တောင်ခမ်းတိုက်ပွဲ၌ TNLA ဝတ်စုံဝတ်ဗမာ PDF များ နောက်ကျည်မှန်၍ သေဆုံးမှုမြင့်တက်နေ

 10949

Iris (NP News) - စက်တင်ဘာ ၁၆

နောင်ချို-ပြင်ဦးလွင်ကြားရှိ တောင်ခမ်းတိုက်ပွဲတွင် TNLA-PDF ပူးပေါင်းအဖွဲ့များထဲမှ PDF များ အကျအဆုံးများပြားခဲ့ပြီး နောက်ကျည်မှန်သည့်ပြဿနာနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း နယ်မြေခံသတင်းရင်းမြစ်အချို့က NP News ထံ ဆက်သွယ်ပြောကြားသည်။

နောင်ချိုမြို့နယ်အတွင်းရှိ တောင်ခမ်းကျေးရွာ တပ်မတော်အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်ကို TNLA-PDF ပူးပေါင်းအဖွဲ့များက ဩဂုတ် လအစောပိုင်းကတည်းက စတင်တိုက်ခိုက်နေခြင်း ဖြစ်ပြီး စက်တင်ဘာလလယ်အထိ သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။ စက်တင်ဘာ (၁၃) ရက်တွင်မူ သူပုန်အားပေးမီဒီယာအချို့က တောင်ခမ်းတိုက်ပွဲ၌ TNLA တို့ အနိုင်ရရှိသိမ်းပိုက် နိုင်ခဲ့သည့်သဘောမျိုး ဝါဒဖြန့်ရုပ်သံများ ဖော်ပြလာ သည်ကိုလည်း တွေ့ရသည်။

‘တောင်ခမ်းကို သိမ်းနိုင်လို့ အောင်ပွဲခံ တယ်ဆိုတဲ့ရုပ်သံက နောင်ချို-ကံကြီးလမ်းတစ်လျှောက် အထက(၃) နားမှာ ဇာတ်လမ်းဆင်ပြီး ရိုက်ထားတဲ့ ဗီဒီယိုဖိုင်ပါ။ တောင်ခမ်းမှာမဟုတ်ဘူး။ ကျောက်မဲကနေ ဆင်းလာတဲ့အဖွဲ့က သူတို့လူတွေ ကိုကြိုခိုင်းထားတာ’ဟု ဒေသခံသတင်းရင်းမြစ် တစ်ဦးက NP News ကို ပြောသည်။

တောင်ခမ်းကို တိုက်ခိုက်နေသော TNLA-PDF အဖွဲ့များက ထိခိုက်ဆုံးရှုံးမှုများပြားလွန်းနေသဖြင့် ဝါဒဖြန့်ရုပ်သံ ရိုက်ခြင်းမျိုးဖြစ်သကဲ့သို့ TNLA ကိုယ်တိုင်ပင်လျှင် တောင်ခမ်းကိုရရှိခဲ့ပြီဟု ၎င်းတို့၏တရားဝင်လူမှုကွန်ရက်များမှ တစ်ဆင့် စက်တင်ဘာ(၁၃)ရက်အထိ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်းလည်း သိရသည်။ အောင်ပွဲခံနေသည်ဆိုသော ရုပ်သံများ ထွက်မလာခင် စက်တင်ဘာ(၁၂)ရက်က ကျောက်မဲဘက်မှ TNLA အုပ်စုများက ကား(၁၀)စီးကျော်ဖြင့် နောင်ချိုဘက်သို့ ရောက်ရှိလာကြပြီး အဆိုပါအဖွဲ့သည်လည်း တောင်ခမ်းအတွက် စစ်ကူပို့မည့်သဘော မျိုးဖြစ်နိုင်ကြောင်းလည်း သတင်းရင်းမြစ်က ဆိုသည်။ တစ်လကျော်ကြာလာခဲ့ပြီဖြစ်သော တောင် ခမ်းတိုက်ပွဲအတွင်း၌ တပ်မတော်ဘက်က ကြံ့ကြံ့ခံ တိုက် ခိုက်ခဲ့မှုကြောင့် စက်တင်ဘာ(၁၃)ရက်အထိ TNLA တို့ သိမ်းပိုက်နိုင်ခြင်းမရှိဘဲ သေဆုံးမှုများသာ မြင့်တက်နေကြောင်း သိရသည်။

