"အကြွေးဆပ်နိုင်ဖို့အတွက် သဘင်ခြံကိုရောင်းဖို့ ဖိုးချစ် စီစဉ်နေ"

 2497

အိဖြူ (NP News) - စက်တင်ဘာ ၁၆

“The Statesman Myanmar” ရဲ့အပတ်စဉ်ဖော်ပြတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကို NP News မှ ထပ်ဆင့်ဖော်ပြပေးပါမယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကနေ "သဘင်ခြံကိုရောင်းရတော့မယ့် ဖိုးချစ်တို့အဖြစ်၊ ရေဘေးကယ်ဆယ်ရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ အနုပညာရှင်အချို့နှိုးဆော်၊ ရွှေ (၄၅) ကျပ်သားနဲ့တန်ဖိုးကြီးလက်ဝတ် ရတနာတွေပါဝင်မယ့် သဲစုညိမ်းရဲ့ပြိုင်ပွဲဝင်ဝတ်စုံ"အစရှိတဲ့ အနုပညာသတင်းတွေကို ဖော်ပြပေးပါမယ်။

သဘင်ခြံကို ရောင်းရတော့မယ့် ဖိုးချစ်
သဘင်လောကသားတွေအတွက် ရည်ရွယ်ဝယ်ထားတဲ့ အမှတ်(၂၉)၊ အောင်ချမ်းသာလမ်းမကြီး(ဖိုးချစ်လမ်း) ကြူစမ်းရပ်ကွက်၊ ပြည်လမ်းမကြီးပေါ်၊ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ သဘင်ခြံကို ရောင်းချတော့မှာဖြစ်ကြောင်း သဘင်အစည်းအရုံး ဥက္ကဋ္ဌဟောင်း ဖိုးချစ်က အသိပေးကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌဟောင်းဖြစ်သူ ဖိုးချစ်က CB Bank မှာ အပေါင်တင်ထားတဲ့မြေကို ပြန်လည်ရောင်းချပြီး တင်ရှိနေတဲ့ကြွေးမြီတွေကို ပြန်လည်ပေးဆပ်ဖို့အတွက် အခုလိုရောင်းချရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

ဖိုးချစ်က CB Bank မှာ အပေါင်တင်ထားတဲ့သဘင်ခြံကို ရောင်းချမယ့်အကြောင်းကိုသာ စက်တင်ဘာလ (၉) ရက်က Phoe Chit Facebook account မှာ ပိုစ့်တင် ကြေညာခဲ့ပေမယ့် ၎င်းတို့သဘင်အဖွဲ့သားတွေကြုံ တွေ့နေရတဲ့အခက်အခဲနဲ့ ကြွေးမြီကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို စက်တင်ဘာလ (၁၂) ရက်အထိ ဖြေရှင်းထားခြင်းမရှိသေးတာ တွေ့ရပါတယ်။

'နှလုံးသားထဲက ကျွန်တော့်ဘဝ ကျွန်တော်ကြိုးစားထုဆစ်တန်ဖိုးထားရတဲ့ သဘင်ခြံကြီး ရောင်းပါတော့မယ်ခင်ဗျာ။ ဘဏ်သို့ပေးသွင်းရန်‌ ကြွေးမြီများကြောင့် အမြန်ရောင်း လိုပါတယ် ခင်ဗျာ'လို့ ဖိုးချစ်က ၎င်းရဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်မှာ တရားဝင်ရေးသားဖော်ပြခဲ့ပါတယ်။

သဘင်အဖွဲ့သားတွေက 'ဘဘင်ခြံဆိုတာ သဘင်စိုက်ထူရာ နယ်မြေတစ်ခုဖြစ်ခဲ့ကြောင်း၊ သဘင်လောကသားတွေအတွက် အမှတ်တရများစွာရှိကြောင်း၊ သဘင်ခြံရောင်းချရတော့မယ့်အပေါ် စိတ်မကောင်းဖြစ်ရ ကြောင်း၊ ဖိုးချစ် အခက်အခဲအားလုံး အဆင်ပြေပါစေကြောင်း' ဆုတောင်းထားကြတာကို တွေ့ရပါတယ်။

ဖိုးချစ်ကို မြန်မာနိုင်ငံသဘင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် အများစုကသိထားကြပေမယ့် ၎င်းဟာ အစည်းအရုံးဥက္ကဋ္ဌအဖြစ်က တရားဝင်နုတ်ထွက်ထားသူတစ်ဦးဖြစ်ပါတယ်။

(၂၀၂၁) တပ်မတော်အာဏာထိန်းမှုဖြစ်စဉ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနဲ့ တပ်မတော်အာဏာထိန်းမှုအပေါ် ဆန့်ကျင်ရေးလှုံ့ဆော်မှုတွေကို သဘင်အဖွဲ့ဥက္ကဋ္ဌဖိုးချစ်ကိုယ် တိုင်ဦးဆောင်ကာ အဖွဲ့သားတွေကိုစည်းရုံးခဲ့ပြီး၊ သဘင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးကနေပါ တရားဝင်နုတ်ထွက် ဆန္ဒပြခဲ့သူဖြစ်ပါတယ်။ နောက်ပိုင်းမှာ အကြမ်းဖက်အားပေးထောက်ပံ့မှုသံသယနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး ခံဝန်လက်မှတ်နဲ့ ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်ပါတယ်။

