ထိုင်းနိုင်ငံရဲ့ ရေမြင်းပေါက်လေး မူးတင် အင်တာနက် စတားဖြစ်နေ

 3450

ရောင်နီ (NP News) - စက်တင်ဘာ ၁၇

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး၊ ချွန်ဘူရီခရိုင်၊ Khao Kheow Open Zoo မှာ မကြာသေးခင်ကမှ ပေါက်ဖွားလာတဲ့ ရေမြင်းပေါက်လေး မူးတင်ဟာ အင်တာနက်ပေါ်မှာ ရေပန်းစား ကျော်ကြားလာနေပြီး သူ့ကိုကြည့်ဖို့ တိရစ္ဆာန်ရုံကို လာရောက်မယ့် လူအုပ်ကြီးကို ဆွဲဆောင်နေပါတယ်။

မူးတင်ရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေ၊ သွားမရှိသေးပေမယ့် ပါးစပ်လေးဟပြီး ဧည့်သည်တစ်ယောက်ရဲ့လက်ကို ကိုက်ဖို့ကြိုးစားပုံလေးတွေဟာ ဆိုရှယ်မီဒီယာမှာ သန်းနဲ့ချီတဲ့ ပရိသတ်တွေကို ဆွဲဆောင်နေခဲ့ပါတယ်။ ပုံမှန် တိရစ္ဆာန်ရုံကို မိုးရာသီ လာရောက်တဲ့ ဧည့်သည်အရေအတွက်ဟာ သီတင်းပတ်ကုန်ပိတ်ရက်မှာတောင် ပျှမ်းမျှ ၈၀၀ ဝန်းကျင်သာရှိခဲ့ရာမှ ယခု weekday မှာ လာရောက်လည်ပတ်သူ အရေအတွက် ၃,၀၀၀ မှ ၄,၀၀၀ ကြား လာရောက်စေခဲ့တယ်လို့ သိရပါတယ်။ အဲဒီလာရောက်လည်ပတ်သူ အများစုဟာ မူးတင်ကိုကြည့်ဖို့ တန်းစီနေကြတာ ဖြစ်တယ်လို့ တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက ဆိုပါတယ်။

မူးတင်ရဲ့အဖွားမာလီဟာ ထိုင်းနိုင်ငံရဲ့ အသက်အကြီးဆုံး ရေမြင်းဖြစ်ပြီး အသက် ၅၉ နှစ် ပြည့်ပြီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

zawgyi version
ထိုင္းႏိုင္ငံရဲ႕ ေရျမင္းေပါက္ေလး မူးတင္ အင္တာနက္ စတားျဖစ္ေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၇

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕အနီး၊ ခြၽန္ဘူရီခ႐ိုင္၊ Khao Kheow Open Zoo မွာ မၾကာေသးခင္ကမွ ေပါက္ဖြားလာတဲ့ ေရျမင္းေပါက္ေလး မူးတင္ဟာ အင္တာနက္ေပၚမွာ ေရပန္းစား ေက်ာ္ၾကားလာေနၿပီး သူ႔ကိုၾကည့္ဖို႔ တိရစာၦန္႐ုံကို လာေရာက္မယ့္ လူအုပ္ႀကီးကို ဆြဲေဆာင္ေနပါတယ္။

မူးတင္ရဲ႕ခ်စ္စရာေကာင္းတဲ့ အျပဳအမူေလးေတြ၊ သြားမရွိေသးေပမယ့္ ပါးစပ္ေလးဟၿပီး ဧည့္သည္တစ္ေယာက္ရဲ႕လက္ကို ကိုက္ဖို႔ႀကိဳးစားပုံေလးေတြဟာ ဆိုရွယ္မီဒီယာမွာ သန္းနဲ႔ခ်ီတဲ့ ပရိသတ္ေတြကို ဆြဲေဆာင္ေနခဲ့ပါတယ္။ ပုံမွန္ တိရစာၦန္႐ုံကို မိုးရာသီ လာေရာက္တဲ့ ဧည့္သည္အေရအတြက္ဟာ သီတင္းပတ္ကုန္ပိတ္ရက္မွာေတာင္ ပွ်မ္းမွ် ၈၀၀ ဝန္းက်င္သာရွိခဲ့ရာမွ ယခု weekday မွာ လာေရာက္လည္ပတ္သူ အေရအတြက္ ၃,၀၀၀ မွ ၄,၀၀၀ ၾကား လာေရာက္ေစခဲ့တယ္လို႔ သိရပါတယ္။ အဲဒီလာေရာက္လည္ပတ္သူ အမ်ားစုဟာ မူးတင္ကိုၾကည့္ဖို႔ တန္းစီေနၾကတာ ျဖစ္တယ္လို႔ တိရစာၦန္႐ုံ တာဝန္ရွိသူေတြက ဆိုပါတယ္။

မူးတင္ရဲ႕အဖြားမာလီဟာ ထိုင္းႏိုင္ငံရဲ႕ အသက္အႀကီးဆုံး ေရျမင္းျဖစ္ၿပီး အသက္ ၅၉ ႏွစ္ ျပည့္ၿပီးၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.