YBS ဘတ်စ်ကားမီးလောင်မှုများတွင် ယာဥ်မောင်းများ အထူးတာဝန်ရှိနေ

 706

ခေတ်မင်းကို (NP News) - စက်တင်ဘာ ၁၄

YBS ဘတ်စ်ကားမီးလောင်မှုများတွင် ယာဉ်မောင်းများ၏ မီးဘေးလုံခြုံရေး အသိပညာကို သက်ဆိုင်ရာက ဂရုစိုက်ကာ စာတွေ့လက်တွေ့ပိုမိုသင်ကြားပေးသင့်ကြောင်း YUPT ကုမ္ပဏီ၏တာဝန်ခံ ဦးကိုကိုနိုင်က ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၃ ရက်)၊ နံနက် ၁၀ နာရီ ၄၂ မိနစ်ခန့်က အောက်ကြည့်မြင်တိုင်လမ်းနှင့် အလုံလမ်းမီးပွိုင့်ထောင့် Hotel Grand Vista ရှေ့မှာ YBS -၂၂ ယာဥ် မီးလောင်မှုဖြစ်စဥ်ဖြစ်ပွားခဲ့ရာ ယာဥ်အတွင်းပိုင်းနှင့် တစ်စီးလုံးနီးပါး မီးလောင်ခဲ့သည်။ ရန်ကုန်မြို့တွင် YBS ဘတ်စ်ကားများ မကြာခ ဏမီးလောင်မှုဖြစ်ပွားလေ့ရှိရာ သက်ဆိုင်ရာအနေဖြင့် တရားဝင်ယာဥ်မောင်းများကို ဖြစ်စဥ်များအပေါ် စစ်ဆေးအ‌ရေးယူမှုပိုမိုဆောင်ရွက်သင့်ကြောင်းသိရသည်။

“ကျွန်တော့်ကားမှာတောင် မီးလောင်ဘူးတယ်၊ မီးခိုးစထွက်ချိန်မှာ မီးသတ်ဆေးဗူးနဲ့သွားငြှိမ်းလိုက်ရင် တစ်စီးလုံးလောင်စရာမလိုဘူး၊ အခုတော့ မီး သတ်ဆေးဗူး မပါတာလားမသိဘူး။ ကားတစ်စီးလုံး လောင်ကုန်တာပေါ့၊ ဆုံးရှုံးမှုလဲများတယ် ယာဉ်မောင်းမှာလည်း တာဝန်ရှိတယ်”ဟု ဦးကိုကိုနိုင်ကဆိုသည်။

သက်ဆိုင်ရာယာဉ်လိုင်းတာဝန်ခံများအနေဖြင့် မီးသတ်ဆေးဗူးများ ကားပေါ်တွင် တပ်ဆင်ထားခြင်းရှိ၊ မရှိ သတိထားစစ်ဆေးသင့်ကြောင်း သိရသည်။
ရန်ကုန်မြို့ ကြည့်မြင့်တိုင်မြို့နယ်တွင် လောင်ကြွမ်းခဲ့သော ဟွန်ဒိုင်း YBS -၂၂ ယာဥ်မှာ ခရီးသည်များတင်ဆောင်လာချိန်တွင် အင်ဂျင်ခန်းမှစတင် မီးစွဲလောင်ခြင်းဖြစ်ပြီး ဂတ်စ်အိုးများမှာ အလိုလျောက်ပိတ်သည့်စနစ်ပါဝင်သောကြောင့် ပေါက်ကွဲမှုမဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

“ဟွန်ဒိုင်းကားအင်ဂျင်မှာ CNG ဂတ်စ်လိုင်းတွေအတွက် အလိုအလျောက် ပိတ်တဲ့ အမေရိကန်နည်းပညာပါတယ်။ ဂတ်စ်အိုးကပေါက်ကွဲစရာအကြောင်းမရှိဘူး၊ မီးစလောင်ချိန် မီးသတ်ဆေးဗူးနဲ့တင် ငြှိမ်းလို့ရတယ်”ဟု ဘတ်စ်ကားပိုင်ရှင်တစ်ဦးက ပြောသည်။

ဟွန်ဒိုင်းဘတ်စ်ကားများ၏ကားအင်ဂျင်မှာ မော်တော်ယာဥ်အနောက်ပိုင်းတွင်တည်ရှိပြီး ယာဉ်မောင်းက အင်ဂျင်သံနှင့် မီးလောင်မှုအခြေအနေကို မသိရှိနိုင်ခြင်းနှင့် မီးတောက်ကြီးမားလာချိန်တွင် အင်ဂျင်နံရံရှိ အဝတ်စနှင့်ဝိုင်ယာကြိုးများကိုပါ မီးစွဲလောင်ကာ ကားပေါ်သို့ကူးစက်ပြီး ကားထိုင်ခုံများကိုပါ လောင်ကျွမ်းနိုင်ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် လျှပ်စစ်ဝါယာလျှော့ နှင့် အင်ဂျင်တာဘိုအပေါ်သို့ အင်ဂျင်အတွင်းမှ စက်ဆီပိုက်ပေါက်ကျကာ မီးစွဲလောင်ခြင်းများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