ကြားသိထားတဲ့သတင်းအချက်အလက်အရ ဖိုးချစ်တို့သဘင်အစည်းအရုံးက နစကအစိုးရထံမှာ အသင်းအဖွဲ့မှတ်ပုံတင် ပြန်လည်လျှောက်ထားပေမယ့် သဘင်အဖွဲ့အတွင်း ဥက္ကဋ္ဌဖြစ်ခဲ့ဖူးသူဖိုးချစ် ကိုယ်တိုင်ကလည်း အကြမ်းဖက်အားပေးထောက်ပံ့မှုတွေမှာ ပါဝင်ခဲ့ဖူးရုံမက အဖွဲ့ဝင်တွေထဲမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ ငြိစွန်းသူတွေပါဝင်နေတာကြောင့် လက်ရှိအချိန်အထိ တည်ဆဲအစိုးရက မြန်မာနိုင်ငံ သဘင်အစည်းအရုံးကို အသင်းအဖွဲ့မှတ်ပုံတင် ပြန်လည်ခွင့်ပြုပေးခြင်းမျိုးမရှိသေးကြောင်း သိရှိရပါတယ်။ ဒါ့ပြင် သဘင်အဖွဲ့အစည်းအတွင်း နိုင်ငံရေးအယူအဆတွေရောနှောလာတဲ့အခါ အချင်းအချင်းကြား အက်ကြောင်း ထပ်မှုတွေလည်းရှိနေသေးကြောင်း ကြားသိထားရပါတယ်။

ဒါကြောင့်လည်း ဝါရင့်အနုပညာရှင်ကြီးတွေအနေနဲ့ အနုပညာနဲ့နိုင်ငံရေးကို မရောနှောကြဖို့ ဆုံးမကြလေ့ရှိပါတယ်။ ဝါရင့်လူရွှင်တော်ကြီးတစ်ဦးရဲ့ဆုံးမစကားအရ ]အနုပညာသမားဆိုတာ ကိုယ်ဖျော် ဖြေတင်ဆက်ရမယ့် ပရိသတ်ကို ရွေးချယ်ခွင့်မရှိသလို ရွေးချယ်‌လို့လည်းမရကြောင်း၊ နိုင်ငံရေးသမားတွေရဲ့အသုံးချခံဖြစ်လို့လည်း မရကြောင်း၊ မည်သည့်အဖွဲ့အစည်း/အရောင်အဆင်းမှ ရောနှောလို့မရကြောင်း} ၎င်းရဲ့သားတပည့်တွေကို ဆုံးမစကားပြောကြားနေမှုကို ကြားသိခဲ့ရဖူးပါတယ်။

ဖိုးချစ်ရောင်းချမယ့်သဘင်ခြံက အကျယ်အဝန်း (၁.၁၉) ဧက (square ၅၁၈၃၆) ကျယ်ဝန်းပြီး၊ အဆောက်အအုံတွေက ပေ (၅၀/၆၅) ရှိကာ (၃) ထပ်တိုက်၊ Recoding အခန်း တစ်ခန်း၊ ဇာတ်ရုံတစ်ခု (ပေ ၈၀/၁၀ဝ)၊ လူနေတိုက် (နှစ်ထပ်ခွဲ)၊ ဘန်ဂလို တစ်လုံး၊ ဖူဆယ်ဘောလုံးကွင်း (ပေ ၁၁၀/၆၀)၊ Power မီတာ တစ်လုံး၊ ရိုးရိုးမီတာ တစ်လုံးပါဝင်တယ်လို့သိရပါတယ်။ အဆိုပါမြေမှာ နှစ် (၆၀) ဂရန်နာမည်ပေါက်ဖြစ်ပြီး၊ လက်ရှိ CB Bank မှာ အပေါင်ထားတဲ့ခြံဖြစ်တယ်လို့ သိရပါတယ်။

ဖိုးချစ်အနေနဲ့ အဆိုပါသဘင်ခြံကို အမြန်ရောင်းချလိုပုံပေါ်နေပြီး၊ ကြွေးမြီတွေကို ကတိအတိုင်း ပြန်လည်ပေးဆပ်လိုတာကြောင့် ရောင်းချခြင်းဖြစ်တယ်လို့ဆိုထားကာ အသေးစိတ်ဆက်သွယ်လိုပါက ဖုန်းနံပါတ် -ဝ၉ ၅၁၇၂၃၃၂၊ ဝ၉ ၇၈၈၆၅၈၄၈၈ သို့ဆက်သွယ်နိုင်ကြောင်း အသေးစိတ်ဖော်ပြထားပါသေးတယ်။

