အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် လုပ်ကြံခံရမှုနဲ့ထပ်မံရင်ဆိုင်ရပြီး အသက်ရှင်လွတ်မြောက်ခဲ့ဟုဆို

 1385

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆

လုပ်ကြံသတ်ဖြတ်ခံရရန် ကြိုးပမ်းခံခဲ့ရပေမယ့် အမေရိကန်သမ္မတလောင်းတစ်ဦးဖြစ်တဲ့ ဒေါ်နယ်ထရမ့်ဟာ ဘေးကင်းစွာနဲ့အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်နယ်ထရမ့်ကို ဖလော်ရီဒါပြည်နယ် ဂေါက်ကွင်းတွင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုများရှိခဲ့ပြီး ဂေါက်ကွင်းနားရှိ ချုံပုတ်နားမှ လုပ်ကြံဖို့ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ အက်ဖ်ဘီအိုင်အဖွဲ့က ပြောပါတယ်။

ဒေါ်နယ်ထရမ့်ကို လုပ်ကြံဖို့ကြိုးပမ်းခဲ့သူဟာ CBS News သတင်းဌာနမှ Ryan Wesley Routh ဖြစ်ပြီး အသက် (၅၀)အရွယ်ရှိပြီး ရုရှားနိုင်ငံထုတ် AK-47 ရိုင်ဖယ်နဲ့ပစ်ခတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လုပ်ကြံဖို့ ကြိုးပမ်းခဲ့သူဟာ ဒေါ်နယ်ထရမ့်ကို ဂေါက်ကွင်းထဲမှာ ပစ်ခတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး သေနတ်နဲ့(၆)ချက်ပစ်ခတ်ခဲ့ကာ နောက်ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် နောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့မိတ်ဆွေတစ်ဦးက "သမ္မတလောင်းဒေါ်နယ်ထရမ့်ဟာ အသက်ရှင်လွတ်မြောက်ခဲ့တယ်။ ကျွန်တော်ဟာ သူနဲ့စကားပြောခဲ့တယ်။ဒေါ်နယ်ထရမ့်ဟာ အံအားသင့်နေတယ်။ ထပ်မံလုပ်ကြံခံရခြင်းကို အံအားသင့်တယ်"လို့ ပြောပါတယ်။ ပြိုင်ဘက်ဖြစ်သူ ကာမာလာဟာရစ်ကတော့ ဒေါ်နယ်ထရမ့်ကို လုပ်ကြံခဲ့ခြင်းကို ဝေဖန်ပြစ်တင်ခဲ့ပြီး နိုင်ငံရေးအကြမ်း ဖက်ခြင်းများကို ပြစ်တင်ရှုတ်ချကြောင်းပြောပါတယ်။

ဒါ့ပြင် ဒေါ်နယ်ထရမ့်ကို အသက်ရှင်လွတ်မြောက်စေဖို့ ကူညီပေးခဲ့တဲ့ လျှို့ဝှက်အေးဂျင့်များကို ကာမာလာဟာရစ်က ချီးကျူးခဲ့ကြောင်းသိရပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတရွေးကောက်ပွဲ ပွဲဆွယ်စည်းရုံးပွဲများလုပ်ဆောင်ချိန်အတွင်း ယခင်တုန်းကလည်း လူငယ်သေနတ်သမားတစ်ဦးရဲ့ချောင်းမြောင်းလုပ်ကြံခြင်းခံခဲ့ရဖူးကြောင်းသိရပါတယ်။

zawgyi version
အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ လုပ္ႀကံခံရမႈနဲ႔ထပ္မံရင္ဆိုင္ရၿပီး အသက္ရွင္လြတ္ေျမာက္ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆

လုပ္ႀကံသတ္ျဖတ္ခံရရန္ ႀကိဳးပမ္းခံခဲ့ရေပမယ့္ အေမရိကန္သမၼတေလာင္းတစ္ဦးျဖစ္တဲ့ ေဒၚနယ္ထရမ့္ဟာ ေဘးကင္းစြာနဲ႔အသက္ရွင္လြတ္ေျမာက္ခဲ့တယ္လို႔ သိရပါတယ္။ ေဒၚနယ္ထရမ့္ကို ဖေလာ္ရီဒါျပည္နယ္ ေဂါက္ကြင္းတြင္ လုပ္ႀကံသတ္ျဖတ္ရန္ ႀကိဳးပမ္းမႈမ်ားရွိခဲ့ၿပီး ေဂါက္ကြင္းနားရွိ ခ်ဳံပုတ္နားမွ လုပ္ႀကံဖို႔ႀကိဳးပမ္းခဲ့တာျဖစ္တယ္လို႔ အက္ဖ္ဘီအိုင္အဖြဲ႕က ေျပာပါတယ္။

ေဒၚနယ္ထရမ့္ကို လုပ္ႀကံဖို႔ႀကိဳးပမ္းခဲ့သူဟာ CBS News သတင္းဌာနမွ Ryan Wesley Routh ျဖစ္ၿပီး အသက္ (၅၀)အ႐ြယ္ရွိၿပီး ႐ုရွားႏိုင္ငံထုတ္ AK-47 ႐ိုင္ဖယ္နဲ႔ပစ္ခတ္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ လုပ္ႀကံဖို႔ ႀကိဳးပမ္းခဲ့သူဟာ ေဒၚနယ္ထရမ့္ကို ေဂါက္ကြင္းထဲမွာ ပစ္ခတ္ဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး ေသနတ္နဲ႔(၆)ခ်က္ပစ္ခတ္ခဲ့ကာ ေနာက္ထြက္ေျပးဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဖမ္းဆီးခံခဲ့ရပါတယ္။

ေဒၚနယ္ထရမ့္ရဲ႕မိတ္ေဆြတစ္ဦးက "သမၼတေလာင္းေဒၚနယ္ထရမ့္ဟာ အသက္ရွင္လြတ္ေျမာက္ခဲ့တယ္။ ကြၽန္ေတာ္ဟာ သူနဲ႔စကားေျပာခဲ့တယ္။ေဒၚနယ္ထရမ့္ဟာ အံအားသင့္ေနတယ္။ ထပ္မံလုပ္ႀကံခံရျခင္းကို အံအားသင့္တယ္"လို႔ ေျပာပါတယ္။ ၿပိဳင္ဘက္ျဖစ္သူ ကာမာလာဟာရစ္ကေတာ့ ေဒၚနယ္ထရမ့္ကို လုပ္ႀကံခဲ့ျခင္းကို ေဝဖန္ျပစ္တင္ခဲ့ၿပီး ႏိုင္ငံေရးအၾကမ္း ဖက္ျခင္းမ်ားကို ျပစ္တင္ရႈတ္ခ်ေၾကာင္းေျပာပါတယ္။

ဒါ့ျပင္ ေဒၚနယ္ထရမ့္ကို အသက္ရွင္လြတ္ေျမာက္ေစဖို႔ ကူညီေပးခဲ့တဲ့ လွ်ိဳ႕ဝွက္ေအးဂ်င့္မ်ားကို ကာမာလာဟာရစ္က ခ်ီးက်ဴးခဲ့ေၾကာင္းသိရပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတေ႐ြးေကာက္ပြဲ ပြဲဆြယ္စည္း႐ုံးပြဲမ်ားလုပ္ေဆာင္ခ်ိန္အတြင္း ယခင္တုန္းကလည္း လူငယ္ေသနတ္သမားတစ္ဦးရဲ႕ေခ်ာင္းေျမာင္းလုပ္ႀကံျခင္းခံခဲ့ရဖူးေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.