ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၁၀)ဦးထိရှိပြီး (၅၀၀၀၀)ကျော် ရေဘေးသင့်

 935

သန့်ဇင် (NP News) - စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၁၀)ဦးထိရှိပြီး လူဦးရေ(၅၀၀၀၀)ကျော် ရေဘေးသင့်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ယနေ့(စက်တင်ဘာလ ၁၁ ရက်) နံနက်အစောပိုင်းက ထုတ်ပြန်ချက်အရ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ကာ ရမည်းသင်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အိမ်ထောင်စု (၁၅၁၁၃)စုမှ ကျား(၂၃၉၉၅)ဦးနှင့် မ(၂၉၉၇၇)ဦး၊ စုစုပေါင်း (၅၃၉၇၂)ဦး ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရမည်းသင်းမြို့နယ်ရှိ ဆည်ကြီးကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာမှ ကျား(၁)ဦး၊ ညောင်အိုင်ကျေးရွာမှ မ(၁)ဦး၊ မြင်းနားကျေးရွာ အုပ်စု၊ ကံသာအေးကျေးရွာမှ ကျား(၂)ဦး၊ မ(၄)ဦး၊ ရွှေနန်းပေါ်ကျေးရွာမှ မ(၁)ဦးနှင့် ဝါးဖြူတောင်ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာမှ မ(၁)ဦး၊ စုစုပေါင်း (၁၀)ဦးထိ ရေကြီးရေလျှံမှုအတွင်း သေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် ရေဘေးသင့်ပြည်သူများကို ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်း စသည့်ရေဘေးရှောင်နေရာများနှင့် နီးစပ်ရာဆွေမျိုးထံသို့ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်၊၊

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင်လည်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၅)ဦး ထိရှိခဲ့ကြောင်း ရေဘေးကယ်ဆယ်ရေးများလုပ်ဆောင်နေသော ဒေသခံပရဟိတအသင်းများထံမှ သိရသည်။

လက်ရှိတွင် နိုင်ငံတစ်ဝန်းလုံး မြို့ပေါင်း(၁၀)မြို့ထက်မနည်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး အိမ်ထောင်စုပေါင်းများစွာကို ရေဘေးကယ် ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ကယ်ဆယ်ထားရကြောင်း NP News သတင်းဌာနက စုစည်းထားသည့် အသင်းအချက်အလက်များအရ သိရသည်။

Zawgyi Version;
ရမည္းသင္းၿမိဳ႕နယ္တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ(၁၀)ဦးထိရွိၿပီး (၅၀၀၀၀)ေက်ာ္ ေရေဘးသင့္

သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၂

မႏၲေလးတိုင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕နယ္တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ(၁၀)ဦးထိရွိၿပီး လူဦးေရ(၅၀၀၀၀)ေက်ာ္ ေရေဘးသင့္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ ယေန႔(စက္တင္ဘာလ ၁၁ ရက္) နံနက္အေစာပိုင္းက ထုတ္ျပန္ခ်က္အရ သိရသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္းေၾကာင့္ ေရႀကီးေရလွ်ံမႈျဖစ္ကာ ရမည္းသင္းၿမိဳ႕နယ္အတြင္း ရပ္ကြက္၊ ေက်း႐ြာအုပ္စုမ်ားမွ အိမ္ေထာင္စု (၁၅၁၁၃)စုမွ က်ား(၂၃၉၉၅)ဦးႏွင့္ မ(၂၉၉၇၇)ဦး၊ စုစုေပါင္း (၅၃၉၇၂)ဦး ေရေဘးသင့္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ရမည္းသင္းၿမိဳ႕နယ္ရွိ ဆည္ႀကီးေက်း႐ြာအုပ္စု၊ ဆည္ႀကီးေက်း႐ြာမွ က်ား(၁)ဦး၊ ေညာင္အိုင္ေက်း႐ြာမွ မ(၁)ဦး၊ ျမင္းနားေက်း႐ြာ အုပ္စု၊ ကံသာေအးေက်း႐ြာမွ က်ား(၂)ဦး၊ မ(၄)ဦး၊ ေ႐ႊနန္းေပၚေက်း႐ြာမွ မ(၁)ဦးႏွင့္ ဝါးျဖဴေတာင္ေက်း႐ြာအုပ္စု၊ ေခ်ာင္းဖ်ားေက်း႐ြာမွ မ(၁)ဦး၊ စုစုေပါင္း (၁၀)ဦးထိ ေရႀကီးေရလွ်ံမႈအတြင္း ေသဆုံးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေရေဘးသင့္ျပည္သူမ်ားကို ရမည္းသင္းၿမိဳ႕နယ္မီးသတ္စခန္းမွ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ားမွ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းကာ သီလဝခန္းမ၊ သာသနာ့ဗိမာန္၊ ဘုန္းႀကီးေက်ာင္း၊ ႐ြာတန္းခန္းမ၊ ကိုးခန္းႀကီးဓမၼာ႐ုံ၊ ရန္ႀကီးေအာင္ေက်ာင္း စသည့္ေရေဘးေရွာင္ေနရာမ်ားႏွင့္ နီးစပ္ရာေဆြမ်ိဳးထံသို႔ ကူညီေ႐ႊ႕ေျပာင္းေပးခဲ့ေၾကာင္း သိရသည္၊၊

ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ တပ္ကုန္းၿမိဳ႕နယ္ႏွင့္ ပ်ဥ္းမနားၿမိဳ႕နယ္တို႔တြင္လည္း ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ(၅)ဦး ထိရွိခဲ့ေၾကာင္း ေရေဘးကယ္ဆယ္ေရးမ်ားလုပ္ေဆာင္ေနေသာ ေဒသခံပရဟိတအသင္းမ်ားထံမွ သိရသည္။

လက္ရွိတြင္ ႏိုင္ငံတစ္ဝန္းလုံး ၿမိဳ႕ေပါင္း(၁၀)ၿမိဳ႕ထက္မနည္း ေရႀကီးေရလွ်ံမႈျဖစ္ေပၚေနၿပီး အိမ္ေထာင္စုေပါင္းမ်ားစြာကို ေရေဘးကယ္ ဆယ္ေရးစခန္းမ်ားသို႔ ေျပာင္းေ႐ြ႕ကယ္ဆယ္ထားရေၾကာင္း NP News သတင္းဌာနက စုစည္းထားသည့္ အသင္းအခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.