ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် EAO(၇)ဖွဲ့ ဆန္ဒရှိနေ

 5366

မြူနစ် (NP News) - စက်တင်ဘာ ၁၆

ပြည်နယ်များတွင် အစိုးရနှင့်ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့များဖြစ် သော 7 EAO Alliance အဖွဲ့က ဆန္ဒရှိနေသည်။

NCA လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့များဖြစ်သည့် 7 EAO Alliance အဖွဲ့၏ ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယခုရက်ပိုင်းအတွင်းကျင်းပခဲ့ပြီး RCSS ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တက်ရောက်ခဲ့သကဲ့သို့ ဆုံးဖြတ်ချက် (၁၂)ချက်ခန့်ကိုလည်း ချမှတ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ စစ်ရေးပဋိပက္ခများသည် ပိုမိုကျယ်ပြန့်နေလျက်ရှိပြီး နိုင်ငံရေးဆွေး နွေးမှုများကို ပိုမိုပြုလုပ်နိုင်ရေး နည်းလမ်းသစ်များဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်ရှိကြောင်း အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က NP News ကို ပြောသည်။

ထို့ကြောင့် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများနှင့်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်နိုင်ရေး ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၏အခက်အခဲအကျပ်အတည်းများကို ကျော်လွှားနိုင်ရန်အတွက် လက်ရှိနိုင်ငံရေး အခြေအနေအရ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစီအစဉ်တစ်ရပ်ကို ဖော်ဆောင်လိုကြောင်းနှင့် ယင်းကဲ့သို့ဖော် ဆောင်ရာတွင် အခြားသော EAO အဖွဲ့များအပါအဝင် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။ ပြီးခဲ့သောကာလများ၌ EAO (၇)ဖွဲ့နှင့် နစကတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများရှိခဲ့သော် လည်း ခရီးမပေါက်ခဲ့ကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘ကျွန်တော်တို့က စကားပြောရုံသက် သက်မဟုတ်ဘဲနဲ့ စကားပြောပြီးတာနဲ့ လက်တွေ့ကျ ကျအကောင်အထည်ဖော်နိုင်တဲ့ဟာကိုအကောင်အထည်ဖော်တဲ့ နည်းလမ်းပေါ့။ ဥပမာအားဖြင့် ပြည်နယ်တွေမှာ အစိုးရနဲ့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးတွဲအုပ်ချုပ်ရေးလုပ်ငန်းတွေ ဘယ်လိုလုပ်ရနိုင်မလဲဆိုတဲ့ဟာတွေကို မြေစမ်းခရမ်းပျိုး သဘောမျိုးနဲ့ စတင်ဆွေး နွေးချင်တယ်။ ပြောကြည့်ချင်တယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။ ထို့ပြင် 7 EAO Alliance အနေဖြင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများသို့ တက်လှမ်းနိုင် ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားရန်ရှိသကဲ့သို့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်တစ်ရပ် ပေါ်ပေါက်လာ ရေးအတွက်ပါ ကြိုးပမ်းသွားရန်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့နိုင်ငံမှာ အခုဆိုရင် မကြုံစဖူး လက်နက်ကိုင် အင်အားစုတွေကအများကြီး။ နိုင်ငံတစ်နံတစ်လျားမှာရှိနေတယ်။ ဒီလက်နက်ကိုင် အင်အားစုတွေကို အနာဂတ် ကာလမှာ ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ပေါ့နော် အဲဒီလိုမျိုးစုဖွဲ့မှုထဲမှာ အတူတကွပါ ဝင်လာနိုင်တဲ့ နည်းလမ်းလေးတွေကို အခုကတည်းကစပြီးတော့ စဉ်းစားပြောဆိုဆွေးနွေးကြရင် ကောင်းမလား ဆိုပြီးတော့ စဉ်းစားချက်ရှိတဲ့အတွက်ကြောင့်မိုလို့ အခုနက ကျွန် တော်ပြောတဲ့ ပြည်တွင်းနိုင်ငံရေးဘောင်ချဲ့ဖို့ ကိစ္စရယ်၊ နောက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအစီအစဉ်ရယ်၊ နောက်ပြီးတော့ အုပ်ချုပ်ရေးမှာဆိုရင် ပူးတွဲ အုပ်ချုပ်ရေးကိစ္စရပ်ရယ်၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ရယ် အဲဒီကိစ္စရပ် တွေအပေါ်မှာ ကျွန်တော်တို့ဆွေး နွေးဖြစ်သလို အဲဒီ အပေါ်မှာလည်း ဆက်လက်ပြီးကြိုးပမ်းဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ချနိုင်ခဲ့ပါတယ်”ဟု 7 EAO Alliance အဖွဲ့၏ ပြောခွင့်ရက ဆိုသည်။

