အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ

 2732

Pika (NP News) - စက်တင်ဘာ ၁၉

ဝါရင့်အက်ရှင်ရုပ်ရှင်မင်းသားဂျက်လီသည် အချိန်အတော်ကြာအောင် လူမြင်ကွင်းမှပျောက်နေခဲ့ပြီးနောက် ပြီးခဲ့သည့်စက်တင်ဘာလ(၁၄)ရက်နှင့် (၁၅)ရက်တို့က စင်ကာပူနိုင်ငံ Sands Expo and Convention Centre တွင် ကျင်းပသည့် Thousand-Armed Avalokiteshvara Grand Puja 2024 ဟုခေါ်သော တိဗက်ဗုဒ္ဓဘာသာပွဲတော် တစ်ခုတွင် ပြန်လည်ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

Drikung Kagyu (Singapore) OM Centre က စီစဉ်သော အဆိုပါပွဲတော်တွင် ထင်ရှားသောတိဗက်ဗုဒ္ဓဘာသာ ဆရာတော် Drikung Kyabgon Chetsang Rinpoche က ဩဝါဒများပို့ချပေးခဲ့ကြောင်းလည်း သိရသည်။ ၂ဝဝ၉ ခုနှစ်တွင် စင်ကာပူနိုင်ငံသားအဖြစ်ခံယူခဲ့သော ဂျက်လီသည် အဆိုပါပွဲတော်အတွင်း ဆုတောင်းခြင်းနှင့် ထုံးတမ်း အစဉ်အလာများအတိုင်း လိုက်ပါလုပ်ဆောင်နေသည်ကိုလည်း ဆိုရှယ်မီဒီယာများပေါ်တွင် တင်ထားသော ဓါတ်ပုံများတွင် တွေ့မြင်ခဲ့ရသည်။

ထို့ပြင် ဂျက်လီသည် စက်တင်ဘာလ(၁၄)ရက်တွင် Esplanade ပြဇာတ်ရုံတွင် A Dream Of Red Mansions ပြဇာတ်ကို ကြည့်ရှုခဲ့ကြောင်း ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးဖြစ်သည့် Xiaohongshu က ရေးသားဖော်ပြခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်များအတွင်း ကိုယ်ခံပညာနှင့်ပတ်သက်ပြီး အထင်ကရပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သော ဂျက်လီ သည် ပြီးခဲ့သည့်နှစ်များအတွင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ပြီးနောက် ယခုလိုပြန်လည်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၃ ခုနှစ်တွင် ဂျက်လီက ၎င်းသည် ကျောရိုးပြဿနာ အပါအဝင် ကျန်းမာရေးပြဿနာများစွာကို ခံစားနေရ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ၂ဝ၁၈ ခုနှစ်တွင် ဂျက်လီ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသော ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက် ၎င်း၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ သို့သော်လည်း တစ်နှစ်အကြာ ၂ဝ၁၉ ခုနှစ်တွင် ဂျက်လီသည် ပိုမိုကျန်းမာသောပုံစံမျိုးဖြင့် လူမြင်ကွင်းကို ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ဂျက်လီပါဝင်ရိုက်ကူးထားသော နောက်ဆုံးရုပ်ရှင်ဇာတ်ကားမှာ ၂ဝ၂ဝ ပြည့်နှစ်က ထွက်ရှိခဲ့သော မူလန်ရုပ်ရှင် ဇာတ်ကားဖြစ်ပြီး ဂျက်လီကတရုတ်ဧကရာဇ်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။

Zawgyi Version;
အခ်ိန္အေတာ္ၾကာ ေပ်ာက္ကြယ္ေနခဲ့ၿပီးေနာက္ လူျမင္ကြင္းကို တစ္ဖန္ျပန္ထြက္လာတဲ့ မင္းသားႀကီးဂ်က္လီ
Pika (NP News) - စက္တင္ဘာ ၁၉