ရွှေ(၄၅)ကျပ်သားနဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာတွေ ပါဝင်မယ့် သဲစုညိမ်းရဲ့ပြိုင်ပွဲဝင် ဝတ်စုံ
Miss Grand Myanmar (၂၀၂၄) အလှမယ်သဲစုညိမ်း ပြိုင်ပွဲမှာဝတ် ဆင်ယှဉ်ပြိုင်မယ့် PreEvening Gown ကို ရွှေ (၄၅) ကျပ်သားအပါအဝင် တန်ဖိုးကြီး လက်ဝတ်ရတနာတွေနဲ့ ပေါင်းစပ်ဖန်တီးသွားမှာဖြစ်ပါတယ်။ ဝတ်စုံအလေးချိန်က (၂၈)ကီလိုဂရမ်လေးလံသလို ပျက်စီးမှုမရှိစေရေးအတွက် လူ(၈)ယောက်ခန့် သယ်ရတယ်လို့သိရပါတယ်။ နိုင်ငံကိုယ်စားပြုNational Costume ဝတ်စုံအတွက်ကိုလည်း မြန်မာ့ခေတ်အဆက်ဆက်မှ ပျူခေတ်ကိုယ်စားပြုကာ ပျူခေတ်က ထက်မြက်တဲ့အမျိုးသမီးတစ်ဦးပုံစံကို အသေးစိတ်ပုံဖော်ထားတယ်လို့ သိရပါတယ်။ ဝတ်စုံဒီဇိုင်းတွေရဲ့အရိပ်အြွမက်ကို လတ်တလောအချိန်အထိ ထုတ်ဖော်ပြသလာခြင်း မရှိသေးပေမယ့် ၎င်းတို့ အနေနဲ့ ပြည့်စုံမှုရှိအောင် အကောင်းဆုံးပြင်ဆင်နေပါတယ်လို့ အသိပေးထားပါတယ်။
Miss Grand Myanmar(၂၀၂၄) အလှမယ်သဲစုညိမ်းက တဖြည်းဖြည်းနီးကပ်လာပြီဖြစ်တဲ့ Miss Grand International (၂၀၂၄) ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ Catwalk Training ယူခဲ့ပြီး၊Body၊ Beauty၊ Brain၊ Catwalk၊ ခန္ဓာကိုယ်တည်ဆောင်မှုပုံစံ ကြံ့ခိုင်သန်မာအောင် လေ့ကျင့်ခန်းတွေလည်း ဆက်လက်ကြိုးစားလျက်ရှိကာ တိုးတက်ပြောင်းလဲလာမှုတွေကို ပြိုင်ပွဲယှဉ်ပြိုင်စဉ်တစ်လျှောက် တွေ့မြင်ရမှာဖြစ်ကြောင်း ဆိုထားပါတယ်။
အလှမယ်သဲစုညိမ်းက 'မြန်မာနိုင်ငံသား အမျိုးသမီးငယ်တစ်ဦးက နိုင်ငံတကာစင်မြင့်ထက်မှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ကြောင်းကို ကြိုးစားပြသသွားမှာ ဖြစ်ကြောင်း၊ MGI Crown ရရှိဖို့အတွက်သာ မျှော်မှန်းယှဉ်ပြိုင်မှာဖြစ်ကြောင်း'မီဒီယာတွေထံ အသိပေးပြောကြားခဲ့ပါတယ်။
Miss Grand Myanmar (၂၀၂၄) အလှမယ်သဲစုညိမ်းအပါအဝင် နေရှင်နယ်ဒါရိုက်တာ ထူးအံ့လွင်တို့အဖွဲ့သားတွေက (၂၀၂၄) ခုနှစ် အောက်တိုဘာ (၃) ရက်မှာ ကမ္ဘောဒီးယားနိုင်ငံကို စတင်ထွက်ခွာမှာဖြစ်ပြီး အောက်တို ဘာလ ဒုတိယပတ်မှာ ပြိုင်ပွဲစတင်မှာဖြစ်ပါတယ်။
Miss Grand Myanmar (၂၀၂၄) ပြိုင်ပွဲစဉ်များကို (၂၀၂၄) ခုနှစ်မှာ Host Country အဖြစ် ကမ္ဘောဒီးယားနဲ့ထိုင်း နှစ်နိုင်ငံမှာ ကျင်းပကြမှာဖြစ်ပြီး Miss Grand International (၂၀၂၄) Final ပြိုင်ပွဲစဉ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။
Miss Grand Myanmar (၂၀၂၂) စီနီယာအလှမယ် မီးမီး (ခ) အိအိအောင်ထွန်းထံကနေ သဲစုညိမ်းက အားပေးကူညီမှုတွေ များစွာရရှိနေပြီး စိတ်ဓာတ်ခွန်အား၊ အတွေ့အကြုံကောင်းတွေလည်း ရရှိလျက်ရှိကြောင်းသိရပါတယ်။
Miss Grand Myanmar (၂၀၂၃) First Winner up ဆုရှင် မြန်မာအလှမယ် နီနီလင်းအိမ်ကလည်း စီနီယာတစ်ဦးအနေနဲ့ Miss Grand Myanmar (၂၀၂၄) အလှမယ်သဲစုညိမ်းကို အကောင်းဆုံး Support လုပ်ပေးသွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။
မကြာခင် နိုင်ငံတကာမှာ မြန်မာကိုယ်စားလှယ်အဖြစ်သွားရောက်ယှဉ်ပြိုင်တော့မယ့် Miss Grand Myanmar (၂၀၂၄) အလှမယ်သဲစုညိမ်း မျက်နှာမငယ်ရစေအောင် နိုင်ငံသားအချင်းချင်းအပေါ် ဆဲဆိုဝေ ဖန်မှုတွေလျှော့ပြီး မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးရဲ့တောက်ပမှုကို အားပေးချီးမြှင့်ဖို့ လိုအပ်လှပါတယ်။

