မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ

 1851

မြူနစ် (NP News) - စက်တင်ဘာ ၁၈

မြန်မာ-ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက ဘတ်ငွေသောင်းချီပေးကာ နှစ်ရှည်အိမ် ငှားရမ်းမှုများရှိနေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ကရင်ပြည်နယ်ရှိ၊ ဘုရားသုံး ဆူမြို့ကို လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော DKBA အဖွဲ့က ထိန်းချုပ်ထားသည့် သဘောရှိကြောင်း ဒေသခံများကဆိုသည်။

အလားတူ မြဝတီမြို့နယ်တစ်ဝိုက်တွင် တရုတ်နိုင်ငံသားများ ဆောင်ရွက်နေသည့် အွန်လိုင်း လုပ်ငန်းများသည် လည်း ဘုရားသုံးဆူမြို့ဘက်သို့ ပြောင်း ရွှေ့လာနေသည့်သဘောမှာရှိကြောင်း ဒေသခံများက မှတ်ချက်ပြုထားသည်။

‘ဘုရားသုံးဆူမှာ သူတို့(တရုတ်နိုင်ငံသား)က ငါးနှစ်စာချုပ်နဲ့ပါ ငှားနေတယ်ဆိုတော့ သူတို့က အခြေအနေ ကောင်းလို့ ငှားတဲ့သဘောဖြစ်နေတယ်။ ငါးနှစ်စာချုပ်ကို ပိုက်ဆံပုံပေးပြီး ငှားတယ်ဆိုကတည်းက သူတို့ကဒီမှာ ခြေကုပ်ယူမယ့်သဘောမှာရှိတယ်။ အခြေအနေကောင်းတယ်။ တိုက်ပွဲမဖြစ်နိုင်ဘူးလို့ ယူဆတဲ့သဘောမှာရှိတယ်။ အဓိကတော့ DKBA က ခွင့်ပြုပေးနေတာပေါ့။ ဒီမှာကတော့ အဓိက တရုတ်တွေလုပ်နေတာက ကာစီနိုလောင်းကစား ပေါ့။ ကျားဖျန့်တွေ ဘာတွေကတော့ နောက်ကွယ်မှာ လုပ်ရင်လည်း လုပ်မှာပေါ့။ အလုပ်သမားခဆိုရင်လည်း တစ်နေ့ကို ဘတ်(၄၀ဝ) လောက်ပေးပြီး ခေါ်နေတာ’ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက NP News ကို ပြောသည်။

ဘုရားသုံးဆူမြို့၏ လမ်းမတန်းရှိ နေအိမ်များသည် ယခင်က အိမ်ငှားဈေးနှုန်းများသည် တစ်လလျှင် ဘတ် (၃၀ဝဝ)၊ (၅၀ဝဝ)ဖြင့် အများဆုံး ရှိခဲ့သော်လည်း လက်ရှိတွင် တရုတ်နိုင်ငံသားများက ဘတ်သောင်းချီပေးကာ နှစ်ရှည် ငှားရမ်းနေထိုင်မှုများရှိနေကြောင်း သိရသည်။

‘နဂိုက လမ်းမတန်းတွေဆိုရင် အများဆုံး ဘတ်(၃၀ဝဝ)၊(၅၀ဝဝ)လောက်ပဲ ရှိတယ်။ အဲဒါတောင် မငှားနိုင် ကြဘူး။ အခုတော့ သူတို့က ဘတ်ကို သောင်းနဲ့ချီပေးပြီးငှားနေကြတာ။ ကျွန်တော်သိတဲ့ အိမ်တစ်လုံးဆိုရင် ဘတ် (၃၀ဝဝဝ)အထိ ပေး ငှားတာ။ တစ်လကို ဘတ်(၃၀ဝဝဝ)နော်။ အဲဒါကို ငါးနှစ်စာချုပ်နဲ့ငှားတာ။ ငါးနှစ်ဆိုတော့ ဘတ် သိန်းနှစ် ဆယ်လောက်ရှိတာပေါ့။ အဲဒီအားနဲ့ဆိုရင် အပြင်မှာ အိမ်တွေ၊ ခြံတွေ အများကြီးဝယ်လို့ရတာပေါ့။ တစ်မြို့လုံးမှာ ပတ်ငှားနေတဲ့ဟာတွေ အများကြီးပဲ’ ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးကပြောသည်။