‘တောင်ခမ်းမှာ PDF တွေ ရှေ့ကပစ်လို့ သေတာထက် နောက်ကပစ်လို့ သေတဲ့နောက်ကျည် မှန်တာပိုများ နေတယ်။ သူတို့ထဲမှာ အသံတွေ ထွက်နေတယ်။ ပလောင်တွေက PDF တွေကို တောင်ခမ်းမှာပဲ ရသလောက်ထည့် ရှင်းနေတဲ့သဘောပဲ’ဟု မန္တလေး-မိုးကုတ်အခြေစိုက် PDF အဖွဲ့နှင့် နီးစပ် သောသတင်းရင်းမြစ်တစ်ဦးက ဖွင့်ဟသည်။ ယင်းကိစ္စမှာမန္တလေး-မိုးကုတ် PDF ထိပ် ပိုင်းခေါင်းဆောင်များအကြားတွင် အသံထွက်လာ နေပြီး TNLA နှင့် အချေအတင်ပြောဆိုရမှုများ ရှိ လာကြောင်းလည်း ကြားသိရသည်။ တောင်ခမ်း တိုက်ပွဲအတွင်း၌ PDF များက TNLA ဝတ်စုံဝတ်၍ ရှေ့ဆုံးမှ ဦးဆောင်တိုက်ခိုက်ရခြင်းဖြစ်ပြီး သေဆုံး သွားကြသူများ၏ အလောင်းများထဲမှ အချို့တွင် နောက်ကျောမှ ကျည်ထိမှန်သဖြင့် ရင်ဘတ်တွင် ပွင့်ထွက်နေသည့် အနေအထားများကို မြင်တွေ့ခဲ့ရကြောင်းလည်း သတင်းရင်းမြစ်ကဆိုသည်။

‘မိုးကုတ်နဲ့ သပိတ်ကျင်းဘက်က အဝေမတည့်မှုတွေက တောင်ခမ်းမှာပလောင်တွေ ရှင်းတာ ခံရတဲ့ သဘောပဲ’ဟု သတင်းရင်းမြစ်က ပြော သည်။ မိုးကုတ်ဘက်တွင် TNLA နှင့် PDF များ အကြား ကျောက်တွင်းကိစ္စများ၌ အဝေမတည့်မှုများ ဖြစ်ပေါ်နေသကဲ့သို့ ရပိုင်ခွင့်ခွဲဝေမှု၊ နယ်မြေကင်း စောင့်ထိန်းသိမ်းမှုတို့တွင် မကျေမချမ်းဖြစ်မှုများ ရှိနေကြောင်းကြားသိရသည်။ ပလောင်အုပ်စုက မိုးကုတ်ကျောက်တွင်းများနှင့် ဆက်စပ်ဝင်ငွေများကို မောင်ပိုင်စီးထား သည့်သဘောမျိုးဖြစ်နေသဖြင့် မိုးကုတ်သား PDF ခေါင်းဆောင်ကိုယ်တိုင်ပင်လျှင် TNLA များကို အချိန်တစ်ခုရောက် သည်နှင့် ပြန်လည်တိုက်ထုတ်ရမည်ဟု ပြောဆိုခဲ့ဖူးကြောင်း သိရသည်။

‘ပတ္တမြားတွင်း လုကြတယ်။ ဆက်ကြေး လုကြတယ်။ ပလောင်တွေက ဓားပြဘဝကနေ KIA တို့ UWSA တို့ စင်တင်ပေးလိုက်လို့ သူပုန်ဖြစ်လာတာ။ ကြပ်ပြင်နဲ့ မိုးကုတ်ထဲက သူဌေးတွေပိုင်တဲ့ 4 Wheel ကားမှန်သမျှ ပလောင်တွေ အကုန်ယူတယ်။ ပိန်းပြစ်ဘက်ကနေ မိုးမိတ်အထက်ပိုင်းအထိ ပလောင်တွေချည်းပဲ ရှိတယ်’ဟု မိုးကုတ်အခြေစိုက် သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

