ဘောရစ်မုန်တိုင်းကြောင့် ဥရောပအရှေ့ပိုင်းနဲ့ အလယ်ပိုင်းမှာ လူသေဆုံး၊ ပျောက်ဆုံးမှုများ ရှိနေ

 968

ရောင်နီ (NP News) - စက်တင်ဘာ ၁၅

ဘောရစ်မုန်တိုင်းကြောင့် စက်တင်ဘာ ၁၂ ရက်မှစ သြစတြီးယား၊ ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ ရိုမေးနီးယားနဲ့ စလိုဗက်ကီးယားနိုင်ငံ အစိတ်အပိုင်းအချို့မှာ လေပြင်းတိုက်ခတ်ပြီး ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာရွာသွန်းမှုတွေနဲ့အတူ ရေကြီး၊ ရေလွှမ်းမိုးမှုတွေ ရှိခဲ့ပါတယ်။

မုန်တိုင်းကြောင့် ပိုလန်နိုင်ငံမှာ လူတစ်ဦး ရေနစ်သေဆုံးခဲ့ပြီး သြစတြီးယားမှာလည်း မီးသတ်သမားတစ်ဦး ရေထဲ မျောပါ သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၁၅ ရက်(တနင်္ဂနွေနေ့) မှာ ပြောကြားပါတယ်။ ဒါ့အပြင် မုန်တိုင်းကြောင့် ရိုမေးနီးယားမှာ လူငါးဦးသေဆုံးပြီး ထောင်နဲ့ချီတဲ့ နေထိုင်သူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ ရတယ်လို့ သိရပါတယ်။

ပိုလန်မှာ ဒေသ မြစ်ရေဟာ ၆၆၅ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး နှိုးစက်အဆင့် ၂၄၀ ထက် ကျော်လွန်နေတာ ကြောင့် ရေအောက်တစ်စိတ်တစ်ပိုင်းမြို့ဖြစ်တဲ့ ကလိုဒ်ကိုမြို့မှာ အခြေအနေ အလွန်ဆိုးရွားလာတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။ ဒါကြောင့် ကလိုဒ်ကို မှာ လူပေါင်း ၁၆ဝဝ ခန့် ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပြီး စစ်တပ်ကို အကူအညီတောင်းခဲ့ရတယ်လို့ ပိုလန်အာဏာပိုင်တွေက ဆိုပါတယ်။

ဒါအပြင် မြစ်ရေလျှံမှုကြောင့် ကားလမ်းတွေပိတ်ခဲ့ပြီး ပရုဒ်နခ်နဲ့ နေဆာမြို့တွေကို ဆက်သွယ်ထားတဲ့ ရထားလိုင်း ပေါ်တွေ ရပ်နားခဲ့ရပါတယ်။ ဩစတြေးလျအောက်ပိုင်း ပြည်နယ်တွေမှာလည်း ရေကြီးမှုကြောင့် နေအိမ်တွေမှာ နေထိုင်သူ အများအပြား ပိတ်မိနေခဲ့ပြီး ညတွင်းချင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းပေါင်း ၅,၀၀၀ နီးပါး ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ချက်သမ္မတနိုင်ငံမှာ စက်တင်ဘာ ၁၅ ရက်က လူလေးဦး ပျောက်ဆုံးနေပြီး ချက်သမ္မတနိုင်ငံနဲ့ ပိုလန်မှာ အနည်းဆုံး စက်တင်ဘာ ၁၆ ရက်အထိ မိုးဆက်လက်ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Zawgyi Version;
ေဘာရစ္မုန္တိုင္းေၾကာင့္ ဥေရာပအေရွ႕ပိုင္းနဲ႔ အလယ္ပိုင္းမွာ လူေသဆုံး၊ ေပ်ာက္ဆုံးမႈမ်ား ရွိေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၅