ထိုသို့ အိမ်အငှားစာချုပ်ချုပ်ဆိုရာတွင် ဘုရားသုံးဆူမြို့ပေါ်၌ လုံခြုံရေးယူထားသည့် DKBA ထံတွင် စာချုပ်ချုပ်ဆိုမှုများရှိနေပြီး ၎င်းအဖွဲ့အနေဖြင့်လည်း ရာခိုင်နှုန်းအချို့ အကျိုးအမြတ်ရ ရှိမှုများရှိနေကြောင်း ဒေသခံများက ဆိုသည်။

‘မြဝတီဘက်က ဆင်းလာတဲ့ တရုတ်တွေက စားသောက်ဆိုင်ပါ အပါခေါ်လာတာ။ ဆံပင်ညှပ် ဆိုင်လည်း သူတို့ပဲ တစ်ခါတည်းခေါ်လာတယ်။ ရွှေ့လာတဲ့ပုံစံပဲ။ ဘုရားသုံးဆူထဲမှာ တရုတ်တွေ ခြေတွေရှုပ်နေတာပဲ။ မမြင်ချင်မှ အဆုံး။ ဘုရားသုံးဆူမြို့ပေါ်ကို DKBA က လုံခြုံရေးယူပေးထားတာလေ။ အိမ်တွေ၊ ဘာတွေ ငှားလို့ရှိရင်လည်း စာချုပ် ချုပ်တာက DKBA ဆီမှာပဲ ချုပ်တာလေ။ အဲဒီမှာ ချုပ်တော့ သူတို့လည်းရာခိုင်နှုန်း ရတယ်လေ။ DKBA က ပွဲစားလည်း လုပ်နေတာပေါ့’ ဟု မြို့ခံ တစ်ဦးက ဆက်လက်ပြောသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်တစ်ဝိုက်တွင် အွန်လိုင်းလုပ်ငန်းများဆောင် ရွက်နေသည့် နိုင်ငံခြားသားများ အနေဖြင့် ယခု (၂၀၂၄) ခုနှစ် အောက်တို ဘာ (၃၁) ရက်နေ့ နောက်ဆုံးထားကာ ဒေသအတွင်းမှ ထွက်ခွာသွားရန် ဗိုလ်မှူးကြီးစော ချစ်သူဦးဆောင်သော ကရင်ပြည်နယ်၊ နယ်ခြား စောင့်တပ်(BGF)အဖွဲ့က ထုတ်ပြန်သတိပေးထားသည်။

zawgyi version
ျမန္မာ-ထိုင္းနယ္စပ္ ဘုရားသုံးဆူၿမိဳ႕တြင္ တ႐ုတ္ႏိုင္ငံသားမ်ားက မတန္တ ဆေဈးေပးၿပီး ႏွစ္ရွည္အိမ္ငွားရမ္းမႈမ်ား ရွိေန
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၈

ျမန္မာ-ထိုင္းနယ္စပ္ရွိ ဘုရားသုံးဆူၿမိဳ႕တြင္ တ႐ုတ္ႏိုင္ငံသားမ်ားက ဘတ္ေငြေသာင္းခ်ီေပးကာ ႏွစ္ရွည္အိမ္ ငွားရမ္းမႈမ်ားရွိေနေၾကာင္း ၿမိဳ႕ခံ မ်ားထံမွ စုံစမ္းသိရွိရသည္။

