NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု

 783

NP News - စက်တင်ဘာ ၁၉

NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA ၏ ထုတ်ပြန်ချက်တွင် အတည်ပြုထားသည်ကို တွေ့မြင်ရသည်။

အဆိုပါထုတ်ပြန်ချက်ကို MNDAA က ပြီးခဲ့သည့် စက်တင်ဘာလ ၄ ရက်တွင် ၎င်းတို့၏အင်တာနက်စာမျက်နှာမှ ထုတ်ပြန်ကြေညာခဲ့ဖူးသော်လည်း နာရီပိုင်းအတွင်း ဖြုတ်ချသွားပြီးသည့်နောက် ယမန်နေ့(စက်တင်ဘာလ ၁၈ ရက်) ညပိုင်းတွင် ယင်းထုတ်ပြန်ချက်ကိုပင် ဒုတိယအကြိမ်ပြန်လည်ထုတ်ပြန်လာခဲ့ပြီး ယခုထက်တိုင် ပြန်လည်ဖြုတ်ချသည်ကိုမတွေ့ရသေးပေ။

MNDAA လက်နက်ကိုင်အဖွဲ့က ၎င်းတို့ကို လတ်တလောတွင် လူမှုကွန်ရက်များမှတစ်ဆင့် စာရွက်စာတမ်းအတုများထုတ်ပြန်ခြင်းနှင့် အမဲစက်တင်စေခြင်း၊ စွပ်စွဲခြင်း၊ ဖြစ်ရပ်မှန်များကို ဖုံးကွယ်ခြင်းများကို တောက်လျှောက်ပြု လုပ်နေခြင်းကြောင့် ၎င်းတို့၏ နိုင်ငံရေးရပ်တည်ချက်နှင့် သဘောထားများကို ဟန့်တားရန်နှင့် မလိုအပ်သည့် အငြင်းအပွားမှုများမဖြစ်ပေါ်စေရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့မြင်ရသည်။

၎င်းတို့အနေဖြင့် စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသော နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ကြောင်း နှင့် နိုင်ငံတော်မှခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံ တော်အသစ်ထူထောင်ခြင်းများကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် တရုတ်(သို့မဟုတ်) မြန်မာကိုဆန့်ကျင်သော နိုင်ငံခြားအသိုင်းအဝိုင်းများနှင့်မပူးပေါင်းခြင်း၊ မဆက်ဆံခြင်း၊ မဟာမိတ်မဖွဲ့ခြင်းသည်လည်း MNDAA ၏ Redline ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်စာတွင် အတိအလင်းဆိုထားသည်။

အဆိုပါထုတ်ပြန်ချက်အတွင်း NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလေး နှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက် ခိုက်ခြင်းများကို လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ဆိုထားသည်ကို တွေ့မြင်ရကာ ၎င်းတို့၏ ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့မြင်ရသည်။ MNDAA ၏ ထုတ်ပြန်ချက်အတွင်း တရုတ်နိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးရန် မေတ္တာရပ်ခံထားပြီး ၎င်းတို့အနေဖြင့် အပစ်အခတ်ရပ်စဲကာ တရုတ်နိုင်ငံနှင့်ပူပေါင်း၍ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံးဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

zawgyi version
NUG ႏွင့္ စစ္ေရး၊ ႏိုင္ငံေရးအရပူးေပါင္းျခင္းႏွင့္ စစ္ေျမျပင္ခ်ဲ႕ထြင္ျခင္းမ်ား လုံးဝျပဳလုပ္မည္မဟုတ္ေၾကာင္း MNDAA အတည္ျပဳ

NP News - စက္တင္ဘာ ၁၉

NUG ႏွင့္ စစ္ေရး၊ ႏိုင္ငံေရးအရပူးေပါင္းျခင္းႏွင့္ စစ္ေျမျပင္ခ်ဲ႕ထြင္ျခင္းမ်ား လုံးဝျပဳလုပ္မည္မဟုတ္ေၾကာင္း MNDAA ၏ ထုတ္ျပန္ခ်က္တြင္ အတည္ျပဳထားသည္ကို ေတြ႕ျမင္ရသည္။

