ရည်းစားဟောင်းရဲ့မီးရှို့သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ယူဂန်ဒါ အိုလံပစ် အားကစားမယ် နာရေးအခမ်းအနား Military honors နဲ့ ပြုလုပ်

 2247

ရောင်နီ (NP News) - စက်တင်ဘာ ၁၅

ရည်းစားဟောင်းက မီးရှို့သတ်ခြင်းကြောင့် သေဆုံးခဲ့တဲ့ ယူဂန်ဒါ အိုလံပစ် အပြေးသမားမယ် ရက်ဘီကာ ချက်တီဂိုင်းရဲ့နာရေးအခမ်းအနားကို စနေနေ့(စက်တင်ဘာ ၁၄ ရက်) က Military honors နဲ့ ဂုဏ်ပြုပြီး သင်္ဂြိုဟ်ခဲ့ တယ်လို့ သိရပါတယ်။

ချက်တီဂိုင်းဟာ သြဂုတ်လ ၁၁ ရက်က ပါရီအိုလံပစ်ပြိုင်ပွဲရဲ့ ၄၄ ကြိမ်မြောက် မာရသွန်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ပြီး အိမ်ပြန်ရောက်နေချိန် သီတင်းသုံးပတ်အကြာမှာ သူမရဲ့ရည်းစားဟောင်း ဒစ်ခ်ဆန်နစ်ဒီမာမာရန်ဂတ်ချ်က သူမကို ဓာတ်ဆီလောင်း မီးရှို့ကာ နှိပ်စက်ခဲ့တာပါ။ သူမရဲ့ခန္ဓာကိုယ် ၈ဝ ရာခိုင်နှုန်းအထိ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံတက် ကုသမှု ခံယူခဲ့ရပြီးနောက် လေးရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။
ချက်တီဂိုင်းရဲ့သေဆုံးမှုဟာ ကင်ညာ အမျိုးသမီးတွေ အထူးသဖြင့် အားကစားအသိုင်းအဝိုင်းနယ်ပယ်မှာ အကြမ်းဖက်မှုတွေမြင့်မားလာခြင်းကို မီးမောင်းထိုးပြခဲ့ပါတယ်။ ၂ဝ၂၂ ခုနှစ်ရဲ့အစိုးရအချက်အလက်တွေအရ ကင်ညာမိန်းကလေး အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အမျိုးသမီးသုံးဦးမှာ တစ်ဦးနှုန်းဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားနေရပြီး ကင်ညာအမျိုးသမီးအားကစားသမားတွေရဲ့ဆုငွေတွေအပေါ် အမျိုးသားတွေရဲ့ အမြတ်ထုတ်မှုနဲ့ အကြမ်းဖက်မှုတွေ မြင့်မားနေတာကို ပြသနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

ချက်တဂိုင်းဟာ ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ 2021 World Mountain and Trail Running Championships ကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး အီတလီနိုင်ငံရဲ့ Padova Marathon 2022 မှာလည်း ပထမနေရာ ချိတ်ဆွဲရရှိခဲ့ဖူးပါတယ်။

Zawgyi Version
ရည္းစားေဟာင္းရဲ႕မီးရႈိ႕သတ္ျဖတ္ျခင္းကို ခံခဲ့ရတဲ့ ယူဂန္ဒါ အိုလံပစ္ အားကစားမယ္ နာေရးအခမ္းအနား Military honors နဲ႔ ျပဳလုပ္
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅

ရည္းစားေဟာင္းက မီးရႈိ႕သတ္ျခင္းေၾကာင့္ ေသဆုံးခဲ့တဲ့ ယူဂန္ဒါ အိုလံပစ္ အေျပးသမားမယ္ ရက္ဘီကာ ခ်က္တီဂိုင္းရဲ႕နာေရးအခမ္းအနားကို စေနေန႔(စက္တင္ဘာ ၁၄ ရက္) က Military honors နဲ႔ ဂုဏ္ျပဳၿပီး သၿဂႋဳဟ္ခဲ့ တယ္လို႔ သိရပါတယ္။

ခ်က္တီဂိုင္းဟာ ၾသဂုတ္လ ၁၁ ရက္က ပါရီအိုလံပစ္ၿပိဳင္ပြဲရဲ႕ ၄၄ ႀကိမ္ေျမာက္ မာရသြန္ၿပိဳင္ပြဲကို ယွဥ္ၿပိဳင္ခဲ့ၿပီး အိမ္ျပန္ေရာက္ေနခ်ိန္ သီတင္းသုံးပတ္အၾကာမွာ သူမရဲ႕ရည္းစားေဟာင္း ဒစ္ခ္ဆန္နစ္ဒီမာမာရန္ဂတ္ခ်္က သူမကို ဓာတ္ဆီေလာင္း မီးရႈိ႕ကာ ႏွိပ္စက္ခဲ့တာပါ။ သူမရဲ႕ခႏၶာကိုယ္ ၈ဝ ရာခိုင္ႏႈန္းအထိ မီးေလာင္ဒဏ္ရာေတြ ရရွိခဲ့ၿပီး ေဆး႐ုံတက္ ကုသမႈ ခံယူခဲ့ရၿပီးေနာက္ ေလးရက္အၾကာမွာ ေသဆုံးသြားခဲ့ပါတယ္။
ခ်က္တီဂိုင္းရဲ႕ေသဆုံးမႈဟာ ကင္ညာ အမ်ိဳးသမီးေတြ အထူးသျဖင့္ အားကစားအသိုင္းအဝိုင္းနယ္ပယ္မွာ အၾကမ္းဖက္မႈေတြျမင့္မားလာျခင္းကို မီးေမာင္းထိုးျပခဲ့ပါတယ္။ ၂ဝ၂၂ ခုႏွစ္ရဲ႕အစိုးရအခ်က္အလက္ေတြအရ ကင္ညာမိန္းကေလး အသက္ ၁၅ ႏွစ္မွ ၄၉ ႏွစ္ၾကား အမ်ိဳးသမီးသုံးဦးမွာ တစ္ဦးႏႈန္းဟာ ႐ုပ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈကို ခံစားေနရၿပီး ကင္ညာအမ်ိဳးသမီးအားကစားသမားေတြရဲ႕ဆုေငြေတြအေပၚ အမ်ိဳးသားေတြရဲ႕ အျမတ္ထုတ္မႈနဲ႔ အၾကမ္းဖက္မႈေတြ ျမင့္မားေနတာကို ျပသေနတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ဆိုပါတယ္။

ခ်က္တဂိုင္းဟာ ထိုင္းႏိုင္ငံမွာ ျပဳလုပ္တဲ့ 2021 World Mountain and Trail Running Championships ကို ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီး အီတလီႏိုင္ငံရဲ႕ Padova Marathon 2022 မွာလည္း ပထမေနရာ ခ်ိတ္ဆြဲရရွိခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.