သပိတ်ကျင်းမြို့နယ် ဖော့တော၊ ဝါးဖြူ တောင်လမ်းခွဲကိုလည်း TNLA နှင့် PDF တို့က ထိန်းချုပ်ထား နိုင်ပြီးနောက် လမ်းတစ်လျှောက် ရွှေသယ်ကားနှင့် အခြားသောကားများထံမှ ဆက်ကြေး ကောက်ခံမှု၌ အဝေ မတည့်မှု များ ဖြစ်ပေါ်နေကြောင်း သိရသည်။ အထူးသဖြင့် ပလောင်အဖွဲ့က PDF များ ကို သာတူညီမျှ ခွဲဝေပေးခြင်းမျိုးမလုပ်ဘဲ ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းသဖွယ် သဘောထား ဆက်ဆံနေခြင်းမျိုးဖြစ်ကြောင်း သိရသည်။ မိုးကုတ်မြို့ပေါ်တွင် TNLA များက အခြေတကျစုဖွဲ့နေထိုင်ခြင်းမျိုးမလုပ်ဘဲ အိမ်တစ်လုံးလျှင် လေးငါးဦး ပုံစံမျိုးဖြင့် ဖြန့်ကြက်နေထိုင်ကြကြောင်း၊ မိုးကုတ်မြို့၏ အပြင်ဘက်ရှိ ရွာငယ်များတွင် အများဆုံးစုဖွဲ့နေထိုင်ပြီး PDF များကိုမူ ပလောင် ဝတ်စုံများဝတ်၍ မိုးကုတ်ဒေသခံများရှေ့သို့ ပို့ဆောင် ထားသည့်လှည့်ကွက်မျိုး သုံးနေကြသည်ဟုဆိုသည်။

မြို့ပေါ်ရှိ အိမ်အသီးသီးထံမှ သိမ်းယူထား သော 4 Wheel နှင့် SUV ကားများအတွက် လောင် စာဆီကိုမူ KIA နယ်မြေ မဘိမ်းဘက်မှ သွင်းလာခြင်းမျိုးဖြစ်ပြီး အစားအသောက်များကိုလည်း မိုးမိတ်လမ်းကြောင်းမှတစ်ဆင့် သယ် ဆောင်ကြသည်ဟု သိရသည်။

‘စက်သုံးဆီက(၉)ပိဿာပုံး တစ်ပုံးကို (ကျပ်)တစ်သိန်းခွဲလောက်နဲ့ ရောင်းတယ်။ KIA ဘက်ကပဲ ပို့ပေးနေတာ။ တရုတ် - ရွှေလီဘက်ကနေ KIA က ယူတယ်လို့ ကြားတယ်’ ဟု မိုးကုတ် အခြေ စိုက်သတင်းရင်းမြစ်က ပြောကြားသည်။ လက်ရှိအချိန်တွင် မိုးကုတ်မြို့ခံ အများစုမှာ TNLA ယူနီဖောင်းဝတ်ထားသော PDF များနှင့် TNLA အစစ်များကို စကားပြောမကြည့်လျှင် ခွဲခြားနိုင်ခြင်းမရှိတော့ဘဲ မည်သူ့ကို ကြောက်ရမည်မှန်းမသိ ဖြစ်နေသည်ဟု ဆိုသည်။ အထူးသဖြင့် TNLA နှင့် PDF များအကြားမှ အဝေမတည့်သည့်ဖြစ်ရပ်များ ကြောင့် ကြားညပ်သွားမည်စိုးသည့်အတွက် နေထိုင် သွားလာမှုအားလုံးကို သတိကြီးကြီးထားနေရကြောင်း ကြားသိရသည်။

