တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာ တိုင်ဖွန်းမုန်တိုင်းအတွက် ပြင်ဆင်မှုများ ပြုလုပ်၊ လေကြောင်းပျံသန်းမှု အားလုံးရပ်နားထား

 1158

ရောင်နီ (NP News) - စက်တင်ဘာ ၁၆

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ တိုင်ဖွန်းမုန်တိုင်း ဘီဘီကာရဲ့လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးသည်းထန်စွာရွာသွန်းမှု တွေအတွက် အာဏာပိုင်တွေက ကာကွယ်ရေးလုပ်ငန်းတွေ ကြိုတင်ပြင်ဆင်နေပြီး ရှန်ဟိုင်းမြို့ရဲ့ အဓိက လေဆိပ် နှစ်ခုရဲ့လေကြောင်းခရီးစဉ်အားလုံးကိုလည်း တနင်္ဂနွေ (စက်တင်ဘာ ၁၅ ရက်) မှာ ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

တိုင်ဖွန်းမုန်တိုင်း ဘီဘီကာ ဟာ တနင်္ဂနွေည(စက်တင်ဘာ ၁၅ ရက်) မှ တနင်္လာနေ့ (စက်တင်ဘာ ၁၆ ရက်) နံနက် ကြား တရုတ်နိုင်ငံ၊ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ကုန်းတွင်းပိုင်းကို ဝင်ရောက်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ မုန်တိုင်းသတင်းကြောင့် ရှန်ဟိုင်းမြို့ရဲ့အဓိကလေဆိပ်နှစ်ခုမှာ လေယာဉ်ခရီးစဉ်အားလုံးကို တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ည ၈ နာရီကစပြီး ဖျက်သိမ်းမယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဆိုပါတယ်။

ဒါအပြင် တိုင်ဖွန်းမုန်တိုင်း ဘီဘီကာ သတင်းကြောင့် ရှန်ဟိုင်းရှိ Pudong နဲ့ Hongqiao လေဆိပ်တွေမှာလည်း ခရီးသွားလာမှုတွေ လျော့ပါးသွားခဲ့တယ်လို့ သိရပါတယ်။ စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်ဝဘ်ဆိုဒ်မှာလည်း တနင်္ဂနွေ နေ့ (စက်တင်ဘာ ၁၅ ရက်) ညနေပိုင်းက ရှန်ဟိုင်းကို ပျံသန်းမယ့် လေယာဉ်ခြောက်စင်း ဖျက်သိမ်း လိုက်ကြောင်း ဖော်ပြထားပါတယ်။

ဘီဘီကာတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် တနင်္ဂနွေနေ့(စက်တင်ဘာလ ၁၅ ရက်) နဲ့ အင်္ဂါနေ့ (စက်တင်ဘာလ ၁၇ ရက်ကြား) မှာ ဒေသတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အလွန်ပြင်းထန်တဲ့ မိုးသက်မုန်တိုင်းများ ကျရောက်ခြင်း တို့ဖြစ်နိုင်တယ်လို့ China's emergency management ministry က သတိပေးထားပါတယ်။
ဒါကြောင့် ရေလွှမ်းမိုးမှုဖြစ်ပွားနိုင်တဲ့ အဓိကနေရာတွေမှာ တိုင်ဖွန်းမုန်တိုင်းထိန်းချုပ်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ဖို့ စနေနေ့(စက်တင်ဘာ ၁၄ ရက်) က တာဝန်ရှိသူတွေ စုစည်းပြီး အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး ရေအရင်းအမြစ်ဝန်ကြီးဌာနက ရှန်ဟိုင်း၊ ဂျင်ဆု၊ ကျဲကျန်းနဲ့ အန်ဟိုင်းပြည်နယ်တွေမှာ ရေလွှမ်းမိုးမှုအတွက် အနိမ့်ဆုံးအဆင့် အရေးပေါ်တုံ့ပြန်မှုအဆင့် (၄) ကို စနေနေ့(စက်တင်ဘာ ၁၄ ရက်) က စတင်ခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းမွာ တိုင္ဖြန္းမုန္တိုင္းအတြက္ ျပင္ဆင္မႈမ်ား ျပဳလုပ္၊ ေလေၾကာင္းပ်ံသန္းမႈ အားလုံးရပ္နားထား
ေရာင္နီ (NP News) - စက္တင္ဘာ ၁၆

တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕မွာ တိုင္ဖြန္းမုန္တိုင္း ဘီဘီကာရဲ႕ေလျပင္းတိုက္ခတ္မႈေတြနဲ႔ မိုးသည္းထန္စြာ႐ြာသြန္းမႈ ေတြအတြက္ အာဏာပိုင္ေတြက ကာကြယ္ေရးလုပ္ငန္းေတြ ႀကိဳတင္ျပင္ဆင္ေနၿပီး ရွန္ဟိုင္းၿမိဳ႕ရဲ႕ အဓိက ေလဆိပ္ ႏွစ္ခုရဲ႕ေလေၾကာင္းခရီးစဥ္အားလုံးကိုလည္း တနဂၤေႏြ (စက္တင္ဘာ ၁၅ ရက္) မွာ ဖ်က္သိမ္းလိုက္တယ္လို႔ သိရပါတယ္။

တိုင္ဖြန္းမုန္တိုင္း ဘီဘီကာ ဟာ တနဂၤေႏြည(စက္တင္ဘာ ၁၅ ရက္) မွ တနလၤာေန႔ (စက္တင္ဘာ ၁၆ ရက္) နံနက္ ၾကား တ႐ုတ္ႏိုင္ငံ၊ ပင္လယ္ကမ္း႐ိုးတန္းတစ္ေလွ်ာက္ ကုန္းတြင္းပိုင္းကို ဝင္ေရာက္မယ္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းထားပါတယ္။ မုန္တိုင္းသတင္းေၾကာင့္ ရွန္ဟိုင္းၿမိဳ႕ရဲ႕အဓိကေလဆိပ္ႏွစ္ခုမွာ ေလယာဥ္ခရီးစဥ္အားလုံးကို တနဂၤေႏြေန႔ ေဒသစံေတာ္ခ်ိန္ ည ၈ နာရီကစၿပီး ဖ်က္သိမ္းမယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံ CCTV က ဆိုပါတယ္။

ဒါအျပင္ တိုင္ဖြန္းမုန္တိုင္း ဘီဘီကာ သတင္းေၾကာင့္ ရွန္ဟိုင္းရွိ Pudong နဲ႔ Hongqiao ေလဆိပ္ေတြမွာလည္း ခရီးသြားလာမႈေတြ ေလ်ာ့ပါးသြားခဲ့တယ္လို႔ သိရပါတယ္။ စကၤာပူႏိုင္ငံ ခ်န္ဂီေလဆိပ္ဝဘ္ဆိုဒ္မွာလည္း တနဂၤေႏြ ေန႔ (စက္တင္ဘာ ၁၅ ရက္) ညေနပိုင္းက ရွန္ဟိုင္းကို ပ်ံသန္းမယ့္ ေလယာဥ္ေျခာက္စင္း ဖ်က္သိမ္း လိုက္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဘီဘီကာတိုင္ဖြန္းမုန္တိုင္း အရွိန္ေၾကာင့္ တနဂၤေႏြေန႔(စက္တင္ဘာလ ၁၅ ရက္) နဲ႔ အဂၤါေန႔ (စက္တင္ဘာလ ၁၇ ရက္ၾကား) မွာ ေဒသတြင္း မိုးသည္းထန္စြာ ႐ြာသြန္းျခင္း၊ အလြန္ျပင္းထန္တဲ့ မိုးသက္မုန္တိုင္းမ်ား က်ေရာက္ျခင္း တို႔ျဖစ္ႏိုင္တယ္လို႔ China's emergency management ministry က သတိေပးထားပါတယ္။
ဒါေၾကာင့္ ေရလႊမ္းမိုးမႈျဖစ္ပြားႏိုင္တဲ့ အဓိကေနရာေတြမွာ တိုင္ဖြန္းမုန္တိုင္းထိန္းခ်ဳပ္ေရး လုပ္ငန္းစဥ္မ်ား လုပ္ေဆာင္ဖို႔ စေနေန႔(စက္တင္ဘာ ၁၄ ရက္) က တာဝန္ရွိသူေတြ စုစည္းၿပီး အစည္းအေဝးတစ္ခုျပဳလုပ္ခဲ့ၿပီး ေရအရင္းအျမစ္ဝန္ႀကီးဌာနက ရွန္ဟိုင္း၊ ဂ်င္ဆု၊ က်ဲက်န္းနဲ႔ အန္ဟိုင္းျပည္နယ္ေတြမွာ ေရလႊမ္းမိုးမႈအတြက္ အနိမ့္ဆုံးအဆင့္ အေရးေပၚတုံ႔ျပန္မႈအဆင့္ (၄) ကို စေနေန႔(စက္တင္ဘာ ၁၄ ရက္) က စတင္ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.