TNLA လက်အောက်က မြို့တွေမှာ NUG ထောက်ခံသူတွေ သွားနေကြမလား . . (အင်တာဗျူး)

 7068

သုတကျော် (NP News) - စက်တင်ဘာ ၁၃

TNLA ၏ အိပ်မက်မှာ ပလောင်ပြည်နယ် ထူထောင်ရေးဟုဆိုသည်။ သို့သော် အခြားတစ်ဖက်တွင်မူ ၎င်းတို့၏ ရည်မှန်းချက်များ ပြည့်မြောက်ရေး ဖော်ဆောင်ရာတွင် လူမျိုးကြီးဝါဒ ဆန်လာသည်ဟု ဒေသခံ ဌာနေတိုင်းရင်းသား များအကြား ဝေဖန်မှုများရှိလာသည်။ ထို့ပြင် TNLA နှင့် MNDAA အကြားတွင်လည်း ပွတ်တိုက်မှုများကို မြင်တွေ့လာရ သည့်အပြင် ၎င်းတို့၏ ပူးပေါင်းအဖွဲ့ဖြစ်သည့် PDF များ အပေါ်တွင်လည်း ကန့်သတ်မှုများ ရှိလာသည်ဟု ဆိုကြသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ တိကျစွာ သိနိုင်စေရန်အတွက် ကျောက်မဲ၊ နောင်ချို၊ သီပေါ မြို့နယ်တို့မှ အခြေအနေများကို ဒေသခံတစ်ဦးထံ The Statesman ဂျာနယ်မှ ဆက်သွယ် မေးမြန်းခွင့်ရခဲ့ရာ အထက်ပါဒေသခံ ပြောသမျှ အကြောင်းအရာတိုင်းကို စာဖတ်ပရိသတ်များအတွက် NP News မှ ထပ်ဆင့်ဖော်ပြလိုက်ရပါသည်။

မေး - ကျောက်မဲ၊ နောင်ချို၊ သီပေါက ဒေသခံတွေဟာ TNLA လက်အောက်မှာ ဘယ်လို အခက်အခဲတွေ ရှိနေကြပါ သလဲဗျ။
ဖြေ - နံပါတ်တစ်ကတော့ သူတို့ သိမ်းပိုက်ထားတာ ဖြစ်တဲ့အတွက် စားဝတ်နေရေး ခက်ခဲတယ်။ ဆန်တွေ၊ ဆီတွေ ဈေးတက်တယ်။ စက်သုံးဆီဆို တစ်လီတာကို တစ်သောင်းကျော် ဝယ်နေရတယ်။ နံပါတ်နှစ်က ဒေသတွင်းက လုပ်ငန်း ရှင်တွေကို အခွန်စကောက်ပြီ။ နံပါတ်သုံးကတော့ သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေပေါ့။ ကုလားစိုးနိုင်တို့ ဘာတို့ ပေါ့ သူတို့ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေ ပညာပြတာပေါ့။ (ကျောက်မဲ) မြို့ထဲမှာ သေနတ်ထောင်ဖောက်ပြီး ဈေးသည် တွေကို ဟိုဘက်ရွှေ့ခိုင်း၊ ဒီဘက်ရွှေ့ခိုင်း ပညာပြတာပေါ့။ လုပ်လိုက်ရမလား၊ ကိုင်လိုက်ရမလား ဒီလို အနိုင်ကျင့်တာ တွေရှိတော့ တော်တော်လေး အခက်အခဲဖြစ်တယ်။ အဓိကတော့ စားဝတ်နေရေးပေါ့။ နောက်တစ်ခုက သွားလာရေးမှာ အကန့်အသတ်တွေရှိတယ်။ အင်တာနက်လိုင်းတောင် ဖြောင့်အောင် သုံးလို့မရဘူး။ ဥပမာ - ဟိုတစ်နေ့က တပ်ဘက်က နေပြီး လိုင်းရအောင် ကြိုးစားပေးတာ လိုင်းပြန်ပွင့်တယ်။ သိပ်မကြားဘူး ဒီကောင်တွေ (TNLA) က ပြန်ဖြတ် လိုက်တယ် လို့ကြားတယ်။ ပြီးတော့ လိုင်းတွေ ပြန်ပြတ်သွားတယ်။ သတင်းတွေ အမှောင်ချထားတာပေါ့။ ကျောက်မဲမှာလေ။ သီပေါမှာလည်း အလားတူပါပဲ။ မိုင်တဲလိုင်းရတယ်ပေါ့။ ပြီးတော့ သူတို့ (TNLA) က လိုင်းကို ပြန်ဖျက်တယ်။ ပြည်သူ ကလည်း အော်တာများတော့ လိုင်းပြန်ဖွင့်တယ်။ မနေ့က (စက်တင်ဘာလ ၂ ရက်) တော့ ရွာတွေဘက်မှာ အော်ရီဒူး ပြန်ရတယ်လို့ ကြားတယ်။ သတင်းကို အမှောင်ချတာများတယ်။ ဥပမာ-ကျောက်မဲပေါ့။ အင်တာနက် သုံးချင်ရင် ခုနစ်မိုင်လောက်ဝေးတဲ့ နေရာသွားရတယ်။ သွားသုံးပြီး ပြန်လာရင် ဖုန်းစစ်တယ်။ ဘာလုပ်ခဲ့လဲပေါ့။ ဒါမျိုးတွေ ရှိနေပါတယ်။

မေး - အခွန်ကိစ္စပေါ့လေ။ သူတို့ အခွန်ကောက်တာ စစ်ဘေးသင့်ပြီး အခက်အခဲ ဖြစ်သွားတဲ့ ပြည်သူတွေအတွက် အဆင်ကော ပြေပါရဲ့လား။
ဖြေ - ကျွန်တော်တို့က အခွန်ဆိုတဲ့ နေရာမှာ ဆပ်ကြေးလို့ပဲ ပြောရမှာပေါ့။ ရာဖြတ်ကို ကြည့်ပြီး သိန်းတစ်ရာတန်တဲ့ အခွန်ဆို တစ်ထောင် ဆိုပါစို့ အစိုးရအခွန်က ဥပမာ-အဲ့ဒီလို ပုံစံသွားတာ။ သူတို့ ကတော့ ဆပ်ကြေးကို ဖြစ်သွားပြီ။ ဆပ်ကြေးကိုမှ ယွမ်နဲ့ ချေလို့ရရင် ယွမ်နဲ့ချေ၊ ယွမ်နဲ့ မရရင် မြန်မာ ငွေနဲ့ချေပေါ့။ အကြမ်းအားဖြင့် လမ်းမပေါ်က ဖုန်းဆိုင်တစ်ဆိုင် ဆို တစ်နှစ်ကို သိန်း ၂၀ လောက် ရှိတယ်။

မေး - သူတို့ အခုလို ကောက်တာကြောင့် လူတွေ ဘယ်လို အခက်အခဲ ဖြစ်ကြရပါသလဲ။
ဖြေ - ပွင့်ပွင့်လင်းလင်း ပြောရရင် အခွန်ကြောင့် ဆိုင်မဖွင့်နိုင်တော့ဘူး။ တခြားမြို့ကို ရွှေ့သွားရတယ်။ ဟိုတစ်နေ့က ဖြစ်စဉ်ပေါ့။ ကျောက်မဲကလူတွေက ပြန်ရွှေ့ကြတယ်ပေါ့။ မကင်းရာ မကင်းကြောင်း လူတွေလောက်ပဲ။ လုပ်ငန်းရှင် တွေကတော့ မဖွင့်နိုင်တော့ပါဘူး။