ဝါရင့္အက္ရွင္႐ုပ္ရွင္မင္းသားဂ်က္လီသည္ အခ်ိန္အေတာ္ၾကာေအာင္ လူျမင္ကြင္းမွေပ်ာက္ေနခဲ့ၿပီးေနာက္ ၿပီးခဲ့သည့္စက္တင္ဘာလ(၁၄)ရက္ႏွင့္ (၁၅)ရက္တို႔က စင္ကာပူႏိုင္ငံ Sands Expo and Convention Centre တြင္ က်င္းပသည့္ Thousand-Armed Avalokiteshvara Grand Puja 2024 ဟုေခၚေသာ တိဗက္ဗုဒၶဘာသာပြဲေတာ္ တစ္ခုတြင္ ျပန္လည္ထြက္ေပၚလာခဲ့ေၾကာင္း သိရသည္။

Drikung Kagyu (Singapore) OM Centre က စီစဥ္ေသာ အဆိုပါပြဲေတာ္တြင္ ထင္ရွားေသာတိဗက္ဗုဒၶဘာသာ ဆရာေတာ္ Drikung Kyabgon Chetsang Rinpoche က ဩဝါဒမ်ားပို႔ခ်ေပးခဲ့ေၾကာင္းလည္း သိရသည္။ ၂ဝဝ၉ ခုႏွစ္တြင္ စင္ကာပူႏိုင္ငံသားအျဖစ္ခံယူခဲ့ေသာ ဂ်က္လီသည္ အဆိုပါပြဲေတာ္အတြင္း ဆုေတာင္းျခင္းႏွင့္ ထုံးတမ္း အစဥ္အလာမ်ားအတိုင္း လိုက္ပါလုပ္ေဆာင္ေနသည္ကိုလည္း ဆိုရွယ္မီဒီယာမ်ားေပၚတြင္ တင္ထားေသာ ဓါတ္ပုံမ်ားတြင္ ေတြ႕ျမင္ခဲ့ရသည္။

ထို႔ျပင္ ဂ်က္လီသည္ စက္တင္ဘာလ(၁၄)ရက္တြင္ Esplanade ျပဇာတ္႐ုံတြင္ A Dream Of Red Mansions ျပဇာတ္ကို ၾကည့္ရႈခဲ့ေၾကာင္း ဆိုရွယ္မီဒီယာအသုံးျပဳသူတစ္ဦးျဖစ္သည့္ Xiaohongshu က ေရးသားေဖာ္ျပခဲ့သည္။ ၁၉၉ဝ ျပည့္ႏွစ္မ်ားအတြင္း ကိုယ္ခံပညာႏွင့္ပတ္သက္ၿပီး အထင္ကရပုဂၢိဳလ္တစ္ဦးျဖစ္ခဲ့ေသာ ဂ်က္လီ သည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း လူျမင္ကြင္းမွ ေပ်ာက္ကြယ္ေနခဲ့ၿပီးေနာက္ ယခုလိုျပန္လည္ထြက္ေပၚလာခဲ့ျခင္း ျဖစ္သည္။

၂ဝ၁၃ ခုႏွစ္တြင္ ဂ်က္လီက ၎သည္ ေက်ာ႐ိုးျပႆနာ အပါအဝင္ က်န္းမာေရးျပႆနာမ်ားစြာကို ခံစားေနရ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။ ၂ဝ၁၈ ခုႏွစ္တြင္ ဂ်က္လီ၏ ႐ုပ္ပိုင္းဆိုင္ရာ အားနည္းေနေသာ ဓါတ္ပုံမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ ၎၏ က်န္းမာေရးႏွင့္ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈမ်ားကို ျဖစ္ေပၚေစခဲ့သည္။ သို႔ေသာ္လည္း တစ္ႏွစ္အၾကာ ၂ဝ၁၉ ခုႏွစ္တြင္ ဂ်က္လီသည္ ပိုမိုက်န္းမာေသာပုံစံမ်ိဳးျဖင့္ လူျမင္ကြင္းကို ျပန္လည္ထြက္ေပၚလာခဲ့သည္။
ဂ်က္လီပါဝင္႐ိုက္ကူးထားေသာ ေနာက္ဆုံး႐ုပ္ရွင္ဇာတ္ကားမွာ ၂ဝ၂ဝ ျပည့္ႏွစ္က ထြက္ရွိခဲ့ေသာ မူလန္႐ုပ္ရွင္ ဇာတ္ကားျဖစ္ၿပီး ဂ်က္လီကတ႐ုတ္ဧကရာဇ္အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.