မုံရွာမြို့တွင် စသုံးလုံးမှဟု အယောင်ဆောင်ကာ အကြမ်းဖက်သမား(၃)ဦးက အမျိုး သမီးတစ်ဦးကို လက်နက်ပြခြိမ်းခြောက်ခေါ်ဆောင်

 5941

NP News - စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် စသုံးလုံး(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)မှဟု အယောင်ဆောင်ကာ အကြမ်းဖက်သမား(၃)ဦးက အမျိုး သမီးတစ်ဦးကို လက်နက်ပြခြိမ်းခြောက်ခေါ်ဆောင်သွားခဲ့ကြောင်း လုံခြုံ ရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)၊ ညနေ ၃နာရီခွဲအချိန်ခန့်က မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ စျေးလမ်း၊ အောင်မျိုးမြတ် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် အသက်(၃၃)နှစ်ရှိ မနှင်းဦးဝေက အသက်(၃၆)နှစ်အရွယ်စာရေးမတစ်ဦးနှင့်အတူ စကားပြောနေစဉ် အနက်ရောင်ဆိုင်ကယ်ဖြင့် အသက်(၂၀)အရွယ်ခန့်ရှိ အကြမ်းဖက်သမား (၂)ဦး ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းအကြမ်းဖက်သမား(၂)ဦးက စသုံးလုံး (အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)မှဟု အယောင်ဆောင်ပြောဆိုကာ သေနတ်ပြခြိမ်းခြောက်၍ မနှင်းဦးဝေကို စစ်ဆေးစရာရှိကြောင်းပြောဆိုဆောင်ခဲ့ရာ ၎င်းက ကလေးကျောင်းကြိုရန်ရှိသဖြင့် မလိုက်နိုင်ကြောင်းပြန်လည်ပြောဆိုခဲ့သဖြင့် မလိုက်လျှင်ဆိုင်အား ဖော်ခွဲပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဆိုင်ကလုန်းအမျိုးအစားဆိုင်ကယ်ဖြင့် အကြမ်းဖက်သမားတစ်ဦးက ထပ်မံရောက်ရှိလာပြီး မနှင်းဦးဝေ ကိုင်ဆောင်ထားသည့် Note 30 Pro အနက်ရောင် ဖုန်းတစ်လုံးကို ယူဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် အယောင်ဆောင်အကြမ်းဖက်ခေါ်ဆောင်သွားသူများကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်းသိရသည်။

အလားတူ မုံရွာမြို့နယ်တွင် အကြမ်းဖက်သမားများက နယ်မြေခံ PDF များနှင့် ပူးပေါင်း၍ အုပ်စုဖွဲ့ခိုးယူလုယက်၊ ဓားပြတိုက်မှုများကို နေစဉ်လိုလိုကျူး လွန်လျက်ရှိကြောင်း သိရသည်။

zawgyi version
မုံ႐ြာၿမိဳ႕တြင္ စသုံးလုံးမွဟု အေယာင္ေဆာင္ကာ အၾကမ္းဖက္သမား(၃)ဦး က အမ်ိဳးသမီးတစ္ဦးကို လက္နက္ျပၿခိမ္းေျခာက္ေခၚေဆာင္
NP News - စက္တင္ဘာ ၁၄

စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕တြင္ စသုံးလုံး(အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန)မွဟု အေယာင္ေဆာင္ကာ အၾကမ္းဖက္သမား(၃)ဦးက အမ်ိဳး သမီးတစ္ဦးကို လက္နက္ျပၿခိမ္းေျခာက္ေခၚေဆာင္သြားခဲ့ေၾကာင္း လုံၿခဳံ ေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၁၃ ရက္)၊ ညေန ၃နာရီခြဲအခ်ိန္ခန႔္က မုံ႐ြာၿမိဳ႕၊ ဆူးေလကုန္းရပ္ကြက္၊ ေစ်းလမ္း၊ ေအာင္မ်ိဳးျမတ္ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္တြင္ အသက္(၃၃)ႏွစ္ရွိ မႏွင္းဦးေဝက အသက္(၃၆)ႏွစ္အ႐ြယ္စာေရးမတစ္ဦးႏွင့္အတူ စကားေျပာေနစဥ္ အနက္ေရာင္ဆိုင္ကယ္ျဖင့္ အသက္(၂၀)အ႐ြယ္ခန႔္ရွိ အၾကမ္းဖက္သမား (၂)ဦး ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ၎အၾကမ္းဖက္သမား(၂)ဦးက စသုံးလုံး (အထူးစုံစမ္းစစ္ေဆးေရးဦးစီးဌာန)မွဟု အေယာင္ေဆာင္ေျပာဆိုကာ ေသနတ္ျပၿခိမ္းေျခာက္၍ မႏွင္းဦးေဝကို စစ္ေဆးစရာရွိေၾကာင္းေျပာဆိုေဆာင္ခဲ့ရာ ၎က ကေလးေက်ာင္းႀကိဳရန္ရွိသျဖင့္ မလိုက္ႏိုင္ေၾကာင္းျပန္လည္ေျပာဆိုခဲ့သျဖင့္ မလိုက္လွ်င္ဆိုင္အား ေဖာ္ခြဲပစ္မည္ဟု ၿခိမ္းေျခာက္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဆိုင္ကလုန္းအမ်ိဳးအစားဆိုင္ကယ္ျဖင့္ အၾကမ္းဖက္သမားတစ္ဦးက ထပ္မံေရာက္ရွိလာၿပီး မႏွင္းဦးေဝ ကိုင္ေဆာင္ထားသည့္ Note 30 Pro အနက္ေရာင္ ဖုန္းတစ္လုံးကို ယူေဆာင္ကာ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ အေယာင္ေဆာင္အၾကမ္းဖက္ေခၚေဆာင္သြားသူမ်ားကို ဖမ္းဆီးရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုက္လံစုံစမ္းရွာေဖြလ်က္ရွိေၾကာင္းသိရသည္။

အလားတူ မုံ႐ြာၿမိဳ႕နယ္တြင္ အၾကမ္းဖက္သမားမ်ားက နယ္ေျမခံ PDF မ်ားႏွင့္ ပူးေပါင္း၍ အုပ္စုဖြဲ႕ခိုးယူလုယက္၊ ဓားျပတိုက္မႈမ်ားကို ေနစဥ္လိုလိုက်ဴး လြန္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.