ပြိုင်ဘက်ဖြစ်သူ ကာမာလာဟာရစ်နှင့် စကားစစ်ထိုးပွဲ ထပ်မံလုပ်ဆောင်မည့်အစီအစဉ်ကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ

 2596

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၃

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ကာမာလာဟာရစ် နှင့် ရွေးကောက်ပွဲမတိုင်ခင် စကားစစ်ထိုးပွဲ ထပ်မံ လုပ်ဆောင်ရမည့်အစီအစဉ်ကို ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရသည်။

ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းဖြစ်သော ဒေါ်နယ်ထရမ့်သည် အမေရိကန်ဒုတိယသမ္မတ ကာမာလာ ဟာရစ် နှင့် ပြီးခဲ့သောရက်ပိုင်းတွင် စကားစစ်ထိုးပွဲလုပ်ဆောင်ခဲ့ပြီးနောက် စကားစစ်ထိုးပွဲထပ်မံ လုပ်ဆောင်ရန် ကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ အဆိုပါစကားစစ်ထိုးပွဲအတွင်း ဒေါ်နယ်ထရမ့် နှင့် ကာမာလာဟာရစ်တို့သည် ဒီမိုကရေစီအရေး၊ လူဝင်မှုကြီးကြပ်ရေးကိစ္စ၊ ယူကရိန်းစစ်ပွဲ အပါအဝင် အခြားကိစ္စ များကို ၁ နာရီကျော်ကြာ ဆွေးနွေးပြောဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစကားစစ်ပွဲနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ၎င်းအနိုင်ရခဲ့ကြောင်း ပြောဆိုခဲ့သလို အစီအစဉ်ကြီးကြပ်သူ အေဘီစီရုပ်သံဌာနမှ တာဝန်ရှိသူတစ်ဦး ရိုးသားမှုမရှိကြောင်း၊ အစီအစီစဉ်ကြီးကြပ်သူသည် ကာမာလာဟာရစ် ပြောဆိုလိုသောအရာများကိုပြောဆိုခွင့်ပေးခဲ့ပြီး ၎င်းကို ပေးခဲ့ခြင်းမရှိခဲ့ကြောင်း ပြောခဲ့သည်။
ဒေါ်နယ်ထရမ့်က အစီအစဉ်ကြီးကြပ်သူသည် ဘက်လိုက်မှုများရှိနေခြင်းကြောင့် ရွေးကောက်ပွဲမတိုင်ခင် ကာမာလာဟာရစ် နှင့် စကားစစ်ထိုးပွဲ ထပ်မံလုပ်ဆောင်တော့မည်မဟုတ်ကြောင်း ပြောဆိုထားသည်။
ဒေါ်နယ်ထရမ့်က "ကျွန်တော် နဲ့ ကာမာလာဟာရစ်ကြား နောက်ထပ် စကားစစ်ထိုးပွဲ လုပ်ဆောင်စရာမလိုတော့ ဘူး ထင်တယ်။ ကျွန်တော်တို့ဟာ ပထမအကြိမ်ပြုလုပ်တဲ့စကားစစ်ထိုးပွဲမှာ ပြောသင့်ပြောထိုက်တာတွေ အရာရာတိုင်းကို ပြောဆိုခဲ့ပြီးဖြစ်တယ်။ ဒါကြောင့် နောက်ထပ်တစ်ကြိမ်စကားစစ်ထိုးပွဲလုပ်ဖို့ မလိုအပ်တော့ဘူး" ဟု ပြောသည်။

ဒေါ်နယ်ထရမ့် နှင့် ကာမာလာဟာရစ်ကြားပြုလုပ်ခဲ့သော စကားစစ်ထိုးပွဲနှင့်ပတ်သက်ပြီး သတင်းဌာနများ၏ စစ်တမ်းများတွင် ကာမာလာဟာရစ် အနိုင်ရကြောင်း ဖော်ပြထားသည်။ ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သော ဇွန်လ အတွင်း ပြုလုပ်ခဲ့သော ဒီမိုကရက်တစ်ပါတီသမ္မတလောင်းဖြစ်သလို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နှင့် ပထမအကြိမ်စကားစစ်ထိုးပွဲလုပ်ဆောင်ခဲ့ရာ အသာစီးကပြောဆိုနိုင်ခဲ့ကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များသည် ဂျိုးဘိုင်ဒန်၏ အခြေအနေများကို လေ့လာသုံးသပ်ခဲ့ပြီးနောက် ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် သမ္မတလောင်းအဖြစ် ကာမာလာဟာရစ်ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။ ကာမာလာ ဟာရစ်သည် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဆိုပါက အမေရိကန်နိုင်ငံ သမိုင်းတွင် သမိုင်းအသစ်များ ရေးထိုးနိုင် မည်ဖြစ်ပြီး သမ္မတအဖြစ် တာဝန်ယူခွင့်ရမည့် ပထမဆုံးအမျိုးသမီးဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။

Zawgyi Version;
ၿပိဳင္ဘက္ျဖစ္သူ ကာမာလာဟာရစ္ႏွင့္ စကားစစ္ထိုးပြဲ ထပ္မံလုပ္ေဆာင္မည့္အစီအစဥ္ကို ေဒၚနယ္ထရမ့္ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၃

အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္မည့္ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း ကာမာလာဟာရစ္ ႏွင့္ ေ႐ြးေကာက္ပြဲမတိုင္ခင္ စကားစစ္ထိုးပြဲ ထပ္မံ လုပ္ေဆာင္ရမည့္အစီအစဥ္ကို ျငင္းဆန္ပယ္ခ်လိုက္ေၾကာင္း သိရသည္။