မေး - အခု အခွန်ကိစ္စက ကျောက်မဲ၊ နောင်ချို၊ သီပေါသုံးမြို့စလုံးက ပြည်သူတွေ ရင်ဆိုင်နေရတာလား။
ဖြေ - လောလောဆယ်ကတော့ သီပေါမှာ အခွန် ကောက်တာ မရှိသေးဘူး။ ဈေးအတင်းဖွင့်ခိုင်းတာပဲ ရှိတယ်။ သူတို့ သိမ်းပိုက်ခဲ့တဲ့ နမ့်ခမ်းမှာတော့ စည်ပင်ခွန်တို့ လက်ရှိ အစိုးရအတိုင်း လိုက်ခိုးပြီး အခွန်ကောက်တယ်ပေါ့။ ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ သီပေါ ဆိုရင်တော့ ကျောက်မဲ မှာပဲ အခွန်စနစ်ကို စပြီးတော့ အသက်သွင်းတယ်လို့ ပြောလို့ ရပါသေးတယ်။

မေး - သူတို့ ထိန်းချုပ်အောက်မှာ တရားဥပဒေ စိုးမိုး မှုအခြေအနေက ဘယ်လို ရှိပါသလဲ။
ဖြေ - တရားဥပဒေ စိုးမိုးမှုကတော့ သူတို့ပဲ ခိုးပြီး သူတို့ လူကြမ်း၊ သူတို့ မင်းသားပေါ့ဗျာ။ ကျောက်မဲမှာ ဆိုရင် မျက်မြင်ပေါ့။ သူတို့ ကိုယ်တိုင် အိမ်ပစ္စည်းတွေ ဖောက်တယ်၊ ပြီးတော့ ကားတွေကို ဖင်ထိုး သယ်တယ်။ ချိပ်ပိတ်တယ်။ ပြန်လာရင် မင်းတို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ တရားဥပဒေ စိုးမိုးရေးအတွက် သူတို့ သူခိုးတွေကို ဖမ်းပါတယ်ပေါ့။ သူတို့ ဖမ်းတဲ့ သူခိုးတွေ ခိုးတာက ပါးပါးလေး၊ သူတို့ ယူတာက စားနပ်ရိက္ခာတွေ၊ မီးခံသေတ္တာကအစ အလုံးလိုက် မသွားတာ။ TNLA တင် မဟုတ်ပါဘူး။ သူတို့နဲ့ ပေါင်းနေတဲ့ PDF တွေလည်း အလားတူပါပဲ။

မေး - သူတို့ခန့်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ မလျော်ဩဇာသုံးတဲ့ အခြေအနေတွေကို မြင်တွေ့ ရတာမျိုး ရှိလား။
ဖြေ - ရှိတာပေါ့ဗျာ။ သူတို့ အုပ်ချုပ်ရေးမှူးတွေက သဘောထား ပြည့်တဲ့အထဲ မပါဘူး။ ကျောက်မဲဆို ကိုမိုးတို့ ဘာတို့ အစွန်းရောက်တွေပေါ့။ သာတူညီမျှ မရှိဘူးပေါ့။ ဘက်လိုက်မှုရှိတယ်။ ဘက်လိုက်မှု ဆိုတာက လုပ်ပိုင်ခွင့်တွေပေးတယ် အဲဒီလိုမျိုးတွေ ရှိနေတယ်။ သူတို့က ပြောတယ်လေ စစ်အုပ်ချုပ်ရေးက ခန့်ထားတဲ့ စစ်အုပ်ချုပ်ရေးမှူးက လာဘ်စား တယ်ဆိုတာ။ သူတို့ကတော့ အကုန်စားတာ။ အငြိုး အာဃာတ တရားတွေနဲ့ အုပ်ချုပ်တာ။ ဒလန်ဆို ဖမ်းဆိုတာတွေ လုပ်တာ။ ပညာပေးတဲ့ ပုံစံနဲ့ ဖမ်းပြီး ပြန်လွှတ်၊ အဲဒါမျိုးတွေ ရှိနေပါတယ်။

မေး - ငါနဲ့မတူ၊ ငါ့ရန်သူ ဆိုတဲ့ မူဝါဒကို အတိအလင်း ကျင့်သုံးတာမျိုးလား ခင်ဗျ။
ဖြေ - ဖက်ဒရယ်တို့၊ ဒီမိုကရေစီတို့ ဆိုတာ ဝေးသေး ကွန်မြူနစ် ဆန်ဆန်ပေါ့။ သူတို့ပြောတဲ့ ပြည်သူနဲ့ တွေ့ဆုံတယ် ဆိုတာက တာဘုန်းကျော် လာတွေ့ပါတယ်။ ဘာပြောသွားလဲဆိုတော့ သူတို့ ဖြစ်ချင်တာက တအာင်းပြည်နယ်။ ပြောရ မယ်ဆိုရင် ပြည်နယ် ရူးတာပေါ့။ ကျွန်တော်က ဒီနေရာကနေ အစွန်းရောက် အားပေးတွေကို ပြောချင်တာက သူတို့ လုပ်နေတာက တော်လှန်ရေးမဟုတ်ဘူး။ ပြည်နယ်ရရှိရေးမူကို လက်ကိုင်ထားပြီးတော့ တော်လှန်ရေးလုပ်ပါတယ် ဆိုပြီး ဒီ PDF တွေကို အသုံးချသွားတာ။ နောက်ပြီးတော့ တိုင်းရင်းသား အချင်းချင်း သွေးကွဲစေတဲ့ လုပ်ရပ်တွေ လုပ်သွားတာ ဖြစ်နေတယ်။

မေး - အွန်လိုင်းမှာဆိုရင် တပ်မတော်က အဲဒီဘက်ကို လေကြောင်းတိုက်ခိုက်တဲ့အခါ သာသနိက အဆောက်အအုံ တွေကိုပါ တိုက်ခိုက်တယ်ဆိုပြီး ပြောကြတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတစ်ယောက်အနေနဲ့ ဘာများပြောချင်ပါ သလဲဗျ။
ဖြေ - အရှင်းဆုံး ပြောရမယ်ဆိုရင် ဒါက ပြီးခဲ့တဲ့အပတ်က ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပေါ့။ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲပေါ့။ ကျွန်တော်ကတော့ ရယ်ချင်တယ်။ ဟုတ်တယ် တိုက်ပွဲတော့မဖြစ်ဘူး။ ဒါပေမဲ့ ဘုန်းကြီး ကျောင်းထဲဝင်နေတာ အင်အားက လေးဆယ်လောက် ရှိတယ်။ ပစ်ဖို့ခတ်ဖို့ မမ စိန်ပြောင်းတွေနဲ့ လေ့ကျင့်နေတာ။ ဒါကို သာသနာ့ နယ်မြေပဲ ဆိုပြီးတော့ လွှတ်ထား လိုက်မယ်ဆိုရင်တော့ မြို့ပိုပျက်ဖို့ပဲရှိတယ်။ တပ်မတော်ဘက်က လုပ်စရာ ရှိတာ လုပ်တာပဲ။ ဒီနေရာမှာ သာတယ်၊ နာတယ် မခွဲခြားဘူး။ ဘာသာရေးနဲ့ သွားကြည့်လို့ မရဘူး။ စစ်ရေးအနေနဲ့ ကြည့်ရမှာပဲ။ ဘုန်းကြီးကျောင်းကို ဗုံးကြဲတာက အလကား သက်သက်ကြဲတာမဟုတ်ဘူး။ သူတို့ရှိလို့ ကြဲရတာပဲ။ မီဒီ ယာတွေမှာ ပြောတာက သာသနိက အဆောက်အအုံကို ဗုံးကြဲတယ်ဆိုပြီး။ ဘယ်သူကမှ မကြဲချင်တာ။ ကျွန်တော်တို့က တော့ နားလည်ပေးတယ်။

