ရခိုင်ကိုအုပ်ချုပ်မည့် ထွန်းမြတ်နိုင်၏ပြောစကား ပဒေသရာဇ်စနစ် စစ်ဘုရင်ဝါဒဖြစ်နေဟုဆို

 13589

သုတကျော် (NP News) - စက်တင်ဘာ ၁၇

ရခိုင်ပြည်နယ်ကို ULA က ရှေ့ဆောင် ပါတီအဖြစ် ခေါင်းဆောင်သော တစ်ပြည်ထောင်စနစ်ဖြင့် ဆောင်ရွက်မည် ဆိုခြင်းမှာ ပဒေသရာဇ်စနစ်နှင့် အတူတူသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း ရခိုင့်အရေး ကျွမ်းကျင်သူ ရခိုင်တိုင်းရင်းသားတစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။

ULA/AAခေါင်းဆောင် ထွန်းမြတ်နိုင်က The Diplomats သတင်းဌာန နှင့် အင်တာဗျူးတွင် ရခိုင် ပြည်နယ်ကို ၎င်းတို့ အုပ်ချုပ်မည်ဆိုသော အကြောင်းအရာနှင့်ပတ်သက်၍ ULA ကရှေ့ဆောင် ပါတီ အဖြစ်ခေါင်းဆောင်သော တစ်ပြည်ထောင်စနစ်တစ်ရပ်ရှိမည်ဖြစ်ကာ စစ်တပ်က ပါတီ၏ထိန်းချုပ်မှု အောက်တွင် ရှိနေမည်ဖြစ် ကြောင်း၊ ကနဦးတွင် ဗဟိုချုပ်ကိုင်မှုကို ဦစားပေးသော တစ်ပြည်ထောင် အစိုးရ ထူထောင်ကာ နောက်ပိုင်းတွင် အရည်အချင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအပေါ် မူတည်ကာ အုပ်ချုပ်ရေးအာဏာကို အစိုးရ အလွှာအသီးသီသို့ ခွဲဝေသွားနိုင်ခြေ ရှိသည်ဟု ပြောကြားထားခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ကို အထက်ပါ ရခိုင့်အရေးကျွမ်းကျင်သူ သတင်းရင်းမြစ်ထံ သဘောထားမှတ်ချက် တောင်းခံခဲ့ရာ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ရှေ့မှာလည်း အမှန်အတိုင်း ပြောရရင် တစ်ပါတီစနစ်ဖြစ်တဲ့ အာဏာရှင်စနစ်ကို မီဒီယာအများစုက ညွန့်ပေါင်း၊ ညွန့်ပေါင်းဆိုပြီး အော်ခဲ့တယ်။ ညွန့်ပေါင်းဖြစ်စေချင်တယ်။ ဒီတိုင်းရင်း သားတွေလည်း နေရာရရမယ် ဘယ်ဥစ္စာ၊ ဘယ်ဥစ္စာတွေဖြန့်ဝေပြီးတော့ ဘယ်လိုသွားမယ်ဆိုပြီးတော့ မီဒီယာအများစုက ညွန့်ပေါင်းဆိုတာကို အော်ခဲ့တယ်။ ပြောရရင် တစ်ပါတီဥစ္စာကရှေ့မှာ ဗိုလ်ချုပ် နေဝင်း လည်းရှိခဲ့တယ်။ တစ်ပါတီဆိုတဲ့ ဥစ္စာတစ်ခုက ပဒေသရာဇ်စနစ်နဲ့အတူတူပဲ။ “ ဝ” မူကို ယူတာလို့ ပြောရ မယ်။ “ ဝ” တွေဆိုတာ သူတို့ကဒီပုံစံပဲလေ။ သူတို့ရဲ့ မျိုးဆက်လည်း ဒီ မြောက်ကိုရီး ယားနဲ့အတူတူပဲ။ တစ်ပါတီရဲ့စနစ်က ခွဲပေးမှာ ဘယ်နှနှစ်မှာခွဲပေးမယ်ဆိုတဲ့ အာမခံချက်ရှိရမယ်လေ” ဟု ၎င်းက ဆိုသည်။ တစ်ပါတီ စနစ်နှင့် ပတ်သက်၍ (၅) နှစ်ဆောင်ရွက်မည်လား သို့မဟုတ် မည်သည့် ကာလအထိ ဆောင်ရွက်မည်ဆိုခြင်းကို ပဋိညာဉ်ပေး ပြောကြားရမည်ကြောင်း ၎င်းက ဆိုသည်။

