“ချောင်ချောင်”ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိ

 4244

သန့်ဇင် (NP News) - စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို ဝင်ရောက်ဓားပြတိုက်မှုကျူးလွန်သူ(၇)ဦးအနက်(၆)ဦးကို သက်သေခံရွှေထည်၊ ငွေသားများနှင့်အတူ ဖမ်းဆီးရမိထားကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ဓားပြတိုက်လုယက်မှုသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်၊ နံနက် ၈ နာရီက ချမ်းမြသာစည်မြို့နယ်၊ မြိုသစ်(၁)ရပ်ကွက်၊ ၇၁ လမ်းနှင့် ၁၀၁ (B)လမ်း ထောင့်ရှိ “ချောင်ချောင်”ရွှေဆိုင်ပိုင်ရှိ နေအိမ်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါလမ်းတွင်နေထိုင်သည့် “ချောင်ချောင်” ရွှေဆိုင်ပိုင်ရှင်ဖြစ်သူသည် ၎င်းဖွင့်လှစ်ထားသည့် မန္တလေးမြို့အတွင်းရှိ “ချောင်ချောင်” ရွှေဆိုင်(၃)ဆိုင်သို့သွားရောက်ရန် ရွှေထည်ပစ္စည်းများနှင့် ငွေသားများအား ကားပေါ်သို့တင်နေစဉ် 3J/8313 ADVAN အမျိုးအစားကားဖြင့် အမျိုးသား (၇)ဦးက သေနတ်များကိုင်ဆောင်ရောက်ရှိလာပြီး ရွှေ(၁ဝ)ပိဿာကျော်နှင့် ငွေကျပ်သိန်း(၁၀၀၀)ခန့်ကို ဓားပြတိုက်လုယက်ယူဆောင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့နောက် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းက (ပ)၂၂၀/ ၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ(၃၉၅) ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ကြောင်း နစကမှသတင်းထုတ်ပြန်ထားသည်။

ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၄ ရက်နေ့ ည ၉ နာရီခွဲတွင် ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် ပါဝင်သည့် ပုသိမ်ကြီးမြို့နယ်၊ ကုန်းတန်းရပ်ကွက်တွင်နေထိုင်သူ ခင်မောင်စိုး (၄၀)နှစ်ကို ချမ်းအေးသာစံမြို့နယ်ရှိ ရွှေပြည်သာ ဟိုတယ်ရှေ့၊ လမ်း (၃၀) မြို့ပတ်လမ်းပေါ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ခင်မောင်စိုး၏ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် ၎င်းအပါအဝင် နိုင်မင်းဝေ(ခ)ကုလား(ခ)ကျော်ကြီး၊ ကျော်စိုးမင်းထွန်း(ခ)ညီညီစိုး၊ ဇင်ကိုကိုကျော်(ခ)ကရင်ကြီး၊ အောင်ဇော်ထွန်း(ခ)အငယ်ကောင်၊ လှိုင်းထက်အောင်(ခ)တောဝက်(ခ)ဝက်ကလေး နှင့် ချမ်းသာ(ခ) ရွှန်းထက်မောင်တို့ (၇)ဦးက ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးချက်အရ ည ၁၁ နာရီခွဲတွင် ကသာမြို့နယ်၊ သံပုရာကုန်းကျေးရွာတွင်နေထိုင်သည့် နိုင်မင်းဝေ(ခ)ကုလား(ခ)ကျော်ကြီး(၂၇)နှစ်အပါအဝင် ပန်းတောင်းမြိုနယ်၊ ကျားအိုကျေးရွာတွင်နေထိုင်သည့် ကျော်စိုးမင်းထွန်း (ခ) ညီညီစိုး(၄၆)နှစ်နှင့် မိတ္ထီလာမြို့နယ်၊ ကျောက်ဖြူကုန်းကျေးရွာတွင်နေထိုင်သည့် ဇင်ကိုကိုကျော် (ခ) ကရင်ကြီး(၂၉)နှစ်တို့(၃)ဦးကို ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်ရှိ GTM ဟိုတယ်၌ အသီးသီးထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ဓားပြတိုက်လုယက်မှုကျူးလွန်ရာ တွင်အသုံးပြုခဲ့သည့် ကားနှင့်ဓားပြတိုက်လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းအချို့ကို ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာတွင်နေထိုင်သည့် ဓားပြတိုက်လုယက်မှုတွင် ပါဝင်ကျူးလွန်သူ အောင်ဇော်ထွန်း(ခ)အငယ်ကောင်၏နေအိမ်၌ သိမ်းဆည်းထားသည်ကို သိရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့နောက် စက်တင်ဘာလ ၁၄ ရက်၊ ည ၁၂ နာရီခွဲအချိန်တွင် အောင်ဇော်ထွန်း၏နေအိမ်သို့ သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ကျူးလွန်သူနှင့်၎င်း၏နေ အိမ်ရှိ မီးခံသေတ္တာအတွင်းထည့်ထားသည့် သက်သေခံရွှေထည်ပစ္စည်းများအပါအဝင် နေအိမ်ခြံဝင်းအတွင်းမှ ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုခဲ့သော ကာတစ်စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ စက်တင်ဘာလ ၁၅ ရက်၊ နံနက် ၂ နာရီတွင် ဓားပြတိုက်လုယက်မှုကျူးလွန်ရာတွင်ပါဝင်သူ ခင်မောင်စိုး၏နေ အိမ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Glock အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ Kimber Custom အမျိုးအစား ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၁၄ တောင့်နှင့် သက်သေခံရွှေထည်ပစ္စည်းများအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၂ နာရီခွဲတွင် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာတွင်နေထိုင်သည့် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ လှိုင်းထက်အောင်(ခ)တော ဝက်(ခ)ဝက်ကလေး (၂၅)နှစ်ကို ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်တိုးဂိတ်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဓားပြတိုက်လုယက်မှုကျူးလွန်ရာ၌ ပူးပေါင်းပါဝင်သူ (၆)ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားပြီး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ထွက်ပြေးလွတ် မြောက်လျက်ရှိသော ချမ်းသာ(ခ)ရွှန်းထက်မောင်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