ရေဘေးကယ်ဆယ်ရေးအတွက် ဝိုင်းဝန်းကူညီကြဖို့ အနုပညာရှင်အချို့ နှိုးဆော်
မြန်မာနိုင်ငံတစ်ဝန်း အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားလျက်ရှိရာ ပြည်သူလူထု ရေဘေးသင့်အန္တရာယ်နဲ့ကြုံတွေ့လို့နေပါတယ်။
'ကယ်ဆယ်ရေးတွေ အမြန်လာပေးပါရှင်။ အိမ်တွေပေါ်ထိ ရေတက်နေပါပြီ၊ တပ်ကုန်းမြို့နယ်၊ ချောင်းချရွာမှာပါ'လို့ အဆိုပါဒေသခံတစ်ဦးက အကူအညီတောင်းခံထားတဲ့ပိုစ့်ကို ရုပ်ရှင်သရုပ်ဆောင်မေမီကိုကိုက သူရဲ့ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အကောင့်မှာ ပြန်လည်မျှဝေဖော်ပြခဲ့ပါတယ်။
အလားတူ ဒါရိုက်တာညိုမင်းလွင်က 'ကျန်တဲ့အကြောင်းအရာပိုစ့်တွေကို ဘေးထားကာ ရေဘေးဒုက္ခသည်တွေကို ကူညီရေးအတွက် လုပ်ဆောင်ကြရအောင်'လို့ နှိုးဆော်ထားပါတယ်။
မိတ်ကပ်မထက်နဲ့ တည်းဖြတ်ဟိန်းထက်ကလည်း 'ဘုရင့်နောင်ရပ်ကွက် နယ်မြေ (၁၀)မှာရေကြီးနေတာကြောင့် အိမ်ထုပ်တန်းပေါ်အထိ တက်နေရတဲ့သတင်းကို ပြန်လည်မျှဝေခဲ့ပြီး'ရေကြီးမှုအန္တရာယ်အတွက် သတိပေးနှိုးဆော်ထားတာကိုတွေ့မြင်ရပါတယ်။
အဆိုတော်ဟဲလေးက 'တပ်ကုန်းမြို့နယ်၊ မကျီးပင်ရွာ၊ စစ်ဆေးရေးဂိတ်အနီး'မှာ ရေကြီးပြီးပိတ်မိနေကြတဲ့ ရုပ်သံဗီဒီယိုကို ပြန်လည်မျှဝေခဲ့ပြီး ဆုတောင်းပေးထားပါတယ်။
အခြားသောအနုပညာရှင်တွေလည်း ရေဘေးသင့်ပြည်သူတွေအတွက် ဆုတောင်းစကားတွေဆိုထားကြပေမယ့် နာမည်ကြီးထိပ်တန်း မင်းသား၊ မင်းသမီးတွေရဲ့အကောင့်တွေကတော့ စက်တင်ဘာလ (၁၂) ရက်အထိ ငြိမ်သက်လျက်ရှိပါတယ်။ ပြည်သူလူထု သဘာဝဘေးအန္တရာယ်ကြုံတွေ့ရင်ဆိုင်ရချိန်မှာ နှုတ်အားနဲ့ဖြစ်စေ၊ ငွေအားနဲ့ဖြစ်စေ အနုပညာသမားတွေရဲ့ တိုက်တွန်းနှိုးဆော်မှု၊ ဖေးမကူညီမှုတွေက များစွာထိရောက်ပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ ရန်ကုန်မြို့၊ နေပြည်တော် အပါအဝင်တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလျက်ရှိပြီး မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နဲ့အမျှ ရာသီဥတုအခြေအနေကို ထုတ်ပြန်လျက်ရှိပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေအတွက် သတိပေးထုတ်ပြန်ထားပါတယ်။ ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ရပ်နားခွင့်ပြုပါ....

zawgyi version
"အေႂကြးဆပ္ႏိုင္ဖို႔အတြက္ သဘင္ၿခံကိုေရာင္းဖို႔ ဖိုးခ်စ္ စီစဥ္ေန"
အိျဖဴ (NP News) - စက္တင္ဘာ ၁၆

“The Statesman Myanmar” ရဲ႕အပတ္စဥ္ေဖာ္ျပတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကို NP News မွ ထပ္ဆင့္ေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကေန "သဘင္ၿခံကိုေရာင္းရေတာ့မယ့္ ဖိုးခ်စ္တို႔အျဖစ္၊ ေရေဘးကယ္ဆယ္ေရးအတြက္ ဝိုင္းဝန္းကူညီၾကဖို႔ အႏုပညာရွင္အခ်ိဳ႕ႏႈိးေဆာ္၊ ေ႐ႊ (၄၅) က်ပ္သားနဲ႔တန္ဖိုးႀကီးလက္ဝတ္ ရတနာေတြပါဝင္မယ့္ သဲစုညိမ္းရဲ႕ၿပိဳင္ပြဲဝင္ဝတ္စုံ"အစရွိတဲ့ အႏုပညာသတင္းေတြကို ေဖာ္ျပေပးပါမယ္။

