အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်

 401

Pika (NP News) - စက်တင်ဘာ ၁၉

မြောက်ကိုရီးယားအစိုးရဟာ အလွန်ကြီးမားတဲ့ထိပ်ဖူးတွေအသုံးပြုထားတဲ့ မဟာဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်အသစ်တွေနဲ့ ပြုပြင်မွမ်းမံထားတဲ့ခရုဇ်ဒုံးကျည်တွေကို စက်တင်ဘာလ(၁၈)ရက်နေ့မှာ စမ်းသပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းတွေ နဲ့ နျူကလီးယားစွမ်းရည်တွေကို ပိုမိုအားကောင်းအောင်လုပ်ဆောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက တောင်းဆိုမှုနဲ့အတူ ယခုလိုစမ်းသပ်မှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့လုံခြုံရေးကို ပြင်ပတပ်ဖွဲ့တွေရဲ့ ခြိမ်း ခြောက်မှုတွေက မြင့်မားလာနေတာမလို့ စစ်လက်နက်ပစ္စည်းတွေရဲ့စွမ်းရည်တွေ မြှင့်တင်ဖို့စမ်းသပ်မှုတွေက လိုအပ်တယ်လို့ စမ်းသပ်မှုကိုကြီးကြပ်ခဲ့တဲ့ ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ စက်တင်ဘာလ(၁၈)ရက်နေ့ အစောပိုင်းမှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်အများအပြားကို စမ်းသပ်ပစ်လွှတ်ပြီးနောက် ယခုလိုစမ်းသပ်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့စက်တင်ဘာလ(၁၂)ရက်နေ့မှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး သီတင်းပတ်(၁)ပတ်မပြည့်ခင်မှာပဲ ယခုလိုထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင် မြောက်ကိုရီးယားအစိုးရဟာ ယူရေနီယမ်သန့်စင်တဲ့စက်ရုံရဲ့ ဓါတ်ပုံတွေကို ပြီးခဲ့တဲ့သီတင်းပတ်မှာ ပထမဆုံးအကြိမ်ထုတ်ပြန်ပြသခဲ့တယ်လို့လည်းသိရပါတယ်။

ကင်ဂျုံအန်းက "နျူကလီးယားစွမ်းရည်ကို ဆက်လက်မြှင့်တင်ပြီး အားအ ကောင်းဆုံးစစ်ဘက်ဆိုင်ရာ နည်းပညာစွမ်းရည်တွေနဲ့ အလွန်အားကောင်းတဲ့ထိုးစစ်ဆင်နိုင်စွမ်းတွေရှိဖို့ လိုအပ်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ စက် တင်ဘာလ(၁၈)ရက်နေ့က လုပ်ဆောင်ခဲ့တဲ့ စမ်းသပ်မှုအတွင်း မဟာဗျူဟာမြောက် Hwasongpho-11-Da-4.5 ပဲ့ထိန်းဒုံးကျည်အသစ်တွေလည်း ပါဝင်တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။ ဒါ့ပြင် အဲဒီပဲ့ထိန်းဒုံးကျည်အသစ်မှာ အလေးချိန်(၄ ဒသမ ၅)တန်ရှိတဲ့ အလွန်ကြီးမားတဲ့ထိပ်ဖူးကို တပ်ဆင်ထားတယ်လို့လည်း KCNA ကဖော်ပြခဲ့ပါတယ်။

zawgyi version
အလြန္ႀကီးမားတဲ့ထိပ္ဖူးတပ္ဆင္ထားတဲ့ ပဲ့ထိန္းဒုံးက်ည္အသစ္ေတြကို ေျမာက္ကိုရီးယားစမ္းသပ္
Pika (NP News) - စက္တင္ဘာ ၁၉