“ ပါးစပ်ကနေစွတ်ပြောထားရင် သူရဲ့နောက်မှာ လူမရှိဘဲနဲ့မနက်ဖြန်၊သန်ဘက်ခါ ကိုယ်ရဲ့ အသက်တောင် ကိုယ်ပိုင်ကြတာမဟုတ်ဘူးလေ။ သူမရှိဘူးဆိုရင် ခွဲဝေပေးမယ်ဆိုတာ ဒီဥစ္စာကို ဘယ်သူက ကတိတည်မှာလဲ” ဟု ၎င်းက ဆိုသည်။ ယခုကဲ့သို့ ထုတ်ပြောလာခြင်းသည်ပင်လျှင် စစ်ဘုရင်ဝါဒ ဖြစ်သည်ဟု သုံးသပ်ရမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံအရေး သုံးသပ်လေ့လာသူတစ်ဦးက ဆိုသည်။

“စစ်ဘုရင်ဝါဒလို့ပဲ ပြောရမယ်။ AA မှာ က ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှု ရှိနေတာပဲ။ ရခိုင်ပြည်နယ်မှာ AA ထောက်ခံသူတွေ ကြားမှာ အခုလိုရှိတာလေ။ ဒါကြောင့်မို့လို့ ဒီအခြေအနေကို သုံးသပ်ရမယ်ဆိုရင် နောက်ထပ် စစ်ဘုရင်ဝါဒ အရ တာစူလာနေတယ်လို့ပဲ ပြောပါ ရစေ” ဟု ၎င်းက ဆိုသည်။

zawgyi version
ရခိုင္ကိုအုပ္ခ်ဳပ္မည့္ ထြန္းျမတ္ႏိုင္၏ေျပာစကား ပေဒသရာဇ္စနစ္ စစ္ဘုရင္ဝါဒျဖစ္ေနဟုဆို
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၇

ရခိုင္ျပည္နယ္ကို ULA က ေရွ႕ေဆာင္ ပါတီအျဖစ္ ေခါင္းေဆာင္ေသာ တစ္ျပည္ေထာင္စနစ္ျဖင့္ ေဆာင္႐ြက္မည္ ဆိုျခင္းမွာ ပေဒသရာဇ္စနစ္ႏွင့္ အတူတူသာ ျဖစ္လိမ့္မည္ျဖစ္ေၾကာင္း ရခိုင့္အေရး ကြၽမ္းက်င္သူ ရခိုင္တိုင္းရင္းသားတစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားသည္။

ULA/AAေခါင္းေဆာင္ ထြန္းျမတ္ႏိုင္က The Diplomats သတင္းဌာန ႏွင့္ အင္တာဗ်ဴးတြင္ ရခိုင္ ျပည္နယ္ကို ၎တို႔ အုပ္ခ်ဳပ္မည္ဆိုေသာ အေၾကာင္းအရာႏွင့္ပတ္သက္၍ ULA ကေရွ႕ေဆာင္ ပါတီ အျဖစ္ေခါင္းေဆာင္ေသာ တစ္ျပည္ေထာင္စနစ္တစ္ရပ္ရွိမည္ျဖစ္ကာ စစ္တပ္က ပါတီ၏ထိန္းခ်ဳပ္မႈ ေအာက္တြင္ ရွိေနမည္ျဖစ္ ေၾကာင္း၊ ကနဦးတြင္ ဗဟိုခ်ဳပ္ကိုင္မႈကို ဦစားေပးေသာ တစ္ျပည္ေထာင္ အစိုးရ ထူေထာင္ကာ ေနာက္ပိုင္းတြင္ အရည္အခ်င္းႏွင့္ လုပ္ငန္းေဆာင္႐ြက္ခ်က္မ်ားအေပၚ မူတည္ကာ အုပ္ခ်ဳပ္ေရးအာဏာကို အစိုးရ အလႊာအသီးသီသို႔ ခြဲေဝသြားႏိုင္ေျခ ရွိသည္ဟု ေျပာၾကားထားျခင္း ျဖစ္သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ သေဘာထားမွတ္ခ်က္ကို အထက္ပါ ရခိုင့္အေရးကြၽမ္းက်င္သူ သတင္းရင္းျမစ္ထံ သေဘာထားမွတ္ခ်က္ ေတာင္းခံခဲ့ရာ ၎က အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

