မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား

 426

မြူနစ် (NP News) - စက်တင်ဘာ ၁၉

မဟာဓာတ်အားလိုင်းစနစ် တိုးချဲ့ရေးစီမံကိန်းများအတွက် ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်၌ ကျပ် ဘီလျံ(၂၀ဝ)ကျော် သုံးစွဲရန် လျာထားကြောင်း သတင်းရရှိသည်။

ယခုဘဏ္ဍာနှစ်တွင် နစက၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေး စီမံကိန်းများကို လုပ်ဆောင်ရန် ငွေကျပ် (၂၀၄၂၆၉ ဒသမ ၈၁၃) သန်း (ကျပ်ဘီလျံ ၂၀ဝ ကျော်) သုံးစွဲရန်လျာထား ကြောင်း နစက၏ သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။
အလားတူ အစားထိုးပင်မဓာတ်အားခွဲရုံနှင့် မဟာဓာတ်အားလိုင်း လုပ်ငန်းများဆောင်ရွက်ရန် အတွက်လည်း ငွေကျပ် (၄၄) ဘီလျံကျော်ကို ယခုဘဏ္ဍာနှစ်အတွင်း သုံးစွဲသွားရန်ရှိကြောင်း သိရသည်။

‘နိုင်ငံအတွက် အကျိုးရှိတာတွေ လုပ်မယ်ဆိုရင်တော့ သုံးစွဲဖို့လိုတာပေါ့။ လျှပ်စစ်မီးက လူထုအတွက်၊ နိုင်ငံအတွက် အရေးကြီးတယ်လေ။ အခု ကျွန်တော် အလုပ်မှာဆိုရင် လျှပ်စစ်မီးကလိုတယ်။ အချိန်ပိုင်းနဲ့ပဲ ရတာဆိုတော့ မီးမလာတဲ့အချိန်တွေမှာ မီးစက်သုံးရတယ်။ အဲဒီအတွက်တစ်ခါပိုက်ဆံကုန်ရတယ်။ ထွက်ငွေတွေ ဖြစ်လာတယ်ပေါ့။ အခုဟာက နိုင်ငံအတွက် သုံးစွဲမှာဖြစ်တော့ ဘတ်ဂျက်တွေကို သေချာလေး သုံးစေချင်တယ်။ နိုင်ငံအတွက် အလေ အလွင့်မရှိ ထိထိ ရောက်ရောက်လေးတော့ သုံးစေချင်တယ်’ဟု ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်တစ်ဦးက NP News ကို မှတ်ချက်ပြုပြောကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်၌ ကျေးလက်ဒေသ မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ် (၇၀၅၀) သန်းကိုလည်း သုံးစွဲရန်လျာထားကြောင်း သိရသည်။ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ ဓာတ် အားစနစ်ဖြင့် မီးလင်းရန်ကျန်ရှိနေသည့် မြို့ပေါင်းမှာ (၁၀၈)မြို့ရှိပြီးကျေးရွာပေါင်းမှာလည်း (၃၄၆၅၉) ရွာရှိကြောင်း နစက၏ သတင်းအချက် အလက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးခြင်းဖြင့် လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်သူမှာ အိမ်ထောင်စုပေါင်း (၇ ဒသမ ၄ )သန်း ရာခိုင်နှုန်းအားဖြင့် တစ်နိုင်ငံလုံးအိမ် ထောင်စုဦးရေ၏ (၆၈ ဒသမ ၄) ရာခိုင်နှုန်းအထိ တိုးတက်လာရန် ယခုဘဏ္ဍာနှစ်တွင် မျှော်မှန်းထားကြောင်း သိရသည်။

zawgyi version
မဟာဓာတ္အားလိုင္းစနစ္တိုးခ်ဲ႕ေရးစီမံကိန္းမ်ားအတြက္ ယခုဘ႑ာႏွစ္၌ က်ပ္ဘီလ်ံ (၂၀ဝ)ေက်ာ္ သုံးစြဲရန္ လ်ာထား
ျမဴနစ္ (NP News) - စက္တင္ဘာ ၁၉

မဟာဓာတ္အားလိုင္းစနစ္ တိုးခ်ဲ႕ေရးစီမံကိန္းမ်ားအတြက္ ယခု (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္၌ က်ပ္ ဘီလ်ံ(၂၀ဝ)ေက်ာ္ သုံးစြဲရန္ လ်ာထားေၾကာင္း သတင္းရရွိသည္။