အဆိုပါထုတ္ျပန္ခ်က္ကို MNDAA က ၿပီးခဲ့သည့္ စက္တင္ဘာလ ၄ ရက္တြင္ ၎တို႔၏အင္တာနက္စာမ်က္ႏွာမွ ထုတ္ျပန္ေၾကညာခဲ့ဖူးေသာ္လည္း နာရီပိုင္းအတြင္း ျဖဳတ္ခ်သြားၿပီးသည့္ေနာက္ ယမန္ေန႔(စက္တင္ဘာလ ၁၈ ရက္) ညပိုင္းတြင္ ယင္းထုတ္ျပန္ခ်က္ကိုပင္ ဒုတိယအႀကိမ္ျပန္လည္ထုတ္ျပန္လာခဲ့ၿပီး ယခုထက္တိုင္ ျပန္လည္ျဖဳတ္ခ်သည္ကိုမေတြ႕ရေသးေပ။

MNDAA လက္နက္ကိုင္အဖြဲ႕က ၎တို႔ကို လတ္တေလာတြင္ လူမႈကြန္ရက္မ်ားမွတစ္ဆင့္ စာ႐ြက္စာတမ္းအတုမ်ားထုတ္ျပန္ျခင္းႏွင့္ အမဲစက္တင္ေစျခင္း၊ စြပ္စြဲျခင္း၊ ျဖစ္ရပ္မွန္မ်ားကို ဖုံးကြယ္ျခင္းမ်ားကို ေတာက္ေလွ်ာက္ျပဳ လုပ္ေနျခင္းေၾကာင့္ ၎တို႔၏ ႏိုင္ငံေရးရပ္တည္ခ်က္ႏွင့္ သေဘာထားမ်ားကို ဟန႔္တားရန္ႏွင့္ မလိုအပ္သည့္ အျငင္းအပြားမ်ားမျဖစ္ေပၚေစရန္ ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္ကို ေတြ႕ျမင္ရသည္။

၎တို႔အေနျဖင့္ စစ္မွန္သည့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ရရွိေရးဟူေသာ ႏိုင္ငံေရးရပ္တည္ခ်က္ကို လုံးဝေျပာင္းလဲမည္ မဟုတ္ေၾကာင္း ႏွင့္ ႏိုင္ငံေတာ္မွခြဲထြက္ျခင္း၊ ႏိုင္ငံေတာ္အာဏာကို လုယူျခင္း၊ လြတ္လပ္ေရးရယူၿပီး ႏိုင္ငံ ေတာ္အသစ္ထူေထာင္ျခင္းမ်ားကို လုံးဝျပဳလုပ္မည္မဟုတ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

ထို႔ျပင္ တ႐ုတ္(သို႔မဟုတ္) ျမန္မာကိုဆန႔္က်င္ေသာ ႏိုင္ငံျခားအသိုင္းအဝိုင္းမ်ားႏွင့္မပူးေပါင္းျခင္း၊ မဆက္ဆံျခင္း၊ မဟာမိတ္မဖြဲ႕ျခင္းသည္လည္း MNDAA ၏ Redline ျဖစ္ေၾကာင္း ၎တို႔၏ ထုတ္ျပန္စာတြင္ အတိအလင္းဆိုထားသည္။

အဆိုပါထုတ္ျပန္ခ်က္အတြင္း NUG ႏွင့္ စစ္ေရး၊ ႏိုင္ငံေရးအရ ပူးေပါင္းျခင္း၊ စစ္ေျမျပင္မ်ားခ်ဲ႕ထြင္ျခင္း၊ မႏၲေလး ႏွင့္ ေတာင္ႀကီးကို ထိုးစစ္ဆင္တိုက္ ခိုက္ျခင္းမ်ားကို လုံးဝျပဳလုပ္မည္မဟုတ္ေၾကာင္း ဆိုထားသည္ကို ေတြ႕ျမင္ရကာ ၎တို႔၏ ခုခံကာကြယ္ခြင့္ကို ဆက္လက္စြဲကိုင္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေတြ႕ျမင္ရသည္။ MNDAA ၏ ထုတ္ျပန္ခ်က္အတြင္း တ႐ုတ္ႏိုင္ငံအေနျဖင့္လည္း ျမန္မာႏိုင္ငံ၏အေျခအေနကို ၾကားဝင္ေစ့စပ္ေျဖရွင္းေပးရန္ ေမတၱာရပ္ခံထားၿပီး ၎တို႔အေနျဖင့္ အပစ္အခတ္ရပ္စဲကာ တ႐ုတ္ႏိုင္ငံႏွင့္ပူေပါင္း၍ ပဋိပကၡမ်ားကို ႏိုင္ငံေရးေတြ႕ဆုံးေဆြးေႏြးေသာလမ္းစဥ္ျဖင့္ အေျဖရွာေျဖရွင္းသြားမည္ျဖစ္ေၾကာင္းလည္း ဆိုထားသည္။

Related news

© 2021. All rights reserved.