သဘင္ၿခံကို ေရာင္းရေတာ့မယ့္ ဖိုးခ်စ္
သဘင္ေလာကသားေတြအတြက္ ရည္႐ြယ္ဝယ္ထားတဲ့ အမွတ္(၂၉)၊ ေအာင္ခ်မ္းသာလမ္းမႀကီး(ဖိုးခ်စ္လမ္း) ၾကဴစမ္းရပ္ကြက္၊ ျပည္လမ္းမႀကီးေပၚ၊ မဂၤလာဒုံၿမိဳ႕နယ္မွာရွိတဲ့ သဘင္ၿခံကို ေရာင္းခ်ေတာ့မွာျဖစ္ေၾကာင္း သဘင္အစည္းအ႐ုံး ဥကၠ႒ေဟာင္း ဖိုးခ်စ္က အသိေပးေၾကညာလိုက္ပါတယ္။

ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံးဥကၠ႒ေဟာင္းျဖစ္သူ ဖိုးခ်စ္က CB Bank မွာ အေပါင္တင္ထားတဲ့ေျမကို ျပန္လည္ေရာင္းခ်ၿပီး တင္ရွိေနတဲ့ေႂကြးၿမီေတြကို ျပန္လည္ေပးဆပ္ဖို႔အတြက္ အခုလိုေရာင္းခ်ရျခင္းျဖစ္တယ္လို႔ ဆိုထားပါတယ္။

ဖိုးခ်စ္က CB Bank မွာ အေပါင္တင္ထားတဲ့သဘင္ၿခံကို ေရာင္းခ်မယ့္အေၾကာင္းကိုသာ စက္တင္ဘာလ (၉) ရက္က Phoe Chit Facebook account မွာ ပိုစ့္တင္ ေၾကညာခဲ့ေပမယ့္ ၎တို႔သဘင္အဖြဲ႕သားေတြႀကဳံ ေတြ႕ေနရတဲ့အခက္အခဲနဲ႔ ေႂကြးၿမီကိစၥေတြနဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ကို စက္တင္ဘာလ (၁၂) ရက္အထိ ေျဖရွင္းထားျခင္းမရွိေသးတာ ေတြ႕ရပါတယ္။

'ႏွလုံးသားထဲက ကြၽန္ေတာ့္ဘဝ ကြၽန္ေတာ္ႀကိဳးစားထုဆစ္တန္ဖိုးထားရတဲ့ သဘင္ၿခံႀကီး ေရာင္းပါေတာ့မယ္ခင္ဗ်ာ။ ဘဏ္သို႔ေပးသြင္းရန္‌ ေႂကြးၿမီမ်ားေၾကာင့္ အျမန္ေရာင္း လိုပါတယ္ ခင္ဗ်ာ'လို႔ ဖိုးခ်စ္က ၎ရဲ႕ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္မွာ တရားဝင္ေရးသားေဖာ္ျပခဲ့ပါတယ္။

သဘင္အဖြဲ႕သားေတြက 'ဘဘင္ၿခံဆိုတာ သဘင္စိုက္ထူရာ နယ္ေျမတစ္ခုျဖစ္ခဲ့ေၾကာင္း၊ သဘင္ေလာကသားေတြအတြက္ အမွတ္တရမ်ားစြာရွိေၾကာင္း၊ သဘင္ၿခံေရာင္းခ်ရေတာ့မယ့္အေပၚ စိတ္မေကာင္းျဖစ္ရ ေၾကာင္း၊ ဖိုးခ်စ္ အခက္အခဲအားလုံး အဆင္ေျပပါေစေၾကာင္း' ဆုေတာင္းထားၾကတာကို ေတြ႕ရပါတယ္။

ဖိုးခ်စ္ကို ျမန္မာႏိုင္ငံသဘင္အစည္းအ႐ုံး ဥကၠ႒အျဖစ္ အမ်ားစုကသိထားၾကေပမယ့္ ၎ဟာ အစည္းအ႐ုံးဥကၠ႒အျဖစ္က တရားဝင္ႏုတ္ထြက္ထားသူတစ္ဦးျဖစ္ပါတယ္။

(၂၀၂၁) တပ္မေတာ္အာဏာထိန္းမႈျဖစ္စဥ္ေနာက္ပိုင္း ေဒၚေအာင္ဆန္းစုၾကည္ကို ျပန္လႊတ္ေပးေရးနဲ႔ တပ္မေတာ္အာဏာထိန္းမႈအေပၚ ဆန႔္က်င္ေရးလႈံ႕ေဆာ္မႈေတြကို သဘင္အဖြဲ႕ဥကၠ႒ဖိုးခ်စ္ကိုယ္ တိုင္ဦးေဆာင္ကာ အဖြဲ႕သားေတြကိုစည္း႐ုံးခဲ့ၿပီး၊ သဘင္အစည္းအ႐ုံးဥကၠ႒ ရာထူးကေနပါ တရားဝင္ႏုတ္ထြက္ ဆႏၵျပခဲ့သူျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ အၾကမ္းဖက္အားေပးေထာက္ပံ့မႈသံသယနဲ႔ ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံခဲ့ရၿပီး ခံဝန္လက္မွတ္နဲ႔ ျပန္လည္လြတ္ေျမာက္ခဲ့သူျဖစ္ပါတယ္။

