တောင်ကိုရီးယားမင်းသား ချိုယောင်းဂျွန် မင်္ဂလာသတင်းကြေညာ

 632

ရောင်နီ (NP News) - စက်တင်ဘာ ၁၆

"Flower of Evil” “Vincenzo" ဒရာမာဇာတ်လမ်းတွေမှာ လူသိများတဲ့ တောင်ကိုရီးယားမင်းသား ချိုယောင်ဂျွန် လာမယ် အောက်တိုဘာလထဲ လက်ထပ်တော့မယ့်သတင်းကို ပရိသတ်တွေဆီ အကြောင်းကြားလာခဲ့ပါတယ်။

ဒီအကြောင်းကို ချိုယောင်းဂျွန်ရဲ့အေဂျင်စီ ACE FACTORY က စက်တင်ဘာ ၁၅ ရက်မှာ ကြေညာခဲ့ခြင်းဖြစ်ပါ တယ်။ အေဂျင်စီက "ချိုယောင်းဂျွန်ရဲ့ မင်္ဂလာသတင်းနဲ့ပတ်သက်ပြီး တရားဝင်ထုတ်ပြန်ချက်ကို မျှဝေလိုပါတယ်။ ချိုယောင်းဂျွန်ဟာ သူ့ရဲ့ကာလရှည်ကာ လက်တွဲခဲ့တဲ့လက်တွဲဖော်နဲ့ အောက်တိုဘာလ ၂၀ ရက်မှာ မင်္ဂလာပွဲ ကျင်းပတော့မှာဖြစ်ပါတယ်။ အခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ တစ်နေရာမှာ ရင်းနှီးသူ မိတ်ဆွေများနဲ့ သီးသန့်ကျင်းပသွားမှာဖြစ်ပါတယ်။ ချိုယောင်ဒဂျွန်ရဲ့အိမ်ထောင်ရေးသတင်းအတွက် နွေးထွေးစွာ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ချိုယောင်းဂျွန်ဟာ အမျိုးသား K Pop အဖွဲ့ 7Dayz မှ အဖွဲ့ဝင်အဖြစ် ၂ဝဝ၂ ခုနှစ်က ပွဲဦးထွက်ခဲ့သူဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်လိုင်းဘက်ကို ကူးပြောင်းလာခဲ့ပြီး “Flower of Evil” “Vincenzo” “Mine” “Hospital Playlist” “Inspector Koo” “Our Blues” “Why Her” အပါအဝင် နာမည်ကြီး ဒရာမာတွေမှာ သူ့ရဲ့ ကာရိုက်တာတွေနဲ့ပတ်သက်ပြီး ပရိသတ်ရဲ့အသိအမှတ်ပြု အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားမင္းသား ခ်ိဳေယာင္းဂြၽန္ မဂၤလာသတင္းေၾကညာ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၆

"Flower of Evil” “Vincenzo" ဒရာမာဇာတ္လမ္းေတြမွာ လူသိမ်ားတဲ့ ေတာင္ကိုရီးယားမင္းသား ခ်ိဳေယာင္ဂြၽန္ လာမယ္ ေအာက္တိုဘာလထဲ လက္ထပ္ေတာ့မယ့္သတင္းကို ပရိသတ္ေတြဆီ အေၾကာင္းၾကားလာခဲ့ပါတယ္။

ဒီအေၾကာင္းကို ခ်ိဳေယာင္းဂြၽန္ရဲ႕ေအဂ်င္စီ ACE FACTORY က စက္တင္ဘာ ၁၅ ရက္မွာ ေၾကညာခဲ့ျခင္းျဖစ္ပါ တယ္။ ေအဂ်င္စီက "ခ်ိဳေယာင္းဂြၽန္ရဲ႕ မဂၤလာသတင္းနဲ႔ပတ္သက္ၿပီး တရားဝင္ထုတ္ျပန္ခ်က္ကို မွ်ေဝလိုပါတယ္။ ခ်ိဳေယာင္းဂြၽန္ဟာ သူ႔ရဲ႕ကာလရွည္ကာ လက္တြဲခဲ့တဲ့လက္တြဲေဖာ္နဲ႔ ေအာက္တိုဘာလ ၂၀ ရက္မွာ မဂၤလာပြဲ က်င္းပေတာ့မွာျဖစ္ပါတယ္။ အခမ္းအနားကို ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္ၿမိဳ႕၊ တစ္ေနရာမွာ ရင္းႏွီးသူ မိတ္ေဆြမ်ားနဲ႔ သီးသန႔္က်င္းပသြားမွာျဖစ္ပါတယ္။ ခ်ိဳေယာင္ဒဂြၽန္ရဲ႕အိမ္ေထာင္ေရးသတင္းအတြက္ ေႏြးေထြးစြာ ဂုဏ္ျပဳႀကိဳဆိုအပ္ပါတယ္။ ေက်းဇူးတင္ပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ိဳေယာင္းဂြၽန္ဟာ အမ်ိဳးသား K Pop အဖြဲ႕ 7Dayz မွ အဖြဲ႕ဝင္အျဖစ္ ၂ဝဝ၂ ခုႏွစ္က ပြဲဦးထြက္ခဲ့သူျဖစ္ပါတယ္။ အဲဒီေနာက္ သ႐ုပ္ေဆာင္လိုင္းဘက္ကို ကူးေျပာင္းလာခဲ့ၿပီး “Flower of Evil” “Vincenzo” “Mine” “Hospital Playlist” “Inspector Koo” “Our Blues” “Why Her” အပါအဝင္ နာမည္ႀကီး ဒရာမာေတြမွာ သူ႔ရဲ႕ ကာ႐ိုက္တာေတြနဲ႔ပတ္သက္ၿပီး ပရိသတ္ရဲ႕အသိအမွတ္ျပဳ အားေပးမႈကို ရရွိထားသူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.