တပ်ကုန်းမြို့နယ်တစ်ခုတည်းပင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၄)ဦးအထိရှိနေပြီး ပျောက်ဆုံးနေသူများလည်းရှိနေ

 1181

သန့်ဇင် (NP News) - စက်တင်ဘာ ၁၂

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်တစ်ခုတည်းပင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၄)ဦးအထိရှိနေပြီး ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း ဒေသတွင်းရေဘေးကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် ပရဟိတအသင်းများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် ချောင်းရေများမြင့်တက်လာခြင်းကြောင့် ယမန်နေ့(စက်တင်ဘာ ၁၁ ရက်)မှစတင်ကာ နေပြည်တော်ကောင်စီ နယ် မြေအတွင်းရှိ တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ တပ်ကုန်းမြို့နယ်အတွင်းရှိ ဆင်သေချောင်းအနီးဝန်းကျင်မှ ရွာအများစုမှာ ရေကြီးရေလျှံမှုကြောင့် ရေနစ်သေဆုံးသူများအပါအဝင် ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း သိရသည်။ ရေဘေးဖြစ်စဉ်နှင့်ပတ်သက်၍ ပိတ်မိသူများက လူမှုကွန်ယက် ဖေ့ဘွတ်စ်စာမျက်နှာများထက်တွင် ပိုစ့်များတင်ကာ အကူအညီတောင်းခံခြင်းများလည်း ရှိခဲ့သည်။

“တပ်ကုန်းမြို့နယ်မှာ နေရာတော်‌တော်များများရေကြီးနေပါတယ်။ သေဆုံးသူတွေကလည်း အခုအချိန်ထိ (၄)ယောက်လောက်ရှိနေပါပြီ။ အဲဒီကြားထဲမှာ ပျောက်ဆုံးနေတဲ့လူတွေလည်းတော်တော်များတယ်”ဟု တပ်ကုန်းမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးလုပ်ဆောင် နေသည့် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသော ကျေးရွာများတွင် ပိတ်မိနေသူများစွာရှိပြီး ရေစီးသန်၍ ရေပြင်ကျယ်ဝန်းသောကြောင့် ကူညီကယ်ဆယ်ရာတွင် အခက်အခဲများစွာရှိနေကြောင်း သိရသည်။

“သေဆုံးပျောက်ရှလည်းရှိတယ်။ ကျွန်တော်တို့နေရာဝန်းကျင်မှာပဲ မနေ့ကနဲ့ ဒီနေ့ သေဆုံးသူ(၂)လောင်းရှိတယ်။ ရေနစ်ပြီးတင်နေတဲ့ အလောင်းတွေပါ။ အခုက ညတုန်းက အမျိုးသမီးအလောင်းတစ်လောင်းရတယ်။ အခုမနက်မှာ အမျိုးသားအလောင်းတစ်လောင်း တွေ့ရတယ်။ သူတို့ကရေနစ်သေဆုံးပြီး လာတင်နေတာပေါ့။ ပိတ်မိနေတဲ့လူတွေလည်း အများကြီးဗျ။ ဆက်သွယ်လို့မရတာတွေလည်း အများကြီးပါ။ ရှေ့ဆက်တိုးလို့မရတာတွေပေါ့ဗျာ။ အခုအချိန်ထိ အကူအညီတောင်းနေတာတွေတော့ အများကြီးပါ။ ဆင်သေချာင်းနံဘေးကရွာတွေ။ ပေါက်တောတို့၊ ပေါက်ကုန်းတို့၊ အေးမြင်သာယာတို့ဘက်ကလည်း ခေါ်နေကြတာ။ တချို့ဆိုရင် မနေ့ကည ၃နာရီလောက်တည်းက သစ်ပင်ပေါ်မှာ ပိတ်မိနေတဲ့လူတွေကို ကယ်လို့မရသေးတာတွေလည်း ရှိတယ်”ဟု အခြားပရဟိတအသင်းမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရေကြီးရေလျှံမှုဖြစ်ပွားသော ဒေသတွင်းကျေးရွာများမှ ကူညီကယ်ဆယ်ရရှိသူများကို ပရဟိတအသင်းများက ဘေးလွတ်ရာရေဘေးကယ်ဆယ်ရေးစခန်းများသို့ပို့ဆောင်ပေးထားရကြောင်း သိရသည်။

zawgyi version
တပ္ကုန္းၿမိဳ႕နယ္တစ္ခုတည္းပင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ(၄)ဦးအထိရွိေနၿပီး ေပ်ာက္ဆုံးေနသူမ်ားလည္းရွိေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၂