လက်ရှိတွင် 7 EAO Alliance အဖွဲ့၌ ပါဝင်သော RCSS, KNU/KNLA-PC, ALP, LDU, DKBA, NMSP အဖွဲ့တို့သည် နစကအစိုးရ နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

zawgyi version
ျပည္နယ္မ်ားတြင္ အစိုးရႏွင့္ပူးတြဲအုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္
EAO(၇)ဖြဲ႕ ဆႏၵရွိေန
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၆

ျပည္နယ္မ်ားတြင္ အစိုးရႏွင့္ပူးတြဲအုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ရန္ NCA လက္မွတ္ေရးထိုးထားသည့္ လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ ေသာ 7 EAO Alliance အဖြဲ႕က ဆႏၵရွိေနသည္။

NCA လက္မွတ္ေရးထိုးထားေသာ လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ 7 EAO Alliance အဖြဲ႕၏ ဦးေဆာင္အဖြဲ႕ အစည္းအေဝးကို ယခုရက္ပိုင္းအတြင္းက်င္းပခဲ့ၿပီး RCSS ဥကၠ႒ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္ ဦးေဆာင္တက္ေရာက္ခဲ့သကဲ့သို႔ ဆုံးျဖတ္ခ်က္ (၁၂)ခ်က္ခန႔္ကိုလည္း ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ ျမန္မာႏိုင္ငံ၌ စစ္ေရးပဋိပကၡမ်ားသည္ ပိုမိုက်ယ္ျပန႔္ေနလ်က္ရွိၿပီး ႏိုင္ငံေရးေဆြး ေႏြးမႈမ်ားကို ပိုမိုျပဳလုပ္ႏိုင္ေရး နည္းလမ္းသစ္မ်ားျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္သြားရန္ရွိေၾကာင္း အဆိုပါအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က NP News ကို ေျပာသည္။

ထို႔ေၾကာင့္ ျပည္တြင္းရွိ ႏိုင္ငံေရးအင္အားစုမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းမႈမ်ားကို ျပဳလုပ္ႏိုင္ေရး ႀကိဳးပမ္း သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံ၏အခက္အခဲအက်ပ္အတည္းမ်ားကို ေက်ာ္လႊားႏိုင္ရန္အတြက္ လက္ရွိႏိုင္ငံေရး အေျခအေနအရ ဖက္ဒရယ္ဒီမိုကေရစီအသြင္ကူးေျပာင္းေရးအစီအစဥ္တစ္ရပ္ကို ေဖာ္ေဆာင္လိုေၾကာင္းႏွင့္ ယင္းကဲ့သို႔ေဖာ္ ေဆာင္ရာတြင္ အျခားေသာ EAO အဖြဲ႕မ်ားအပါအဝင္ ျပည္တြင္းရွိ ႏိုင္ငံေရးအင္အားစုမ်ားႏွင့္လည္း ပူးေပါင္းေဆာင္႐ြက္ရန္ ဆႏၵရွိေၾကာင္း ဗိုလ္မႉးႀကီးေစာေက်ာ္ၫြန႔္က ဆိုသည္။ ၿပီးခဲ့ေသာကာလမ်ား၌ EAO (၇)ဖြဲ႕ႏွင့္ နစကတို႔ၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈမ်ားရွိခဲ့ေသာ္ လည္း ခရီးမေပါက္ခဲ့ေၾကာင္း ၎ကဆက္လက္ေျပာသည္။

