တောင်ဒဂုံတွင် ရပ်ထားသော(၁၂)ဘီးယာဉ်ကို တက္ကစီက မျက်နှာချင်းဆိုင် တိုက်မိပြီး မီးလောင်မှုဖြစ်ပွား

 2831

ချယ်ရီ (NP News) - စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီးပေါ်တွင် ရပ်ထားသော ၁၂ ဘီးကုန်တင်ယာဉ်ကို တက္ကစီ တစ်စီးက မျက်နှာချင်းဆိုင် တိုက်မိပြီးနောက် တက္ကစီ မီးလောင်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေခံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၁ ရက်)၊ ညပိုင်း ၉နာရီ ၁၅မိနစ်အချိန်ခန့်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၁၄၁)ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး PT Power ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“တက္ကစီကတော့ Probox ကားဖြစ်တဲ့အတွက်ကို ဘယ်ဘက်အခြမ်းက ဘက်ထရီအိုးကနေ စပြီးတော့မှ အဲဒီမှာမီးထလောင်တယ်။ မီးလောင်သွားတဲ့ကားက တက္ကစီကားပါဗျ။ ရပ်ထားတဲ့ကားက ၁၂ဘီးကုန်တင်ကားပါ။ ဆီထည့်ဖို့ရပ်ထားတဲ့ ကားလို့လည်း ကြားတယ်။ ကားက လမ်းဘေးချအိပ်တာလား၊ ဘာလားတော့ မသိဘူး။ အဲဒီကုန်တင်ကားကို တက္ကစီသမားက မျက်နှာချင်းဆိုင်ကနေ လာဝင်တိုက်တာပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အခင်းဖြစ်ချိန်တွင် ယာဉ်တိုက်ရသည့် အကြောင်းအရင်းကို သိရခြင်းမရှိသေးကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လိုအပ်သည့် စစ်ဆေးမှုများကို ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။ ယာဉ်တိုက်မှုတွင် အခင်းဖြစ် ယာဉ်နှစ်စီး၌ ထိခိုက်သူ မရှိခဲ့သော်လည်း တက္ကစီ၏ ကားရှေ့ပိုင်း၊ အတွင်းပိုင်း ကူရှင်များ အပါအဝင် နေရာအချို့၌ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် ကာလတန်ဖိုး ကျပ်သိန်း (၅၀)ဖိုးခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ယာဉ်မောင်းတွေအနေနဲ့ သတိဝီရိယနဲ့ပဲ မောင်းစေချင်တယ်”ဟု ၎င်းက အကြံပြုပြောပြသည်။ အဆို ပါ ကားမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့မရဲစခန်းက အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

Zawgyi Version;
ေတာင္ဒဂုံတြင္ ရပ္ထားေသာ(၁၂)ဘီးယာဥ္ကို တကၠစီက မ်က္ႏွာခ်င္းဆိုင္ တိုက္မိၿပီး မီးေလာင္မႈျဖစ္ပြား
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၂

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၊ အမွတ္ (၂) လမ္းမႀကီးေပၚတြင္ ရပ္ထားေသာ ၁၂ ဘီးကုန္တင္ယာဥ္ကို တကၠစီ တစ္စီးက မ်က္ႏွာခ်င္းဆိုင္ တိုက္မိၿပီးေနာက္ တကၠစီ မီးေလာင္သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း သက္ဆိုင္ရာ နယ္ေျမခံမီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁၁ ရက္)၊ ညပိုင္း ၉နာရီ ၁၅မိနစ္အခ်ိန္ခန႔္က ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၁၄၁)ရပ္ကြက္၊ အမွတ္(၂)လမ္းမႀကီး PT Power ဆိုင္ေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

“တကၠစီကေတာ့ Probox ကားျဖစ္တဲ့အတြက္ကို ဘယ္ဘက္အျခမ္းက ဘက္ထရီအိုးကေန စၿပီးေတာ့မွ အဲဒီမွာမီးထေလာင္တယ္။ မီးေလာင္သြားတဲ့ကားက တကၠစီကားပါဗ်။ ရပ္ထားတဲ့ကားက ၁၂ဘီးကုန္တင္ကားပါ။ ဆီထည့္ဖို႔ရပ္ထားတဲ့ ကားလို႔လည္း ၾကားတယ္။ ကားက လမ္းေဘးခ်အိပ္တာလား၊ ဘာလားေတာ့ မသိဘူး။ အဲဒီကုန္တင္ကားကို တကၠစီသမားက မ်က္ႏွာခ်င္းဆိုင္ကေန လာဝင္တိုက္တာေပါ့” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

အခင္းျဖစ္ခ်ိန္တြင္ ယာဥ္တိုက္ရသည့္ အေၾကာင္းအရင္းကို သိရျခင္းမရွိေသးေၾကာင္း ႏွင့္ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕က လိုအပ္သည့္ စစ္ေဆးမႈမ်ားကို ေဆာင္႐ြက္ေနေၾကာင္း ၎ကဆိုသည္။ ယာဥ္တိုက္မႈတြင္ အခင္းျဖစ္ ယာဥ္ႏွစ္စီး၌ ထိခိုက္သူ မရွိခဲ့ေသာ္လည္း တကၠစီ၏ ကားေရွ႕ပိုင္း၊ အတြင္းပိုင္း ကူရွင္မ်ား အပါအဝင္ ေနရာအခ်ိဳ႕၌ မီးေလာင္မႈျဖစ္ပြားခဲ့သည့္အတြက္ ကာလတန္ဖိုး က်ပ္သိန္း (၅၀)ဖိုးခန႔္ ဆုံးရႈံးခဲ့ေၾကာင္း သိရသည္။

“ယာဥ္ေမာင္းေတြအေနနဲ႔ သတိဝီရိယနဲ႔ပဲ ေမာင္းေစခ်င္တယ္”ဟု ၎က အႀကံျပဳေျပာျပသည္။ အဆို ပါ ကားမီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ေမာင္းကို ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ ၿမိဳ႕မရဲစခန္းက အမႈဖြင့္လွစ္ အေရးယူထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.