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္တစ္ခုတည္းပင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ(၄)ဦးအထိရွိေနၿပီး ေပ်ာက္ဆုံးေနသူမ်ားလည္းရွိေနေၾကာင္း ေဒသတြင္းေရေဘးကူညီကယ္ဆယ္ေရးမ်ားလုပ္ေဆာင္ေနသည့္ ပရဟိတအသင္းမ်ားထံမွ သိရသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္း ႏွင့္ ေခ်ာင္းေရမ်ားျမင့္တက္လာျခင္းေၾကာင့္ ယမန္ေန႔(စက္တင္ဘာ ၁၁ ရက္)မွစတင္ကာ ေနျပည္ေတာ္ေကာင္စီ နယ္ ေျမအတြင္းရွိ တပ္ကုန္းၿမိဳ႕နယ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ႏွင့္ ပုဗၺသီရိၿမိဳ႕နယ္တို႔တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိအခ်ိန္ထိ တပ္ကုန္းၿမိဳ႕နယ္အတြင္းရွိ ဆင္ေသေခ်ာင္းအနီးဝန္းက်င္မွ ႐ြာအမ်ားစုမွာ ေရႀကီးေရလွ်ံမႈေၾကာင့္ ေရနစ္ေသဆုံးသူမ်ားအပါအဝင္ ေပ်ာက္ဆုံးေနသူမ်ားလည္းရွိေနေၾကာင္း သိရသည္။ ေရေဘးျဖစ္စဥ္ႏွင့္ပတ္သက္၍ ပိတ္မိသူမ်ားက လူမႈကြန္ယက္ ေဖ့ဘြတ္စ္စာမ်က္ႏွာမ်ားထက္တြင္ ပိုစ့္မ်ားတင္ကာ အကူအညီေတာင္းခံျခင္းမ်ားလည္း ရွိခဲ့သည္။

“တပ္ကုန္းၿမိဳ႕နယ္မွာ ေနရာေတာ္‌ေတာ္မ်ားမ်ားေရႀကီးေနပါတယ္။ ေသဆုံးသူေတြကလည္း အခုအခ်ိန္ထိ (၄)ေယာက္ေလာက္ရွိေနပါၿပီ။ အဲဒီၾကားထဲမွာ ေပ်ာက္ဆုံးေနတဲ့လူေတြလည္းေတာ္ေတာ္မ်ားတယ္”ဟု တပ္ကုန္းၿမိဳ႕နယ္အတြင္း ေရေဘးကယ္ဆယ္ေရးလုပ္ေဆာင္ ေနသည့္ ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚေနေသာ ေက်း႐ြာမ်ားတြင္ ပိတ္မိေနသူမ်ားစြာရွိၿပီး ေရစီးသန္၍ ေရျပင္က်ယ္ဝန္းေသာေၾကာင့္ ကူညီကယ္ဆယ္ရာတြင္ အခက္အခဲမ်ားစြာရွိေနေၾကာင္း သိရသည္။

“ေသဆုံးေပ်ာက္ရွလည္းရွိတယ္။ ကြၽန္ေတာ္တို႔ေနရာဝန္းက်င္မွာပဲ မေန႔ကနဲ႔ ဒီေန႔ ေသဆုံးသူ(၂)ေလာင္းရွိတယ္။ ေရနစ္ၿပီးတင္ေနတဲ့ အေလာင္းေတြပါ။ အခုက ညတုန္းက အမ်ိဳးသမီးအေလာင္းတစ္ေလာင္းရတယ္။ အခုမနက္မွာ အမ်ိဳးသားအေလာင္းတစ္ေလာင္း ေတြ႕ရတယ္။ သူတို႔ကေရနစ္ေသဆုံးၿပီး လာတင္ေနတာေပါ့။ ပိတ္မိေနတဲ့လူေတြလည္း အမ်ားႀကီးဗ်။ ဆက္သြယ္လို႔မရတာေတြလည္း အမ်ားႀကီးပါ။ ေရွ႕ဆက္တိုးလို႔မရတာေတြေပါ့ဗ်ာ။ အခုအခ်ိန္ထိ အကူအညီေတာင္းေနတာေတြေတာ့ အမ်ားႀကီးပါ။ ဆင္ေသခ်ာင္းနံေဘးက႐ြာေတြ။ ေပါက္ေတာတို႔၊ ေပါက္ကုန္းတို႔၊ ေအးျမင္သာယာတို႔ဘက္ကလည္း ေခၚေနၾကတာ။ တခ်ိဳ႕ဆိုရင္ မေန႔ကည ၃နာရီေလာက္တည္းက သစ္ပင္ေပၚမွာ ပိတ္မိေနတဲ့လူေတြကို ကယ္လို႔မရေသးတာေတြလည္း ရွိတယ္”ဟု အျခားပရဟိတအသင္းမွတာဝန္ရွိသူ တစ္ဦးက ေျပာသည္။

လက္ရွိတြင္ ေရႀကီးေရလွ်ံမႈျဖစ္ပြားေသာ ေဒသတြင္းေက်း႐ြာမ်ားမွ ကူညီကယ္ဆယ္ရရွိသူမ်ားကို ပရဟိတအသင္းမ်ားက ေဘးလြတ္ရာေရေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ပို႔ေဆာင္ေပးထားရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.