တစ်နှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လုပ် ငန်းမှတ်ပုံတင် ထုတ်ပေးမည်

 386

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၁၄

အသေးစားစက်မှုလက်မှုလုပ်ငန်းပေါင်း (၂၉၀၀)ကို လက်ရှိ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းမှတ်ပုံတင် ထုတ်ပေးရန် လျာထားဆောင်ရွက်နေရာ ရာခိုင်နှုန်းအားဖြင့် (၄၃)ရာခိုင်နှုန်းခန့်ဆောင်ရွက်ပြီးစီးထားကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထိုသို့ မှတ်ပုံတင်ထုတ်ပေးခြင်းကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အားလုံးတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းပေါင်း (၁၂၃၅)ခုကို လုပ်ငန်းမှတ်ပုံတင်များ ခွင့်ပြုဆောင်ရွက်ပေးထားပြီး (၁၆၆၅)ခု ကျန်ရှိနေကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ နှစ်စ ဧပြီလကနေ နှစ်ဆုံး မတ်လအထိကို မှတ်ပုံတင်လုပ်ငန်းပေါင်း (၂၉၀ဝ)ခုလောက်အထိကို မှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးသွားဖို့ လျာထားပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုချိန်အထိတော့ ၁၂၃၅ ခု ဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

လုပ်ငန်းမှတ်ပုံတင်ဆောင်ရွက်ပေးသည့် လုပ်ငန်းအမျိုးအစားများအနေဖြင့်လည်း စားသောက်ရေး၊ ဝတ်ဆင်ရေး၊ နေထိုင်ရေး၊ လူသုံးကုန်၊ အိမ်သုံးကုန်၊ ပုံနှိပ်နှင့်စာပေ၊ ကုန်ကြမ်းပစ္စည်း၊ ဓာတ်သတ္တု၊ စိုက်ပျိုးရေး၊ စက်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ပစ္စည်းနှင့် အထွေထွေ စက်မှုလက်မှု လုပ်ငန်းများဖြစ်ပြီး စုစုပေါင်း လုပ်ငန်းအမျိုးအစား (၁၃) မျိုးဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
တစ္ႏွစ္အတြင္း အေသးစားစက္မႈလက္မႈလုပ္ငန္းေပါင္း (၂၉၀၀)ကို လုပ္ ငန္းမွတ္ပုံတင္ ထုတ္ေပးမည္
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၁၄

အေသးစားစက္မႈလက္မႈလုပ္ငန္းေပါင္း (၂၉၀၀)ကို လက္ရွိ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္အတြင္း လုပ္ငန္းမွတ္ပုံတင္ ထုတ္ေပးရန္ လ်ာထားေဆာင္႐ြက္ေနရာ ရာခိုင္ႏႈန္းအားျဖင့္ (၄၃)ရာခိုင္ႏႈန္းခန႔္ေဆာင္႐ြက္ၿပီးစီးထားေၾကာင္း သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာနမွ သိရသည္။

ထိုသို႔ မွတ္ပုံတင္ထုတ္ေပးျခင္းကို ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အားလုံးတြင္ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ လုပ္ငန္းေပါင္း (၁၂၃၅)ခုကို လုပ္ငန္းမွတ္ပုံတင္မ်ား ခြင့္ျပဳေဆာင္႐ြက္ေပးထားၿပီး (၁၆၆၅)ခု က်န္ရွိေနေၾကာင္း အေသးစားစက္မႈလက္မႈလုပ္ငန္းဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

“အခု ၂၀၂၄-၂၅ ဘ႑ာႏွစ္ရဲ႕ ႏွစ္စ ဧၿပီလကေန ႏွစ္ဆုံး မတ္လအထိကို မွတ္ပုံတင္လုပ္ငန္းေပါင္း (၂၉၀ဝ)ခုေလာက္အထိကို မွတ္ပုံတင္ျခင္းလုပ္ငန္းမ်ားေဆာင္႐ြက္ေပးသြားဖို႔ လ်ာထားၿပီး ေဆာင္႐ြက္ေနတာ ျဖစ္ပါတယ္။ အခုခ်ိန္အထိေတာ့ ၁၂၃၅ ခု ေဆာင္႐ြက္ၿပီးစီးၿပီျဖစ္ပါတယ္”ဟု ၎ကေျပာသည္။

လုပ္ငန္းမွတ္ပုံတင္ေဆာင္႐ြက္ေပးသည့္ လုပ္ငန္းအမ်ိဳးအစားမ်ားအေနျဖင့္လည္း စားေသာက္ေရး၊ ဝတ္ဆင္ေရး၊ ေနထိုင္ေရး၊ လူသုံးကုန္၊ အိမ္သုံးကုန္၊ ပုံႏွိပ္ႏွင့္စာေပ၊ ကုန္ၾကမ္းပစၥည္း၊ ဓာတ္သတၱဳ၊ စိုက္ပ်ိဳးေရး၊ စက္ပစၥည္း၊ သယ္ယူပို႔ေဆာင္ေရး၊ လွ်ပ္စစ္ပစၥည္းႏွင့္ အေထြေထြ စက္မႈလက္မႈ လုပ္ငန္းမ်ားျဖစ္ၿပီး စုစုေပါင္း လုပ္ငန္းအမ်ိဳးအစား (၁၃) မ်ိဳးျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.