မေး - လက်ရှိ ကျောက်မဲ၊ နောင်ချို၊ သီပေါဘက်မှာ TNLA ယူနီဖောင်းဝတ်ထားတဲ့ ဗမာတွေ ရှိနေတယ်ဆိုပြီး သိရတယ်။ အဲ့ဒါကကော အမှန်ပဲလားဗျ။ သူတို့ က တော်တော်များသလား။ ဘယ်က ရောက်လာတယ်လို့ ထင်ပါသလဲ။
ဖြေ - PDF တွေကို မိုးကုတ်ဘက်ကနေ ခေါ်လာတယ်။ ညပိုင်း တပ်မတော်က ဗုံးကြဲတော့ သူတို့ တော်တော်ထိသွား တယ်။ ဒါပေမဲ့ အဲ့ဒီသတင်းကို ပေးမထွက်ဘူး။ စဉ်းစားကြည့်ဗျာ။ ဗုံးကြဲလို့ တစ်ယောက်မှ မထိဘူးဆိုတာရှိ မလား။ ဘာ အဆောက်အအုံမှတောင် မထိခိုက်ဘူးတဲ့။ အလောင်းတွေကို ညပိုင်းတင် ထုတ်တယ်။ သန့်ရှင်းရေးလုပ်တယ်။ ဖုန်းလိုင်း လည်းမရတော့ ဒီသတင်းကို ဘယ်သူမှမရဘူး။ ဒီကိစ္စကို မပြောဖို့ သတိပေးတယ်ပြောတယ်။ PDF တွေကို ယူနီဖောင်း လဲပေးလိုက်တယ်။ PDF အနေနဲ့ လှုပ်ရှားတာကို သူတို့ ခွင့်မပြုဘူး။ လက်မခံဘူး။ သူတို့ရဲ့ပုံရိပ်က တာဘုန်းကျော် ပြောတာရှိပါတယ်။ တအာင်းလွတ်မြောက်ရေးအတွက် TNLA အနေဖြင့်သာဆိုပြီး သူပြောတယ်။ TNLA အနေနဲ့ ဒီမြို့ကို သိမ်းတာ။ PDF မပါဘူး။ TNLA ပဲ အုပ်ချုပ်မယ်ဆိုတဲ့ အနေအထား။ PDF တွေလည်း သိတယ်။ အင်အားချင်းမမျှလို့သာ ငြိမ်ခံနေရတာ။ ကျောက်မဲမှာ PDF ဝတ်စုံ ပေးမဝတ်ဘူး။ TNLA ဆီရောက်တယ်၊ TNLA ဝတ်စုံနဲ့ပဲ နေရမယ်ဒါပဲ။

မေး - ဒီလို အပြုအမူကို ဖိနှိပ်တယ်လို့ မြင်လားဗျ။ ဒေသခံ တစ်ယောက်အနေနဲ့ ဘယ်လို မြင်ပါသလဲ။
ဖြေ - မြှောက်ပေးတယ်၊ အသုံးချတယ်။ ဥပမာ ကုလား စိုးနိုင်ဆိုတာက PDF တပ်ရင်း တစ်ခုကပေါ့။ ဘာလုပ်သလဲ ဆိုတော့ အုပ်ချုပ်ရေးမှူး ခန့်ပေးလိုက်တယ်။ PDF တွေကို နှစ်သိမ့်တဲ့ အနေနဲ့ပေါ့။ ယူနီဖောင်းကတော့ TNLA ယူနီဖောင်းပဲ ဝတ်ရတယ်။ PDF တွေလည်း သိနေပါပြီ။ ငါတို့က တော်လှန်ရေး အတွက်။ NUG ကပေးတဲ့ ပိုက်ဆံကို TNLA က ယူတယ်။ အခု မျက်မှန်နဲ့ ဒေါက်တာဆိုတဲ့ တစ်ယောက်လည်း ကျွန်တော်တွေ့ခဲ့ရတာပဲ။ ကျောက်မဲကို သူရောက်လာတယ်။ ဘာလုပ်လဲ။ TNLA ခိုင်းသမျှ လုပ်ရတာပဲ။ ဒါကို သိသင့်ပြီ။ ဗမာ PDF တွေ နောင်တရသင့်ပြီ။ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောသလို EAOs တွေမှာ သူတို့ ရည်မှန်းချက်တွေက ရှိပြီးသား။ ဒါကို အသုံးချခံဖြစ်နေတာကို နောင်တ မရသေးဘူးဆိုရင် တစ်ချိန်ကျ အမှားကြီး မှားမှာပဲ။ ကျွန်တော်လည်း ဒီလိုပဲမြင်တယ်။

မေး - ကျွန်တော်တို့ ကြားနေရတာ တစ်ခု ရှိပါတယ်။ TNLA က သူတို့ သိမ်းပိုက်ပြီးတဲ့ နယ်မြေတွေမှာ မူရင်း လမ်းညွှန်ဆိုင်းဘုတ်တို့ ဘာတို့ကို ပလောင်စာနဲ့ ရေးတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ - ဒါသည် လူမျိုးကြီး ဝါဒ ကျင့်သုံးတယ်လို့ မြင်ပါတယ်။ တန်းတူညီမျှမပေးဘူး။ အခုလည်း ရှမ်းစာနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တွေ၊ ရွာဆိုင်းဘုတ် တွေကို အကုန်ဖျက်ပြီး ပလောင်စာတွေ၊ ပလောင် အလံတွေ လုပ်တာကို တွေ့ရတော့ ရင်ထဲ မကောင်းဘူးပေါ့။ ဌာနေ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကို အဖျောက်ခံရတာပေါ့။ ကချင်လည်း အဖျောက်ခံရတာပဲ။ ကွတ်ခိုင်မှာလေ။ ကျောက်မဲလည်း အဖျောက်ခံရတယ်။ ရှမ်းစာနဲ့ရေးတာ အကုန်ဖြုတ်၊ သူတို့ ပလောင်စာတွေ၊ ပလောင်အလံတွေ တလူလူ၊ တလံလံ လုပ်တာ။ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းတွေမှာ ရှမ်းတွေ အင်အား ကြီးခဲ့တာပဲ။ ဒါပေမဲ့ လူမျိုးကြီး ဝါဒကျင့်သုံးတာ မရှိဘူး။ ပလောင်စာ ဆိုလည်း ကပ်ပေးတာပဲ။ သာတူညီမျှ။ ပလောင်ရွာ တွေဆို ပလောင်ရွာ ဆိုပေမယ့် ရှမ်းတွေ များတာပဲ ရှမ်းစာနဲ့ရေးပါလို့ မရှိဘူး။ သူတို့ အာဏာရတော့ သူတို့ကဌာနေ တိုင်းရင်းသားတွေကို စော်ကားပြီး လူမျိုးကြီးဝါဒ ကျင့်သုံးတယ်လို့ ပြောချင်တယ်။

