နာမည်ကျော်ရုပ်ရှင်စီးရီးကြီး Game Of Thrones မှာ ပါဝင်ခဲ့တဲ့ ပစ္စည်းပေါင်း(၂)ထောင်ကျော်ကို လေလံတင်ရောင်းချမည်

 311

Pika (NP News) - စက်တင်ဘာ ၁၃

(၂၀၁၁) ခုနှစ်တွင် စတင်ထွက်ရှိခဲ့ကာ (၂၀၁၉) ခုနှစ်တွင် ပြီးဆုံးခဲ့သော နာမည်ကျော်ရုပ်ရှင်စီးရီး ကြီးဖြစ်သည့်Game Of Thrones ၏ ဝတ်စုံများ၊ အခြားပစ္စည်းများနှင့် အမှတ်တရပစ္စည်းများကို ပရိသတ်များအနေဖြင့် လေလံဆွဲကာရယူနိုင်တော့ မည်ဖြစ်ကြောင်းသိရသည်။

Game Of Thrones စီးရီးတွင်ပါဝင်သည့်Iron Throne အပါအဝင် အခြားပစ္စည်းပေါင်း(၂၀ဝဝ)ကျော်ကို လာမည့် အောက်တိုဘာလတွင် စတင်ကာလေလံတင် ရောင်း ချပေးတော့မည်ဖြစ်သည်။ ဇာတ်ကောင်Jaime Lannister ၏ ချပ်ဝတ်တန်ဆာအပြည့်အစုံနှင့်ဓား ကဲ့သို့သော အထင်ကရပစ္စည်းများအတွက် အမေ ရိကန်ဒေါ်လာ(၅၀ဝ)မှ (၂)သောင်းအတွင်း ဈေးခေါ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ထို့ပြင် ရုပ်ရှင်သရုပ်ဆောင်အမ်မီလီယာကလာ့ခ်ဝတ်ဆင်ခဲ့သော ဇာတ်ကောင် Daenerys Targaryen ၏ အင်္ကျီများ၊ သားရေဝတ်စုံများ၊ ရုပ်ရှင်သရုပ်ဆောင်Kit Harington ကိုင်ဆောင်ခဲ့သော ဇာတ်ကောင်Jon Snow ၏ Longclaw ဓားအပြင် စီးရီးတစ်ခုလုံး၏ အခြားအမှတ်ရ ဖွယ်ပစ္စည်းအများအပြားကို လေလံတင် ရောင်းချသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူ များက ပြောကြားထားသည်။ HBO ကုမ္ပဏီ၏ အကြီးတန်း ဒုဥက္ကဋ္ဌ ဲJay Roewe က"ဒီလေလံပွဲဟာ ပရိသတ်တွေအတွက် သမိုင်း အပိုင်းအစတစ်ခုကိုဖမ်းယူနိုင်မယ့် အခွင့်အရေး တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့Game Of Thrones နောက်ဆုံးစီးရီးထွက်ရှိပြီး ငါးနှစ် အကြာမှာ ဆက်လက်တည်ရှိနေတဲ့ အားပေးမှုတွေ ကိုလည်း ပေါ်လွင်လာစေမှာပါ။Game Of Thrones က တကယ်ကို ကောင်းမွန်တဲ့ရုပ်ရှင်စီး ရီးတစ်ခုလို့ လူတိုင်းကပြောကြပါတယ်"ဟုပြော ဆိုခဲ့သည်။

Game Of Thrones စီးရီးပြီးဆုံး ခဲ့သည်မှာ အချိန်(၅)နှစ်ခန့်ရှိပြီဖြစ်သော်လည်း လက်ရှိ အချိန်အထိ ပရိသတ်များကြားတွင် ရေပန်းစား နေဆဲ ရုပ်ရှင်စီးရီးအဖြစ် ဆက်လက် ရပ်တည် နေဆဲဖြစ်ကြောင်းသိရသည်။

zawgyi version
နာမည္ေက်ာ္႐ုပ္ရွင္စီးရီးႀကီး Game Of Thrones မွာ ပါဝင္ခဲ့တဲ့ ပစၥည္းေပါင္း(၂)ေထာင္ေက်ာ္ကို ေလလံတင္ေရာင္းခ်မည္
Pika (NP News) - စက္တင္ဘာ ၁၃