တောင်ခမ်းတိုက်ပွဲအတွင်း၌လည်း TNLA-PDF ရာချီသေဆုံးမှုများရှိနေပြီး ဓားပြဖြစ် ခဲ့ဖူးသော ပလောင်အုပ်စု များက ဗမာ PDF များထက် လူရည်လည်စွာနေထိုင်တတ်ကြသည်ဟု သတင်း ရင်းမြစ်တို့က ဆိုသည်။
သို့သော်လည်း အထိနာမှုများရှိနေသည့်အတွက် ၎င်းတို့၏ဂုဏ်သိက္ခာအရဖြစ်စေ၊ နယ်မြေ အရေးပါမှုအရ ဖြစ်စေ တောင်ခမ်းကို မဖြစ်မနေ အရယူရန် အင်အားတိုးချဲ့မှုများ၊ ဗျူဟာပြောင်းလဲမှုများ ပြန်လည်လုပ်ဆောင်နေ ကြောင်းလည်း ကြားသိရသည်။

zawgyi version
ေတာင္ခမ္းတိုက္ပြဲ၌ TNLA ဝတ္စုံဝတ္ဗမာ PDF မ်ား ေနာက္က်ည္မွန္၍ ေသဆုံးမႈျမင့္တက္ေန
Iris (NP News) - စက္တင္ဘာ ၁၆

ေနာင္ခ်ိဳ-ျပင္ဦးလြင္ၾကားရွိ ေတာင္ခမ္းတိုက္ပြဲတြင္ TNLA-PDF ပူးေပါင္းအဖြဲ႕မ်ားထဲမွ PDF မ်ား အက်အဆုံးမ်ားျပားခဲ့ၿပီး ေနာက္က်ည္မွန္သည့္ျပႆနာႏွင့္လည္း ရင္ဆိုင္ခဲ့ရေၾကာင္း နယ္ေျမခံသတင္းရင္းျမစ္အခ်ိဳ႕က NP News ထံ ဆက္သြယ္ေျပာၾကားသည္။

ေနာင္ခ်ိဳၿမိဳ႕နယ္အတြင္းရွိ ေတာင္ခမ္းေက်း႐ြာ တပ္မေတာ္အေျမာက္စခန္းကြပ္ကဲမႈဌာနခ်ဳပ္ကို TNLA-PDF ပူးေပါင္းအဖြဲ႕မ်ားက ဩဂုတ္ လအေစာပိုင္းကတည္းက စတင္တိုက္ခိုက္ေနျခင္း ျဖစ္ၿပီး စက္တင္ဘာလလယ္အထိ သိမ္းပိုက္ႏိုင္ျခင္း မရွိေသးေၾကာင္းလည္း သိရသည္။ စက္တင္ဘာ (၁၃) ရက္တြင္မူ သူပုန္အားေပးမီဒီယာအခ်ိဳ႕က ေတာင္ခမ္းတိုက္ပြဲ၌ TNLA တို႔ အႏိုင္ရရွိသိမ္းပိုက္ ႏိုင္ခဲ့သည့္သေဘာမ်ိဳး ဝါဒျဖန႔္႐ုပ္သံမ်ား ေဖာ္ျပလာ သည္ကိုလည္း ေတြ႕ရသည္။

‘ေတာင္ခမ္းကို သိမ္းႏိုင္လို႔ ေအာင္ပြဲခံ တယ္ဆိုတဲ့႐ုပ္သံက ေနာင္ခ်ိဳ-ကံႀကီးလမ္းတစ္ေလွ်ာက္ အထက(၃) နားမွာ ဇာတ္လမ္းဆင္ၿပီး ႐ိုက္ထားတဲ့ ဗီဒီယိုဖိုင္ပါ။ ေတာင္ခမ္းမွာမဟုတ္ဘူး။ ေက်ာက္မဲကေန ဆင္းလာတဲ့အဖြဲ႕က သူတို႔လူေတြ ကိုႀကိဳခိုင္းထားတာ’ဟု ေဒသခံသတင္းရင္းျမစ္ တစ္ဦးက NP News ကို ေျပာသည္။