ေဘာရစ္မုန္တိုင္းေၾကာင့္ စက္တင္ဘာ ၁၂ ရက္မွစ ၾသစႀတီးယား၊ ခ်က္သမၼတႏိုင္ငံ၊ ဟန္ေဂရီ၊ ႐ိုေမးနီးယားနဲ႔ စလိုဗက္ကီးယားႏိုင္ငံ အစိတ္အပိုင္းအခ်ိဳ႕မွာ ေလျပင္းတိုက္ခတ္ၿပီး ပုံမွန္မဟုတ္တဲ့ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြနဲ႔အတူ ေရႀကီး၊ ေရလႊမ္းမိုးမႈေတြ ရွိခဲ့ပါတယ္။

မုန္တိုင္းေၾကာင့္ ပိုလန္ႏိုင္ငံမွာ လူတစ္ဦး ေရနစ္ေသဆုံးခဲ့ၿပီး ၾသစႀတီးယားမွာလည္း မီးသတ္သမားတစ္ဦး ေရထဲ ေမ်ာပါ ေသဆုံးခဲ့တယ္လို႔ အာဏာပိုင္ေတြက စက္တင္ဘာ ၁၅ ရက္(တနဂၤေႏြေန႔) မွာ ေျပာၾကားပါတယ္။ ဒါ့အျပင္ မုန္တိုင္းေၾကာင့္ ႐ိုေမးနီးယားမွာ လူငါးဦးေသဆုံးၿပီး ေထာင္နဲ႔ခ်ီတဲ့ ေနထိုင္သူေတြ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းခဲ့ ရတယ္လို႔ သိရပါတယ္။

ပိုလန္မွာ ေဒသ ျမစ္ေရဟာ ၆၆၅ စင္တီမီတာအထိ ျမင့္တက္ခဲ့ၿပီး ႏႈိးစက္အဆင့္ ၂၄၀ ထက္ ေက်ာ္လြန္ေနတာ ေၾကာင့္ ေရေအာက္တစ္စိတ္တစ္ပိုင္းၿမိဳ႕ျဖစ္တဲ့ ကလိုဒ္ကိုၿမိဳ႕မွာ အေျခအေန အလြန္ဆိုး႐ြားလာတယ္လို႔ သတင္းေထာက္ေတြက ဆိုပါတယ္။ ဒါေၾကာင့္ ကလိုဒ္ကို မွာ လူေပါင္း ၁၆ဝဝ ခန႔္ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းခဲ့ၿပီး စစ္တပ္ကို အကူအညီေတာင္းခဲ့ရတယ္လို႔ ပိုလန္အာဏာပိုင္ေတြက ဆိုပါတယ္။

ဒါအျပင္ ျမစ္ေရလွ်ံမႈေၾကာင့္ ကားလမ္းေတြပိတ္ခဲ့ၿပီး ပ႐ုဒ္နခ္နဲ႔ ေနဆာၿမိဳ႕ေတြကို ဆက္သြယ္ထားတဲ့ ရထားလိုင္း ေပၚေတြ ရပ္နားခဲ့ရပါတယ္။ ဩစေၾတးလ်ေအာက္ပိုင္း ျပည္နယ္ေတြမွာလည္း ေရႀကီးမႈေၾကာင့္ ေနအိမ္ေတြမွာ ေနထိုင္သူ အမ်ားအျပား ပိတ္မိေနခဲ့ၿပီး ညတြင္းခ်င္း အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းေပါင္း ၅,၀၀၀ နီးပါး ျပဳလုပ္ခဲ့ရတယ္လို႔ သိရပါတယ္။

ခ်က္သမၼတႏိုင္ငံမွာ စက္တင္ဘာ ၁၅ ရက္က လူေလးဦး ေပ်ာက္ဆုံးေနၿပီး ခ်က္သမၼတႏိုင္ငံနဲ႔ ပိုလန္မွာ အနည္းဆုံး စက္တင္ဘာ ၁၆ ရက္အထိ မိုးဆက္လက္႐ြာသြန္းႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။

Related news

© 2021. All rights reserved.