ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်

 387

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၁၉

သီးနှံပင်များ ရေကြီးနစ်မြုပ်မှုအတွက် အာမခံထားသည့် တောင်သူများအား သီးနှံအာမခံကြေး ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်သွားမည်ဖြစ် ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်း၌ ထားရှိသည့် ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံအတွက် ရန်ကုန်၊ မန္တလေး၊ ဧရာ ဝတီ၊ ပဲခူး စသည့် တိုင်းဒေသကြီးများနှင့် မွန်ပြည်နယ်တို့မှ အာမခံထားရှိ သည့် တောင်သူများကို လျော်ကြေးငွေများ ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သီးနှံလျော်ကြေးသည် စပါးခင်းများ ရေကြီးနစ်မြုပ်မှုများအတွက်ဖြစ်ပြီး သီးနှံအာမခံလျော်ကြေးငွေကျပ် ၁၂ ဒသမ ၆၅ ဘီလျံခန့်ကို ပေး လျော်သွားမှာဖြစ်ကြောင်း ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မ တီ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ယခုနှစ် နိုင်ငံတစ်ဝန်း ရေကြီးမှုဖြစ်စဉ်များကြောင့် မျိုးစပါး စိုက်ဧကတစ်သန်းကျော်နစ်မြုပ်ခဲ့ရပြီး ရေနစ်မြုပ်သော စပါးစိုက်ခင်းများ၏ အချို့နေရာများမှာ ပျိုးခင်းရေနစ်သွားခြင်းကြောင့် ပြန်လည်စိုက်ပျိုးရခြင်း၊ လုံးဝပျက်စီးခြင်းများလည်းရှိကြောင်း သိရသည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စပါးအထွက်နှုန်းမကျဆင်းစေရန် နှင့် ပြန်လည်စိုက်ပျိုးနိုင်မည့် မျိုးစပါး၊ မြေဩဇာစိုက်ပျိုးရေးဆေးများ အချိန်မီ ရရှိရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အပါအဝင် သက် ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။ မိုး သည်းထန်စွာရွာသွန်းမှု၊ ရေကြီးနစ်မြုပ်မှုဖြစ်စဉ်များသည် နှစ်စဉ်အဖြစ်များလာခြင်းကြောင့် တောင်သူများအနေဖြင့် ရာသီဥတုကြောင့် မိမိတို့သီးနှံစိုက်ပျိုးမှုများ ဆုံးရှုံးမှုမရှိစေရန် မြန်မာ့အာမခံလုပ်ငန်း၏ ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံ အာမခံထားရှိကြရန်အတွက် တိုက်တွန်းထားမှုများလည်းရှိသည်။

zawgyi version
ေရႀကီးနစ္ျမဳပ္သည့္ သီးႏွံမ်ားအတြက္ ေငြက်ပ္ (၁၂)ဘီလ်ံေက်ာ္ ေပးေလ်ာ္မည္
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၁၉

သီးႏွံပင္မ်ား ေရႀကီးနစ္ျမဳပ္မႈအတြက္ အာမခံထားသည့္ ေတာင္သူမ်ားအား သီးႏွံအာမခံေၾကး ေငြက်ပ္ (၁၂)ဘီလ်ံေက်ာ္ ေပးေလ်ာ္သြားမည္ျဖစ္ ေၾကာင္း ျမန္မာ့အာမခံလုပ္ငန္းမွ သိရသည္။

၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္အတြင္း ျမန္မာ့အာမခံလုပ္ငန္း၌ ထားရွိသည့္ ရာသီဥတုၫႊန္းကိန္းအေျချပဳသီးႏွံအာမခံအတြက္ ရန္ကုန္၊ မႏၲေလး၊ ဧရာ ဝတီ၊ ပဲခူး စသည့္ တိုင္းေဒသႀကီးမ်ားႏွင့္ မြန္ျပည္နယ္တို႔မွ အာမခံထားရွိ သည့္ ေတာင္သူမ်ားကို ေလ်ာ္ေၾကးေငြမ်ား ေပးေခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သီးႏွံေလ်ာ္ေၾကးသည္ စပါးခင္းမ်ား ေရႀကီးနစ္ျမဳပ္မႈမ်ားအတြက္ျဖစ္ၿပီး သီးႏွံအာမခံေလ်ာ္ေၾကးေငြက်ပ္ ၁၂ ဒသမ ၆၅ ဘီလ်ံခန႔္ကို ေပး ေလ်ာ္သြားမွာျဖစ္ေၾကာင္း ျပည္ေထာင္စု ကုန္ေဈးႏႈန္းတည္ၿငိမ္ေရးေကာ္မ တီ၏ သတင္းထုတ္ျပန္ခ်က္တြင္ ပါရွိသည္။ ယခုႏွစ္ ႏိုင္ငံတစ္ဝန္း ေရႀကီးမႈျဖစ္စဥ္မ်ားေၾကာင့္ မ်ိဳးစပါး စိုက္ဧကတစ္သန္းေက်ာ္နစ္ျမဳပ္ခဲ့ရၿပီး ေရနစ္ျမဳပ္ေသာ စပါးစိုက္ခင္းမ်ား၏ အခ်ိဳ႕ေနရာမ်ားမွာ ပ်ိဳးခင္းေရနစ္သြားျခင္းေၾကာင့္ ျပန္လည္စိုက္ပ်ိဳးရျခင္း၊ လုံးဝပ်က္စီးျခင္းမ်ားလည္းရွိေၾကာင္း သိရသည္။

ထို႔ျပင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈမ်ားေၾကာင့္ စပါးအထြက္ႏႈန္းမက်ဆင္းေစရန္ ႏွင့္ ျပန္လည္စိုက္ပ်ိဳးႏိုင္မည့္ မ်ိဳးစပါး၊ ေျမဩဇာစိုက္ပ်ိဳးေရးေဆးမ်ား အခ်ိန္မီ ရရွိေရးအတြက္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္အပါအဝင္ သက္ ဆိုင္ရာအဖြဲ႕အစည္းမ်ားက ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း သိရသည္။ မိုး သည္းထန္စြာ႐ြာသြန္းမႈ၊ ေရႀကီးနစ္ျမဳပ္မႈျဖစ္စဥ္မ်ားသည္ ႏွစ္စဥ္အျဖစ္မ်ားလာျခင္းေၾကာင့္ ေတာင္သူမ်ားအေနျဖင့္ ရာသီဥတုေၾကာင့္ မိမိတို႔သီးႏွံစိုက္ပ်ိဳးမႈမ်ား ဆုံးရႈံးမႈမရွိေစရန္ ျမန္မာ့အာမခံလုပ္ငန္း၏ ရာသီဥတုၫႊန္းကိန္းအေျချပဳသီးႏွံ အာမခံထားရွိၾကရန္အတြက္ တိုက္တြန္းထားမႈမ်ားလည္းရွိသည္။

Related news

© 2021. All rights reserved.