ေတာင္ခမ္းကို တိုက္ခိုက္ေနေသာ TNLA-PDF အဖြဲ႕မ်ားက ထိခိုက္ဆုံးရႈံးမႈမ်ားျပားလြန္းေနသျဖင့္ ဝါဒျဖန႔္႐ုပ္သံ ႐ိုက္ျခင္းမ်ိဳးျဖစ္သကဲ့သို႔ TNLA ကိုယ္တိုင္ပင္လွ်င္ ေတာင္ခမ္းကိုရရွိခဲ့ၿပီဟု ၎တို႔၏တရားဝင္လူမႈကြန္ရက္မ်ားမွ တစ္ဆင့္ စက္တင္ဘာ(၁၃)ရက္အထိ ထုတ္ျပန္ႏိုင္ျခင္းမရွိေသးေၾကာင္းလည္း သိရသည္။ ေအာင္ပြဲခံေနသည္ဆိုေသာ ႐ုပ္သံမ်ား ထြက္မလာခင္ စက္တင္ဘာ(၁၂)ရက္က ေက်ာက္မဲဘက္မွ TNLA အုပ္စုမ်ားက ကား(၁၀)စီးေက်ာ္ျဖင့္ ေနာင္ခ်ိဳဘက္သို႔ ေရာက္ရွိလာၾကၿပီး အဆိုပါအဖြဲ႕သည္လည္း ေတာင္ခမ္းအတြက္ စစ္ကူပို႔မည့္သေဘာ မ်ိဳးျဖစ္ႏိုင္ေၾကာင္းလည္း သတင္းရင္းျမစ္က ဆိုသည္။ တစ္လေက်ာ္ၾကာလာခဲ့ၿပီျဖစ္ေသာ ေတာင္ ခမ္းတိုက္ပြဲအတြင္း၌ တပ္မေတာ္ဘက္က ႀကံ့ႀကံ့ခံ တိုက္ ခိုက္ခဲ့မႈေၾကာင့္ စက္တင္ဘာ(၁၃)ရက္အထိ TNLA တို႔ သိမ္းပိုက္ႏိုင္ျခင္းမရွိဘဲ ေသဆုံးမႈမ်ားသာ ျမင့္တက္ေနေၾကာင္း သိရသည္။

‘ေတာင္ခမ္းမွာ PDF ေတြ ေရွ႕ကပစ္လို႔ ေသတာထက္ ေနာက္ကပစ္လို႔ ေသတဲ့ေနာက္က်ည္ မွန္တာပိုမ်ား ေနတယ္။ သူတို႔ထဲမွာ အသံေတြ ထြက္ေနတယ္။ ပေလာင္ေတြက PDF ေတြကို ေတာင္ခမ္းမွာပဲ ရသေလာက္ထည့္ ရွင္းေနတဲ့သေဘာပဲ’ဟု မႏၲေလး-မိုးကုတ္အေျခစိုက္ PDF အဖြဲ႕ႏွင့္ နီးစပ္ ေသာသတင္းရင္းျမစ္တစ္ဦးက ဖြင့္ဟသည္။ ယင္းကိစၥမွာမႏၲေလး-မိုးကုတ္ PDF ထိပ္ ပိုင္းေခါင္းေဆာင္မ်ားအၾကားတြင္ အသံထြက္လာ ေနၿပီး TNLA ႏွင့္ အေခ်အတင္ေျပာဆိုရမႈမ်ား ရွိ လာေၾကာင္းလည္း ၾကားသိရသည္။ ေတာင္ခမ္း တိုက္ပြဲအတြင္း၌ PDF မ်ားက TNLA ဝတ္စုံဝတ္၍ ေရွ႕ဆုံးမွ ဦးေဆာင္တိုက္ခိုက္ရျခင္းျဖစ္ၿပီး ေသဆုံး သြားၾကသူမ်ား၏ အေလာင္းမ်ားထဲမွ အခ်ိဳ႕တြင္ ေနာက္ေက်ာမွ က်ည္ထိမွန္သျဖင့္ ရင္ဘတ္တြင္ ပြင့္ထြက္ေနသည့္ အေနအထားမ်ားကို ျမင္ေတြ႕ခဲ့ရေၾကာင္းလည္း သတင္းရင္းျမစ္ကဆိုသည္။