‘‘ကြၽန္ေတာ္တို႔က စကားေျပာ႐ုံသက္ သက္မဟုတ္ဘဲနဲ႔ စကားေျပာၿပီးတာနဲ႔ လက္ေတြ႕က် က်အေကာင္အထည္ေဖာ္ႏိုင္တဲ့ဟာကိုအေကာင္အထည္ေဖာ္တဲ့ နည္းလမ္းေပါ့။ ဥပမာအားျဖင့္ ျပည္နယ္ေတြမွာ အစိုးရနဲ႔ ကြၽန္ေတာ္တို႔ တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ ပူးတြဲအုပ္ခ်ဳပ္ေရးလုပ္ငန္းေတြ ဘယ္လိုလုပ္ရႏိုင္မလဲဆိုတဲ့ဟာေတြကို ေျမစမ္းခရမ္းပ်ိဳး သေဘာမ်ိဳးနဲ႔ စတင္ေဆြး ေႏြးခ်င္တယ္။ ေျပာၾကည့္ခ်င္တယ္”ဟု ဗိုလ္မႉးႀကီး ေစာေက်ာ္ၫြန႔္က ဆိုသည္။ ထို႔ျပင္ 7 EAO Alliance အေနျဖင့္ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးမႈမ်ားမွတစ္ဆင့္ ႏိုင္ငံ ေရးေဆြးေႏြးပြဲမ်ားသို႔ တက္လွမ္းႏိုင္ ေရးအတြက္လည္း ႀကိဳးပမ္းေဆာင္႐ြက္သြားရန္ရွိသကဲ့သို႔ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္တစ္ရပ္ ေပၚေပါက္လာ ေရးအတြက္ပါ ႀကိဳးပမ္းသြားရန္ရွိေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အခုဆိုရင္ မႀကဳံစဖူး လက္နက္ကိုင္ အင္အားစုေတြကအမ်ားႀကီး။ ႏိုင္ငံတစ္နံတစ္လ်ားမွာရွိေနတယ္။ ဒီလက္နက္ကိုင္ အင္အားစုေတြကို အနာဂတ္ ကာလမွာ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ဖက္ဒရယ္ျပည္ေထာင္စုတပ္မေတာ္ေပါ့ေနာ္ အဲဒီလိုမ်ိဳးစုဖြဲ႕မႈထဲမွာ အတူတကြပါ ဝင္လာႏိုင္တဲ့ နည္းလမ္းေလးေတြကို အခုကတည္းကစၿပီးေတာ့ စဥ္းစားေျပာဆိုေဆြးေႏြးၾကရင္ ေကာင္းမလား ဆိုၿပီးေတာ့ စဥ္းစားခ်က္ရွိတဲ့အတြက္ေၾကာင့္မိုလို႔ အခုနက ကြၽန္ ေတာ္ေျပာတဲ့ ျပည္တြင္းႏိုင္ငံေရးေဘာင္ခ်ဲ႕ဖို႔ ကိစၥရယ္၊ ေနာက္ၿပီးေတာ့ ဖက္ဒရယ္ဒီမိုကေရစီအသြင္ကူးေျပာင္းေရးအစီအစဥ္ရယ္၊ ေနာက္ၿပီးေတာ့ အုပ္ခ်ဳပ္ေရးမွာဆိုရင္ ပူးတြဲ အုပ္ခ်ဳပ္ေရးကိစၥရပ္ရယ္၊ ဖက္ဒရယ္ျပည္ေထာင္စု တပ္မေတာ္ရယ္ အဲဒီကိစၥရပ္ ေတြအေပၚမွာ ကြၽန္ေတာ္တို႔ေဆြး ေႏြးျဖစ္သလို အဲဒီ အေပၚမွာလည္း ဆက္လက္ၿပီးႀကိဳးပမ္းေဆာင္႐ြက္ဖို႔ ဆုံးျဖတ္ခ်က္ခ်ႏိုင္ခဲ့ပါတယ္”ဟု 7 EAO Alliance အဖြဲ႕၏ ေျပာခြင့္ရက ဆိုသည္။

လက္ရွိတြင္ 7 EAO Alliance အဖြဲ႕၌ ပါဝင္ေသာ RCSS, KNU/KNLA-PC, ALP, LDU, DKBA, NMSP အဖြဲ႕တို႔သည္ နစကအစိုးရ ႏွင့္ ၿငိမ္းခ်မ္းေရး ေတြ႕ဆုံေဆြးေႏြးမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

Related news

© 2021. All rights reserved.