နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်

 1422

NP News - စက်တင်ဘာ ၁၈

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကို စားပြီးနောက် လူပေါင်း(၁၀၀) ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း နစက၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာ ၁၇ ရက်)၊ နံနက် ၁၀နာရီခန့်က တပ်ကုန်းမြို့နယ်၊ ကြက်သွန်းခင်းကျေးရွာအုပ်စု၊ ချောင်းခြားကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကျေးရွာသို့ အလှူရှင်များ လာရောက်လှူဒါန်းသော ဒံပေါက်၊ ကြက်သားအလူးဟင်း၊ ဘဲဥခရမ်းချဉ်သီးချက်များကို ရေဘေးသင့် ပြည်သူ့များက စားသောက်ပြီးနောက် နာရီပိုင်းအကြာတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်း စသော အစာအဆိပ်သင့်သည့် ရောဂါလက္ခဏာများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် လူနာများကို တပ်ကုန်းမြိုနယ် ခုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ပြင်ပလူနာအဖြစ် (၅၀)ဦး၊ အတွင်းလူနာအဖြစ် (၅၆)ဦး၊ ကလေးရောဂါအထူးကုဆေးရုံကြီး - နေပြည်တော်တွင် အတွင်းလူနာအဖြစ် (၅)ဦး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)တွင် အတွင်းလူနာအဖြစ် (၄)ဦးတို့ကို ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် လူနာများ၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပြီး သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများပူပေါင်း၍ ကွင်းဆင်းကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါဒေသများသို့ သွားရောက်လှူဒါန်းသော အလှူရှင်များအနေဖြင့် ပူပူနွေးနွေးပြင်ဆင်ထားပြီး သန့်ရှင်းသော အစားအသောက်များကိုသာ ပေးပို့လှူဒါန်းပေးကြရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၄၂)ဦးထိရှိခဲ့ပြီး လက်ရှိတွင် ရေဘေးသင့်ဒေသများ၌ ပြန်လည် ထူ‌ထောင်ရေးလုပ်ငန်များလုပ်ဆောင်နေလျက်ရှိသည်။

zawgyi version
ေနျပည္ေတာ္တြင္ အလႉရွင္မ်ားက လႉဒါန္းထားေသာ အစားအေသာက္မ်ားကိုစားၿပီးေနာက္ လူေပါင္း(၁၀၀)ေက်ာ္ အစာအဆိပ္သင့္မႈ ျဖစ္ပြားခဲ့ဟု နစက ထုတ္ျပန္
NP News - စက္တင္ဘာ ၁၈

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္တြင္ အလႉရွင္မ်ားက လႉဒါန္းထားေသာ အစားအေသာက္မ်ားကို စားၿပီးေနာက္ လူေပါင္း(၁၀၀) ေက်ာ္ အစာအဆိပ္သင့္မႈ ျဖစ္ပြားခဲ့ေၾကာင္း နစက၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာ ၁၇ ရက္)၊ နံနက္ ၁၀နာရီခန႔္က တပ္ကုန္းၿမိဳ႕နယ္၊ ၾကက္သြန္းခင္းေက်း႐ြာအုပ္စု၊ ေခ်ာင္းျခားေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါေက်း႐ြာသို႔ အလႉရွင္မ်ား လာေရာက္လႉဒါန္းေသာ ဒံေပါက္၊ ၾကက္သားအလူးဟင္း၊ ဘဲဥခရမ္းခ်ဥ္သီးခ်က္မ်ားကို ေရေဘးသင့္ ျပည္သူ႔မ်ားက စားေသာက္ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ ဝမ္းေလွ်ာျခင္း၊ ေအာ့အန္ျခင္း စေသာ အစာအဆိပ္သင့္သည့္ ေရာဂါလကၡဏာမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ လူနာမ်ားကို တပ္ကုန္းၿမိဳနယ္ ခုတင္(၁၀၀) ျပည္သူ႔ေဆး႐ုံတြင္ ျပင္ပလူနာအျဖစ္ (၅၀)ဦး၊ အတြင္းလူနာအျဖစ္ (၅၆)ဦး၊ ကေလးေရာဂါအထူးကုေဆး႐ုံႀကီး - ေနျပည္ေတာ္တြင္ အတြင္းလူနာအျဖစ္ (၅)ဦး၊ ေနျပည္ေတာ္ ျပည္သူ႔ေဆး႐ုံႀကီး (ခုတင္-၃၀၀)တြင္ အတြင္းလူနာအျဖစ္ (၄)ဦးတို႔ကို ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

လက္ရွိတြင္ လူနာမ်ား၏ အေျခအေနမွာ သက္သာေကာင္းမြန္လ်က္ရွိၿပီး သက္ဆိုင္ရာက်န္းမာေရးဝန္ထမ္းမ်ားပူေပါင္း၍ ကြင္းဆင္းကာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကိုလည္း ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါေဒသမ်ားသို႔ သြားေရာက္လႉဒါန္းေသာ အလႉရွင္မ်ားအေနျဖင့္ ပူပူေႏြးေႏြးျပင္ဆင္ထားၿပီး သန႔္ရွင္းေသာ အစားအေသာက္မ်ားကိုသာ ေပးပို႔လႉဒါန္းေပးၾကရန္ က်န္းမာေရးဝန္ႀကီးဌာနက တိုက္တြန္းထားသည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးသူ(၄၂)ဦးထိရွိခဲ့ၿပီး လက္ရွိတြင္ ေရေဘးသင့္ေဒသမ်ား၌ ျပန္လည္ ထူ‌ေထာင္ေရးလုပ္ငန္မ်ားလုပ္ေဆာင္ေနလ်က္ရွိသည္။

Related news

© 2021. All rights reserved.