‘မိုးကုတ္နဲ႔ သပိတ္က်င္းဘက္က အေဝမတည့္မႈေတြက ေတာင္ခမ္းမွာပေလာင္ေတြ ရွင္းတာ ခံရတဲ့ သေဘာပဲ’ဟု သတင္းရင္းျမစ္က ေျပာ သည္။ မိုးကုတ္ဘက္တြင္ TNLA ႏွင့္ PDF မ်ား အၾကား ေက်ာက္တြင္းကိစၥမ်ား၌ အေဝမတည့္မႈမ်ား ျဖစ္ေပၚေနသကဲ့သို႔ ရပိုင္ခြင့္ခြဲေဝမႈ၊ နယ္ေျမကင္း ေစာင့္ထိန္းသိမ္းမႈတို႔တြင္ မေက်မခ်မ္းျဖစ္မႈမ်ား ရွိေနေၾကာင္းၾကားသိရသည္။ ပေလာင္အုပ္စုက မိုးကုတ္ေက်ာက္တြင္းမ်ားႏွင့္ ဆက္စပ္ဝင္ေငြမ်ားကို ေမာင္ပိုင္စီးထား သည့္သေဘာမ်ိဳးျဖစ္ေနသျဖင့္ မိုးကုတ္သား PDF ေခါင္းေဆာင္ကိုယ္တိုင္ပင္လွ်င္ TNLA မ်ားကို အခ်ိန္တစ္ခုေရာက္ သည္ႏွင့္ ျပန္လည္တိုက္ထုတ္ရမည္ဟု ေျပာဆိုခဲ့ဖူးေၾကာင္း သိရသည္။

‘ပတၱျမားတြင္း လုၾကတယ္။ ဆက္ေၾကး လုၾကတယ္။ ပေလာင္ေတြက ဓားျပဘဝကေန KIA တို႔ UWSA တို႔ စင္တင္ေပးလိုက္လို႔ သူပုန္ျဖစ္လာတာ။ ၾကပ္ျပင္နဲ႔ မိုးကုတ္ထဲက သူေဌးေတြပိုင္တဲ့ 4 Wheel ကားမွန္သမွ် ပေလာင္ေတြ အကုန္ယူတယ္။ ပိန္းျပစ္ဘက္ကေန မိုးမိတ္အထက္ပိုင္းအထိ ပေလာင္ေတြခ်ည္းပဲ ရွိတယ္’ဟု မိုးကုတ္အေျခစိုက္ သတင္းရင္းျမစ္တစ္ဦးကလည္း ေျပာသည္။

သပိတ္က်င္းၿမိဳ႕နယ္ ေဖာ့ေတာ၊ ဝါးျဖဴ ေတာင္လမ္းခြဲကိုလည္း TNLA ႏွင့္ PDF တို႔က ထိန္းခ်ဳပ္ထား ႏိုင္ၿပီးေနာက္ လမ္းတစ္ေလွ်ာက္ ေ႐ႊသယ္ကားႏွင့္ အျခားေသာကားမ်ားထံမွ ဆက္ေၾကး ေကာက္ခံမႈ၌ အေဝ မတည့္မႈ မ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။ အထူးသျဖင့္ ပေလာင္အဖြဲ႕က PDF မ်ား ကို သာတူညီမွ် ခြဲေဝေပးျခင္းမ်ိဳးမလုပ္ဘဲ ၎တို႔ လက္ေအာက္ခံအဖြဲ႕အစည္းသဖြယ္ သေဘာထား ဆက္ဆံေနျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။ မိုးကုတ္ၿမိဳ႕ေပၚတြင္ TNLA မ်ားက အေျခတက်စုဖြဲ႕ေနထိုင္ျခင္းမ်ိဳးမလုပ္ဘဲ အိမ္တစ္လုံးလွ်င္ ေလးငါးဦး ပုံစံမ်ိဳးျဖင့္ ျဖန႔္ၾကက္ေနထိုင္ၾကေၾကာင္း၊ မိုးကုတ္ၿမိဳ႕၏ အျပင္ဘက္ရွိ ႐ြာငယ္မ်ားတြင္ အမ်ားဆုံးစုဖြဲ႕ေနထိုင္ၿပီး PDF မ်ားကိုမူ ပေလာင္ ဝတ္စုံမ်ားဝတ္၍ မိုးကုတ္ေဒသခံမ်ားေရွ႕သို႔ ပို႔ေဆာင္ ထားသည့္လွည့္ကြက္မ်ိဳး သုံးေနၾကသည္ဟုဆိုသည္။