“ ကြၽန္ေတာ္တို႔ေရွ႕မွာလည္း အမွန္အတိုင္း ေျပာရရင္ တစ္ပါတီစနစ္ျဖစ္တဲ့ အာဏာရွင္စနစ္ကို မီဒီယာအမ်ားစုက ၫြန႔္ေပါင္း၊ ၫြန႔္ေပါင္းဆိုၿပီး ေအာ္ခဲ့တယ္။ ၫြန႔္ေပါင္းျဖစ္ေစခ်င္တယ္။ ဒီတိုင္းရင္း သားေတြလည္း ေနရာရရမယ္ ဘယ္ဥစၥာ၊ ဘယ္ဥစၥာေတြျဖန႔္ေဝၿပီးေတာ့ ဘယ္လိုသြားမယ္ဆိုၿပီးေတာ့ မီဒီယာအမ်ားစုက ၫြန႔္ေပါင္းဆိုတာကို ေအာ္ခဲ့တယ္။ ေျပာရရင္ တစ္ပါတီဥစၥာကေရွ႕မွာ ဗိုလ္ခ်ဳပ္ ေနဝင္း လည္းရွိခဲ့တယ္။ တစ္ပါတီဆိုတဲ့ ဥစၥာတစ္ခုက ပေဒသရာဇ္စနစ္နဲ႔အတူတူပဲ။ “ ဝ” မူကို ယူတာလို႔ ေျပာရ မယ္။ “ ဝ” ေတြဆိုတာ သူတို႔ကဒီပုံစံပဲေလ။ သူတို႔ရဲ႕ မ်ိဳးဆက္လည္း ဒီ ေျမာက္ကိုရီး ယားနဲ႔အတူတူပဲ။ တစ္ပါတီရဲ႕စနစ္က ခြဲေပးမွာ ဘယ္ႏွႏွစ္မွာခြဲေပးမယ္ဆိုတဲ့ အာမခံခ်က္ရွိရမယ္ေလ” ဟု ၎က ဆိုသည္။ တစ္ပါတီ စနစ္ႏွင့္ ပတ္သက္၍ (၅) ႏွစ္ေဆာင္႐ြက္မည္လား သို႔မဟုတ္ မည္သည့္ ကာလအထိ ေဆာင္႐ြက္မည္ဆိုျခင္းကို ပဋိညာဥ္ေပး ေျပာၾကားရမည္ေၾကာင္း ၎က ဆိုသည္။

“ ပါးစပ္ကေနစြတ္ေျပာထားရင္ သူရဲ႕ေနာက္မွာ လူမရွိဘဲနဲ႔မနက္ျဖန္၊သန္ဘက္ခါ ကိုယ္ရဲ႕ အသက္ေတာင္ ကိုယ္ပိုင္ၾကတာမဟုတ္ဘူးေလ။ သူမရွိဘူးဆိုရင္ ခြဲေဝေပးမယ္ဆိုတာ ဒီဥစၥာကို ဘယ္သူက ကတိတည္မွာလဲ” ဟု ၎က ဆိုသည္။ ယခုကဲ့သို႔ ထုတ္ေျပာလာျခင္းသည္ပင္လွ်င္ စစ္ဘုရင္ဝါဒ ျဖစ္သည္ဟု သုံးသပ္ရမည္ျဖစ္ေၾကာင္း ျမန္မာ့ႏိုင္ငံအေရး သုံးသပ္ေလ့လာသူတစ္ဦးက ဆိုသည္။

“စစ္ဘုရင္ဝါဒလို႔ပဲ ေျပာရမယ္။ AA မွာ က ဗိုလ္ခ်ဳပ္ ထြန္းျမတ္ႏိုင္ကို ပုဂၢိဳလ္ေရးကိုးကြယ္မႈ ရွိေနတာပဲ။ ရခိုင္ျပည္နယ္မွာ AA ေထာက္ခံသူေတြ ၾကားမွာ အခုလိုရွိတာေလ။ ဒါေၾကာင့္မို႔လို႔ ဒီအေျခအေနကို သုံးသပ္ရမယ္ဆိုရင္ ေနာက္ထပ္ စစ္ဘုရင္ဝါဒ အရ တာစူလာေနတယ္လို႔ပဲ ေျပာပါ ရေစ” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.