ၾကားသိထားတဲ့သတင္းအခ်က္အလက္အရ ဖိုးခ်စ္တို႔သဘင္အစည္းအ႐ုံးက နစကအစိုးရထံမွာ အသင္းအဖြဲ႕မွတ္ပုံတင္ ျပန္လည္ေလွ်ာက္ထားေပမယ့္ သဘင္အဖြဲ႕အတြင္း ဥကၠ႒ျဖစ္ခဲ့ဖူးသူဖိုးခ်စ္ ကိုယ္တိုင္ကလည္း အၾကမ္းဖက္အားေပးေထာက္ပံ့မႈေတြမွာ ပါဝင္ခဲ့ဖူး႐ုံမက အဖြဲ႕ဝင္ေတြထဲမွာ ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅(က)နဲ႔ ၿငိစြန္းသူေတြပါဝင္ေနတာေၾကာင့္ လက္ရွိအခ်ိန္အထိ တည္ဆဲအစိုးရက ျမန္မာႏိုင္ငံ သဘင္အစည္းအ႐ုံးကို အသင္းအဖြဲ႕မွတ္ပုံတင္ ျပန္လည္ခြင့္ျပဳေပးျခင္းမ်ိဳးမရွိေသးေၾကာင္း သိရွိရပါတယ္။ ဒါ့ျပင္ သဘင္အဖြဲ႕အစည္းအတြင္း ႏိုင္ငံေရးအယူအဆေတြေရာေႏွာလာတဲ့အခါ အခ်င္းအခ်င္းၾကား အက္ေၾကာင္း ထပ္မႈေတြလည္းရွိေနေသးေၾကာင္း ၾကားသိထားရပါတယ္။

ဒါေၾကာင့္လည္း ဝါရင့္အႏုပညာရွင္ႀကီးေတြအေနနဲ႔ အႏုပညာနဲ႔ႏိုင္ငံေရးကို မေရာေႏွာၾကဖို႔ ဆုံးမၾကေလ့ရွိပါတယ္။ ဝါရင့္လူ႐ႊင္ေတာ္ႀကီးတစ္ဦးရဲ႕ဆုံးမစကားအရ ]အႏုပညာသမားဆိုတာ ကိုယ္ေဖ်ာ္ ေျဖတင္ဆက္ရမယ့္ ပရိသတ္ကို ေ႐ြးခ်ယ္ခြင့္မရွိသလို ေ႐ြးခ်ယ္‌လို႔လည္းမရေၾကာင္း၊ ႏိုင္ငံေရးသမားေတြရဲ႕အသုံးခ်ခံျဖစ္လို႔လည္း မရေၾကာင္း၊ မည္သည့္အဖြဲ႕အစည္း/အေရာင္အဆင္းမွ ေရာေႏွာလို႔မရေၾကာင္း} ၎ရဲ႕သားတပည့္ေတြကို ဆုံးမစကားေျပာၾကားေနမႈကို ၾကားသိခဲ့ရဖူးပါတယ္။

ဖိုးခ်စ္ေရာင္းခ်မယ့္သဘင္ၿခံက အက်ယ္အဝန္း (၁.၁၉) ဧက (square ၅၁၈၃၆) က်ယ္ဝန္းၿပီး၊ အေဆာက္အအုံေတြက ေပ (၅၀/၆၅) ရွိကာ (၃) ထပ္တိုက္၊ Recoding အခန္း တစ္ခန္း၊ ဇာတ္႐ုံတစ္ခု (ေပ ၈၀/၁၀ဝ)၊ လူေနတိုက္ (ႏွစ္ထပ္ခြဲ)၊ ဘန္ဂလို တစ္လုံး၊ ဖူဆယ္ေဘာလုံးကြင္း (ေပ ၁၁၀/၆၀)၊ Power မီတာ တစ္လုံး၊ ႐ိုး႐ိုးမီတာ တစ္လုံးပါဝင္တယ္လို႔သိရပါတယ္။ အဆိုပါေျမမွာ ႏွစ္ (၆၀) ဂရန္နာမည္ေပါက္ျဖစ္ၿပီး၊ လက္ရွိ CB Bank မွာ အေပါင္ထားတဲ့ၿခံျဖစ္တယ္လို႔ သိရပါတယ္။

ဖိုးခ်စ္အေနနဲ႔ အဆိုပါသဘင္ၿခံကို အျမန္ေရာင္းခ်လိုပုံေပၚေနၿပီး၊ ေႂကြးၿမီေတြကို ကတိအတိုင္း ျပန္လည္ေပးဆပ္လိုတာေၾကာင့္ ေရာင္းခ်ျခင္းျဖစ္တယ္လို႔ဆိုထားကာ အေသးစိတ္ဆက္သြယ္လိုပါက ဖုန္းနံပါတ္ -ဝ၉ ၅၁၇၂၃၃၂၊ ဝ၉ ၇၈၈၆၅၈၄၈၈ သို႔ဆက္သြယ္ႏိုင္ေၾကာင္း အေသးစိတ္ေဖာ္ျပထားပါေသးတယ္။