လက္ရွိတြင္ ကရင္ျပည္နယ္ရွိ၊ ဘုရားသုံး ဆူၿမိဳ႕ကို လက္နက္ကိုင္အဖြဲ႕အစည္းတစ္ခုျဖစ္ေသာ DKBA အဖြဲ႕က ထိန္းခ်ဳပ္ထားသည့္ သေဘာရွိေၾကာင္း ေဒသခံမ်ားကဆိုသည္။

အလားတူ ျမဝတီၿမိဳ႕နယ္တစ္ဝိုက္တြင္ တ႐ုတ္ႏိုင္ငံသားမ်ား ေဆာင္႐ြက္ေနသည့္ အြန္လိုင္း လုပ္ငန္းမ်ားသည္ လည္း ဘုရားသုံးဆူၿမိဳ႕ဘက္သို႔ ေျပာင္း ေ႐ႊ႕လာေနသည့္သေဘာမွာရွိေၾကာင္း ေဒသခံမ်ားက မွတ္ခ်က္ျပဳထားသည္။

‘ဘုရားသုံးဆူမွာ သူတို႔(တ႐ုတ္ႏိုင္ငံသား)က ငါးႏွစ္စာခ်ဳပ္နဲ႔ပါ ငွားေနတယ္ဆိုေတာ့ သူတို႔က အေျခအေန ေကာင္းလို႔ ငွားတဲ့သေဘာျဖစ္ေနတယ္။ ငါးႏွစ္စာခ်ဳပ္ကို ပိုက္ဆံပုံေပးၿပီး ငွားတယ္ဆိုကတည္းက သူတို႔ကဒီမွာ ေျခကုပ္ယူမယ့္သေဘာမွာရွိတယ္။ အေျခအေနေကာင္းတယ္။ တိုက္ပြဲမျဖစ္ႏိုင္ဘူးလို႔ ယူဆတဲ့သေဘာမွာရွိတယ္။ အဓိကေတာ့ DKBA က ခြင့္ျပဳေပးေနတာေပါ့။ ဒီမွာကေတာ့ အဓိက တ႐ုတ္ေတြလုပ္ေနတာက ကာစီႏိုေလာင္းကစား ေပါ့။ က်ားဖ်န႔္ေတြ ဘာေတြကေတာ့ ေနာက္ကြယ္မွာ လုပ္ရင္လည္း လုပ္မွာေပါ့။ အလုပ္သမားခဆိုရင္လည္း တစ္ေန႔ကို ဘတ္(၄၀ဝ) ေလာက္ေပးၿပီး ေခၚေနတာ’ဟု ဘုရားသုံးဆူၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ဘုရားသုံးဆူၿမိဳ႕၏ လမ္းမတန္းရွိ ေနအိမ္မ်ားသည္ ယခင္က အိမ္ငွားေဈးႏႈန္းမ်ားသည္ တစ္လလွ်င္ ဘတ္ (၃၀ဝဝ)၊ (၅၀ဝဝ)ျဖင့္ အမ်ားဆုံး ရွိခဲ့ေသာ္လည္း လက္ရွိတြင္ တ႐ုတ္ႏိုင္ငံသားမ်ားက ဘတ္ေသာင္းခ်ီေပးကာ ႏွစ္ရွည္ ငွားရမ္းေနထိုင္မႈမ်ားရွိေနေၾကာင္း သိရသည္။

