ရေဘေးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၌ (၄၂) ဦးသေဆုံးခဲ့ပြီး ရေဘေးသင့်လူဦးရေ (၂၅၀၀၀)နီးပါးအတွက် ဘုန်းကြီးကျောင်းများနှင့်ကယ်ဆယ်ရေးစခန်း(၈၂)ခု ဖွင့်လှစ်ထား

 676

ယွန်း (NP News) - စက်တင်ဘာ ၁၅

ရေဘေးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၌ သေဆုံးသူ(၄၂)ဦးရှိခဲ့ပြီး ရေဘေးသင့်လူဦးရေ (၂၅၀၀၀)နီးပါးအတွက် ဘုန်းကြီးကျောင်းများ နှင့် ကယ်ဆယ်ရေးစခန်း(၈၂)ခု ဖွင့်လှစ်ထားကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆိုသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စက်တင်ဘာ(၁၄)ရက်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေးတွင် အထက်ပါကဲ့သို့ ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်အထိ ကောက်ယူရရှိသည့်စာရင်းဇယားအရ နေပြည်တော်ကောင်စီနယ်မြေအတွင်း သေဆုံးသူ ၄၂ ဦး ရှိပြီး အိမ်ပေါင်း ၃၃ လုံး ရေမျောပါခြင်း၊ ရေမြုပ်အဆောက်အဦ ၃၈၁၉ လုံး ရှိခဲ့ကြောင်း ဦးသန်းထွန်းဦးက အသိပေးပြောထားသည်။

ထို့ပြင် ရုတ်ခြည်းချောင်းရေမြင့်တက်လာမှုကြောင့် သဘာဝဘေးအန္တရာယ်သင့်သည့်လူဦးရေ ၂၅၀၀၀ ခန့်အား နီးစပ်ရာဘုန်းတော်ကြီးကျောင်းများအပါအဝင် ကယ်ဆယ်ရေးစခန်း ၈၂ ခု ဖွင့်လှစ်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရာဂိမုန်တိုင်း၏ ‌နောက်ဆက်တွဲကြွင်းကျန် မိုးတိမ်တိုက်များကြောင့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ အပါအဝင် မြန်ုမာနိုင်ငံ၏ နိုင်ငံတစ်ဝန်းနီးပါး မိုးသည်းထန်စွာရက်ဆက်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်း နှင့် မြေပြိုခြင်း၊ တောင်ကျ‌ချောင်းရေများ ရုတ်တရုတ် စီးဆင်းခြင်းများဖြစ်‌ပေါ်ခဲ့သည်။

ထိုသို့ဖြစ်ပေါ်ခဲ့ရာ စက်တင်ဘာ(၉)ရက် ညပိုင်းမှ စက်တင်ဘာ(၁၁)ရက် နံနက်ပိုင်းအတွင်း နေပြည်တော်ကောင်စီ၏ မြို့နယ်(၈)မြို့နယ်အနက် တပ်ကုန်းမြို့နယ်မှစ၍ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပျဥ်းမနားမြို့နယ် နှင့် လယ်ဝေးမြို့နယ်တို့အတွင်း စီးဆင်းနေသည့် ဆင်သေချာင်းမှ ချောင်းရေမြင့်တက်ခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆင်သေချောင်းအတွင်းသို့ နဝင်းချောင်း၊ မုန်ချောင်းနှင့် ကင်းသာချောင်း သုံးချောင်း၏ ချောင်းရေများသည် စက်တင်ဘာ ၉ ရက် တစ်ညအတွင်း မိုးရေချိန် ၁၁ လက်မအထိ ရွာသွန်းခဲ့သဖြင့် တောင်ကျရေနှင့် မြေပြိုမှုများမှတစ်ဆင့် အရှိန်အဟုန်ဖြင့် တိုက်စားမှုများဖြစ်ပေါ်ခဲ့ရာ ၎င်းမှကျန်မြို့နယ်(၄) မြို့နယ်သို့ တစ်ဆင့်ပြီး တစ်ဆင့်ရောက်ရှိပြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Zawgyi Version
ေရေဘးေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၌ (၄၂) ဦးေသဆုံးခဲ့ၿပီး ေရေဘးသင့္လူဦးေရ (၂၅၀၀၀)နီးပါးအတြက္ ဘုန္းႀကီးေက်ာင္းမ်ားႏွင့္ကယ္ဆယ္ေရးစခန္း(၈၂)ခု ဖြင့္လွစ္ထား
ယြန္း (NP News) - စက္တင္ဘာ ၁၅