“မီးခိုးတွေက အင်ဂျင်ခန်းကနေ စထွက်နေတယ်လို့ အငှားယာဥ်မောင်းတွေက သတင်းပေးတယ်။ မီးသတ်တွေရောက်လာချိန်ကျတော့ တစ်စီးလုံးလောင်သွားတာ။ ခရီးသည်တွေတော့ ပါလာတယ်။ ယာဥ်မောင်းရောခရီးသည်ရော ကြောက်ပြီးပြေးဆင်းသွားကြတာထိခိုက်မှုတော့မရှိဘူး”ဟု YBS -၂၂ ယာဥ် မီးလောင်မှုဖြစ်စဥ်တွင် သွားရောက်ကူညီခဲ့သူ အနာဂတ်အလင်းတန်း ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မော်တော်ယာဥ်များတွင် မီးသတ်ဆေးဗူးတပ်ဆင်ရန် သက်ဆိုင်ရာက စစ် ဆေးမှုများရှိသော်လည်း အမှန်တကယ်မီးလောင်ချိန်တွင် မီးသတ်ဆေးဗူး အတွင်းဆေးရှိ၊ မရှိ အပတ်စဥ် ယာဉ်လိုင်းတာဝန်ခံများက သတိထားစစ် ဆေးသင့်ကြောင်း ဘတ်စ်ကားစီး ပြည်သူများကဝေဖန်မှုများထွက်ပေါ်နေသည်။

zawgyi version
YBS ဘတ္စ္ကားမီးေလာင္မႈမ်ားတြင္ ယာဥ္ေမာင္းမ်ား အထူးတာဝန္ရွိေန
ေခတ္မင္းကို (NP News) - စက္တင္ဘာ ၁၄

YBS ဘတ္စ္ကားမီးေလာင္မႈမ်ားတြင္ ယာဥ္ေမာင္းမ်ား၏ မီးေဘးလုံၿခဳံေရး အသိပညာကို သက္ဆိုင္ရာက ဂ႐ုစိုက္ကာ စာေတြ႕လက္ေတြ႕ပိုမိုသင္ၾကားေပးသင့္ေၾကာင္း YUPT ကုမၸဏီ၏တာဝန္ခံ ဦးကိုကိုႏိုင္က ေျပာသည္။

ယမန္ေန႔ (စက္တင္ဘာ ၁၃ ရက္)၊ နံနက္ ၁၀ နာရီ ၄၂ မိနစ္ခန္႔က ေအာက္ၾကည့္ျမင္တိုင္လမ္းႏွင့္ အလုံလမ္းမီးပြိဳင့္ေထာင့္ Hotel Grand Vista ေရွ႕မွာ YBS -၂၂ ယာဥ္ မီးေလာင္မႈျဖစ္စဥ္ျဖစ္ပြားခဲ့ရာ ယာဥ္အတြင္းပိုင္းႏွင့္ တစ္စီးလုံးနီးပါး မီးေလာင္ခဲ့သည္။ ရန္ကုန္ၿမိဳ႕တြင္ YBS ဘတ္စ္ကားမ်ား မၾကာခ ဏမီးေလာင္မႈျဖစ္ပြားေလ့ရွိရာ သက္ဆိုင္ရာအေနျဖင့္ တရားဝင္ယာဥ္ေမာင္းမ်ားကို ျဖစ္စဥ္မ်ားအေပၚ စစ္ေဆးအ‌ေရးယူမႈပိုမိုေဆာင္႐ြက္သင့္ေၾကာင္းသိရသည္။

“ကြၽန္ေတာ့္ကားမွာေတာင္ မီးေလာင္ဘူးတယ္၊ မီးခိုးစထြက္ခ်ိန္မွာ မီးသတ္ေဆးဗူးနဲ႔သြားျငႇိမ္းလိုက္ရင္ တစ္စီးလုံးေလာင္စရာမလိုဘူး၊ အခုေတာ့ မီး သတ္ေဆးဗူး မပါတာလားမသိဘူး။ ကားတစ္စီးလုံး ေလာင္ကုန္တာေပါ့၊ ဆုံးရႈံးမႈလဲမ်ားတယ္ ယာဥ္ေမာင္းမွာလည္း တာဝန္ရွိတယ္”ဟု ဦးကိုကိုႏိုင္ကဆိုသည္။