မေး - ရှမ်းပြည်နယ်က ကျောက်မဲ၊ နောင်ချို၊ သီပေါဘက်မှာ TNLA တစ်ခုတည်း ကြီးစိုးမယ် ထင်လား ခင်ဗျာ။ MNDAA ကလည်း အဲဒီဘက် ဝင်နေတယ်ကြားတော့ နောင်မှာ အချင်းချင်း ပွတ်တိုက်မှုတွေ ဖြစ်လာမယ်လို့ ထင်ပါသလား။
ဖြေ - မြေပြင်အခြေအနေအရတော့ မြောက်ပိုင်း သုံးဖွဲ့ကကြားတဲ့သတင်းပေါ့။ ဘာတွေ့ရသလဲဆိုတော့ ကျွန်တော်တို့ လည်း We chat တွေ ဘာတွေ သုံးတယ်လေ။ MNDAA ဘက်က TNLA အပေါ် ပြစ်တင် ဝေဖန်တာတွေ အနည်းနဲ့ အများ တွေ့လာရတယ်။ တရုတ်က ဖိအားပေးလာတော့ TNLA က လက်မခံရင် သူတို့အတွက်ပါ ထိလာနိုင်တယ်လေ။ သိပ် တော့ သဟဇာတဖြစ်လှ ချည်ရဲ့ မဟုတ်ဘူး။ အဲ့ဒီလို အနေအထားရှိပါတယ်။

မေး - ရှမ်းပြည်နယ်ဟာ ဒီအတိုင်းသာ ဆက်သွားရင် နောင်တချိန်မှာ စစ်ဘုရင်တွေ အာဏာလုရာ စစ်တလင်း ဖြစ်သွားနိုင်လား။
ဖြေ - ဖြစ်နိုင်တာပေါ့။ တပ်မတော်မရှိဘူး ဆိုပါစို့။ သူတို့ အချင်းချင်းလုလေ။ ချကြမှာပဲ။ မျက်မြင်ပဲ။ သီပေါဆိုလုနေတာ။ TNLA ကလည်း သိမ်းတယ်။ ကိုးကန့်ကလည်း သိမ်းတယ်။ ဘယ်ကောင် အဖေ ခေါ်လို့ ခေါ်ရမှန်းမသိဘူး။ ဒုဋ္ဌဝတီ ဟိုဘက်ကမ်းက ကိုးကန့်၊ ဒီဘက်အခြမ်းက TNLA က သိမ်းထားတယ်။ သီပေါတောင်မှ ဟိုဘက်သည်ဘက် သိမ်းထား တာ အခုလည်း ပွတ်တိုက်မှုရှိတယ်။ တပ်မတော်မရှိဘူး ဆိုရင်တောင်မှ သူတို့အချင်းချင်း နယ်မြေ လုတာနဲ့တင် စစ်ဘုရင်ဝါဒက ပိုကျယ်ပြန့်လာမှာ။ လက်ရှိလည်း တွေ့နေရတာပဲ။

မေး - ဒေသခံ တစ်ယောက်အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ - ရှမ်းမြောက်က တိုင်းရင်းသား ပြောခဲ့တာ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အရင်တုန်းကတော့ တပ်မတော်ပေါ့။ ဗမာစစ်တပ်ကို မုန်းတယ်။ ဒါပေမဲ့ ဒီအချိန်မှာတော့ တပ်မတော်ကို နိုင်စေချင်တယ်တဲ့။ မတရားမှုတွေကို လက်မခံဘူး ပေါ့။ ကျွန်တော့် အနေနဲ့လေ။ အခုဆို ကြံ့ခိုင်ရေးပါတီဝင်တွေကို နာ မည်စာရင်းတွေနဲ့ ဖမ်းဝရမ်းထုတ်တယ်။ ကျောက်မဲ လည်း ထုတ်တယ်။ ပြောချင်တာက သူတို့ဟာ ဒီမိုကရေစီ ၊ ဖက်ဒရယ် ပြောပေမယ့် ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ မူဝါဒကို ကျင့်သုံးတယ်။ နောက်ပြီးတော့ မင်းမဲ့စရိုက်၊ အာဏာရှင်ဆန်ဆန်ကျင့်သုံးတယ်။ အယုတ်မာဆုံးကတော့ သတ်ဖြတ် တယ်ပေါ့။ မြို့ပြင် ထုတ်တယ်။ အပင်မှာ ချည်တယ် မသေမချင်း ဓားနဲ့ထိုးသတ်တယ်။ ဒီလို လုပ်ရပ်တွေဟာ သူတို့ပြောတဲ့ ဖက်ဒရယ်နဲ့ ဆန့်ကျင်တယ်။ ကြံ့ခိုင်ရေး ပါတီဝင်တင် မဟုတ်ဘူး တခြား တိုင်းရင်းသား ပါတီဝင်တွေ၊ ရှမ်းပါတီ နှစ်ပါတီရှိတယ်၊ ဒီပါတီတွေ အပေါ်လည်း ဖိအားပေးတယ်။ ဒီဒေသမှာ အုပ်ချုပ်မှု အောက်မှာ ရှိတဲ့ ပြည်သူတွေ အနေနဲ့ ဒီလိုပုံစံနဲ့တော့ သူတို့ လက်အောက်မှာ မနေသင့်ဘူး။ အန္တရာယ် ကင်းလွတ်ရာမှာ နေသင့်တယ်လို့ အကြံပြုချင်တယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

zawgyi version
TNLA လက္ေအာက္က ၿမိဳ႕ေတြမွာ NUG ေထာက္ခံသူေတြ သြားေနၾကမလား . . (အင္တာဗ်ဴး)
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၃

TNLA ၏ အိပ္မက္မွာ ပေလာင္ျပည္နယ္ ထူေထာင္ေရးဟုဆိုသည္။ သို႔ေသာ္ အျခားတစ္ဖက္တြင္မူ ၎တို႔၏ ရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေရး ေဖာ္ေဆာင္ရာတြင္ လူမ်ိဳးႀကီးဝါဒ ဆန္လာသည္ဟု ေဒသခံ ဌာေနတိုင္းရင္းသား မ်ားအၾကား ေဝဖန္မႈမ်ားရွိလာသည္။ ထို႔ျပင္ TNLA ႏွင့္ MNDAA အၾကားတြင္လည္း ပြတ္တိုက္မႈမ်ားကို ျမင္ေတြ႕လာရ သည့္အျပင္ ၎တို႔၏ ပူးေပါင္းအဖြဲ႕ျဖစ္သည့္ PDF မ်ား အေပၚတြင္လည္း ကန႔္သတ္မႈမ်ား ရွိလာသည္ဟု ဆိုၾကသည္။ အဆိုပါကိစၥႏွင့္ပတ္သက္၍ တိက်စြာ သိႏိုင္ေစရန္အတြက္ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါ ၿမိဳ႕နယ္တို႔မွ အေျခအေနမ်ားကို ေဒသခံတစ္ဦးထံ The Statesman ဂ်ာနယ္မွ ဆက္သြယ္ ေမးျမန္းခြင့္ရခဲ့ရာ အထက္ပါေဒသခံ ေျပာသမွ် အေၾကာင္းအရာတိုင္းကို စာဖတ္ပရိသတ္မ်ားအတြက္ NP News မွ ထပ္ဆင့္ေဖာ္ျပလိုက္ရပါသည္။