(၂၀၁၁) ခုႏွစ္တြင္ စတင္ထြက္ရွိခဲ့ကာ (၂၀၁၉) ခုႏွစ္တြင္ ၿပီးဆုံးခဲ့ေသာ နာမည္ေက်ာ္႐ုပ္ရွင္စီးရီး ႀကီးျဖစ္သည့္Game Of Thrones ၏ ဝတ္စုံမ်ား၊ အျခားပစၥည္းမ်ားႏွင့္ အမွတ္တရပစၥည္းမ်ားကို ပရိသတ္မ်ားအေနျဖင့္ ေလလံဆြဲကာရယူႏိုင္ေတာ့ မည္ျဖစ္ေၾကာင္းသိရသည္။

Game Of Thrones စီးရီးတြင္ပါဝင္သည့္Iron Throne အပါအဝင္ အျခားပစၥည္းေပါင္း(၂၀ဝဝ)ေက်ာ္ကို လာမည့္ ေအာက္တိုဘာလတြင္ စတင္ကာေလလံတင္ ေရာင္း ခ်ေပးေတာ့မည္ျဖစ္သည္။ ဇာတ္ေကာင္Jaime Lannister ၏ ခ်ပ္ဝတ္တန္ဆာအျပည့္အစုံႏွင့္ဓား ကဲ့သို႔ေသာ အထင္ကရပစၥည္းမ်ားအတြက္ အေမ ရိကန္ေဒၚလာ(၅၀ဝ)မွ (၂)ေသာင္းအတြင္း ေဈးေခၚသြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။

ထို႔ျပင္ ႐ုပ္ရွင္သ႐ုပ္ေဆာင္အမ္မီလီယာကလာ့ခ္ဝတ္ဆင္ခဲ့ေသာ ဇာတ္ေကာင္ Daenerys Targaryen ၏ အက်ႌမ်ား၊ သားေရဝတ္စုံမ်ား၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္Kit Harington ကိုင္ေဆာင္ခဲ့ေသာ ဇာတ္ေကာင္Jon Snow ၏ Longclaw ဓားအျပင္ စီးရီးတစ္ခုလုံး၏ အျခားအမွတ္ရ ဖြယ္ပစၥည္းအမ်ားအျပားကို ေလလံတင္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း တာဝန္ရွိသူ မ်ားက ေျပာၾကားထားသည္။ HBO ကုမၸဏီ၏ အႀကီးတန္း ဒုဥကၠ႒ ဲJay Roewe က"ဒီေလလံပြဲဟာ ပရိသတ္ေတြအတြက္ သမိုင္း အပိုင္းအစတစ္ခုကိုဖမ္းယူႏိုင္မယ့္ အခြင့္အေရး တစ္ခုပဲျဖစ္ပါတယ္။ ၿပီးေတာ့Game Of Thrones ေနာက္ဆုံးစီးရီးထြက္ရွိၿပီး ငါးႏွစ္ အၾကာမွာ ဆက္လက္တည္ရွိေနတဲ့ အားေပးမႈေတြ ကိုလည္း ေပၚလြင္လာေစမွာပါ။Game Of Thrones က တကယ္ကို ေကာင္းမြန္တဲ့႐ုပ္ရွင္စီး ရီးတစ္ခုလို႔ လူတိုင္းကေျပာၾကပါတယ္"ဟုေျပာ ဆိုခဲ့သည္။ Game Of Thrones စီးရီးၿပီးဆုံး ခဲ့သည္မွာ အခ်ိန္(၅)ႏွစ္ခန႔္ရွိၿပီျဖစ္ေသာ္လည္း လက္ရွိ အခ်ိန္အထိ ပရိသတ္မ်ားၾကားတြင္ ေရပန္းစား ေနဆဲ ႐ုပ္ရွင္စီးရီးအျဖစ္ ဆက္လက္ ရပ္တည္ ေနဆဲျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.