တရုတ်နိုင်ငံမှာ အသားလမုန့်ထဲ လူသွားတစ်ချောင်း ပါဝင်နေတာတွေ့ရှိ

 3341

ရောင်နီ (NP News) - စက်တင်ဘာ ၁၅

စူပါမားကတ် Sam's Club မှ ဝယ်ယူခဲ့တဲ့ အသားလမုန့်မှာ လူသွားတစ်ချောင်းတွေ့ရှိခဲ့မှု တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆုမှာ ဖြစ်ပွားခဲ့ပါတယ်။

တွေ့ရှိတဲ့ အမျိုးသမီးက အဆိုပါအဖြစ်အပျက်ကို စက်တင်ဘာ ၅ ရက်က တရုတ်ဗီဒီယိုပလက်ဖောင်း Douyin မှာ မျှဝေခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုထဲမှာတော့ တစ်ကိုက်စာ စားထားတဲ့ လမုန့်နဲ့ တစ်ရှူးစက္ကူ တစ်ရွက်ပေါ်မှာ လူရဲ့ အံသွားတစ်ချောင်း တင်ထားတာ တွေ့ရပါတယ်။

Yangtze Evening News အစီရင်ခံစာအရတော့ ဒီအဖြစ်အပျက်ကြောင့် Sam's Club စူပါမားကတ်မှာ စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အမည်မဖော်ပြထားတဲ့ လမုန့်ထုတ်လုပ်သူကတော့ အဆိုပါ ဖြစ်ရပ်ဟာ မဖြစ်နိုင်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ ထုတ်လုပ်သူဘက်က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက လည်း ၎င်းရဲ့ထုတ်ကုန်တွေမှာ အသုံးပြုတဲ့အသားအားလုံးကို သေချာကြိတ်ချေလေ့ရှိပြီး အရိုးအပိုင်းအစတွေ ပါသွားမှာ စိုးရိမ်တာကြောင့် X-ray နည်းပညာနဲ့ စစ်ဆေးလေ့ရှိတာကြောင့် မုန့်မှာ လူသားသွားတစ်ချောင်း ပါဝင်လာဖို့ မဖြစ်နိုင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒါအပြင် ဒီလိုဖြစ်ရပ်မျိုး ထုတ်လုပ်မှု ဆယ်စုနှစ်တစ်ခုကျော်အတွင်း တစ်ခါမျှ မကြုံဖူးသေးဘူးလို့ အခိုင်အမာ ဆိုခဲ့ပါတယ်။ ထုတ်လုပ်သူဘက်က ထုတ်လုပ်မှု CCTV ဗီဒီယိုဖိုင်ကို Sam's Club နဲ့ ဒေသဆိုင်ရာစည်းမျဉ်း အာဏာပိုင်တွေဆီ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

Sam's Club ကတော့ ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှုပြုလုပ်မယ်ဆိုတာကလွဲပြီး ဘယ်လို ကောက်ချက်ချ ခြင်းမျိုးကိုမှ လူသိရှင်ကြားထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ အသားလမုန႔္ထဲ လူသြားတစ္ေခ်ာင္း ပါဝင္ေနတာေတြ႕ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅

စူပါမားကတ္ Sam's Club မွ ဝယ္ယူခဲ့တဲ့ အသားလမုန႔္မွာ လူသြားတစ္ေခ်ာင္းေတြ႕ရွိခဲ့မႈ တ႐ုတ္ႏိုင္ငံ အေရွ႕ပိုင္း က်န္းဆုမွာ ျဖစ္ပြားခဲ့ပါတယ္။

ေတြ႕ရွိတဲ့ အမ်ိဳးသမီးက အဆိုပါအျဖစ္အပ်က္ကို စက္တင္ဘာ ၅ ရက္က တ႐ုတ္ဗီဒီယိုပလက္ေဖာင္း Douyin မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။ ဗီဒီယိုထဲမွာေတာ့ တစ္ကိုက္စာ စားထားတဲ့ လမုန႔္နဲ႔ တစ္ရႉးစကၠဴ တစ္႐ြက္ေပၚမွာ လူရဲ႕ အံသြားတစ္ေခ်ာင္း တင္ထားတာ ေတြ႕ရပါတယ္။

Yangtze Evening News အစီရင္ခံစာအရေတာ့ ဒီအျဖစ္အပ်က္ေၾကာင့္ Sam's Club စူပါမားကတ္မွာ စုံစမ္း စစ္ေဆးမႈေတြ စတင္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။ အမည္မေဖာ္ျပထားတဲ့ လမုန႔္ထုတ္လုပ္သူကေတာ့ အဆိုပါ ျဖစ္ရပ္ဟာ မျဖစ္ႏိုင္ေၾကာင္း အခိုင္အမာေျပာၾကားခဲ့ပါတယ္။ ထုတ္လုပ္သူဘက္က ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက လည္း ၎ရဲ႕ထုတ္ကုန္ေတြမွာ အသုံးျပဳတဲ့အသားအားလုံးကို ေသခ်ာႀကိတ္ေခ်ေလ့ရွိၿပီး အ႐ိုးအပိုင္းအစေတြ ပါသြားမွာ စိုးရိမ္တာေၾကာင့္ X-ray နည္းပညာနဲ႔ စစ္ေဆးေလ့ရွိတာေၾကာင့္ မုန႔္မွာ လူသားသြားတစ္ေခ်ာင္း ပါဝင္လာဖို႔ မျဖစ္ႏိုင္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။
ဒါအျပင္ ဒီလိုျဖစ္ရပ္မ်ိဳး ထုတ္လုပ္မႈ ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း တစ္ခါမွ် မႀကဳံဖူးေသးဘူးလို႔ အခိုင္အမာ ဆိုခဲ့ပါတယ္။ ထုတ္လုပ္သူဘက္က ထုတ္လုပ္မႈ CCTV ဗီဒီယိုဖိုင္ကို Sam's Club နဲ႔ ေဒသဆိုင္ရာစည္းမ်ဥ္း အာဏာပိုင္ေတြဆီ ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

Sam's Club ကေတာ့ ဒီအျဖစ္အပ်က္အတြက္ စုံစမ္းစစ္ေဆးမႈျပဳလုပ္မယ္ဆိုတာကလြဲၿပီး ဘယ္လို ေကာက္ခ်က္ခ် ျခင္းမ်ိဳးကိုမွ လူသိရွင္ၾကားထုတ္ျပန္ခဲ့ျခင္း မရွိပါဘူး။

Related news

© 2021. All rights reserved.