ေမး - ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါက ေဒသခံေတြဟာ TNLA လက္ေအာက္မွာ ဘယ္လို အခက္အခဲေတြ ရွိေနၾကပါ သလဲဗ်။
ေျဖ - နံပါတ္တစ္ကေတာ့ သူတို႔ သိမ္းပိုက္ထားတာ ျဖစ္တဲ့အတြက္ စားဝတ္ေနေရး ခက္ခဲတယ္။ ဆန္ေတြ၊ ဆီေတြ ေဈးတက္တယ္။ စက္သုံးဆီဆို တစ္လီတာကို တစ္ေသာင္းေက်ာ္ ဝယ္ေနရတယ္။ နံပါတ္ႏွစ္က ေဒသတြင္းက လုပ္ငန္း ရွင္ေတြကို အခြန္စေကာက္ၿပီ။ နံပါတ္သုံးကေတာ့ သူတို႔ခန႔္ထားတဲ့ အုပ္ခ်ဳပ္ေရးမႉးေတြေပါ့။ ကုလားစိုးႏိုင္တို႔ ဘာတို႔ ေပါ့ သူတို႔ခန႔္တဲ့ အုပ္ခ်ဳပ္ေရးမႉးေတြ ပညာျပတာေပါ့။ (ေက်ာက္မဲ) ၿမိဳ႕ထဲမွာ ေသနတ္ေထာင္ေဖာက္ၿပီး ေဈးသည္ ေတြကို ဟိုဘက္ေ႐ႊ႕ခိုင္း၊ ဒီဘက္ေ႐ႊ႕ခိုင္း ပညာျပတာေပါ့။ လုပ္လိုက္ရမလား၊ ကိုင္လိုက္ရမလား ဒီလို အႏိုင္က်င့္တာ ေတြရွိေတာ့ ေတာ္ေတာ္ေလး အခက္အခဲျဖစ္တယ္။ အဓိကေတာ့ စားဝတ္ေနေရးေပါ့။ ေနာက္တစ္ခုက သြားလာေရးမွာ အကန႔္အသတ္ေတြရွိတယ္။ အင္တာနက္လိုင္းေတာင္ ေျဖာင့္ေအာင္ သုံးလို႔မရဘူး။ ဥပမာ - ဟိုတစ္ေန႔က တပ္ဘက္က ေနၿပီး လိုင္းရေအာင္ ႀကိဳးစားေပးတာ လိုင္းျပန္ပြင့္တယ္။ သိပ္မၾကားဘူး ဒီေကာင္ေတြ (TNLA) က ျပန္ျဖတ္ လိုက္တယ္ လို႔ၾကားတယ္။ ၿပီးေတာ့ လိုင္းေတြ ျပန္ျပတ္သြားတယ္။ သတင္းေတြ အေမွာင္ခ်ထားတာေပါ့။ ေက်ာက္မဲမွာေလ။ သီေပါမွာလည္း အလားတူပါပဲ။ မိုင္တဲလိုင္းရတယ္ေပါ့။ ၿပီးေတာ့ သူတို႔ (TNLA) က လိုင္းကို ျပန္ဖ်က္တယ္။ ျပည္သူ ကလည္း ေအာ္တာမ်ားေတာ့ လိုင္းျပန္ဖြင့္တယ္။ မေန႔က (စက္တင္ဘာလ ၂ ရက္) ေတာ့ ႐ြာေတြဘက္မွာ ေအာ္ရီဒူး ျပန္ရတယ္လို႔ ၾကားတယ္။ သတင္းကို အေမွာင္ခ်တာမ်ားတယ္။ ဥပမာ-ေက်ာက္မဲေပါ့။ အင္တာနက္ သုံးခ်င္ရင္ ခုနစ္မိုင္ေလာက္ေဝးတဲ့ ေနရာသြားရတယ္။ သြားသုံးၿပီး ျပန္လာရင္ ဖုန္းစစ္တယ္။ ဘာလုပ္ခဲ့လဲေပါ့။ ဒါမ်ိဳးေတြ ရွိေနပါတယ္။

ေမး - အခြန္ကိစၥေပါ့ေလ။ သူတို႔ အခြန္ေကာက္တာ စစ္ေဘးသင့္ၿပီး အခက္အခဲ ျဖစ္သြားတဲ့ ျပည္သူေတြအတြက္ အဆင္ေကာ ေျပပါရဲ႕လား။
ေျဖ - ကြၽန္ေတာ္တို႔က အခြန္ဆိုတဲ့ ေနရာမွာ ဆပ္ေၾကးလို႔ပဲ ေျပာရမွာေပါ့။ ရာျဖတ္ကို ၾကည့္ၿပီး သိန္းတစ္ရာတန္တဲ့ အခြန္ဆို တစ္ေထာင္ ဆိုပါစို႔ အစိုးရအခြန္က ဥပမာ-အဲ့ဒီလို ပုံစံသြားတာ။ သူတို႔ ကေတာ့ ဆပ္ေၾကးကို ျဖစ္သြားၿပီ။ ဆပ္ေၾကးကိုမွ ယြမ္နဲ႔ ေခ်လို႔ရရင္ ယြမ္နဲ႔ေခ်၊ ယြမ္နဲ႔ မရရင္ ျမန္မာ ေငြနဲ႔ေခ်ေပါ့။ အၾကမ္းအားျဖင့္ လမ္းမေပၚက ဖုန္းဆိုင္တစ္ဆိုင္ ဆို တစ္ႏွစ္ကို သိန္း ၂၀ ေလာက္ ရွိတယ္။

ေမး - သူတို႔ အခုလို ေကာက္တာေၾကာင့္ လူေတြ ဘယ္လို အခက္အခဲ ျဖစ္ၾကရပါသလဲ။
ေျဖ - ပြင့္ပြင့္လင္းလင္း ေျပာရရင္ အခြန္ေၾကာင့္ ဆိုင္မဖြင့္ႏိုင္ေတာ့ဘူး။ တျခားၿမိဳ႕ကို ေ႐ႊ႕သြားရတယ္။ ဟိုတစ္ေန႔က ျဖစ္စဥ္ေပါ့။ ေက်ာက္မဲကလူေတြက ျပန္ေ႐ႊ႕ၾကတယ္ေပါ့။ မကင္းရာ မကင္းေၾကာင္း လူေတြေလာက္ပဲ။ လုပ္ငန္းရွင္ ေတြကေတာ့ မဖြင့္ႏိုင္ေတာ့ပါဘူး။

ေမး - အခု အခြန္ကိစၥက ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါသုံးၿမိဳ႕စလုံးက ျပည္သူေတြ ရင္ဆိုင္ေနရတာလား။
ေျဖ - ေလာေလာဆယ္ကေတာ့ သီေပါမွာ အခြန္ ေကာက္တာ မရွိေသးဘူး။ ေဈးအတင္းဖြင့္ခိုင္းတာပဲ ရွိတယ္။ သူတို႔ သိမ္းပိုက္ခဲ့တဲ့ နမ့္ခမ္းမွာေတာ့ စည္ပင္ခြန္တို႔ လက္ရွိ အစိုးရအတိုင္း လိုက္ခိုးၿပီး အခြန္ေကာက္တယ္ေပါ့။ ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါ ဆိုရင္ေတာ့ ေက်ာက္မဲ မွာပဲ အခြန္စနစ္ကို စၿပီးေတာ့ အသက္သြင္းတယ္လို႔ ေျပာလို႔ ရပါေသးတယ္။

