ဗိုလ်ချုပ်ဈေး အနောက်ဘက်တန်းတွင် မိနစ်ပိုင်းခန့် မီးလောင်မှုဖြစ်ပွား

 822

NP News - စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းပဲတန်းမြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ဗိုလ်ချုပ်ဈေးအနောက်ဘက်တန်း၌ စက်တင်ဘာလ ၁၃ ရက်၊ ည ၈ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်မှုသည် ဗိုလ်ချုပ်ဈေးအနောက်ဘက်တန်း ကားဝင်ပေါက်အနီး၌ဖြစ်ပွားခဲ့ပြီး ည ၈ နာရီ ၁၁ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

"မီးလောင်တာက ဆိုးဆိုးရွားရွားမဖြစ်ပါဘူး။ ရတနာဆိုင်တစ်ဆိုင်က ဝါယာရှော့ဖြစ်တာလို့ ပြောကြတယ်။ ဆိုင်းဘုတ်မီးကနေ ဝိုင်ယာရှော့အသေးလေးးပါ မီးလည်းငြိမ်းပါပြီ" ဟု ဗိုလ်ချုပ်ဈေးမှ ပန်ချီပြခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

မီးလောင်မှုမှာ မိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု နည်းပါးခဲ့ကြောင်း ဗိုလ်ချုပ်ဈေးသူ၊ ဈေးသားအချို့ထံမှ သိရသည်။ မီးလောင်ခဲ့ရသည့်အ ကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းနေဆဲဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

zawgyi version
ဗိုလ္ခ်ဳပ္ေဈး အေနာက္ဘက္တန္းတြင္ မိနစ္ပိုင္းခန္႔ မီးေလာင္မႈျဖစ္ပြား
NP News - စက္တင္ဘာ ၁၃

ရန္ကုန္တိုင္းေဒသႀကီး၊ ပန္းပဲတန္းၿမိဳ႕နယ္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းေပၚရွိ ဗိုလ္ခ်ဳပ္ေဈးအေနာက္ဘက္တန္း၌ စက္တင္ဘာလ ၁၃ ရက္၊ ည ၈ နာရီခန္႔က မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ မီးေလာင္မႈသည္ ဗိုလ္ခ်ဳပ္ေဈးအေနာက္ဘက္တန္း ကားဝင္ေပါက္အနီး၌ျဖစ္ပြားခဲ့ၿပီး ည ၈ နာရီ ၁၁ မိနစ္ခန္႔တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရသည္။

"မီးေလာင္တာက ဆိုးဆိုး႐ြား႐ြားမျဖစ္ပါဘူး။ ရတနာဆိုင္တစ္ဆိုင္က ဝါယာေရွာ့ျဖစ္တာလို႔ ေျပာၾကတယ္။ ဆိုင္းဘုတ္မီးကေန ဝိုင္ယာေရွာ့အေသးေလးးပါ မီးလည္းၿငိမ္းပါၿပီ" ဟု ဗိုလ္ခ်ဳပ္ေဈးမွ ပန္ခ်ီျပခန္းပိုင္ရွင္တစ္ဦးက ေျပာသည္။

မီးေလာင္မႈမွာ မိနစ္ပိုင္းသာၾကာျမင့္ခဲ့ၿပီး ပ်က္စီးဆုံးရႈံးမႈ နည္းပါးခဲ့ေၾကာင္း ဗိုလ္ခ်ဳပ္ေဈးသူ၊ ေဈးသားအခ်ိဳ႕ထံမွ သိရသည္။ မီးေလာင္ခဲ့ရသည့္အ ေၾကာင္းအရင္းႏွင့္ ဆုံးရႈံးမႈတန္ဖိုးကို စုံစမ္းေနဆဲျဖစ္ေၾကာင္း မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

Related news

© 2021. All rights reserved.