ကို ေတာင္ကိုရီးယားရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
အဆိုပါေကာင္ေလးေၾကာင့္ သမီးျဖစ္သူ၏လုပ္ရပ္မ်ားက လမ္းလြဲေနသည္ဟု မိခင္ျဖစ္သူက ယုံၾကည္ေနပုံေပၚ ေသာေၾကာင့္ ယခုကဲ့သို႔ဓါးျဖင့္ထိုးခဲ့ျခင္းျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း ေတာင္ကိုရီးယားရဲတပ္ဖြဲ႕က ေျပာၾကားခဲ့သည္။
လုံၿခဳံေရးဗီဒီယိုဖိုင္မ်ားအရ လမ္းၾကားတစ္ခုထဲတြင္ အတူတူထိုင္ေနေသာ ေကာင္ေလးႏွင့္ ေကာင္မေလးကို မိခင္ ျဖစ္သူက အေဝးတစ္ေနရာမွ ရပ္ၾကည့္ေနခဲ့ၿပီးေနာက္ ႐ုတ္တရက္ခ်ဥ္းကပ္လာကာ ဓါးျဖင့္ထိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဝမ္းဗိုက္ကို ဓါးျဖင့္ထိုးခံခဲ့ရေသာ ေကာင္ေလးသည္ ထြက္ေျပးရန္ႀကိဳးပမ္းခဲ့ေသာ္လည္း ေကာင္မေလး ၏ မိခင္ျဖစ္သူက ေနာက္မွေျပးလိုက္ခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေကာင္မေလးသည္ မိခင္ျဖစ္သူကို တားဆီးရန္ႀကိဳးပမ္းခဲ့ေသာ္လည္း ေအာင္ျမင္ခဲ့ျခင္းမ်ိဳး မရွိခဲ့ေၾကာင္း လည္း သိရသည္။ ဓါးျဖင့္ထိုးခံခဲ့ရေသာ ေကာင္ေလး၏ေနာက္ကို ေကာင္မေလး၏ မိခင္ျဖစ္သူက ေျပးလိုက္ေန သည့္ေၾကာက္မက္ဖြယ္ေကာင္းေသာျမင္ကြင္းကို မ်က္ျမင္သက္ေသမ်ားက ရဲတပ္ဖြဲ႕ကို ျပန္လည္ေျပာျပခဲ့ေၾကာင္း လည္း သိရသည္။
မ်က္ျမင္သက္ေသတစ္ဦးက “သမီးျဖစ္သူက သူ႔အေမရဲ႕လည္ပင္းကိုဖက္ၿပီး တိုက္ခိုက္မႈကို တားဆီးဖို႔ ႀကိဳးပမ္းခဲ့ ေပမယ့္လည္း မေအာင္ျမင္ခဲ့ပါဘူး။ ေကာင္ေလးက သူ႔ဒဏ္ရာကို လက္နဲ႔အုပ္ၿပီး ထြက္ေျပးေနတာကို ကြၽန္ေတာ္ တို႔ေတြ႕ခဲ့ရပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ေနာက္ အခင္းျဖစ္ပြားရာေနရာသို႔ ရဲတပ္ဖြဲ႕ကေရာက္ရွိလာခဲ့ၿပီး ေကာင္မေလး၏ မိခင္ျဖစ္သူကို ဖမ္းဆီးခဲ့ ေၾကာင္း သိရသည္။ ထို႔ျပင္ ဓါးျဖင့္ထိုးခံရမႈေၾကာင့္ ထိခိုက္ဒဏ္ရာမ်ား ျပင္းျပင္းထန္ထန္ရရွိခဲ့ေသာ ေကာင္ေလး ကို ေဆး႐ုံသို႔ အလ်င္အျမန္ပို႔ေဆာင္ခဲ့ၿပီး ခြဲစိတ္ကုသမႈမ်ား ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ အဆိုပါ တိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနၿပီး ယင္းအမ်ိဳးသမီးအား ဖမ္းဝရမ္းထုတ္ရန္စီစဥ္ေနေၾကာင္းလည္း သိရသည္။