ေမး - သူတို႔ ထိန္းခ်ဳပ္ေအာက္မွာ တရားဥပေဒ စိုးမိုး မႈအေျခအေနက ဘယ္လို ရွိပါသလဲ။
ေျဖ - တရားဥပေဒ စိုးမိုးမႈကေတာ့ သူတို႔ပဲ ခိုးၿပီး သူတို႔ လူၾကမ္း၊ သူတို႔ မင္းသားေပါ့ဗ်ာ။ ေက်ာက္မဲမွာ ဆိုရင္ မ်က္ျမင္ေပါ့။ သူတို႔ ကိုယ္တိုင္ အိမ္ပစၥည္းေတြ ေဖာက္တယ္၊ ၿပီးေတာ့ ကားေတြကို ဖင္ထိုး သယ္တယ္။ ခ်ိပ္ပိတ္တယ္။ ျပန္လာရင္ မင္းတို႔ ဘာျဖစ္တယ္၊ ညာျဖစ္တယ္ေပါ့။ တရားဥပေဒ စိုးမိုးေရးအတြက္ သူတို႔ သူခိုးေတြကို ဖမ္းပါတယ္ေပါ့။ သူတို႔ ဖမ္းတဲ့ သူခိုးေတြ ခိုးတာက ပါးပါးေလး၊ သူတို႔ ယူတာက စားနပ္ရိကၡာေတြ၊ မီးခံေသတၱာကအစ အလုံးလိုက္ မသြားတာ။ TNLA တင္ မဟုတ္ပါဘူး။ သူတို႔နဲ႔ ေပါင္းေနတဲ့ PDF ေတြလည္း အလားတူပါပဲ။

ေမး - သူတို႔ခန႔္ထားတဲ့ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြရဲ႕ မေလ်ာ္ဩဇာသုံးတဲ့ အေျခအေနေတြကို ျမင္ေတြ႕ ရတာမ်ိဳး ရွိလား။
ေျဖ - ရွိတာေပါ့ဗ်ာ။ သူတို႔ အုပ္ခ်ဳပ္ေရးမႉးေတြက သေဘာထား ျပည့္တဲ့အထဲ မပါဘူး။ ေက်ာက္မဲဆို ကိုမိုးတို႔ ဘာတို႔ အစြန္းေရာက္ေတြေပါ့။ သာတူညီမွ် မရွိဘူးေပါ့။ ဘက္လိုက္မႈရွိတယ္။ ဘက္လိုက္မႈ ဆိုတာက လုပ္ပိုင္ခြင့္ေတြေပးတယ္ အဲဒီလိုမ်ိဳးေတြ ရွိေနတယ္။ သူတို႔က ေျပာတယ္ေလ စစ္အုပ္ခ်ဳပ္ေရးက ခန႔္ထားတဲ့ စစ္အုပ္ခ်ဳပ္ေရးမႉးက လာဘ္စား တယ္ဆိုတာ။ သူတို႔ကေတာ့ အကုန္စားတာ။ အၿငိဳး အာဃာတ တရားေတြနဲ႔ အုပ္ခ်ဳပ္တာ။ ဒလန္ဆို ဖမ္းဆိုတာေတြ လုပ္တာ။ ပညာေပးတဲ့ ပုံစံနဲ႔ ဖမ္းၿပီး ျပန္လႊတ္၊ အဲဒါမ်ိဳးေတြ ရွိေနပါတယ္။

ေမး - ငါနဲ႔မတူ၊ ငါ့ရန္သူ ဆိုတဲ့ မူဝါဒကို အတိအလင္း က်င့္သုံးတာမ်ိဳးလား ခင္ဗ်။
ေျဖ - ဖက္ဒရယ္တို႔၊ ဒီမိုကေရစီတို႔ ဆိုတာ ေဝးေသး ကြန္ျမဴနစ္ ဆန္ဆန္ေပါ့။ သူတို႔ေျပာတဲ့ ျပည္သူနဲ႔ ေတြ႕ဆုံတယ္ ဆိုတာက တာဘုန္းေက်ာ္ လာေတြ႕ပါတယ္။ ဘာေျပာသြားလဲဆိုေတာ့ သူတို႔ ျဖစ္ခ်င္တာက တအာင္းျပည္နယ္။ ေျပာရ မယ္ဆိုရင္ ျပည္နယ္ ႐ူးတာေပါ့။ ကြၽန္ေတာ္က ဒီေနရာကေန အစြန္းေရာက္ အားေပးေတြကို ေျပာခ်င္တာက သူတို႔ လုပ္ေနတာက ေတာ္လွန္ေရးမဟုတ္ဘူး။ ျပည္နယ္ရရွိေရးမူကို လက္ကိုင္ထားၿပီးေတာ့ ေတာ္လွန္ေရးလုပ္ပါတယ္ ဆိုၿပီး ဒီ PDF ေတြကို အသုံးခ်သြားတာ။ ေနာက္ၿပီးေတာ့ တိုင္းရင္းသား အခ်င္းခ်င္း ေသြးကြဲေစတဲ့ လုပ္ရပ္ေတြ လုပ္သြားတာ ျဖစ္ေနတယ္။

ေမး - အြန္လိုင္းမွာဆိုရင္ တပ္မေတာ္က အဲဒီဘက္ကို ေလေၾကာင္းတိုက္ခိုက္တဲ့အခါ သာသနိက အေဆာက္အအုံ ေတြကိုပါ တိုက္ခိုက္တယ္ဆိုၿပီး ေျပာၾကတယ္။ ဒါနဲ႔ပတ္သက္လို႔ ေဒသခံတစ္ေယာက္အေနနဲ႔ ဘာမ်ားေျပာခ်င္ပါ သလဲဗ်။
ေျဖ - အရွင္းဆုံး ေျပာရမယ္ဆိုရင္ ဒါက ၿပီးခဲ့တဲ့အပတ္က ျဖစ္ခဲ့တဲ့ ျဖစ္စဥ္ေပါ့။ တိုက္ပြဲ ျဖစ္ပြားျခင္းမရွိဘဲ စစ္ေကာင္စီက ေလယာဥ္နဲ႔ ဗုံးႀကဲေပါ့။ ကြၽန္ေတာ္ကေတာ့ ရယ္ခ်င္တယ္။ ဟုတ္တယ္ တိုက္ပြဲေတာ့မျဖစ္ဘူး။ ဒါေပမဲ့ ဘုန္းႀကီး ေက်ာင္းထဲဝင္ေနတာ အင္အားက ေလးဆယ္ေလာက္ ရွိတယ္။ ပစ္ဖို႔ခတ္ဖို႔ မမ စိန္ေျပာင္းေတြနဲ႔ ေလ့က်င့္ေနတာ။ ဒါကို သာသနာ့ နယ္ေျမပဲ ဆိုၿပီးေတာ့ လႊတ္ထား လိုက္မယ္ဆိုရင္ေတာ့ ၿမိဳ႕ပိုပ်က္ဖို႔ပဲရွိတယ္။ တပ္မေတာ္ဘက္က လုပ္စရာ ရွိတာ လုပ္တာပဲ။ ဒီေနရာမွာ သာတယ္၊ နာတယ္ မခြဲျခားဘူး။ ဘာသာေရးနဲ႔ သြားၾကည့္လို႔ မရဘူး။ စစ္ေရးအေနနဲ႔ ၾကည့္ရမွာပဲ။ ဘုန္းႀကီးေက်ာင္းကို ဗုံးႀကဲတာက အလကား သက္သက္ႀကဲတာမဟုတ္ဘူး။ သူတို႔ရွိလို႔ ႀကဲရတာပဲ။ မီဒီ ယာေတြမွာ ေျပာတာက သာသနိက အေဆာက္အအုံကို ဗုံးႀကဲတယ္ဆိုၿပီး။ ဘယ္သူကမွ မႀကဲခ်င္တာ။ ကြၽန္ေတာ္တို႔က ေတာ့ နားလည္ေပးတယ္။

