တောင်တရုတ်ပင်လယ်အရေး၌ စွက်ဖက်မှုမှန်သမျှကို ချေမှုန်းပစ်မည်ဟု တရုတ်စစ်ဘက် ပြော

 304

Pika (NP News) - စက်တင်ဘာ ၁၆

တောင်တရုတ်ပင်လယ်အပါအဝင် ၎င်း၏အချုပ်အခြာအာဏာပိုင် နယ်မြေအတွင်းသို့ ပြည်ပအင်အားစုများ၏ ကျူးကျော်ဝင်ရောက်မှု မှန်သမျှကို တရုတ်အစိုးရက ချေမှုန်းသွားမည်ဖြစ်ကြောင်း တရုတ်စစ်တပ်အကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာလ(၁၂)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

တရုတ်စစ်တပ် ဒုဗိုလ်ချုပ်ကြီးဟီလိုင်က 'တောင်တရုတ်ပင်လယ်ဟာ ငြိမ်းချမ်းရေးပင်လယ်အဖြစ် ဆက်ရှိနေမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်'ဟု ပြောဆိုခဲ့သည်။ ဟီလိုင်သည် Xiangshan လုံခြုံရေးဖိုရမ်အပြီးတွင် သတင်းထောက်များကို ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟီလိုင်က 'အမေရိကန်ဟာ နောက်ကွယ်က သူရဲ့လက်တွေကို ရွှေ့ခဲ့မယ်ဆိုရင် ဒါမှမဟုတ် သူ့ရဲ့ မိတ်ဖက်နိုင်ငံတွေကို ရှေ့ကို ဆက်တွန်းပို့နေမယ်ဆိုရင် ဒါမှမဟုတ် အမေရိကန်ကိုယ်တိုင်ကပါ ဝင် လာခဲ့မယ်ဆိုရင် တရုတ်စစ်တပ်ကဆက်ပြီး သည်းခံ နေတော့မှာမဟုတ်ပါဘူး။ တရုတ်ရဲ့ပိုင်နက်နယ်မြေ၊ အချုပ်အခြာအာဏာ၊ ရေကြောင်းဆိုင်ရာအခွင့်အရေးတွေ၊ အကျိုးစီးပွားတွေအပေါ် ပြည်ပအင်အားစုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေမှန်သမျှကို တရုတ် စစ်တပ်ကထိရောက်တဲ့ နည်းလမ်းတွေနဲ့ ပြတ်ပြတ် သားသားချေမှုန်းသွားမှာပါ' ဟု ပြောဆိုခဲ့သည်။

ထို့ပြင် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားနေသည့် နိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရန်အတွက် တရုတ်အစိုးရက လမ်းဖွင့်ထားသည်ဟု ယုံကြည်ကြောင်း S. Rajaratnam School of Internat­ional Studies (RSIS) ၏ တရုတ်ပရိုဂရမ်မှ လက် ထောက်ပါမောက္ခ ဘန်ဂျမင်းဟိုကပြောကြားခဲ့သည်။ ၎င်းက 'တောင်တရုတ် ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်က အမေရိကန် ဒါမှမဟုတ် ဒေသတွင်းက မဟုတ်တဲ့ အခြားနိုင်ငံတွေကို ဝင်ရောက်မစွက်ဖက်စေ ချင်ပါဘူး'ဟု ပြောဆိုခဲ့သည်။

ထို့ပြင် တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားနေသော တင်းမာမှုများအတွက် ဖြေရှင်းချက်သည် အမေရိကန်နိုင်ငံအပေါ် မူတည်ကြောင်း ဟီလိုင်က စက်တင်ဘာလ(၁၂)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

zawgyi version
ေတာင္တ႐ုတ္ပင္လယ္အေရး၌ စြက္ဖက္မႈမွန္သမွ်ကို ေခ်မႈန္းပစ္မည္ဟု တ႐ုတ္စစ္ဘက္ေျပာ
Pika (NP News) - စက္တင္ဘာ ၁၆

