ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်

 579

ယွန်း(NP News) - စက်တင်ဘာ ၁၉

ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက စက်တင် ဘာ(၁၈)ရက်နေ့တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ် သည်။

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ရာ နေပြည်တော်၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရှမ်း နှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သော မြို့နယ် ၅၆ မြို့နယ်မှ ရပ်ကွက်၊ ကျေး ရွာတို့တွင် စက်တင်ဘာ(၁၈)ရက်နေ့အထိ ကောက်ယူရရှိသော စာရင်းများအရ ပြည်သူ (၂၆၈)ဦး သေဆုံးခဲ့ပြီး (၈၈)ဦး ပျောက်ဆုံးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် သဘာဝဘေးဒဏ်ကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် နိုင်ငံ တော်အစိုးရအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ (၅)သိန်းကျပ် နှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာနမှ (၃)သိန်းကျပ် စုစုပေါင်း (၈)သိန်းကျပ်ကို ကျန် ရစ်သူမိသားစုများထံ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့များကလည်း သီးခြားထပ်ဆောင်းထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။

အလားတူ ထိခိုက်ဒဏ်ရာခံစားခဲ့ရသည့်အခြေအနေ နှင့် အိုးအိမ်များပျက်စီး ဆုံးရှုံးမှုအခြေအနေများအပေါ်မူတည်၍ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆက်လက်ဆောင်ရွက်ပေးရန်လည်း စီစဥ်ထားကြောင်း သိရသည်။

zawgyi version
ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးခဲ့သူမ်ားကို တစ္ဦးလွ်င္ (၈)သိန္းက်ပ္ေထာက္ပံ့မည္

ယြန္း(NP News) - စက္တင္ဘာ ၁၉

ေရႀကီးေရလွ်ံမႈေၾကာင့္ ေသဆုံးခဲ့သူမ်ားကို တစ္ဦးလွ်င္ (၈)သိန္းက်ပ္ ေထာက္ပံ့ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီက စက္တင္ ဘာ(၁၈)ရက္ေန႔တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္ သည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အခ်ိဳ႕တြင္ မိုးအဆက္မျပတ္႐ြာသြန္းခဲ့ရာ ေနျပည္ေတာ္၊ ကယား၊ ကရင္၊ ပဲခူး၊ မေကြး၊ မႏၲေလး၊ ရွမ္း ႏွင့္ ဧရာဝတီတိုင္းအတြင္းရွိ ၿမိဳ႕နယ္ ၅၆ ၿမိဳ႕နယ္မွ ရပ္ကြက္၊ ေက်း႐ြာမ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚခဲ့သည္။

ထိုသို႔ ေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့ေသာ ၿမိဳ႕နယ္ ၅၆ ၿမိဳ႕နယ္မွ ရပ္ကြက္၊ ေက်း ႐ြာတို႔တြင္ စက္တင္ဘာ(၁၈)ရက္ေန႔အထိ ေကာက္ယူရရွိေသာ စာရင္းမ်ားအရ ျပည္သူ (၂၆၈)ဦး ေသဆုံးခဲ့ၿပီး (၈၈)ဦး ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ သဘာဝေဘးဒဏ္ေၾကာင့္ ေသဆုံးခဲ့သူမ်ားကို တစ္ဦးလွ်င္ ႏိုင္ငံ ေတာ္အစိုးရအေနျဖင့္ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈ ရန္ပုံေငြမွ (၅)သိန္းက်ပ္ ႏွင့္ လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ျပန္လည္ေန ရာခ်ထားေရးဝန္ႀကီးဌာနမွ (၃)သိန္းက်ပ္ စုစုေပါင္း (၈)သိန္းက်ပ္ကို က်န္ ရစ္သူမိသားစုမ်ားထံ ေထာက္ပံ့ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ သက္ဆိုင္ရာ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕မ်ားကလည္း သီးျခားထပ္ေဆာင္းေထာက္ပံ့ေပးသြားမည္ျဖစ္ေၾကာင္း အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီက ထုတ္ျပန္ထားသည္။

အလားတူ ထိခိုက္ဒဏ္ရာခံစားခဲ့ရသည့္အေျခအေန ႏွင့္ အိုးအိမ္မ်ားပ်က္စီး ဆုံးရႈံးမႈအေျခအေနမ်ားအေပၚမူတည္၍ လိုအပ္သည့္ ေထာက္ပံ့ကူညီမႈမ်ားကို ဆက္လက္ေဆာင္႐ြက္ေပးရန္လည္း စီစဥ္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.