ေ႐ႊ(၄၅)က်ပ္သားနဲ႔ တန္ဖိုးႀကီးလက္ဝတ္ရတနာေတြ ပါဝင္မယ့္ သဲစုညိမ္းရဲ႕ ၿပိဳင္ပြဲဝင္ ဝတ္စုံ
Miss Grand Myanmar (၂၀၂၄) အလွမယ္သဲစုညိမ္း ၿပိဳင္ပြဲမွာဝတ္ ဆင္ယွဥ္ၿပိဳင္မယ့္ PreEvening Gown ကို ေ႐ႊ (၄၅) က်ပ္သားအပါအဝင္ တန္ဖိုးႀကီး လက္ဝတ္ရတနာေတြနဲ႔ ေပါင္းစပ္ဖန္တီးသြားမွာျဖစ္ပါတယ္။ ဝတ္စုံအေလးခ်ိန္က (၂၈)ကီလိုဂရမ္ေလးလံသလို ပ်က္စီးမႈမရွိေစေရးအတြက္ လူ(၈)ေယာက္ခန႔္ သယ္ရတယ္လို႔သိရပါတယ္။ ႏိုင္ငံကိုယ္စားျပဳNational Costume ဝတ္စုံအတြက္ကိုလည္း ျမန္မာ့ေခတ္အဆက္ဆက္မွ ပ်ဴေခတ္ကိုယ္စားျပဳကာ ပ်ဴေခတ္က ထက္ျမက္တဲ့အမ်ိဳးသမီးတစ္ဦးပုံစံကို အေသးစိတ္ပုံေဖာ္ထားတယ္လို႔ သိရပါတယ္။ ဝတ္စုံဒီဇိုင္းေတြရဲ႕အရိပ္ႁအြမက္ကို လတ္တေလာအခ်ိန္အထိ ထုတ္ေဖာ္ျပသလာျခင္း မရွိေသးေပမယ့္ ၎တို႔ အေနနဲ႔ ျပည့္စုံမႈရွိေအာင္ အေကာင္းဆုံးျပင္ဆင္ေနပါတယ္လို႔ အသိေပးထားပါတယ္။
Miss Grand Myanmar(၂၀၂၄) အလွမယ္သဲစုညိမ္းက တျဖည္းျဖည္းနီးကပ္လာၿပီျဖစ္တဲ့ Miss Grand International (၂၀၂၄) ၿပိဳင္ပြဲအတြက္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ Catwalk Training ယူခဲ့ၿပီး၊Body၊ Beauty၊ Brain၊ Catwalk၊ ခႏၶာကိုယ္တည္ေဆာင္မႈပုံစံ ႀကံ့ခိုင္သန္မာေအာင္ ေလ့က်င့္ခန္းေတြလည္း ဆက္လက္ႀကိဳးစားလ်က္ရွိကာ တိုးတက္ေျပာင္းလဲလာမႈေတြကို ၿပိဳင္ပြဲယွဥ္ၿပိဳင္စဥ္တစ္ေလွ်ာက္ ေတြ႕ျမင္ရမွာျဖစ္ေၾကာင္း ဆိုထားပါတယ္။
အလွမယ္သဲစုညိမ္းက 'ျမန္မာႏိုင္ငံသား အမ်ိဳးသမီးငယ္တစ္ဦးက ႏိုင္ငံတကာစင္ျမင့္ထက္မွာ အေကာင္းဆုံး ယွဥ္ၿပိဳင္ႏိုင္ေၾကာင္းကို ႀကိဳးစားျပသသြားမွာ ျဖစ္ေၾကာင္း၊ MGI Crown ရရွိဖို႔အတြက္သာ ေမွ်ာ္မွန္းယွဥ္ၿပိဳင္မွာျဖစ္ေၾကာင္း'မီဒီယာေတြထံ အသိေပးေျပာၾကားခဲ့ပါတယ္။
Miss Grand Myanmar (၂၀၂၄) အလွမယ္သဲစုညိမ္းအပါအဝင္ ေနရွင္နယ္ဒါ႐ိုက္တာ ထူးအံ့လြင္တို႔အဖြဲ႕သားေတြက (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာ (၃) ရက္မွာ ကေမာၻဒီးယားႏိုင္ငံကို စတင္ထြက္ခြာမွာျဖစ္ၿပီး ေအာက္တို ဘာလ ဒုတိယပတ္မွာ ၿပိဳင္ပြဲစတင္မွာျဖစ္ပါတယ္။
Miss Grand Myanmar (၂၀၂၄) ၿပိဳင္ပြဲစဥ္မ်ားကို (၂၀၂၄) ခုႏွစ္မွာ Host Country အျဖစ္ ကေမာၻဒီးယားနဲ႔ထိုင္း ႏွစ္ႏိုင္ငံမွာ က်င္းပၾကမွာျဖစ္ၿပီး Miss Grand International (၂၀၂၄) Final ၿပိဳင္ပြဲစဥ္ကို ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ က်င္းပမွာျဖစ္ပါတယ္။
Miss Grand Myanmar (၂၀၂၂) စီနီယာအလွမယ္ မီးမီး (ခ) အိအိေအာင္ထြန္းထံကေန သဲစုညိမ္းက အားေပးကူညီမႈေတြ မ်ားစြာရရွိေနၿပီး စိတ္ဓာတ္ခြန္အား၊ အေတြ႕အႀကဳံေကာင္းေတြလည္း ရရွိလ်က္ရွိေၾကာင္းသိရပါတယ္။
Miss Grand Myanmar (၂၀၂၃) First Winner up ဆုရွင္ ျမန္မာအလွမယ္ နီနီလင္းအိမ္ကလည္း စီနီယာတစ္ဦးအေနနဲ႔ Miss Grand Myanmar (၂၀၂၄) အလွမယ္သဲစုညိမ္းကို အေကာင္းဆုံး Support လုပ္ေပးသြားမွာျဖစ္ေၾကာင္း အသိေပးထားပါတယ္။
မၾကာခင္ ႏိုင္ငံတကာမွာ ျမန္မာကိုယ္စားလွယ္အျဖစ္သြားေရာက္ယွဥ္ၿပိဳင္ေတာ့မယ့္ Miss Grand Myanmar (၂၀၂၄) အလွမယ္သဲစုညိမ္း မ်က္ႏွာမငယ္ရေစေအာင္ ႏိုင္ငံသားအခ်င္းခ်င္းအေပၚ ဆဲဆိုေဝ ဖန္မႈေတြေလွ်ာ့ၿပီး ျမန္မာႏိုင္ငံသား အမ်ိဳးသမီးတစ္ဦးရဲ႕ေတာက္ပမႈကို အားေပးခ်ီးျမႇင့္ဖို႔ လိုအပ္လွပါတယ္။