ေတာင္တ႐ုတ္ပင္လယ္အပါအဝင္ ၎၏အခ်ဳပ္အျခာအာဏာပိုင္ နယ္ေျမအတြင္းသို႔ ျပည္ပအင္အားစုမ်ား၏ က်ဴးေက်ာ္ဝင္ေရာက္မႈ မွန္သမွ်ကို တ႐ုတ္အစိုးရက ေခ်မႈန္းသြားမည္ျဖစ္ေၾကာင္း တ႐ုတ္စစ္တပ္အႀကီးတန္းအရာရွိတစ္ဦးက စက္တင္ဘာလ(၁၂)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

တ႐ုတ္စစ္တပ္ ဒုဗိုလ္ခ်ဳပ္ႀကီးဟီလိုင္က 'ေတာင္တ႐ုတ္ပင္လယ္ဟာ ၿငိမ္းခ်မ္းေရးပင္လယ္အျဖစ္ ဆက္ရွိေနမယ္လို႔ ကြၽန္ေတာ္တို႔ေမွ်ာ္လင့္ပါတယ္'ဟု ေျပာဆိုခဲ့သည္။ ဟီလိုင္သည္ Xiangshan လုံၿခဳံေရးဖိုရမ္အၿပီးတြင္ သတင္းေထာက္မ်ားကို ယခုကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဟီလိုင္က 'အေမရိကန္ဟာ ေနာက္ကြယ္က သူရဲ႕လက္ေတြကို ေ႐ႊ႕ခဲ့မယ္ဆိုရင္ ဒါမွမဟုတ္ သူ႔ရဲ႕ မိတ္ဖက္ႏိုင္ငံေတြကို ေရွ႕ကို ဆက္တြန္းပို႔ေနမယ္ဆိုရင္ ဒါမွမဟုတ္ အေမရိကန္ကိုယ္တိုင္ကပါ ဝင္ လာခဲ့မယ္ဆိုရင္ တ႐ုတ္စစ္တပ္ကဆက္ၿပီး သည္းခံ ေနေတာ့မွာမဟုတ္ပါဘူး။ တ႐ုတ္ရဲ႕ပိုင္နက္နယ္ေျမ၊ အခ်ဳပ္အျခာအာဏာ၊ ေရေၾကာင္းဆိုင္ရာအခြင့္အေရးေတြ၊ အက်ိဳးစီးပြားေတြအေပၚ ျပည္ပအင္အားစုေတြရဲ႕ ဝင္ေရာက္စြက္ဖက္မႈေတြမွန္သမွ်ကို တ႐ုတ္ စစ္တပ္ကထိေရာက္တဲ့ နည္းလမ္းေတြနဲ႔ ျပတ္ျပတ္ သားသားေခ်မႈန္းသြားမွာပါ' ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ပြားေနသည့္ ႏိုင္ငံမ်ားႏွင့္ ေစ့စပ္ညႇိႏႈိင္းမႈမ်ားလုပ္ေဆာင္ရန္အတြက္ တ႐ုတ္အစိုးရက လမ္းဖြင့္ထားသည္ဟု ယုံၾကည္ေၾကာင္း S. Rajaratnam School of Internat­ional Studies (RSIS) ၏ တ႐ုတ္ပ႐ိုဂရမ္မွ လက္ ေထာက္ပါေမာကၡ ဘန္ဂ်မင္းဟိုကေျပာၾကားခဲ့သည္။ ၎က 'ေတာင္တ႐ုတ္ ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္က အေမရိကန္ ဒါမွမဟုတ္ ေဒသတြင္းက မဟုတ္တဲ့ အျခားႏိုင္ငံေတြကို ဝင္ေရာက္မစြက္ဖက္ေစ ခ်င္ပါဘူး'ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ ေတာင္တ႐ုတ္ပင္လယ္တြင္ျဖစ္ပြားေနေသာ တင္းမာမႈမ်ားအတြက္ ေျဖရွင္းခ်က္သည္ အေမရိကန္ႏိုင္ငံအေပၚ မူတည္ေၾကာင္း ဟီလိုင္က စက္တင္ဘာလ(၁၂)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.