ရေဘေးသင့်ပြည်သူများအတွက် ဘဝနှင့်ရင်းပြီးရခဲ့သည့် မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို ထွန်းထွန်းမင်း လေလံတင်

 6085

သုတကျော် (NP News) - စက်တင်ဘာ ၁၂

ရေဘေးသင့်ပြည်သူများအတွက် တပြားမကျန် လှူဒါန်းရန် ဘဝနှင့်ရင်းပြီးရခဲ့သော မှတ်တိုင်တစ်ခုဖြစ်သည့် မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို လေလံတင် ရောင်းချမည်ဖြစ်ကြောင်း ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း က NP News သတင်းဌာနသို့ပြောသည်။

ထိုသို့ လေလံတင်မည်ဖြစ်ကြောင်းကိုလည်း ထွန်းထွန်းမင်းက ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင်လည်း အသိပေးထားသည်။

“အခုဆိုရင် ပြည်သူလူထုတွေ အရမ်းဒုက္ခရောက်နေတယ်။ အချို့သူတွေက ရေတွေ မြောနေတယ်။ ကျွန်တော်တို့မှာ လှူဖို့ တန်းဖို့ ကျတော့လည်း ထိုးကြေးတွေက နိုင်ငံခြားလို့လည်း မရဘူး။ အများကြီးလည်း မလှူနိုင်ဘူး။ အဲဒီတော့ စဉ်းစားလိုက်တာက ကျွန်တော် ဘဝနဲ့ ရင်းပြီးတော့ ငယ်ငယ်လေးတည်းက ထိုးခဲ့ရတဲ့ ကျွန်တော့် မှတ်တိုင်ပေါ့။ အသက်နဲ့ ရင်းပြီးတော့ ယူခဲ့ရတဲ့ ဥစ္စာကို ဒီဟာနဲ့ အလှူအတန်းလုပ်ချင်တယ်။ ပထမဆုံး အကြိမ်ရတဲ့ ခါးပတ်ဆိုတော့” ဟု လက်ဝှေ့ကျော် ထွန်းထွန်းမင်းက ဆိုသည်။

တန်ဖိုးထားမြတ်နိုးသည့် ခါးပတ်ဖြစ်သော်လည်း ရေဘေးသင့်ပြည်သူများနှင့်ယှဥ်လာသောအခါ ခံနိုင်ရည်မရှိတော့သောကြောင့် လေလံပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်သည်လည်း ထွန်းထွန်းမင်းက ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသားထားသည်။

“လေလံပွဲကတော့ တစ်ပတ်လောက်တော့ ကြာမယ်။ အခု ပေးတဲ့သူတွေတော့ ရှိတယ်။ စျေးကို အတည်မပြုသေးပါဘူး။ အများဆုံးပေးတဲ့ စျေးကို ခါးပတ်ပေးမှာပါ။ ကျွန်တော်ရေးထားတဲ့ ပို့စ်အောက်မှာ မန့်လည်း ရပါတယ်။ ကျွန်တော်နဲ့ဖုန်းပြောပြီး လေလံစျေးကို ပေးလည်း ရပါတယ်” ဟု ထွန်းထွန်းမင်း က ပြောသည်။
ရရှိသော ငွေကိုလည်း တပြားမကျန် လှူဒါန်းသွားမည်ဖြစ်ကာ မီဒီယာရှေ့မှောက်တွင် အတိအလင်း လှူဒါန်းမည်ဟုလည်း ထွန်းထွန်းမင်းက ပြောကြားထားသည်။

Zawgyi Version;
ေရေဘးသင့္ျပည္သူမ်ားအတြက္ ဘဝႏွင့္ရင္းၿပီးရခဲ့သည့္ ျမန္မာ့လက္ေဝွ႔ကမာၻ႔ခ်န္ပီယံခါးပတ္ကို ထြန္းထြန္းမင္း ေလလံတင္
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၂

