အမေရိကန်နဲ့ တရုတ်တို့ရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေကြား ဆွေးနွေးပွဲတွေ ပြန်လည်စတင်လုပ်ဆောင်

 510

Pika (NP News) - စက်တင်ဘာ ၁၆

ပြီးခဲ့တဲ့ ဇန်နဝါရီလက အမေရိကန်နဲ့တရုတ်တို့ကြား ပြန်လည်စတင်ခဲ့တဲ့ဆွေးနွေးပွဲတွေကို ဆက်လက်လုပ်ဆောင် ဖို့အတွက် နှစ်နိုင်ငံစလုံးရဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေဟာ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံပွဲဟာ စက်တင်ဘာလ(၁၅)ရက်မှာ အဆုံးသတ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေဟာ ထိုင်ဝမ်၊ ရုရှား-ယူကရိန်းစစ်ပွဲနဲ့ တောင်တရုတ်ပင်လယ်အတွင်း ထိပ်တိုက်တွေ့ဆုံမှုတွေလိုမျိုး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ ကြတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက နောက်ဆုံးကျင်းပခဲ့တဲ့ နှစ်နိုင်ငံကာကွယ်ရေးမူဝါဒညှိနှိုင်းဆွေးနွေးပွဲတွေကို ပြန်လည် စတင်ဖို့အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို တရုတ်၊ ထိုင်ဝမ် နှင့် မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အမေရိကန် လက်ထောက်ကာကွယ်ရေးဝန်ကြီး မိုက်ကယ်ချေ့စ်က ဦးဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ဆွေးနွေးပွဲတွေအတွင်း တောင်တရုတ်ပင်လယ်အရေးအပြင် ထိုင်ဝမ်အရေးတို့နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှု တွေကို ပြေလည်အောင်ဖြေရှင်းဖို့ မျှော်လင့်ထားတာမျိုးမရှိပေမယ့်လည်း အမေရိကန်ဟာ ပဋိပက္ခကို ရှောင်ရှားဖို့ နည်းလမ်းတစ်ခုအဖြစ် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်ဖို့ တွန်းအားပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဘေဂျင်းမြို့မှာ Xiangshan လုံခြုံရေးဖိုရမ်ကို ကျင်းပပြီးနောက် ရက်ပိုင်းအကြာမှာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ စစ်ဘက်ဆိုင်ရာခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံစလုံးဟာ ယူကရိန်းစစ်ပွဲအတွင်း ရုရှားအတွက် တရုတ်ရဲ့ထောက်ခံမှုတွေအပြင် တောင်တရုတ်ပင်လယ် အရေးနဲ့ပတ်သက်ပြီး တရုတ်ရဲ့လုပ်ရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်အကြီးတန်းကာကွယ်ရေး အရာရှိတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕စစ္ဘက္ဆိုင္ရာေခါင္းေဆာင္ေတြၾကား ေဆြးေႏြးပြဲေတြ ျပန္လည္စတင္လုပ္ေဆာင္
Pika (NP News) - စက္တင္ဘာ ၁၆

ၿပီးခဲ့တဲ့ ဇန္နဝါရီလက အေမရိကန္နဲ႔တ႐ုတ္တို႔ၾကား ျပန္လည္စတင္ခဲ့တဲ့ေဆြးေႏြးပြဲေတြကို ဆက္လက္လုပ္ေဆာင္ ဖို႔အတြက္ ႏွစ္ႏိုင္ငံစလုံးရဲ႕စစ္ဘက္ဆိုင္ရာေခါင္းေဆာင္ေတြဟာ ေဘဂ်င္းၿမိဳ႕မွာ ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။
အဲဒီေတြ႕ဆုံပြဲဟာ စက္တင္ဘာလ(၁၅)ရက္မွာ အဆုံးသတ္ခဲ့ၿပီး စစ္ဘက္ဆိုင္ရာေခါင္းေဆာင္ေတြဟာ ထိုင္ဝမ္၊ ႐ုရွား-ယူကရိန္းစစ္ပြဲနဲ႔ ေတာင္တ႐ုတ္ပင္လယ္အတြင္း ထိပ္တိုက္ေတြ႕ဆုံမႈေတြလိုမ်ိဳး ကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ ၾကတယ္လို႔လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလက ေနာက္ဆုံးက်င္းပခဲ့တဲ့ ႏွစ္ႏိုင္ငံကာကြယ္ေရးမူဝါဒညႇိႏႈိင္းေဆြးေႏြးပြဲေတြကို ျပန္လည္ စတင္ဖို႔အတြက္ ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕ကို တ႐ုတ္၊ ထိုင္ဝမ္ ႏွင့္ မြန္ဂိုလီးယားႏိုင္ငံဆိုင္ရာ အေမရိကန္ လက္ေထာက္ကာကြယ္ေရးဝန္ႀကီး မိုက္ကယ္ေခ်႕စ္က ဦးေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

ေဆြးေႏြးပြဲေတြအတြင္း ေတာင္တ႐ုတ္ပင္လယ္အေရးအျပင္ ထိုင္ဝမ္အေရးတို႔နဲ႔ပတ္သက္ၿပီး သေဘာထားကြဲလြဲမႈ ေတြကို ေျပလည္ေအာင္ေျဖရွင္းဖို႔ ေမွ်ာ္လင့္ထားတာမ်ိဳးမရွိေပမယ့္လည္း အေမရိကန္ဟာ ပဋိပကၡကို ေရွာင္ရွားဖို႔ နည္းလမ္းတစ္ခုအျဖစ္ ေဆြးေႏြးပြဲေတြ ဆက္လက္လုပ္ေဆာင္ဖို႔ တြန္းအားေပးခဲ့တယ္လို႔လည္း သိရပါတယ္။

ေဘဂ်င္းၿမိဳ႕မွာ Xiangshan လုံၿခဳံေရးဖိုရမ္ကို က်င္းပၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အေမရိကန္နဲ႔ တ႐ုတ္တို႔ရဲ႕ စစ္ဘက္ဆိုင္ရာေခါင္းေဆာင္ေတြ ေတြ႕ဆုံေဆြးေႏြးမႈ ထြက္ေပၚလာတာျဖစ္ပါတယ္။ အဲဒီေဆြးေႏြးပြဲအတြင္း ႏွစ္ႏိုင္ငံစလုံးဟာ ယူကရိန္းစစ္ပြဲအတြင္း ႐ုရွားအတြက္ တ႐ုတ္ရဲ႕ေထာက္ခံမႈေတြအျပင္ ေတာင္တ႐ုတ္ပင္လယ္ အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္ရဲ႕လုပ္ရပ္ေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ အေမရိကန္အႀကီးတန္းကာကြယ္ေရး အရာရွိတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.