ေျမာက္ကိုရီးယားအစိုးရဟာ အလြန္ႀကီးမားတဲ့ထိပ္ဖူးေတြအသုံးျပဳထားတဲ့ မဟာဗ်ဴဟာေျမာက္ပဲ့ထိန္းဒုံးက်ည္အသစ္ေတြနဲ႔ ျပဳျပင္မြမ္းမံထားတဲ့ခ႐ုဇ္ဒုံးက်ည္ေတြကို စက္တင္ဘာလ(၁၈)ရက္ေန႔မွာ စမ္းသပ္ခဲ့တယ္လို႔ ႏိုင္ငံပိုင္မီဒီယာ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ စစ္လက္နက္ပစၥည္းေတြ နဲ႔ န်ဴကလီးယားစြမ္းရည္ေတြကို ပိုမိုအားေကာင္းေအာင္လုပ္ေဆာင္ဖို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ေတာင္းဆိုမႈနဲ႔အတူ ယခုလိုစမ္းသပ္မႈေတြထြက္ေပၚလာတာျဖစ္ပါတယ္။ ေျမာက္ကိုရီးယားရဲ႕လုံၿခဳံေရးကို ျပင္ပတပ္ဖြဲ႕ေတြရဲ႕ ၿခိမ္း ေျခာက္မႈေတြက ျမင့္မားလာေနတာမလို႔ စစ္လက္နက္ပစၥည္းေတြရဲ႕စြမ္းရည္ေတြ ျမႇင့္တင္ဖို႔စမ္းသပ္မႈေတြက လိုအပ္တယ္လို႔ စမ္းသပ္မႈကိုႀကီးၾကပ္ခဲ့တဲ့ ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့ပါတယ္။

ေျမာက္ကိုရီးယားဟာ စက္တင္ဘာလ(၁၈)ရက္ေန႔ အေစာပိုင္းမွာ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္အမ်ားအျပားကို စမ္းသပ္ပစ္လႊတ္ၿပီးေနာက္ ယခုလိုစမ္းသပ္မႈေတြ ထပ္မံလုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ေျမာက္ကိုရီးယားဟာ ၿပီးခဲ့တဲ့စက္တင္ဘာလ(၁၂)ရက္ေန႔မွာ တာတိုပစ္ပဲ့ထိန္းဒုံးက်ည္ေတြကို စမ္းသပ္ပစ္လႊတ္ခဲ့ၿပီး သီတင္းပတ္(၁)ပတ္မျပည့္ခင္မွာပဲ ယခုလိုထပ္မံစမ္းသပ္ပစ္လႊတ္ခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ ေျမာက္ကိုရီးယားအစိုးရဟာ ယူေရနီယမ္သန႔္စင္တဲ့စက္႐ုံရဲ႕ ဓါတ္ပုံေတြကို ၿပီးခဲ့တဲ့သီတင္းပတ္မွာ ပထမဆုံးအႀကိမ္ထုတ္ျပန္ျပသခဲ့တယ္လို႔လည္းသိရပါတယ္။

ကင္ဂ်ဳံအန္းက "န်ဴကလီးယားစြမ္းရည္ကို ဆက္လက္ျမႇင့္တင္ၿပီး အားအ ေကာင္းဆုံးစစ္ဘက္ဆိုင္ရာ နည္းပညာစြမ္းရည္ေတြနဲ႔ အလြန္အားေကာင္းတဲ့ထိုးစစ္ဆင္ႏိုင္စြမ္းေတြရွိဖို႔ လိုအပ္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ စက္ တင္ဘာလ(၁၈)ရက္ေန႔က လုပ္ေဆာင္ခဲ့တဲ့ စမ္းသပ္မႈအတြင္း မဟာဗ်ဴဟာေျမာက္ Hwasongpho-11-Da-4.5 ပဲ့ထိန္းဒုံးက်ည္အသစ္ေတြလည္း ပါဝင္တယ္လို႔ KCNA ကေဖာ္ျပခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီပဲ့ထိန္းဒုံးက်ည္အသစ္မွာ အေလးခ်ိန္(၄ ဒသမ ၅)တန္ရွိတဲ့ အလြန္ႀကီးမားတဲ့ထိပ္ဖူးကို တပ္ဆင္ထားတယ္လို႔လည္း KCNA ကေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.