ေရေဘးကယ္ဆယ္ေရးအတြက္ ဝိုင္းဝန္းကူညီၾကဖို႔ အႏုပညာရွင္အခ်ိဳ႕ ႏႈိးေဆာ္
ျမန္မာႏိုင္ငံတစ္ဝန္း အခုရက္ပိုင္းအတြင္း မိုးအဆက္မျပတ္႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈေတြျဖစ္ပြားလ်က္ရွိရာ ျပည္သူလူထု ေရေဘးသင့္အႏၲရာယ္နဲ႔ႀကဳံေတြ႕လို႔ေနပါတယ္။
'ကယ္ဆယ္ေရးေတြ အျမန္လာေပးပါရွင္။ အိမ္ေတြေပၚထိ ေရတက္ေနပါၿပီ၊ တပ္ကုန္းၿမိဳ႕နယ္၊ ေခ်ာင္းခ်႐ြာမွာပါ'လို႔ အဆိုပါေဒသခံတစ္ဦးက အကူအညီေတာင္းခံထားတဲ့ပိုစ့္ကို ႐ုပ္ရွင္သ႐ုပ္ေဆာင္ေမမီကိုကိုက သူရဲ႕ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္အေကာင့္မွာ ျပန္လည္မွ်ေဝေဖာ္ျပခဲ့ပါတယ္။
အလားတူ ဒါ႐ိုက္တာညိဳမင္းလြင္က 'က်န္တဲ့အေၾကာင္းအရာပိုစ့္ေတြကို ေဘးထားကာ ေရေဘးဒုကၡသည္ေတြကို ကူညီေရးအတြက္ လုပ္ေဆာင္ၾကရေအာင္'လို႔ ႏႈိးေဆာ္ထားပါတယ္။
မိတ္ကပ္မထက္နဲ႔ တည္းျဖတ္ဟိန္းထက္ကလည္း 'ဘုရင့္ေနာင္ရပ္ကြက္ နယ္ေျမ (၁၀)မွာေရႀကီးေနတာေၾကာင့္ အိမ္ထုပ္တန္းေပၚအထိ တက္ေနရတဲ့သတင္းကို ျပန္လည္မွ်ေဝခဲ့ၿပီး'ေရႀကီးမႈအႏၲရာယ္အတြက္ သတိေပးႏႈိးေဆာ္ထားတာကိုေတြ႕ျမင္ရပါတယ္။
အဆိုေတာ္ဟဲေလးက 'တပ္ကုန္းၿမိဳ႕နယ္၊ မက်ီးပင္႐ြာ၊ စစ္ေဆးေရးဂိတ္အနီး'မွာ ေရႀကီးၿပီးပိတ္မိေနၾကတဲ့ ႐ုပ္သံဗီဒီယိုကို ျပန္လည္မွ်ေဝခဲ့ၿပီး ဆုေတာင္းေပးထားပါတယ္။
အျခားေသာအႏုပညာရွင္ေတြလည္း ေရေဘးသင့္ျပည္သူေတြအတြက္ ဆုေတာင္းစကားေတြဆိုထားၾကေပမယ့္ နာမည္ႀကီးထိပ္တန္း မင္းသား၊ မင္းသမီးေတြရဲ႕အေကာင့္ေတြကေတာ့ စက္တင္ဘာလ (၁၂) ရက္အထိ ၿငိမ္သက္လ်က္ရွိပါတယ္။ ျပည္သူလူထု သဘာဝေဘးအႏၲရာယ္ႀကဳံေတြ႕ရင္ဆိုင္ရခ်ိန္မွာ ႏႈတ္အားနဲ႔ျဖစ္ေစ၊ ေငြအားနဲ႔ျဖစ္ေစ အႏုပညာသမားေတြရဲ႕ တိုက္တြန္းႏႈိးေဆာ္မႈ၊ ေဖးမကူညီမႈေတြက မ်ားစြာထိေရာက္ပါတယ္။
လက္ရွိျမန္မာႏိုင္ငံမွာ ရန္ကုန္ၿမိဳ႕၊ ေနျပည္ေတာ္ အပါအဝင္တိုင္းနဲ႔ျပည္နယ္အသီးသီးမွာ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားလ်က္ရွိၿပီး မိုးေလဝသနဲ႔ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အခ်ိန္နဲ႔အမွ် ရာသီဥတုအေျခအေနကို ထုတ္ျပန္လ်က္ရွိၿပီး ေရႀကီးေရလွ်ံမႈနဲ႔ ေျမၿပိဳမႈေတြအတြက္ သတိေပးထုတ္ျပန္ထားပါတယ္။ ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ရပ္နားခြင့္ျပဳပါ....

Related news

© 2021. All rights reserved.