ေမး - လက္ရွိ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါဘက္မွာ TNLA ယူနီေဖာင္းဝတ္ထားတဲ့ ဗမာေတြ ရွိေနတယ္ဆိုၿပီး သိရတယ္။ အဲ့ဒါကေကာ အမွန္ပဲလားဗ်။ သူတို႔ က ေတာ္ေတာ္မ်ားသလား။ ဘယ္က ေရာက္လာတယ္လို႔ ထင္ပါသလဲ။
ေျဖ - PDF ေတြကို မိုးကုတ္ဘက္ကေန ေခၚလာတယ္။ ညပိုင္း တပ္မေတာ္က ဗုံးႀကဲေတာ့ သူတို႔ ေတာ္ေတာ္ထိသြား တယ္။ ဒါေပမဲ့ အဲ့ဒီသတင္းကို ေပးမထြက္ဘူး။ စဥ္းစားၾကည့္ဗ်ာ။ ဗုံးႀကဲလို႔ တစ္ေယာက္မွ မထိဘူးဆိုတာရွိ မလား။ ဘာ အေဆာက္အအုံမွေတာင္ မထိခိုက္ဘူးတဲ့။ အေလာင္းေတြကို ညပိုင္းတင္ ထုတ္တယ္။ သန႔္ရွင္းေရးလုပ္တယ္။ ဖုန္းလိုင္း လည္းမရေတာ့ ဒီသတင္းကို ဘယ္သူမွမရဘူး။ ဒီကိစၥကို မေျပာဖို႔ သတိေပးတယ္ေျပာတယ္။ PDF ေတြကို ယူနီေဖာင္း လဲေပးလိုက္တယ္။ PDF အေနနဲ႔ လႈပ္ရွားတာကို သူတို႔ ခြင့္မျပဳဘူး။ လက္မခံဘူး။ သူတို႔ရဲ႕ပုံရိပ္က တာဘုန္းေက်ာ္ ေျပာတာရွိပါတယ္။ တအာင္းလြတ္ေျမာက္ေရးအတြက္ TNLA အေနျဖင့္သာဆိုၿပီး သူေျပာတယ္။ TNLA အေနနဲ႔ ဒီၿမိဳ႕ကို သိမ္းတာ။ PDF မပါဘူး။ TNLA ပဲ အုပ္ခ်ဳပ္မယ္ဆိုတဲ့ အေနအထား။ PDF ေတြလည္း သိတယ္။ အင္အားခ်င္းမမွ်လို႔သာ ၿငိမ္ခံေနရတာ။ ေက်ာက္မဲမွာ PDF ဝတ္စုံ ေပးမဝတ္ဘူး။ TNLA ဆီေရာက္တယ္၊ TNLA ဝတ္စုံနဲ႔ပဲ ေနရမယ္ဒါပဲ။

ေမး - ဒီလို အျပဳအမူကို ဖိႏွိပ္တယ္လို႔ ျမင္လားဗ်။ ေဒသခံ တစ္ေယာက္အေနနဲ႔ ဘယ္လို ျမင္ပါသလဲ။
ေျဖ - ေျမႇာက္ေပးတယ္၊ အသုံးခ်တယ္။ ဥပမာ ကုလား စိုးႏိုင္ဆိုတာက PDF တပ္ရင္း တစ္ခုကေပါ့။ ဘာလုပ္သလဲ ဆိုေတာ့ အုပ္ခ်ဳပ္ေရးမႉး ခန႔္ေပးလိုက္တယ္။ PDF ေတြကို ႏွစ္သိမ့္တဲ့ အေနနဲ႔ေပါ့။ ယူနီေဖာင္းကေတာ့ TNLA ယူနီေဖာင္းပဲ ဝတ္ရတယ္။ PDF ေတြလည္း သိေနပါၿပီ။ ငါတို႔က ေတာ္လွန္ေရး အတြက္။ NUG ကေပးတဲ့ ပိုက္ဆံကို TNLA က ယူတယ္။ အခု မ်က္မွန္နဲ႔ ေဒါက္တာဆိုတဲ့ တစ္ေယာက္လည္း ကြၽန္ေတာ္ေတြ႕ခဲ့ရတာပဲ။ ေက်ာက္မဲကို သူေရာက္လာတယ္။ ဘာလုပ္လဲ။ TNLA ခိုင္းသမွ် လုပ္ရတာပဲ။ ဒါကို သိသင့္ၿပီ။ ဗမာ PDF ေတြ ေနာင္တရသင့္ၿပီ။ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္း ေျပာသလို EAOs ေတြမွာ သူတို႔ ရည္မွန္းခ်က္ေတြက ရွိၿပီးသား။ ဒါကို အသုံးခ်ခံျဖစ္ေနတာကို ေနာင္တ မရေသးဘူးဆိုရင္ တစ္ခ်ိန္က် အမွားႀကီး မွားမွာပဲ။ ကြၽန္ေတာ္လည္း ဒီလိုပဲျမင္တယ္။

ေမး - ကြၽန္ေတာ္တို႔ ၾကားေနရတာ တစ္ခု ရွိပါတယ္။ TNLA က သူတို႔ သိမ္းပိုက္ၿပီးတဲ့ နယ္ေျမေတြမွာ မူရင္း လမ္းၫႊန္ဆိုင္းဘုတ္တို႔ ဘာတို႔ကို ပေလာင္စာနဲ႔ ေရးတယ္ဆိုတာ ဟုတ္ပါသလား။
ေျဖ - ဒါသည္ လူမ်ိဳးႀကီး ဝါဒ က်င့္သုံးတယ္လို႔ ျမင္ပါတယ္။ တန္းတူညီမွ်မေပးဘူး။ အခုလည္း ရွမ္းစာနဲ႔ ေရးထားတဲ့ ဆိုင္းဘုတ္ေတြ၊ ႐ြာဆိုင္းဘုတ္ ေတြကို အကုန္ဖ်က္ၿပီး ပေလာင္စာေတြ၊ ပေလာင္ အလံေတြ လုပ္တာကို ေတြ႕ရေတာ့ ရင္ထဲ မေကာင္းဘူးေပါ့။ ဌာေန တိုင္းရင္းသားေတြရဲ႕ ယဥ္ေက်းမႈေတြကို အေဖ်ာက္ခံရတာေပါ့။ ကခ်င္လည္း အေဖ်ာက္ခံရတာပဲ။ ကြတ္ခိုင္မွာေလ။ ေက်ာက္မဲလည္း အေဖ်ာက္ခံရတယ္။ ရွမ္းစာနဲ႔ေရးတာ အကုန္ျဖဳတ္၊ သူတို႔ ပေလာင္စာေတြ၊ ပေလာင္အလံေတြ တလူလူ၊ တလံလံ လုပ္တာ။ ၿပီးခဲ့တဲ့ အစိုးရ သက္တမ္းေတြမွာ ရွမ္းေတြ အင္အား ႀကီးခဲ့တာပဲ။ ဒါေပမဲ့ လူမ်ိဳးႀကီး ဝါဒက်င့္သုံးတာ မရွိဘူး။ ပေလာင္စာ ဆိုလည္း ကပ္ေပးတာပဲ။ သာတူညီမွ်။ ပေလာင္႐ြာ ေတြဆို ပေလာင္႐ြာ ဆိုေပမယ့္ ရွမ္းေတြ မ်ားတာပဲ ရွမ္းစာနဲ႔ေရးပါလို႔ မရွိဘူး။ သူတို႔ အာဏာရေတာ့ သူတို႔ကဌာေန တိုင္းရင္းသားေတြကို ေစာ္ကားၿပီး လူမ်ိဳးႀကီးဝါဒ က်င့္သုံးတယ္လို႔ ေျပာခ်င္တယ္။

