ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် မိုးများသည့်အတွက် ဆင်ကဘုရားတစ်ခြမ်းပြိုကျပြီး ငှက်ပစ်တောင်ရှိ ဘုရားတစ်ဆူတွင် အောက်ခြေ ဖောင်းရစ်ပွင့်ထွက်

 786

သုတကျော် (NP News) - စက်တင်ဘာ ၁၂

မိုးရွာသွန်းမှုများပြားသည့်အတွက် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဆင်ကဘုရားတစ်ခြမ်းပြိုကျခဲ့ပြီး ငှက်ပစ်တောင်ရှိ ဘုရားတစ်ဆူတွင် အောက်ခြေ ဖောင်းရစ်ပွင့်ထွက်သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပုဂံဌာနခွဲမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

ပုဂံ - ညောင်ဦးဒေသတွင် စက်တင်ဘာ ၁၁ ရက်၌ တစ်ရက်လုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ စက်တင် ဘာလ ၁၁ ရက် နံနက်ပိုင်း ၉ နာရီ အချိန်မှ စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီအချိန်အထိ မိုးရေချိန် ၈.၅၀ လက်မအထိပင် ရွာသွန်းခဲ့ခြင်းဖြစ်သည်။

“ဆင်ကဘုရားကျတော့ တစ်ခြမ်းလုံးကို ပြိုသွားတာ။ ငှက်ပစ်တောင်က ဓမ္မစေတီဆိုတာ သီဟိုဠ်ပုံစံ။ အဲဒီဟာက ပြိုတာမဟုတ်ဘူး။ အဲဒီဟာကျတော့ အောက်ခြေက ဖောင်းလိုင်းက ပွင့်သွားတာ ဖြစ်ပါတယ်။ (၁၀)ပေပတ်ချာလည်လောက် ပွင့်သွားတာပါ”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

တစ်ခြမ်းပြိုကျသွားခဲ့သည့် ဆင်ကဘုရားနှင့်ပတ်သက်၍ ရေမဝင်စေရန်အတွက် မိုးကာအုပ်ထားကာ ဒေသခံ ပရဟိတအဖွဲ့များနှင့် ရှင်းလင်းရေးဆောင်ရွက်နေပြီး ကုန်ကျစရိတ် အမြန်ဆုံး တွက်ချက်ဆောင်ရွက်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ မိုးရွာသွန်းမှု များပြားခဲ့သည့် အတွက် ရွှေစည်းခုံစေတီတော်ကြီးတောင်ဘက်ထွက်ပေါက်အနီး ပရဝုဏ်အပြင်ဘက် အရှေ့ဘက်တံတိုင်း အလျား ၁၈ ပေ ၊ အနံ ၁ပေ ၆လက်မ ၊ အမြင့် ၄ ပေ ၉ လက်မရှိ နှောင်ခေတ်တံတိုင်း၌ တစ် ခြမ်းပဲ့၍ ရေနူးပြိုကျသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထို့ပြင် ထီးလိုမင်းလို ဘုရား၏ မြောက်ဘက် အုတ်တံတိုင်း ချင်မိတ်တိုး အလျား ၇ ပေခန့် ပဲ့ကျခဲ့ကာ အဆိုပါဘုရား၏ အရှေ့ဘက်မုခ်အပြင်ဘက် မုခ်ကပ်၌လည်း အုတ် ၄ ချပ် ပဲ့ကျ ပျက်စီးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ပုဂံ ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမတြင္ မိုးမ်ားသည့္အတြက္ ဆင္ကဘုရားတစ္ျခမ္းၿပိဳက်ၿပီး ငွက္ပစ္ေတာင္ရွိ ဘုရားတစ္ဆူတြင္ ေအာက္ေျခ ေဖာင္းရစ္ပြင့္ထြက္
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၂

မိုး႐ြာသြန္းမႈမ်ားျပားသည့္အတြက္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမရွိ ဆင္ကဘုရားတစ္ျခမ္းၿပိဳက်ခဲ့ၿပီး ငွက္ပစ္ေတာင္ရွိ ဘုရားတစ္ဆူတြင္ ေအာက္ေျခ ေဖာင္းရစ္ပြင့္ထြက္သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း သာသနာေရး ႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၏ ပုဂံဌာနခြဲမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

ပုဂံ - ေညာင္ဦးေဒသတြင္ စက္တင္ဘာ ၁၁ ရက္၌ တစ္ရက္လုံး မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ရာ စက္တင္ ဘာလ ၁၁ ရက္ နံနက္ပိုင္း ၉ နာရီ အခ်ိန္မွ စက္တင္ဘာ ၁၂ ရက္ နံနက္ ၉ နာရီအခ်ိန္အထိ မိုးေရခ်ိန္ ၈.၅၀ လက္မအထိပင္ ႐ြာသြန္းခဲ့ျခင္းျဖစ္သည္။

“ဆင္ကဘုရားက်ေတာ့ တစ္ျခမ္းလုံးကို ၿပိဳသြားတာ။ ငွက္ပစ္ေတာင္က ဓမၼေစတီဆိုတာ သီဟိုဠ္ပုံစံ။ အဲဒီဟာက ၿပိဳတာမဟုတ္ဘူး။ အဲဒီဟာက်ေတာ့ ေအာက္ေျခက ေဖာင္းလိုင္းက ပြင့္သြားတာ ျဖစ္ပါတယ္။ (၁၀)ေပပတ္ခ်ာလည္ေလာက္ ပြင့္သြားတာပါ”ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

တစ္ျခမ္းၿပိဳက်သြားခဲ့သည့္ ဆင္ကဘုရားႏွင့္ပတ္သက္၍ ေရမဝင္ေစရန္အတြက္ မိုးကာအုပ္ထားကာ ေဒသခံ ပရဟိတအဖြဲ႕မ်ားႏွင့္ ရွင္းလင္းေရးေဆာင္႐ြက္ေနၿပီး ကုန္က်စရိတ္ အျမန္ဆုံး တြက္ခ်က္ေဆာင္႐ြက္ကာ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။ မိုး႐ြာသြန္းမႈ မ်ားျပားခဲ့သည့္ အတြက္ ေ႐ႊစည္းခုံေစတီေတာ္ႀကီးေတာင္ဘက္ထြက္ေပါက္အနီး ပရဝုဏ္အျပင္ဘက္ အေရွ႕ဘက္တံတိုင္း အလ်ား ၁၈ ေပ ၊ အနံ ၁ေပ ၆လက္မ ၊ အျမင့္ ၄ ေပ ၉ လက္မရွိ ေႏွာင္ေခတ္တံတိုင္း၌ တစ္ ျခမ္းပဲ့၍ ေရႏူးၿပိဳက်သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။

ထို႔ျပင္ ထီးလိုမင္းလို ဘုရား၏ ေျမာက္ဘက္ အုတ္တံတိုင္း ခ်င္မိတ္တိုး အလ်ား ၇ ေပခန႔္ ပဲ့က်ခဲ့ကာ အဆိုပါဘုရား၏ အေရွ႕ဘက္မုခ္အျပင္ဘက္ မုခ္ကပ္၌လည္း အုတ္ ၄ ခ်ပ္ ပဲ့က် ပ်က္စီးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.