ရီပတ္ဘလီကန္ပါတီ၏ သမၼတေလာင္းျဖစ္ေသာ ေဒၚနယ္ထရမ့္သည္ အေမရိကန္ဒုတိယသမၼတ ကာမာလာ ဟာရစ္ ႏွင့္ ၿပီးခဲ့ေသာရက္ပိုင္းတြင္ စကားစစ္ထိုးပြဲလုပ္ေဆာင္ခဲ့ၿပီးေနာက္ စကားစစ္ထိုးပြဲထပ္မံ လုပ္ေဆာင္ရန္ ကမ္းလွမ္းမႈမ်ားကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္း သိရသည္။ အဆိုပါစကားစစ္ထိုးပြဲအတြင္း ေဒၚနယ္ထရမ့္ ႏွင့္ ကာမာလာဟာရစ္တို႔သည္ ဒီမိုကေရစီအေရး၊ လူဝင္မႈႀကီးၾကပ္ေရးကိစၥ၊ ယူကရိန္းစစ္ပြဲ အပါအဝင္ အျခားကိစၥ မ်ားကို ၁ နာရီေက်ာ္ၾကာ ေဆြးေႏြးေျပာဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါစကားစစ္ပြဲႏွင့္ပတ္သက္ၿပီး ေဒၚနယ္ထရမ့္က ၎အႏိုင္ရခဲ့ေၾကာင္း ေျပာဆိုခဲ့သလို အစီအစဥ္ႀကီးၾကပ္သူ ေအဘီစီ႐ုပ္သံဌာနမွ တာဝန္ရွိသူတစ္ဦး ႐ိုးသားမႈမရွိေၾကာင္း၊ အစီအစီစဥ္ႀကီးၾကပ္သူသည္ ကာမာလာဟာရစ္ ေျပာဆိုလိုေသာအရာမ်ားကိုေျပာဆိုခြင့္ေပးခဲ့ၿပီး ၎ကို ေပးခဲ့ျခင္းမရွိခဲ့ေၾကာင္း ေျပာခဲ့သည္။
ေဒၚနယ္ထရမ့္က အစီအစဥ္ႀကီးၾကပ္သူသည္ ဘက္လိုက္မႈမ်ားရွိေနျခင္းေၾကာင့္ ေ႐ြးေကာက္ပြဲမတိုင္ခင္ ကာမာလာဟာရစ္ ႏွင့္ စကားစစ္ထိုးပြဲ ထပ္မံလုပ္ေဆာင္ေတာ့မည္မဟုတ္ေၾကာင္း ေျပာဆိုထားသည္။
ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္ နဲ႔ ကာမာလာဟာရစ္ၾကား ေနာက္ထပ္ စကားစစ္ထိုးပြဲ လုပ္ေဆာင္စရာမလိုေတာ့ ဘူး ထင္တယ္။ ကြၽန္ေတာ္တို႔ဟာ ပထမအႀကိမ္ျပဳလုပ္တဲ့စကားစစ္ထိုးပြဲမွာ ေျပာသင့္ေျပာထိုက္တာေတြ အရာရာတိုင္းကို ေျပာဆိုခဲ့ၿပီးျဖစ္တယ္။ ဒါေၾကာင့္ ေနာက္ထပ္တစ္ႀကိမ္စကားစစ္ထိုးပြဲလုပ္ဖို႔ မလိုအပ္ေတာ့ဘူး" ဟု ေျပာသည္။

ေဒၚနယ္ထရမ့္ ႏွင့္ ကာမာလာဟာရစ္ၾကားျပဳလုပ္ခဲ့ေသာ စကားစစ္ထိုးပြဲႏွင့္ပတ္သက္ၿပီး သတင္းဌာနမ်ား၏ စစ္တမ္းမ်ားတြင္ ကာမာလာဟာရစ္ အႏိုင္ရေၾကာင္း ေဖာ္ျပထားသည္။ ေဒၚနယ္ထရမ့္သည္ ၿပီးခဲ့ေသာ ဇြန္လ အတြင္း ျပဳလုပ္ခဲ့ေသာ ဒီမိုကရက္တစ္ပါတီသမၼတေလာင္းျဖစ္သလို အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ ႏွင့္ ပထမအႀကိမ္စကားစစ္ထိုးပြဲလုပ္ေဆာင္ခဲ့ရာ အသာစီးကေျပာဆိုႏိုင္ခဲ့ေၾကာင္း သိရသည္။
ဒီမိုကရက္တစ္ပါတီေခါင္းေဆာင္မ်ားသည္ ဂ်ိဳးဘိုင္ဒန္၏ အေျခအေနမ်ားကို ေလ့လာသုံးသပ္ခဲ့ၿပီးေနာက္ ပါတီ ကိုယ္စားျပဳယွဥ္ၿပိဳင္မည့္ သမၼတေလာင္းအျဖစ္ ကာမာလာဟာရစ္ကို ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရသည္။ ကာမာလာ ဟာရစ္သည္ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရမည္ဆိုပါက အေမရိကန္ႏိုင္ငံ သမိုင္းတြင္ သမိုင္းအသစ္မ်ား ေရးထိုးႏိုင္ မည္ျဖစ္ၿပီး သမၼတအျဖစ္ တာဝန္ယူခြင့္ရမည့္ ပထမဆုံးအမ်ိဳးသမီးျဖစ္လာဖြယ္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.