ၿမိဳ႕ေပၚရွိ အိမ္အသီးသီးထံမွ သိမ္းယူထား ေသာ 4 Wheel ႏွင့္ SUV ကားမ်ားအတြက္ ေလာင္ စာဆီကိုမူ KIA နယ္ေျမ မဘိမ္းဘက္မွ သြင္းလာျခင္းမ်ိဳးျဖစ္ၿပီး အစားအေသာက္မ်ားကိုလည္း မိုးမိတ္လမ္းေၾကာင္းမွတစ္ဆင့္ သယ္ ေဆာင္ၾကသည္ဟု သိရသည္။

‘စက္သုံးဆီက(၉)ပိႆာပုံး တစ္ပုံးကို (က်ပ္)တစ္သိန္းခြဲေလာက္နဲ႔ ေရာင္းတယ္။ KIA ဘက္ကပဲ ပို႔ေပးေနတာ။ တ႐ုတ္ - ေ႐ႊလီဘက္ကေန KIA က ယူတယ္လို႔ ၾကားတယ္’ ဟု မိုးကုတ္ အေျခ စိုက္သတင္းရင္းျမစ္က ေျပာၾကားသည္။ လက္ရွိအခ်ိန္တြင္ မိုးကုတ္ၿမိဳ႕ခံ အမ်ားစုမွာ TNLA ယူနီေဖာင္းဝတ္ထားေသာ PDF မ်ားႏွင့္ TNLA အစစ္မ်ားကို စကားေျပာမၾကည့္လွ်င္ ခြဲျခားႏိုင္ျခင္းမရွိေတာ့ဘဲ မည္သူ႔ကို ေၾကာက္ရမည္မွန္းမသိ ျဖစ္ေနသည္ဟု ဆိုသည္။ အထူးသျဖင့္ TNLA ႏွင့္ PDF မ်ားအၾကားမွ အေဝမတည့္သည့္ျဖစ္ရပ္မ်ား ေၾကာင့္ ၾကားညပ္သြားမည္စိုးသည့္အတြက္ ေနထိုင္ သြားလာမႈအားလုံးကို သတိႀကီးႀကီးထားေနရေၾကာင္း ၾကားသိရသည္။

ေတာင္ခမ္းတိုက္ပြဲအတြင္း၌လည္း TNLA-PDF ရာခ်ီေသဆုံးမႈမ်ားရွိေနၿပီး ဓားျပျဖစ္ ခဲ့ဖူးေသာ ပေလာင္အုပ္စု မ်ားက ဗမာ PDF မ်ားထက္ လူရည္လည္စြာေနထိုင္တတ္ၾကသည္ဟု သတင္း ရင္းျမစ္တို႔က ဆိုသည္။
သို႔ေသာ္လည္း အထိနာမႈမ်ားရွိေနသည့္အတြက္ ၎တို႔၏ဂုဏ္သိကၡာအရျဖစ္ေစ၊ နယ္ေျမ အေရးပါမႈအရ ျဖစ္ေစ ေတာင္ခမ္းကို မျဖစ္မေန အရယူရန္ အင္အားတိုးခ်ဲ႕မႈမ်ား၊ ဗ်ဴဟာေျပာင္းလဲမႈမ်ား ျပန္လည္လုပ္ေဆာင္ေန ေၾကာင္းလည္း ၾကားသိရသည္။

Related news

© 2021. All rights reserved.