ဗြိတိန်သံတမန် (၆)ဦးကို ရုရှားအစိုးရ နှင်ထုတ်

 412

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆

ရုရှားအစိုးရသည် ဗြိတိန်သံတမန် (၆)ဦးကို နှင်ထုတ်လိုက်ကြောင်း ရုရှားဖက်ဒရယ်လုံခြုံရေးဝန် ဆောင်မှုအဖွဲ့ (FSB) အဖွဲ့က သတင်းထုတ်ပြန်ထား သည်။ ဗြိတိန်နိုင်ငံသည် ရုရှားနိုင်ငံ၏တည်ငြိမ်မှုများ ထိခိုက်စေရန်နှင့် ကမ္ဘာတစ်ဝန်းတင်းမာမှုများဖြစ်လာ စေရန် ကြိုးပမ်းမှုများတွင်ပါဝင်နေကြောင်း (FSB) အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ (FSB) အဖွဲ့က 'ကျွန်တော်တို့ ရရှိထားတဲ့စာရွက်စာတမ်း အထောက်အထားတွေအရ ဗြိတိန်ဟာ နိုင်ငံတကာမှာ စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေ တင်းမာအောင် လုပ်ဆောင်နေတယ်။ ရုရှားနိုင်ငံမှာတည်ငြိမ်မှုမဖြစ်အောင် အဖျက်အမှောက်လုပ်ရပ်တွေလုပ်ခဲ့တယ်'ဟုပြောသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရှေ့ဥရောပနှင့် အာရှတိုက်အလယ်ပိုင်း ညွှန်ကြားရေးမှူးသည် ယူကရိန်းနှင့်ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက် ရုရှားနိုင်ငံကို ဆန့်ကျင်စေရန် အထူးဝန်ဆောင်မှုအဖွဲ့များ စေလွှတ်ခဲ့ကြောင်း ရုရှားဘက်ကပြောသည်။ ဗြိတိန်သည် ရုရှားနိုင်ငံအပေါ် ရန်လိုသောလုပ်ရပ် များလုပ်ဆောင်လာနေကြောင်း၊ ထို့အတွက်ကြောင့် မော်စကိုမြို့ရှိ ဗြိတိန်သံရုံး၏နိုင်ငံရေးဌာနမှ သံတမန် (၆)ဦးကို သံတမန်အဖြစ် အသိအမှတ်ပြုမှုများကို ရပ် စဲလိုက်ကြောင်း FSB အဖွဲ့ကပြောသည်။ ရုရှားနိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာ ခါရိုမာက ရုရှားနိုင်ငံအတွင်းရှိ ဗြိတိန်သံတမန်များ သည် ရုရှားပြည်သူများထိခိုက်နစ်နာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းများရှိနေကြောင်း ပြောဆိုထားသည်။

အဆိုပါ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ဗြိတိန်အာဏာပိုင်များက တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ ရုရှားနှင့် ဗြိတိန်နိုင်ငံကြားဆက်ဆံရေး သည် ယူကရိန်းနှင့် ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း တင်းမာမှုများပိုမိုဖြစ်လာခဲ့ကြောင်းသိရသည်။ ဗြိတိန်သည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများကူ ညီထောက်ပံ့ပေးသည့်အပြင် ယူကရိန်းလေယာဉ်မှူးများကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့ကြောင်းသိရသည်။

zawgyi version
ၿဗိတိန္သံတမန္ (၆)ဦးကို ႐ုရွားအစိုးရ ႏွင္ထုတ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆

႐ုရွားအစိုးရသည္ ၿဗိတိန္သံတမန္ (၆)ဦးကို ႏွင္ထုတ္လိုက္ေၾကာင္း ႐ုရွားဖက္ဒရယ္လုံၿခဳံေရးဝန္ ေဆာင္မႈအဖြဲ႕ (FSB) အဖြဲ႕က သတင္းထုတ္ျပန္ထား သည္။ ၿဗိတိန္ႏိုင္ငံသည္ ႐ုရွားႏိုင္ငံ၏တည္ၿငိမ္မႈမ်ား ထိခိုက္ေစရန္ႏွင့္ ကမာၻတစ္ဝန္းတင္းမာမႈမ်ားျဖစ္လာ ေစရန္ ႀကိဳးပမ္းမႈမ်ားတြင္ပါဝင္ေနေၾကာင္း (FSB) အဖြဲ႕က သတင္းထုတ္ျပန္ထားသည္။ (FSB) အဖြဲ႕က 'ကြၽန္ေတာ္တို႔ ရရွိထားတဲ့စာ႐ြက္စာတမ္း အေထာက္အထားေတြအရ ၿဗိတိန္ဟာ ႏိုင္ငံတကာမွာ စစ္ေရးနဲ႔ ႏိုင္ငံေရးအေျခအေနေတြ တင္းမာေအာင္ လုပ္ေဆာင္ေနတယ္။ ႐ုရွားႏိုင္ငံမွာတည္ၿငိမ္မႈမျဖစ္ေအာင္ အဖ်က္အေမွာက္လုပ္ရပ္ေတြလုပ္ခဲ့တယ္'ဟုေျပာသည္။

ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အေရွ႕ဥေရာပႏွင့္ အာရွတိုက္အလယ္ပိုင္း ၫႊန္ၾကားေရးမႉးသည္ ယူကရိန္းႏွင့္႐ုရွားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ႐ုရွားႏိုင္ငံကို ဆန႔္က်င္ေစရန္ အထူးဝန္ေဆာင္မႈအဖြဲ႕မ်ား ေစလႊတ္ခဲ့ေၾကာင္း ႐ုရွားဘက္ကေျပာသည္။ ၿဗိတိန္သည္ ႐ုရွားႏိုင္ငံအေပၚ ရန္လိုေသာလုပ္ရပ္ မ်ားလုပ္ေဆာင္လာေနေၾကာင္း၊ ထို႔အတြက္ေၾကာင့္ ေမာ္စကိုၿမိဳ႕ရွိ ၿဗိတိန္သံ႐ုံး၏ႏိုင္ငံေရးဌာနမွ သံတမန္ (၆)ဦးကို သံတမန္အျဖစ္ အသိအမွတ္ျပဳမႈမ်ားကို ရပ္ စဲလိုက္ေၾကာင္း FSB အဖြဲ႕ကေျပာသည္။ ႐ုရွားႏိုင္ငံ ျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာရီယာဇာ ခါ႐ိုမာက ႐ုရွားႏိုင္ငံအတြင္းရွိ ၿဗိတိန္သံတမန္မ်ား သည္ ႐ုရွားျပည္သူမ်ားထိခိုက္နစ္နာေစရန္ ရည္႐ြယ္လုပ္ေဆာင္ျခင္းမ်ားရွိေနေၾကာင္း ေျပာဆိုထားသည္။

အဆိုပါ ေျပာဆိုခ်က္မ်ားႏွင့္ပတ္သက္ၿပီး ၿဗိတိန္အာဏာပိုင္မ်ားက တုံ႔ျပန္ျခင္းမရွိေသးေၾကာင္း သိရသည္။ ႐ုရွားႏွင့္ ၿဗိတိန္ႏိုင္ငံၾကားဆက္ဆံေရး သည္ ယူကရိန္းႏွင့္ ႐ုရွားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တင္းမာမႈမ်ားပိုမိုျဖစ္လာခဲ့ေၾကာင္းသိရသည္။ ၿဗိတိန္သည္ ယူကရိန္းကို စစ္လက္နက္ပစၥည္းမ်ားကူ ညီေထာက္ပံ့ေပးသည့္အျပင္ ယူကရိန္းေလယာဥ္မႉးမ်ားကိုလည္း ေလ့က်င့္သင္ၾကားေပးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.