ယခုဘ႑ာႏွစ္တြင္ နစက၏ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ မဟာဓာတ္အားလိုင္းစနစ္တိုးခ်ဲ႕ေရး စီမံကိန္းမ်ားကို လုပ္ေဆာင္ရန္ ေငြက်ပ္ (၂၀၄၂၆၉ ဒသမ ၈၁၃) သန္း (က်ပ္ဘီလ်ံ ၂၀ဝ ေက်ာ္) သုံးစြဲရန္လ်ာထား ေၾကာင္း နစက၏ သတင္းအခ်က္အလက္မ်ားတြင္ ေဖာ္ျပထားသည္။
အလားတူ အစားထိုးပင္မဓာတ္အားခြဲ႐ုံႏွင့္ မဟာဓာတ္အားလိုင္း လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ အတြက္လည္း ေငြက်ပ္ (၄၄) ဘီလ်ံေက်ာ္ကို ယခုဘ႑ာႏွစ္အတြင္း သုံးစြဲသြားရန္ရွိေၾကာင္း သိရသည္။

‘ႏိုင္ငံအတြက္ အက်ိဳးရွိတာေတြ လုပ္မယ္ဆိုရင္ေတာ့ သုံးစြဲဖို႔လိုတာေပါ့။ လွ်ပ္စစ္မီးက လူထုအတြက္၊ ႏိုင္ငံအတြက္ အေရးႀကီးတယ္ေလ။ အခု ကြၽန္ေတာ္ အလုပ္မွာဆိုရင္ လွ်ပ္စစ္မီးကလိုတယ္။ အခ်ိန္ပိုင္းနဲ႔ပဲ ရတာဆိုေတာ့ မီးမလာတဲ့အခ်ိန္ေတြမွာ မီးစက္သုံးရတယ္။ အဲဒီအတြက္တစ္ခါပိုက္ဆံကုန္ရတယ္။ ထြက္ေငြေတြ ျဖစ္လာတယ္ေပါ့။ အခုဟာက ႏိုင္ငံအတြက္ သုံးစြဲမွာျဖစ္ေတာ့ ဘတ္ဂ်က္ေတြကို ေသခ်ာေလး သုံးေစခ်င္တယ္။ ႏိုင္ငံအတြက္ အေလ အလြင့္မရွိ ထိထိ ေရာက္ေရာက္ေလးေတာ့ သုံးေစခ်င္တယ္’ဟု ရန္ကုန္ၿမိဳ႕ရွိ လုပ္ငန္းရွင္တစ္ဦးက NP News ကို မွတ္ခ်က္ျပဳေျပာၾကားသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနအေနျဖင့္ ယခုဘ႑ာႏွစ္၌ ေက်းလက္ေဒသ မီးလင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရန္ ေငြက်ပ္ (၇၀၅၀) သန္းကိုလည္း သုံးစြဲရန္လ်ာထားေၾကာင္း သိရသည္။ လက္ရွိတြင္ ျမန္မာတစ္ႏိုင္ငံလုံး၌ ဓာတ္ အားစနစ္ျဖင့္ မီးလင္းရန္က်န္ရွိေနသည့္ ၿမိဳ႕ေပါင္းမွာ (၁၀၈)ၿမိဳ႕ရွိၿပီးေက်း႐ြာေပါင္းမွာလည္း (၃၄၆၅၉) ႐ြာရွိေၾကာင္း နစက၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။

ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားက႑တြင္ လွ်ပ္စစ္ဓာတ္အားတိုးခ်ဲ႕ျဖန႔္ျဖဴးျခင္းျဖင့္ လွ်ပ္စစ္ဓာတ္အား ရရွိသုံးစြဲႏိုင္သူမွာ အိမ္ေထာင္စုေပါင္း (၇ ဒသမ ၄ )သန္း ရာခိုင္ႏႈန္းအားျဖင့္ တစ္ႏိုင္ငံလုံးအိမ္ ေထာင္စုဦးေရ၏ (၆၈ ဒသမ ၄) ရာခိုင္ႏႈန္းအထိ တိုးတက္လာရန္ ယခုဘ႑ာႏွစ္တြင္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.