ေရေဘးသင့္ျပည္သူမ်ားအတြက္ တျပားမက်န္ လႉဒါန္းရန္ ဘဝႏွင့္ရင္းၿပီးရခဲ့ေသာ မွတ္တိုင္တစ္ခုျဖစ္သည့္ ျမန္မာ့လက္ေဝွ႔ကမာၻ႔ခ်န္ပီယံခါးပတ္ကို ေလလံတင္ ေရာင္းခ်မည္ျဖစ္ေၾကာင္း ႐ိုးရာလက္ေဝွ႔ေက်ာ္ ထြန္းထြန္းမင္း က NP News သတင္းဌာနသို႔ေျပာသည္။

ထိုသို႔ ေလလံတင္မည္ျဖစ္ေၾကာင္းကိုလည္း ထြန္းထြန္းမင္းက ၎၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္လည္း အသိေပးထားသည္။

“အခုဆိုရင္ ျပည္သူလူထုေတြ အရမ္းဒုကၡေရာက္ေနတယ္။ အခ်ိဳ႕သူေတြက ေရေတြ ေျမာေနတယ္။ ကြၽန္ေတာ္တို႔မွာ လႉဖို႔ တန္းဖို႔ က်ေတာ့လည္း ထိုးေၾကးေတြက ႏိုင္ငံျခားလို႔လည္း မရဘူး။ အမ်ားႀကီးလည္း မလႉႏိုင္ဘူး။ အဲဒီေတာ့ စဥ္းစားလိုက္တာက ကြၽန္ေတာ္ ဘဝနဲ႔ ရင္းၿပီးေတာ့ ငယ္ငယ္ေလးတည္းက ထိုးခဲ့ရတဲ့ ကြၽန္ေတာ့္ မွတ္တိုင္ေပါ့။ အသက္နဲ႔ ရင္းၿပီးေတာ့ ယူခဲ့ရတဲ့ ဥစၥာကို ဒီဟာနဲ႔ အလႉအတန္းလုပ္ခ်င္တယ္။ ပထမဆုံး အႀကိမ္ရတဲ့ ခါးပတ္ဆိုေတာ့” ဟု လက္ေဝွ႔ေက်ာ္ ထြန္းထြန္းမင္းက ဆိုသည္။

တန္ဖိုးထားျမတ္ႏိုးသည့္ ခါးပတ္ျဖစ္ေသာ္လည္း ေရေဘးသင့္ျပည္သူမ်ားႏွင့္ယွဥ္လာေသာအခါ ခံႏိုင္ရည္မရွိေတာ့ေသာေၾကာင့္ ေလလံပြဲကို က်င္းပျပဳလုပ္ျခင္းျဖစ္သည္လည္း ထြန္းထြန္းမင္းက ၎၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္အေကာင့္တြင္ ေရးသားထားသည္။

“ေလလံပြဲကေတာ့ တစ္ပတ္ေလာက္ေတာ့ ၾကာမယ္။ အခု ေပးတဲ့သူေတြေတာ့ ရွိတယ္။ ေစ်းကို အတည္မျပဳေသးပါဘူး။ အမ်ားဆုံးေပးတဲ့ ေစ်းကို ခါးပတ္ေပးမွာပါ။ ကြၽန္ေတာ္ေရးထားတဲ့ ပို႔စ္ေအာက္မွာ မန႔္လည္း ရပါတယ္။ ကြၽန္ေတာ္နဲ႔ဖုန္းေျပာၿပီး ေလလံေစ်းကို ေပးလည္း ရပါတယ္” ဟု ထြန္းထြန္းမင္း က ေျပာသည္။
ရရွိေသာ ေငြကိုလည္း တျပားမက်န္ လႉဒါန္းသြားမည္ျဖစ္ကာ မီဒီယာေရွ႕ေမွာက္တြင္ အတိအလင္း လႉဒါန္းမည္ဟုလည္း ထြန္းထြန္းမင္းက ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.