ေရေဘးေၾကာင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၌ ေသဆုံးသူ(၄၂)ဦးရွိခဲ့ၿပီး ေရေဘးသင့္လူဦးေရ (၂၅၀၀၀)နီးပါးအတြက္ ဘုန္းႀကီးေက်ာင္းမ်ား ႏွင့္ ကယ္ဆယ္ေရးစခန္း(၈၂)ခု ဖြင့္လွစ္ထားေၾကာင္း ေနျပည္ေတာ္ေကာင္စီဥကၠ႒က ဆိုသည္။

ေနျပည္ေတာ္ေကာင္စီဥကၠ႒ ဦးသန္းထြန္းဦးက စက္တင္ဘာ(၁၄)ရက္တြင္ ေနျပည္ေတာ္ေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမတြင္ ျပဳလုပ္သည့္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈလုပ္ငန္းညႇိႏႈိင္းအစည္းအ‌ေဝးတြင္ အထက္ပါကဲ့သို႔ ရွင္းလင္းတင္ျပခဲ့ျခင္းျဖစ္သည္။

လက္ရွိအခ်ိန္အထိ ေကာက္ယူရရွိသည့္စာရင္းဇယားအရ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း ေသဆုံးသူ ၄၂ ဦး ရွိၿပီး အိမ္ေပါင္း ၃၃ လုံး ေရေမ်ာပါျခင္း၊ ေရျမဳပ္အေဆာက္အဦ ၃၈၁၉ လုံး ရွိခဲ့ေၾကာင္း ဦးသန္းထြန္းဦးက အသိေပးေျပာထားသည္။

ထို႔ျပင္ ႐ုတ္ျခည္းေခ်ာင္းေရျမင့္တက္လာမႈေၾကာင့္ သဘာဝေဘးအႏၲရာယ္သင့္သည့္လူဦးေရ ၂၅၀၀၀ ခန႔္အား နီးစပ္ရာဘုန္းေတာ္ႀကီးေက်ာင္းမ်ားအပါအဝင္ ကယ္ဆယ္ေရးစခန္း ၈၂ ခု ဖြင့္လွစ္၍ ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ရာဂိမုန္တိုင္း၏ ‌ေနာက္ဆက္တြဲႂကြင္းက်န္ မိုးတိမ္တိုက္မ်ားေၾကာင့္ ကေမာၻဒီးယားႏိုင္ငံ၊ လာအိုႏိုင္ငံ၊ ထိုင္းႏိုင္ငံ အပါအဝင္ ျမႏ္ုမာႏိုင္ငံ၏ ႏိုင္ငံတစ္ဝန္းနီးပါး မိုးသည္းထန္စြာရက္ဆက္႐ြာသြန္းခဲ့ၿပီး ေရႀကီးေရလွ်ံမႈျဖစ္ေပၚျခင္း ႏွင့္ ေျမၿပိဳျခင္း၊ ေတာင္က်‌ေခ်ာင္းေရမ်ား ႐ုတ္တ႐ုတ္ စီးဆင္းျခင္းမ်ားျဖစ္‌ေပၚခဲ့သည္။

ထိုသို႔ျဖစ္ေပၚခဲ့ရာ စက္တင္ဘာ(၉)ရက္ ညပိုင္းမွ စက္တင္ဘာ(၁၁)ရက္ နံနက္ပိုင္းအတြင္း ေနျပည္ေတာ္ေကာင္စီ၏ ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္အနက္ တပ္ကုန္းၿမိဳ႕နယ္မွစ၍ ပုဗၺသီရိၿမိဳ႕နယ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ပ်ဥ္းမနားၿမိဳ႕နယ္ ႏွင့္ လယ္ေဝးၿမိဳ႕နယ္တို႔အတြင္း စီးဆင္းေနသည့္ ဆင္ေသခ်ာင္းမွ ေခ်ာင္းေရျမင့္တက္ခဲ့ၿပီး ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဆင္ေသေခ်ာင္းအတြင္းသို႔ နဝင္းေခ်ာင္း၊ မုန္ေခ်ာင္းႏွင့္ ကင္းသာေခ်ာင္း သုံးေခ်ာင္း၏ ေခ်ာင္းေရမ်ားသည္ စက္တင္ဘာ ၉ ရက္ တစ္ညအတြင္း မိုးေရခ်ိန္ ၁၁ လက္မအထိ ႐ြာသြန္းခဲ့သျဖင့္ ေတာင္က်ေရႏွင့္ ေျမၿပိဳမႈမ်ားမွတစ္ဆင့္ အရွိန္အဟုန္ျဖင့္ တိုက္စားမႈမ်ားျဖစ္ေပၚခဲ့ရာ ၎မွက်န္ၿမိဳ႕နယ္(၄) ၿမိဳ႕နယ္သို႔ တစ္ဆင့္ၿပီး တစ္ဆင့္ေရာက္ရွိၿပီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.