အမေရိကန် Rap အဆိုတော် Cardi B ၊ ခင်ပွန်းဟောင်း Offset နဲ့အတူ တတိယမြောက်ရင်သွေး မွေးဖွား

 285

ရောင်နီ (NP News) - စက်တင်ဘာ ၁၄

အမေရိကန် Rap အဆိုတော် Cardi B ဟာ ခင်ပွန်းဟောင်း Offset နဲ့လမ်းခွဲမယ်လို့ ကြေညာခဲ့ပြီးနောက် တစ်လ အကြာ၊ ကြာသပတေးနေ့(စက်တင်ဘာ ၁၂ ရက်) မှာ သူမရဲ့တတိယမြောက်ရင်သွေးကို မွေးဖွားခဲ့ပါတယ်။

Instagram ပို့စ်မှာ သူမက "The prettiest lil thing" 'I Like It' ဆိုတဲ့ စာတန်းနဲ့အတူ ကလေးရဲ့ပုံကို တင်ခဲ့တာ ဖြစ်ပါတယ်။ အချို့ပုံရိပ်တွေမှာ ဆေးရုံခန်းထဲ မိသားစု ၅ ဦးလုံး ရှိနေတာကိုမြင်တွေ့ရပြီး အချို့ပုံတွေမှာတော့ Cardi B က မွေးကင်းစ သမီးလေးကို ပွေ့ဖက်ထားတဲ့ပုံတွေ တွေ့ရပါတယ်။ အဆိုပါပိုစ့်ကို သူမရဲ့ instagram follower သန်းပေါင်းများစွာက like ပေးထားကြပြီး ဂုဏ်ပြုဆုမွန်ကောင်းတွေ တောင်းပေးထားတာ တွေ့ရပါ တယ်။

Cardi B ဟာ၂ဝ၁၇ ခုနှစ် စက်တင်ဘာလက Offset နဲ့ လျှို့ဝှက်လက်ထပ်ခဲ့ပြီး ၎င်းတို့ရဲ့သားဦးကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှာ မွေးဖွားခဲ့ပါတယ်။ အဲဒီနောက် ၂ဝ၁၉ ခုနှစ်မှာ ခင်ပွန်းဖြစ်သူ Offset နဲ့ ကွာရှင်းပြတ်စဲဖို့ ပထမဆုံး လျှောက်ထားခဲ့ပေမယ့် ပြန်လည်ပေါင်းစည်းခဲ့ပြီး ၂ဝ၂၁ ခုနှစ်မှာ ဒုတိယမြောက်သားကို မွေးဖွားခဲ့ပါတယ်။ အခုလည်း အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ Cardi ဟာ Offset လမ်းခွဲလိုက်ပြီလို့ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြန်ပါတယ်။ အင်စတာဂရမ်မှာ တင်ထားတဲ့ပုံရိပ်တွေအရ ဆေးရုံခန်းထဲမှာ Offset က ဒုတိယသားကို ချီထားပြီး မိသားစု ၅ ယောက် ဆုံနေတာမြင်တွေ့ရပါတယ်။

Zawgyi Version;
အေမရိကန္ Rap အဆိုေတာ္ Cardi B ၊ ခင္ပြန္းေဟာင္း Offset နဲ႔အတူ တတိယေျမာက္ရင္ေသြး ေမြးဖြား
ေရာင္နီ (NP News) - စက္တင္ဘာ ၁၄

အေမရိကန္ Rap အဆိုေတာ္ Cardi B ဟာ ခင္ပြန္းေဟာင္း Offset နဲ႔လမ္းခြဲမယ္လို႔ ေၾကညာခဲ့ၿပီးေနာက္ တစ္လ အၾကာ၊ ၾကာသပေတးေန႔(စက္တင္ဘာ ၁၂ ရက္) မွာ သူမရဲ႕တတိယေျမာက္ရင္ေသြးကို ေမြးဖြားခဲ့ပါတယ္။

Instagram ပို႔စ္မွာ သူမက "The prettiest lil thing" 'I Like It' ဆိုတဲ့ စာတန္းနဲ႔အတူ ကေလးရဲ႕ပုံကို တင္ခဲ့တာ ျဖစ္ပါတယ္။ အခ်ိဳ႕ပုံရိပ္ေတြမွာ ေဆး႐ုံခန္းထဲ မိသားစု ၅ ဦးလုံး ရွိေနတာကိုျမင္ေတြ႕ရၿပီး အခ်ိဳ႕ပုံေတြမွာေတာ့ Cardi B က ေမြးကင္းစ သမီးေလးကို ေပြ႕ဖက္ထားတဲ့ပုံေတြ ေတြ႕ရပါတယ္။ အဆိုပါပိုစ့္ကို သူမရဲ႕ instagram follower သန္းေပါင္းမ်ားစြာက like ေပးထားၾကၿပီး ဂုဏ္ျပဳဆုမြန္ေကာင္းေတြ ေတာင္းေပးထားတာ ေတြ႕ရပါ တယ္။

Cardi B ဟာ၂ဝ၁၇ ခုႏွစ္ စက္တင္ဘာလက Offset နဲ႔ လွ်ိဳ႕ဝွက္လက္ထပ္ခဲ့ၿပီး ၎တို႔ရဲ႕သားဦးကို ၂ဝ၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ ေမြးဖြားခဲ့ပါတယ္။ အဲဒီေနာက္ ၂ဝ၁၉ ခုႏွစ္မွာ ခင္ပြန္းျဖစ္သူ Offset နဲ႔ ကြာရွင္းျပတ္စဲဖို႔ ပထမဆုံး ေလွ်ာက္ထားခဲ့ေပမယ့္ ျပန္လည္ေပါင္းစည္းခဲ့ၿပီး ၂ဝ၂၁ ခုႏွစ္မွာ ဒုတိယေျမာက္သားကို ေမြးဖြားခဲ့ပါတယ္။ အခုလည္း အသက္ ၃၁ ႏွစ္ရွိၿပီျဖစ္တဲ့ Cardi ဟာ Offset လမ္းခြဲလိုက္ၿပီလို႔ ၿပီးခဲ့တဲ့လက ေၾကညာခဲ့ျပန္ပါတယ္။ အင္စတာဂရမ္မွာ တင္ထားတဲ့ပုံရိပ္ေတြအရ ေဆး႐ုံခန္းထဲမွာ Offset က ဒုတိယသားကို ခ်ီထားၿပီး မိသားစု ၅ ေယာက္ ဆုံေနတာျမင္ေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.