စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်

 413

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၉

စင်ကာပူအစိုးရသည် ရာဂီမုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသော မြန်မာ နိုင်ငံအပါအဝင် အာဆီယံဒေသအတွင်းရှိ နိုင်ငံများကို လူသားချင်းဆိုင်ရာစာနာမှုအကူညီအဖြစ် အကူညီပေးရေးပစ္စည်းများကို လွှဲပြောင်းကူညီပေးသွာမည်ဖြစ်ကြောင်းသိရသည်။ ရာဂီမုန်တိုင်းသည် စက်တင်ဘာ ၂ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံသို့ စတင်တိုက်ခတ်ခဲ့ပြီးနောက် တရုတ်၊ ဗီယက်နမ်နိုင်ငံ ထိုင်း၊ လာအို နှင့် မြန်မာနိုင်ငံများတို့ကိုလည်းဝင်ရောက်ခဲ့ရာ သက်ရောက်မှုဒဏ်များခံခဲ့ရသည်။

စင်ကာပူစစ်တပ်က လာအို၊ မြန်မာ နှင့် ဗီယက်နမ်နိုင်ငံများရှိ အကူညီပေးရေးအဖွဲ့စည်းများထံ လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ကူညီမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ စင်ကာပူလေတပ်သုံး C-130 အမျိုးအစား သယ်ယူပိုဆောင်ရေးလေယာဉ် နှစ်စီး၊ A330 အမျိုးအစားဘက်စုံသုံးလေယာဉ်များဖြင့် အကူညီပေးရေးပစ္စည်းများတင်ဆောင်ကာ ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါပစ္စည်းများထဲတွင် စောင်များ၊ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာပစ္စည်းများထည့်ထားသည့် သေတ္တာများ၊ ရေစစ်ဇကာများ၊ ခေါက်သိမ်းနိုင်သော ရေပုံးများနှင့် အစားအစာထုပ်များပါဝင်မည်ဖြစ် ကြောင်း သိရသည်။

ရာဂီမုန်တိုင်းကြောင့် မြန်မာအပါအဝင် အာဆီယံဒေသအတွင်းရှိ ကလေးငယ်ပေါင်း (၆)သန်းကျော် သက်ရောက်မှုများရင်ဆိုင်ခဲ့ရကြောင်း ကုလသမ ဂ္ဂလက်အောက်ခံအဖွဲ့စည်းဖြစ်သော UNICEF အဖွဲ့ကပြောသည်။ မြန်မာ နိုင်ငံတွင် တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့စည်းများကြားတိုက်ပွဲများဖြစ်ပွားနေချိန်တွင် မုန်တိုင်းကြောင့် ဖြစ်ပွားလာခဲ့သောရေကြီးမှုများက လူပေါင်း (၄)သိန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့ကြောင်း UNICEF ကပြောသည်။

zawgyi version
စင္ကာပူႏိုင္ငံက ျမန္မာအပါအဝင္ ေရႀကီးမႈဒဏ္ရင္ဆိုင္ခဲ့ရေသာ အာဆီယံႏိုင္ငံအခ်ိဳ႕ကို လူသားခ်င္းဆိုင္ရာစာနာမႈအကူညီမ်ားေပးပို႔ ကူညီမည္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၉

စင္ကာပူအစိုးရသည္ ရာဂီမုန္တိုင္းဒဏ္ကို ဆိုး႐ြားစြာခံစားခဲ့ရေသာ ျမန္မာ ႏိုင္ငံအပါအဝင္ အာဆီယံေဒသအတြင္းရွိ ႏိုင္ငံမ်ားကို လူသားခ်င္းဆိုင္ရာစာနာမႈအကူညီအျဖစ္ အကူညီေပးေရးပစၥည္းမ်ားကို လႊဲေျပာင္းကူညီေပးသြာမည္ျဖစ္ေၾကာင္းသိရသည္။ ရာဂီမုန္တိုင္းသည္ စက္တင္ဘာ ၂ ရက္ေန႔က ဖိလစ္ပိုင္ႏိုင္ငံသို႔ စတင္တိုက္ခတ္ခဲ့ၿပီးေနာက္ တ႐ုတ္၊ ဗီယက္နမ္ႏိုင္ငံ ထိုင္း၊ လာအို ႏွင့္ ျမန္မာႏိုင္ငံမ်ားတို႔ကိုလည္းဝင္ေရာက္ခဲ့ရာ သက္ေရာက္မႈဒဏ္မ်ားခံခဲ့ရသည္။

စင္ကာပူစစ္တပ္က လာအို၊ ျမန္မာ ႏွင့္ ဗီယက္နမ္ႏိုင္ငံမ်ားရွိ အကူညီေပးေရးအဖြဲ႕စည္းမ်ားထံ လူသားခ်င္းဆိုင္ရာစာနာမႈအကူညီမ်ားေပးပို႔ကူညီမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ စင္ကာပူေလတပ္သုံး C-130 အမ်ိဳးအစား သယ္ယူပိုေဆာင္ေရးေလယာဥ္ ႏွစ္စီး၊ A330 အမ်ိဳးအစားဘက္စုံသုံးေလယာဥ္မ်ားျဖင့္ အကူညီေပးေရးပစၥည္းမ်ားတင္ေဆာင္ကာ ေပးပို႔သြားမည္ျဖစ္ၿပီး အဆိုပါပစၥည္းမ်ားထဲတြင္ ေစာင္မ်ား၊ တစ္ကိုယ္ေရသန႔္ရွင္းမႈဆိုင္ရာပစၥည္းမ်ားထည့္ထားသည့္ ေသတၱာမ်ား၊ ေရစစ္ဇကာမ်ား၊ ေခါက္သိမ္းႏိုင္ေသာ ေရပုံးမ်ားႏွင့္ အစားအစာထုပ္မ်ားပါဝင္မည္ျဖစ္ ေၾကာင္း သိရသည္။

ရာဂီမုန္တိုင္းေၾကာင့္ ျမန္မာအပါအဝင္ အာဆီယံေဒသအတြင္းရွိ ကေလးငယ္ေပါင္း (၆)သန္းေက်ာ္ သက္ေရာက္မႈမ်ားရင္ဆိုင္ခဲ့ရေၾကာင္း ကုလသမ ဂၢလက္ေအာက္ခံအဖြဲ႕စည္းျဖစ္ေသာ UNICEF အဖြဲ႕ကေျပာသည္။ ျမန္မာ ႏိုင္ငံတြင္ တပ္မေတာ္ ႏွင့္ လက္နက္ကိုင္အဖြဲ႕စည္းမ်ားၾကားတိုက္ပြဲမ်ားျဖစ္ပြားေနခ်ိန္တြင္ မုန္တိုင္းေၾကာင့္ ျဖစ္ပြားလာခဲ့ေသာေရႀကီးမႈမ်ားက လူေပါင္း (၄)သိန္းေက်ာ္ကို ေနရပ္စြန႔္ခြာေစခဲ့ေၾကာင္း UNICEF ကေျပာသည္။

Related news

© 2021. All rights reserved.