လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ

 376

သန့်ဇင် (NP News) - စက်တင်ဘာ ၁၉

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြန်လည်ထူထောင်ရေး ကာလအတွင်း ရေကြီးရေလျှံမှု နှင့် ထပ်မံကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်း နှင့် ဘီလူးချောင်းရေမြင့်တက်လာခြင်းတို့ကြောင့် စက်တင်ဘာလ ၁၇ ရက်မှစတင်ဘာ လွိုင်ကော်မြို့ရှိ အနိမ့်ပိုင်းရက်ကွက်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

“ညောင်ရွှေတို့၊ ရွှေညောင်တို့ဘက်မှာတောင် ရေကြီးလာတာဆိုတော့ ဒီအောက်မှာတော့ ရေကြီးတာပေါ့။ မိုးဗြဲဆည်ကလည်း ရေဖွင့်ချလိုက်ရတော့ အောက်ဘက်က ရေမြုပ်တာတွေဖြစ်တာပါ။ ဟိုးအရင် ၂၀၁၁ တုန်းက လွိုင်ကော်က ရေတစ်ခါကြီးသေးတယ်။ အခု လောက်မဆိုးဘူးပေါ့။ အခုတစ်ခါတော့ ဘီလူးချောင်းဘေးနားက အနိမ့်ပိုင်းရပ်ကွက်တွေ အကုန်မြုပ်မှာ”ဟု လွိုင်ကော်မြို့ခံတစ်ဦးက NP News ကိုပြောသည်။

ရေကြီးရေလျှံမှုကြောင့် လွိုင်ကော်မြို့ရှိ ဒေါနိုးကူး၊ နမ့်ကွပ်၊ ရှမ်းပိုင်း၊ ရှမ်းစု၊ မင်္ဂလာရပ်ကွက်များတွင် နေထိုင်သူများကို ဘေးလွတ်ရာ ရေဘေးကယ် ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ပေးထားရကြောင်း သိရသည်။ “အခုက ဈေးပြန်ဆောက်နေတဲ့နေရာမှာကို မြုပ်နေတာ။ အမြင့်ပိုင်း ဘုန်းကြီး ကျောင်းတွေဘက်မှာတော့ ကူညီကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားပါတယ်။ ဘီလူးချောင်းကလည်း ရေဆက်ပြီး မြင့်တက်နေ။ စစ်ဘေးရော ရေဘေးကောဆိုတော့ တော်တော်ကို ဒုက္ခရောက်နေကြတယ်။ ပြန်လည်ထူ ထောင်ရေးကာလမှ ရေကြီးတာပါထပ်ဖြစ်တော့ တော်တော်ကို ဒုက္ခရောက်တာပါ။ အခုဆိုရင် စိုက်ခင်းတွေ တော်တော်များများလည်း ရေမြုပ်ကုန်ပြီ”ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ရေဝင်ရောက်နစ်မြုပ်လျက်ရှိသော အနိမ့်ပိုင်းရပ်ကွက်များမှ အိမ်ထောင်စုများကို ဘေးလွတ်ရာရေဘေးကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့ထားရပြီး ဘီလူးချောင်းရေ ဆက်လက်မြင့်တက်လျက်ရှိသော ကြောင့် ကူညီကယ်ဆယ်ရေး နှင့် ထောက်ပံ့ရေးများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

အလားတူ လွိုင်ကော်ခရိုင်အတွင်းရှိ ဒီးမော့ဆို နှင့် ရှားတောမြို့အပြင် အခြားမြို့များတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

zawgyi version
လြိဳင္ေကာ္ၿမိဳ႕ျပန္လည္ထူေထာင္ေရးကာလအတြင္း ေရႀကီးေရလွ်ံမႈႏွင့္ ထပ္မံႀကဳံေတြ႕ေနရ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၉

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ ျပန္လည္ထူေထာင္ေရး ကာလအတြင္း ေရႀကီးေရလွ်ံမႈ ႏွင့္ ထပ္မံႀကဳံေတြ႕ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္း ႏွင့္ ဘီလူးေခ်ာင္းေရျမင့္တက္လာျခင္းတို႔ေၾကာင့္ စက္တင္ဘာလ ၁၇ ရက္မွစတင္ဘာ လြိဳင္ေကာ္ၿမိဳ႕ရွိ အနိမ့္ပိုင္းရက္ကြက္အခ်ိဳ႕တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။

