ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၁၇)ဦးအထိရှိလာပြီး အရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိနေ

 1435

သန့်ဇင် (NP News) - စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၁၇)ဦးအထိရှိလာပြီး အရေအတွက် ဆက်လက်မြင့်တက်ဖွယ်ရှိနေကြောင်း ရမည်းသင်းမြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ကျရေကျဆင်းခြင်းကြောင့် ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် အလောင်း(၁၀)လောင်းတွေ့ရှိကြောင်း မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့က ယနေ့(စက်တင်ဘာလ ၁၂ ရက်)၊ နံနက်အစောပိုင်းတွင် ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာတွင် ရေစီးနှင့်အတူမျောပါလာသော အလောင်း(၇)လောင်းကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ အခုအချိန်ထိကို အလောင်း(၁၇)လောင်းတွေ့ထားပါတယ်။ သေဆုံးသူတွေက တောင်ကျရေတွေကြောင့် ရေစီးနဲ့မျောပါပြီး ရေနစ်ဆုံးတယ်လို့ ယူဆရပါတယ်။ အဲဒီမြင်းနားကျေးရွာဘက်တွေဆိုရင် အိမ်တွေကတောင်တွေလိုအနားမှာဆောက်ထားတော့ တောင်ကျရေတွေ ကျလာရင်းနဲ့ မျောပါလာတာမျိုးပါ။ သေဆုံးသူအများစုက သပြေပင်ကျေးရွာဘက်အများဆုံးလို့ ယူဆရပါတယ်။ နောက်ပိုင်း ကျွန်တော်တို့ ကြားထားရတာ သေဆုံးတဲ့သူတွေရှိနေသေးတယ်”ဟု ရမည်းသင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။

ထို့ပြင် ရမည်းသင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ(၅၀၀၀၀)ကျော်ကို ဘေးလွတ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း သိရသည်။

အလားတူ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုကြောင့် အိမ်ထောင်စု အများအပြားကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည့်အပြင် ပျောက်ဆုံးသူများလည်း ရှိနေသောကြောင့် ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

လတ်တလောဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် သေဆုံးသူ(၂၅)ဦး ထက်မနည်းရှိကာ ပျောက်ဆုံးသူများလည်း အများအပြားရှိနေကြောင်း NP News သတင်းဌာနက ကနဦးရရှိထားသည့် အချက်အလက်များအရ သိရသည်။

Zawgyi Version;
ရမည္းသင္းၿမိဳ႕နယ္တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ(၁၇)ဦးအထိရွိလာၿပီး အေရအတြက္ ဆက္လက္ျမင့္တက္ဖြယ္ရွိေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၂

မႏၲေလးတိုင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕နယ္တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ(၁၇)ဦးအထိရွိလာၿပီး အေရအတြက္ ဆက္လက္ျမင့္တက္ဖြယ္ရွိေနေၾကာင္း ရမည္းသင္းၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ေတာင္က်ေရက်ဆင္းျခင္းေၾကာင့္ ရမည္းသင္းၿမိဳ႕နယ္တြင္ ေရႀကီးေရလွ်ံမႈမ်ား စတင္ျဖစ္ေပၚခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရမည္းသင္းၿမိဳ႕နယ္တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ အေလာင္း(၁၀)ေလာင္းေတြ႕ရွိေၾကာင္း ျမန္မာႏိုင္ငံမီး သတ္တပ္ဖြဲ႕က ယေန႔(စက္တင္ဘာလ ၁၂ ရက္)၊ နံနက္အေစာပိုင္းတြင္ ထုတ္ျပန္ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ ေရစီးႏွင့္အတူေမ်ာပါလာေသာ အေလာင္း(၇)ေလာင္းကို ထပ္မံေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဟုတ္ပါတယ္။ အခုအခ်ိန္ထိကို အေလာင္း(၁၇)ေလာင္းေတြ႕ထားပါတယ္။ ေသဆုံးသူေတြက ေတာင္က်ေရေတြေၾကာင့္ ေရစီးနဲ႔ေမ်ာပါၿပီး ေရနစ္ဆုံးတယ္လို႔ ယူဆရပါတယ္။ အဲဒီျမင္းနားေက်း႐ြာဘက္ေတြဆိုရင္ အိမ္ေတြကေတာင္ေတြလိုအနားမွာေဆာက္ထားေတာ့ ေတာင္က်ေရေတြ က်လာရင္းနဲ႔ ေမ်ာပါလာတာမ်ိဳးပါ။ ေသဆုံးသူအမ်ားစုက သေျပပင္ေက်း႐ြာဘက္အမ်ားဆုံးလို႔ ယူဆရပါတယ္။ ေနာက္ပိုင္း ကြၽန္ေတာ္တို႔ ၾကားထားရတာ ေသဆုံးတဲ့သူေတြရွိေနေသးတယ္”ဟု ရမည္းသင္းၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။

ထို႔ျပင္ ရမည္းသင္းၿမိဳ႕နယ္တြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ လူဦးေရ(၅၀၀၀၀)ေက်ာ္ကို ေဘးလြတ္ရာ ေရေဘးကယ္ဆယ္ေရးစခန္းမ်ားသို႔ ေျပာင္းေ႐ႊ႕ထားရေၾကာင္း သိရသည္။

အလားတူ ရမည္းသင္းခ႐ိုင္၊ ေပ်ာ္ဘြယ္ၿမိဳ႕နယ္တြင္လည္း ေရႀကီးေရလွ်ံမႈေၾကာင့္ အိမ္ေထာင္စု အမ်ားအျပားကို ေဘးလြတ္ရာသို႔ ေျပာင္းေ႐ႊ႕ထားရသည့္အျပင္ ေပ်ာက္ဆုံးသူမ်ားလည္း ရွိေနေသာေၾကာင့္ ရွာေဖြကယ္ဆယ္ေရးမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

လတ္တေလာျဖစ္ေပၚေနေသာ ေရႀကီးေရလွ်ံမႈေၾကာင့္ ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ ေသဆုံးသူ(၂၅)ဦး ထက္မနည္းရွိကာ ေပ်ာက္ဆုံးသူမ်ားလည္း အမ်ားအျပားရွိေနေၾကာင္း NP News သတင္းဌာနက ကနဦးရရွိထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.