Blackpink အဖွဲ့ဝင် လီဆာ MTV Video Music Awards ပွဲမှာ Best K -Pop ဆု ဒုတိယအကြိမ် ထပ်ရ

 190

ရောင်နီ (NP News) - စက်တင်ဘာ ၁၅

တောင်ကိုရီးယားအမျိုးသမီး K Pop အဖွဲ့ Blackpink ရဲ့အဖွဲ့ဝင် လီဆာ MTV Video Music Awards မှာ Best K-Pop ဆုကို Solo Artist အနေနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့ပါတယ်။

သူမဟာ Best K - Pop ဆုကို ၂ ကြိမ်တိုင်တိုင်ရရှိတဲ့ ပထမဆုံး K Pop အဆိုတော်လည်း ဖြစ်ပါတယ်။ အဆိုပါ အခမ်းအနားကို စက်တင်ဘာ ၁၁ ရက်က နယူးယောက်စီးတီးရှိ UBS Arena မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ Best K - Pop ဆုအတွက် BTS အဖွဲ့ဝင် ဂျောင်ကွတ် ရဲ့ Seven၊ NCT Dream အဖွဲ့ရဲ့ Smoothie၊ NewJeans ရဲ့ Super Shy၊ Stray Kids ရဲ့ Lock ၊ Tomorrow X Together ရဲ့ Deja Vu စတဲ့ စကာတင်တွေထဲကမှ အကောင်းဆုံး K-Pop ဆုကို လီဆာက "Rockstar" mv နဲ့ ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

"Rockstar" က "Lalisa" ပြီးရင် ကျွန်မအတွက် အဓိပ္ပာယ်ရှိတဲ့ comeback ဖြစ်တာကြောင့် ဒါက အရမ်း ထူးခြားပါတယ်။ ဒီအတွက် ကမ္ဘာတစ်ဝှမ်းက RCA family၊ Lloud အဖွဲ့၊ Blinks နဲ့ Lilies တို့ကိုကျေးဇူးတင်ပါ တယ်။ ဒီဆုအတွက် ကျေးဇူးအများကြီးတင်ပါတယ်” လို့ လီဆာက သူမရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

Blinks ဟာ Blackpink fandom ကို ရည်ညွှန်းပြီး Lilies ကတော့ Lisa ရဲ့ fandom အမည်ဖြစ်ပါတယ်။

Zawgyi Version
Blackpink အဖြဲ႕ဝင္ လီဆာ MTV Video Music Awards ပြဲမွာ Best K -Pop ဆု ဒုတိယအႀကိမ္ ထပ္ရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅

ေတာင္ကိုရီးယားအမ်ိဳးသမီး K Pop အဖြဲ႕ Blackpink ရဲ႕အဖြဲ႕ဝင္ လီဆာ MTV Video Music Awards မွာ Best K-Pop ဆုကို Solo Artist အေနနဲ႔ ဒုတိယအႀကိမ္ေျမာက္ ရရွိခဲ့ပါတယ္။

သူမဟာ Best K - Pop ဆုကို ၂ ႀကိမ္တိုင္တိုင္ရရွိတဲ့ ပထမဆုံး K Pop အဆိုေတာ္လည္း ျဖစ္ပါတယ္။ အဆိုပါ အခမ္းအနားကို စက္တင္ဘာ ၁၁ ရက္က နယူးေယာက္စီးတီးရွိ UBS Arena မွာ က်င္းပခဲ့တာျဖစ္ပါတယ္။ Best K - Pop ဆုအတြက္ BTS အဖြဲ႕ဝင္ ေဂ်ာင္ကြတ္ ရဲ႕ Seven၊ NCT Dream အဖြဲ႕ရဲ႕ Smoothie၊ NewJeans ရဲ႕ Super Shy၊ Stray Kids ရဲ႕ Lock ၊ Tomorrow X Together ရဲ႕ Deja Vu စတဲ့ စကာတင္ေတြထဲကမွ အေကာင္းဆုံး K-Pop ဆုကို လီဆာက "Rockstar" mv နဲ႔ ရရွိခဲ့ျခင္း ျဖစ္ပါတယ္။

"Rockstar" က "Lalisa" ၿပီးရင္ ကြၽန္မအတြက္ အဓိပၸာယ္ရွိတဲ့ comeback ျဖစ္တာေၾကာင့္ ဒါက အရမ္း ထူးျခားပါတယ္။ ဒီအတြက္ ကမာၻတစ္ဝွမ္းက RCA family၊ Lloud အဖြဲ႕၊ Blinks နဲ႔ Lilies တို႔ကိုေက်းဇူးတင္ပါ တယ္။ ဒီဆုအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္” လို႔ လီဆာက သူမရဲ႕မိန႔္ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။

Blinks ဟာ Blackpink fandom ကို ရည္ၫႊန္းၿပီး Lilies ကေတာ့ Lisa ရဲ႕ fandom အမည္ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.