သက္ဆိုင္ရာယာဥ္လိုင္းတာဝန္ခံမ်ားအေနျဖင့္ မီးသတ္ေဆးဗူးမ်ား ကားေပၚတြင္ တပ္ဆင္ထားျခင္းရွိ၊ မရွိ သတိထားစစ္ေဆးသင့္ေၾကာင္း သိရသည္။
ရန္ကုန္ၿမိဳ႕ ၾကည့္ျမင့္တိုင္ၿမိဳ႕နယ္တြင္ ေလာင္ႂကြမ္းခဲ့ေသာ ဟြန္ဒိုင္း YBS -၂၂ ယာဥ္မွာ ခရီးသည္မ်ားတင္ေဆာင္လာခ်ိန္တြင္ အင္ဂ်င္ခန္းမွစတင္ မီးစြဲေလာင္ျခင္းျဖစ္ၿပီး ဂတ္စ္အိုးမ်ားမွာ အလိုေလ်ာက္ပိတ္သည့္စနစ္ပါဝင္ေသာေၾကာင့္ ေပါက္ကြဲမႈမျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ဟြန္ဒိုင္းကားအင္ဂ်င္မွာ CNG ဂတ္စ္လိုင္းေတြအတြက္ အလိုအေလ်ာက္ ပိတ္တဲ့ အေမရိကန္နည္းပညာပါတယ္။ ဂတ္စ္အိုးကေပါက္ကြဲစရာအေၾကာင္းမရွိဘူး၊ မီးစေလာင္ခ်ိန္ မီးသတ္ေဆးဗူးနဲ႔တင္ ျငႇိမ္းလို႔ရတယ္”ဟု ဘတ္စ္ကားပိုင္ရွင္တစ္ဦးက ေျပာသည္။

ဟြန္ဒိုင္းဘတ္စ္ကားမ်ား၏ကားအင္ဂ်င္မွာ ေမာ္ေတာ္ယာဥ္အေနာက္ပိုင္းတြင္တည္ရွိၿပီး ယာဥ္ေမာင္းက အင္ဂ်င္သံႏွင့္ မီးေလာင္မႈအေျခအေနကို မသိရွိႏိုင္ျခင္းႏွင့္ မီးေတာက္ႀကီးမားလာခ်ိန္တြင္ အင္ဂ်င္နံရံရွိ အဝတ္စႏွင့္ဝိုင္ယာႀကိဳးမ်ားကိုပါ မီးစြဲေလာင္ကာ ကားေပၚသို႔ကူးစက္ၿပီး ကားထိုင္ခုံမ်ားကိုပါ ေလာင္ကြၽမ္းႏိုင္ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ လွ်ပ္စစ္ဝါယာေလွ်ာ့ ႏွင့္ အင္ဂ်င္တာဘိုအေပၚသို႔ အင္ဂ်င္အတြင္းမွ စက္ဆီပိုက္ေပါက္က်ကာ မီးစြဲေလာင္ျခင္းမ်ား ျဖစ္ေပၚေလ့ရွိေၾကာင္း သိရသည္။

“မီးခိုးေတြက အင္ဂ်င္ခန္းကေန စထြက္ေနတယ္လို႔ အငွားယာဥ္ေမာင္းေတြက သတင္းေပးတယ္။ မီးသတ္ေတြေရာက္လာခ်ိန္က်ေတာ့ တစ္စီးလုံးေလာင္သြားတာ။ ခရီးသည္ေတြေတာ့ ပါလာတယ္။ ယာဥ္ေမာင္းေရာခရီးသည္ေရာ ေၾကာက္ၿပီးေျပးဆင္းသြားၾကတာထိခိုက္မႈေတာ့မရွိဘူး”ဟု YBS -၂၂ ယာဥ္ မီးေလာင္မႈျဖစ္စဥ္တြင္ သြားေရာက္ကူညီခဲ့သူ အနာဂတ္အလင္းတန္း ပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေမာ္ေတာ္ယာဥ္မ်ားတြင္ မီးသတ္ေဆးဗူးတပ္ဆင္ရန္ သက္ဆိုင္ရာက စစ္ ေဆးမႈမ်ားရွိေသာ္လည္း အမွန္တကယ္မီးေလာင္ခ်ိန္တြင္ မီးသတ္ေဆးဗူး အတြင္းေဆးရွိ၊ မရွိ အပတ္စဥ္ ယာဥ္လိုင္းတာဝန္ခံမ်ားက သတိထားစစ္ ေဆးသင့္ေၾကာင္း ဘတ္စ္ကားစီး ျပည္သူမ်ားကေဝဖန္မႈမ်ားထြက္ေပၚေနသည္။

Related news

© 2021. All rights reserved.