ေမး - ရွမ္းျပည္နယ္က ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ သီေပါဘက္မွာ TNLA တစ္ခုတည္း ႀကီးစိုးမယ္ ထင္လား ခင္ဗ်ာ။ MNDAA ကလည္း အဲဒီဘက္ ဝင္ေနတယ္ၾကားေတာ့ ေနာင္မွာ အခ်င္းခ်င္း ပြတ္တိုက္မႈေတြ ျဖစ္လာမယ္လို႔ ထင္ပါသလား။
ေျဖ - ေျမျပင္အေျခအေနအရေတာ့ ေျမာက္ပိုင္း သုံးဖြဲ႕ကၾကားတဲ့သတင္းေပါ့။ ဘာေတြ႕ရသလဲဆိုေတာ့ ကြၽန္ေတာ္တို႔ လည္း We chat ေတြ ဘာေတြ သုံးတယ္ေလ။ MNDAA ဘက္က TNLA အေပၚ ျပစ္တင္ ေဝဖန္တာေတြ အနည္းနဲ႔ အမ်ား ေတြ႕လာရတယ္။ တ႐ုတ္က ဖိအားေပးလာေတာ့ TNLA က လက္မခံရင္ သူတို႔အတြက္ပါ ထိလာႏိုင္တယ္ေလ။ သိပ္ ေတာ့ သဟဇာတျဖစ္လွ ခ်ည္ရဲ႕ မဟုတ္ဘူး။ အဲ့ဒီလို အေနအထားရွိပါတယ္။

ေမး - ရွမ္းျပည္နယ္ဟာ ဒီအတိုင္းသာ ဆက္သြားရင္ ေနာင္တခ်ိန္မွာ စစ္ဘုရင္ေတြ အာဏာလုရာ စစ္တလင္း ျဖစ္သြားႏိုင္လား။
ေျဖ - ျဖစ္ႏိုင္တာေပါ့။ တပ္မေတာ္မရွိဘူး ဆိုပါစို႔။ သူတို႔ အခ်င္းခ်င္းလုေလ။ ခ်ၾကမွာပဲ။ မ်က္ျမင္ပဲ။ သီေပါဆိုလုေနတာ။ TNLA ကလည္း သိမ္းတယ္။ ကိုးကန႔္ကလည္း သိမ္းတယ္။ ဘယ္ေကာင္ အေဖ ေခၚလို႔ ေခၚရမွန္းမသိဘူး။ ဒု႒ဝတီ ဟိုဘက္ကမ္းက ကိုးကန႔္၊ ဒီဘက္အျခမ္းက TNLA က သိမ္းထားတယ္။ သီေပါေတာင္မွ ဟိုဘက္သည္ဘက္ သိမ္းထား တာ အခုလည္း ပြတ္တိုက္မႈရွိတယ္။ တပ္မေတာ္မရွိဘူး ဆိုရင္ေတာင္မွ သူတို႔အခ်င္းခ်င္း နယ္ေျမ လုတာနဲ႔တင္ စစ္ဘုရင္ဝါဒက ပိုက်ယ္ျပန႔္လာမွာ။ လက္ရွိလည္း ေတြ႕ေနရတာပဲ။

ေမး - ေဒသခံ တစ္ေယာက္အေနနဲ႔ ဘာမ်ား ေျပာခ်င္ပါသလဲ။
ေျဖ - ရွမ္းေျမာက္က တိုင္းရင္းသား ေျပာခဲ့တာ ရွိတယ္။ အဲဒါက ဘာလဲဆိုေတာ့ အရင္တုန္းကေတာ့ တပ္မေတာ္ေပါ့။ ဗမာစစ္တပ္ကို မုန္းတယ္။ ဒါေပမဲ့ ဒီအခ်ိန္မွာေတာ့ တပ္မေတာ္ကို ႏိုင္ေစခ်င္တယ္တဲ့။ မတရားမႈေတြကို လက္မခံဘူး ေပါ့။ ကြၽန္ေတာ့္ အေနနဲ႔ေလ။ အခုဆို ႀကံ့ခိုင္ေရးပါတီဝင္ေတြကို နာ မည္စာရင္းေတြနဲ႔ ဖမ္းဝရမ္းထုတ္တယ္။ ေက်ာက္မဲ လည္း ထုတ္တယ္။ ေျပာခ်င္တာက သူတို႔ဟာ ဒီမိုကေရစီ ၊ ဖက္ဒရယ္ ေျပာေပမယ့္ ငါနဲ႔မတူ ငါ့ရန္သူဆိုတဲ့ မူဝါဒကို က်င့္သုံးတယ္။ ေနာက္ၿပီးေတာ့ မင္းမဲ့စ႐ိုက္၊ အာဏာရွင္ဆန္ဆန္က်င့္သုံးတယ္။ အယုတ္မာဆုံးကေတာ့ သတ္ျဖတ္ တယ္ေပါ့။ ၿမိဳ႕ျပင္ ထုတ္တယ္။ အပင္မွာ ခ်ည္တယ္ မေသမခ်င္း ဓားနဲ႔ထိုးသတ္တယ္။ ဒီလို လုပ္ရပ္ေတြဟာ သူတို႔ေျပာတဲ့ ဖက္ဒရယ္နဲ႔ ဆန႔္က်င္တယ္။ ႀကံ့ခိုင္ေရး ပါတီဝင္တင္ မဟုတ္ဘူး တျခား တိုင္းရင္းသား ပါတီဝင္ေတြ၊ ရွမ္းပါတီ ႏွစ္ပါတီရွိတယ္၊ ဒီပါတီေတြ အေပၚလည္း ဖိအားေပးတယ္။ ဒီေဒသမွာ အုပ္ခ်ဳပ္မႈ ေအာက္မွာ ရွိတဲ့ ျပည္သူေတြ အေနနဲ႔ ဒီလိုပုံစံနဲ႔ေတာ့ သူတို႔ လက္ေအာက္မွာ မေနသင့္ဘူး။ အႏၲရာယ္ ကင္းလြတ္ရာမွာ ေနသင့္တယ္လို႔ အႀကံျပဳခ်င္တယ္။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Picture

Mr John

14/09/2024 03:22

မအိမ်လုံးကြောင်မျိုးမင်းရယ်ဖတ်ပြီးရီလိုက်ရတာပါးစပ်တောင်ပြဲသွားတယ်

Picture

Mr John

14/09/2024 03:23

မအိမ်လုံးရယ်ဖတ်ပြီးရီလိုက်ရတာပါးစပ်တောင်ပြဲသွားတယ်

Related news

© 2021. All rights reserved.