“ေခ်ာင္ေခ်ာင္”ေ႐ႊဆိုင္ပိုင္ရွင္ေနအိမ္ကို ဓားျပတိုက္မႈက်ဴးလြန္သူ(၇)ဦးအနက္(၆)ဦးကို သက္ေသခံေ႐ႊထည္၊ ေငြသားမ်ားႏွင့္အတူ ဖမ္းဆီးရမိ

သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၆

မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ “ေခ်ာင္ေခ်ာင္” ေ႐ႊဆိုင္ပိုင္ရွင္ေနအိမ္ကို ဝင္ေရာက္ဓားျပတိုက္မႈက်ဴးလြန္သူ(၇)ဦးအနက္(၆)ဦးကို သက္ေသခံေ႐ႊထည္၊ ေငြသားမ်ားႏွင့္အတူ ဖမ္းဆီးရမိထားေၾကာင္း နစက ၏ သတင္းထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ဓားျပတိုက္လုယက္မႈသည္ ၿပီးခဲ့သည့္ စက္တင္ဘာ ၁၀ ရက္၊ နံနက္ ၈ နာရီက ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳသစ္(၁)ရပ္ကြက္၊ ၇၁ လမ္းႏွင့္ ၁၀၁ (B)လမ္း ေထာင့္ရွိ “ေခ်ာင္ေခ်ာင္”ေ႐ႊဆိုင္ပိုင္ရွိ ေနအိမ္တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ အဆိုပါလမ္းတြင္ေနထိုင္သည့္ “ေခ်ာင္ေခ်ာင္” ေ႐ႊဆိုင္ပိုင္ရွင္ျဖစ္သူသည္ ၎ဖြင့္လွစ္ထားသည့္ မႏၲေလးၿမိဳ႕အတြင္းရွိ “ေခ်ာင္ေခ်ာင္” ေ႐ႊဆိုင္(၃)ဆိုင္သို႔သြားေရာက္ရန္ ေ႐ႊထည္ပစၥည္းမ်ားႏွင့္ ေငြသားမ်ားအား ကားေပၚသို႔တင္ေနစဥ္ 3J/8313 ADVAN အမ်ိဳးအစားကားျဖင့္ အမ်ိဳးသား (၇)ဦးက ေသနတ္မ်ားကိုင္ေဆာင္ေရာက္ရွိလာၿပီး ေ႐ႊ(၁ဝ)ပိႆာေက်ာ္ႏွင့္ ေငြက်ပ္သိန္း(၁၀၀၀)ခန႔္ကို ဓားျပတိုက္လုယက္ယူေဆာင္ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရး ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ အမွတ္(၁၁)နယ္ေျမရဲစခန္းက (ပ)၂၂၀/ ၂၀၂၄၊ ရာဇသတ္ႀကီးပုဒ္မ(၃၉၅) ျဖင့္ အမႈေရးဖြင့္ေဆာင္႐ြက္ခဲ့ေၾကာင္း နစကမွသတင္းထုတ္ျပန္ထားသည္။

ျပစ္မႈက်ဴးလြန္သူမ်ားကို ဖမ္းဆီးရမိေရးေဆာင္႐ြက္ခဲ့ရာ စက္တင္ဘာလ ၁၄ ရက္ေန႔ ည ၉ နာရီခြဲတြင္ ဓားျပတိုက္လုယက္မႈ က်ဴးလြန္ရာတြင္ ပါဝင္သည့္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ ကုန္းတန္းရပ္ကြက္တြင္ေနထိုင္သူ ခင္ေမာင္စိုး (၄၀)ႏွစ္ကို ခ်မ္းေအးသာစံၿမိဳ႕နယ္ရွိ ေ႐ႊျပည္သာ ဟိုတယ္ေရွ႕၊ လမ္း (၃၀) ၿမိဳ႕ပတ္လမ္းေပၚ၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ခင္ေမာင္စိုး၏ထြက္ဆိုခ်က္အရ ဓားျပတိုက္လုယက္မႈ က်ဴးလြန္ရာတြင္ ၎အပါအဝင္ ႏိုင္မင္းေဝ(ခ)ကုလား(ခ)ေက်ာ္ႀကီး၊ ေက်ာ္စိုးမင္းထြန္း(ခ)ညီညီစိုး၊ ဇင္ကိုကိုေက်ာ္(ခ)ကရင္ႀကီး၊ ေအာင္ေဇာ္ထြန္း(ခ)အငယ္ေကာင္၊ လႈိင္းထက္ေအာင္(ခ)ေတာဝက္(ခ)ဝက္ကေလး ႏွင့္ ခ်မ္းသာ(ခ) ႐ႊန္းထက္ေမာင္တို႔ (၇)ဦးက က်ဴးလြန္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ဆက္လက္စစ္ေဆးခ်က္အရ ည ၁၁ နာရီခြဲတြင္ ကသာၿမိဳ႕နယ္၊ သံပုရာကုန္းေက်း႐ြာတြင္ေနထိုင္သည့္ ႏိုင္မင္းေဝ(ခ)ကုလား(ခ)ေက်ာ္ႀကီး(၂၇)ႏွစ္အပါအဝင္ ပန္းေတာင္းၿမိဳနယ္၊ က်ားအိုေက်း႐ြာတြင္ေနထိုင္သည့္ ေက်ာ္စိုးမင္းထြန္း (ခ) ညီညီစိုး(၄၆)ႏွစ္ႏွင့္ မိတၳီလာၿမိဳ႕နယ္၊ ေက်ာက္ျဖဴကုန္းေက်း႐ြာတြင္ေနထိုင္သည့္ ဇင္ကိုကိုေက်ာ္ (ခ) ကရင္ႀကီး(၂၉)ႏွစ္တို႔(၃)ဦးကို ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ကၪၥနမဟီရပ္ကြက္ရွိ GTM ဟိုတယ္၌ အသီးသီးထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ဖမ္းဆီးရမိသူမ်ား၏ထြက္ဆိုခ်က္အရ ဓားျပတိုက္လုယက္မႈက်ဴးလြန္ရာ တြင္အသုံးျပဳခဲ့သည့္ ကားႏွင့္ဓားျပတိုက္လုယက္ယူေဆာင္ခဲ့သည့္ ေ႐ႊထည္ပစၥည္းအခ်ိဳ႕ကို ပုသိမ္ႀကီးၿမိဳ႕နယ္၊ မဲကင္းကုန္းေက်း႐ြာတြင္ေနထိုင္သည့္ ဓားျပတိုက္လုယက္မႈတြင္ ပါဝင္က်ဴးလြန္သူ ေအာင္ေဇာ္ထြန္း(ခ)အငယ္ေကာင္၏ေနအိမ္၌ သိမ္းဆည္းထားသည္ကို သိရွိခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ေနာက္ စက္တင္ဘာလ ၁၄ ရက္၊ ည ၁၂ နာရီခြဲအခ်ိန္တြင္ ေအာင္ေဇာ္ထြန္း၏ေနအိမ္သို႔ သြားေရာက္ရွာေဖြဖမ္းဆီးခဲ့ရာ က်ဴးလြန္သူႏွင့္၎၏ေန အိမ္ရွိ မီးခံေသတၱာအတြင္းထည့္ထားသည့္ သက္ေသခံေ႐ႊထည္ပစၥည္းမ်ားအပါအဝင္ ေနအိမ္ၿခံဝင္းအတြင္းမွ ျပစ္မႈက်ဴးလြန္ရာ၌ အသုံးျပဳခဲ့ေသာ ကာတစ္စီးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ စက္တင္ဘာလ ၁၅ ရက္၊ နံနက္ ၂ နာရီတြင္ ဓားျပတိုက္လုယက္မႈက်ဴးလြန္ရာတြင္ပါဝင္သူ ခင္ေမာင္စိုး၏ေန အိမ္မွ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ Glock အမ်ိဳးအစား ပစၥတိုေသနတ္ ၁ လက္၊ Kimber Custom အမ်ိဳးအစား ပစၥတိုေသနတ္ ၁ လက္၊ က်ည္ ၁၄ ေတာင့္ႏွင့္ သက္ေသခံေ႐ႊထည္ပစၥည္းမ်ားအား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ မြန္းလြဲ ၂ နာရီခြဲတြင္ ပုသိမ္ႀကီးၿမိဳ႕နယ္၊ မဲကင္းကုန္းေက်း႐ြာတြင္ေနထိုင္သည့္ ျပစ္မႈက်ဴးလြန္ရာတြင္ပါဝင္သူ လႈိင္းထက္ေအာင္(ခ)ေတာ ဝက္(ခ)ဝက္ကေလး (၂၅)ႏွစ္ကို ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ တံခြန္တိုင္တိုးဂိတ္တြင္ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ဓားျပတိုက္လုယက္မႈက်ဴးလြန္ရာ၌ ပူးေပါင္းပါဝင္သူ (၆)ဦးကို သက္ေသခံပစၥည္းမ်ားႏွင့္အတူ ဖမ္းဆီးရမိထားၿပီး ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ထြက္ေျပးလြတ္ ေျမာက္လ်က္ရွိေသာ ခ်မ္းသာ(ခ)႐ႊန္းထက္ေမာင္အား ဖမ္းဆီးရမိႏိုင္ေရး ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.