“ေညာင္ေ႐ႊတို႔၊ ေ႐ႊေညာင္တို႔ဘက္မွာေတာင္ ေရႀကီးလာတာဆိုေတာ့ ဒီေအာက္မွာေတာ့ ေရႀကီးတာေပါ့။ မိုးၿဗဲဆည္ကလည္း ေရဖြင့္ခ်လိုက္ရေတာ့ ေအာက္ဘက္က ေရျမဳပ္တာေတြျဖစ္တာပါ။ ဟိုးအရင္ ၂၀၁၁ တုန္းက လြိဳင္ေကာ္က ေရတစ္ခါႀကီးေသးတယ္။ အခု ေလာက္မဆိုးဘူးေပါ့။ အခုတစ္ခါေတာ့ ဘီလူးေခ်ာင္းေဘးနားက အနိမ့္ပိုင္းရပ္ကြက္ေတြ အကုန္ျမဳပ္မွာ”ဟု လြိဳင္ေကာ္ၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

ေရႀကီးေရလွ်ံမႈေၾကာင့္ လြိဳင္ေကာ္ၿမိဳ႕ရွိ ေဒါႏိုးကူး၊ နမ့္ကြပ္၊ ရွမ္းပိုင္း၊ ရွမ္းစု၊ မဂၤလာရပ္ကြက္မ်ားတြင္ ေနထိုင္သူမ်ားကို ေဘးလြတ္ရာ ေရေဘးကယ္ ဆယ္ေရးစခန္းမ်ားသို႔ ေျပာင္းေ႐ႊ႕ေပးထားရေၾကာင္း သိရသည္။ “အခုက ေဈးျပန္ေဆာက္ေနတဲ့ေနရာမွာကို ျမဳပ္ေနတာ။ အျမင့္ပိုင္း ဘုန္းႀကီး ေက်ာင္းေတြဘက္မွာေတာ့ ကူညီကယ္ဆယ္ေရးစခန္းေတြ ဖြင့္ထားပါတယ္။ ဘီလူးေခ်ာင္းကလည္း ေရဆက္ၿပီး ျမင့္တက္ေန။ စစ္ေဘးေရာ ေရေဘးေကာဆိုေတာ့ ေတာ္ေတာ္ကို ဒုကၡေရာက္ေနၾကတယ္။ ျပန္လည္ထူေထာင္ေရးကာလမွ ေရႀကီးတာပါထပ္ျဖစ္ေတာ့ ေတာ္ေတာ္ကို ဒုကၡေရာက္တာပါ။ အခုဆိုရင္ စိုက္ခင္းေတြ ေတာ္ေတာ္မ်ားမ်ားလည္း ေရျမဳပ္ကုန္ၿပီ”ဟု ၎ကဆက္လက္ေျပာသည္။

လက္ရွိတြင္ ေရဝင္ေရာက္နစ္ျမဳပ္လ်က္ရွိေသာ အနိမ့္ပိုင္းရပ္ကြက္မ်ားမွ အိမ္ေထာင္စုမ်ားကို ေဘးလြတ္ရာေရေဘးကယ္ဆယ္ေရး စခန္းမ်ားသို႔ ေျပာင္းေ႐ႊ႕ထားရၿပီး ဘီလူးေခ်ာင္းေရ ဆက္လက္ျမင့္တက္လ်က္ရွိေသာ ေၾကာင့္ ကူညီကယ္ဆယ္ေရး ႏွင့္ ေထာက္ပံ့ေရးမ်ားလည္း လိုအပ္လ်က္ရွိေၾကာင္း သိရသည္။

အလားတူ လြိဳင္ေကာ္ခ႐ိုင္အတြင္းရွိ ဒီးေမာ့ဆို ႏွင့္ ရွားေတာၿမိဳ႕အျပင္ အျခားၿမိဳ႕မ်ားတြင္လည္း ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.