‘နဂိုက လမ္းမတန္းေတြဆိုရင္ အမ်ားဆုံး ဘတ္(၃၀ဝဝ)၊(၅၀ဝဝ)ေလာက္ပဲ ရွိတယ္။ အဲဒါေတာင္ မငွားႏိုင္ ၾကဘူး။ အခုေတာ့ သူတို႔က ဘတ္ကို ေသာင္းနဲ႔ခ်ီေပးၿပီးငွားေနၾကတာ။ ကြၽန္ေတာ္သိတဲ့ အိမ္တစ္လုံးဆိုရင္ ဘတ္ (၃၀ဝဝဝ)အထိ ေပး ငွားတာ။ တစ္လကို ဘတ္(၃၀ဝဝဝ)ေနာ္။ အဲဒါကို ငါးႏွစ္စာခ်ဳပ္နဲ႔ငွားတာ။ ငါးႏွစ္ဆိုေတာ့ ဘတ္ သိန္းႏွစ္ ဆယ္ေလာက္ရွိတာေပါ့။ အဲဒီအားနဲ႔ဆိုရင္ အျပင္မွာ အိမ္ေတြ၊ ၿခံေတြ အမ်ားႀကီးဝယ္လို႔ရတာေပါ့။ တစ္ၿမိဳ႕လုံးမွာ ပတ္ငွားေနတဲ့ဟာေတြ အမ်ားႀကီးပဲ’ ဟု ဘုရားသုံးဆူၿမိဳ႕ခံတစ္ဦးကေျပာသည္။

ထိုသို႔ အိမ္အငွားစာခ်ဳပ္ခ်ဳပ္ဆိုရာတြင္ ဘုရားသုံးဆူၿမိဳ႕ေပၚ၌ လုံၿခဳံေရးယူထားသည့္ DKBA ထံတြင္ စာခ်ဳပ္ခ်ဳပ္ဆိုမႈမ်ားရွိေနၿပီး ၎အဖြဲ႕အေနျဖင့္လည္း ရာခိုင္ႏႈန္းအခ်ိဳ႕ အက်ိဳးအျမတ္ရ ရွိမႈမ်ားရွိေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

‘ျမဝတီဘက္က ဆင္းလာတဲ့ တ႐ုတ္ေတြက စားေသာက္ဆိုင္ပါ အပါေခၚလာတာ။ ဆံပင္ညႇပ္ ဆိုင္လည္း သူတို႔ပဲ တစ္ခါတည္းေခၚလာတယ္။ ေ႐ႊ႕လာတဲ့ပုံစံပဲ။ ဘုရားသုံးဆူထဲမွာ တ႐ုတ္ေတြ ေျခေတြရႈပ္ေနတာပဲ။ မျမင္ခ်င္မွ အဆုံး။ ဘုရားသုံးဆူၿမိဳ႕ေပၚကို DKBA က လုံၿခဳံေရးယူေပးထားတာေလ။ အိမ္ေတြ၊ ဘာေတြ ငွားလို႔ရွိရင္လည္း စာခ်ဳပ္ ခ်ဳပ္တာက DKBA ဆီမွာပဲ ခ်ဳပ္တာေလ။ အဲဒီမွာ ခ်ဳပ္ေတာ့ သူတို႔လည္းရာခိုင္ႏႈန္း ရတယ္ေလ။ DKBA က ပြဲစားလည္း လုပ္ေနတာေပါ့’ ဟု ၿမိဳ႕ခံ တစ္ဦးက ဆက္လက္ေျပာသည္။

ကရင္ျပည္နယ္ ျမဝတီၿမိဳ႕နယ္တစ္ဝိုက္တြင္ အြန္လိုင္းလုပ္ငန္းမ်ားေဆာင္ ႐ြက္ေနသည့္ ႏိုင္ငံျခားသားမ်ား အေနျဖင့္ ယခု (၂၀၂၄) ခုႏွစ္ ေအာက္တို ဘာ (၃၁) ရက္ေန႔ ေနာက္ဆုံးထားကာ ေဒသအတြင္းမွ ထြက္ခြာသြားရန္ ဗိုလ္မႉးႀကီးေစာ ခ်စ္သူဦးေဆာင္ေသာ ကရင္ျပည္နယ္၊ နယ္ျခား ေစာင့္တပ္(BGF)အဖြဲ႕က ထုတ္ျပန္သတိေပးထားသည္။

Related news

© 2021. All rights reserved.