တိုင်ဖွန်းရာဂိမုန်တိုင်းဒဏ်ကို ဗီယက်နမ်က အဆိုးရွားဆုံး ခံစားခဲ့ရပြီး မြန်မာမှာ ပျောက်ဆုံးသူ အများဆုံးဖြစ်

 739

Htay Oung (NP News) - စက်တင်ဘာ ၁၉

အိန္ဒိယဟာ တိုင်ဖွန်း ယာဂီမုန်တိုင်းဒဏ်ခံခဲ့စားခဲ့ရတဲ့ ပြည်သူများအား အကူအညီပေးတဲ့အနေနဲ့ မြန်မာနိုင်ငံသို့ မီးစက်နဲ့ ဆေးဝါးများအပါအဝင် ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၄၀ ကျော်ကို အင်္ဂါနေ့က ပေးပို့ခဲ့ကြောင်း၊ အဲဒီ ပစ္စည်းတွေဟာ ဒေသအတွင်း နေရာအနှံ့ပျက်စီးစေခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းဒဏ်ကို ခံစားခဲ့ရတဲ့ အရှေ့တောင်အာရှ နိုင်ငံများကို ကူညီရန်အတွက် ယခုသီတင်းပတ်မှာ စတင်လိုက်တဲ့ “အော့ပရေးရှင်း ဆက်ဒက်ဗ်” အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ နယူးဒေလီအခြေစိုက် “ဟိန္ဒူစတန်တိုင်းမ်စ်” က စက်တင်ဘာလ ၁၇ ရက်က ရေးသားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ထောက်ပံ့မှုကို အိန္ဒိယလေတပ် (IAF) လေယာဉ်အပြင် ရေတပ်သင်္ဘော တစ်စင်းဖြင့်လည်း ပေးပို့ခဲ့ကြောင်း၊ အိန္ဒိယစစ်လေယာဉ်ဟာ မီးစက်များ၊ ဆေးဝါးများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး သုံးပစ္စည်းများ၊ ယာယီအမိုးအကာများနဲ့ ရေသန့်စင်ရေးပစ္စည်းများ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း ၃၂ တန်ကို သယ်ဆောင်သွားတယ်လို့ နယူးဒေလီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက သူ့ရဲ့ X လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

အလားတူ အိန္ဒိယရေတပ် စစ်သင်္ဘောနဲ့ မြန်မာနိုင်ငံကို ရိက္ခာ ၁ဝ တန် ထပ်မံ ပို့ဆောင်ပေးလိုက်ကြောင်း သိရှိရပါတယ်။
တိုင်ဖွန်း ယာဂီဟာ နှစ်ပေါင်း ၃၀ အတွင်း တောင်တရုတ်ပင်လယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းများ အနက် အင်အားအပြင်းဆုံးဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာ၊ လာအို နဲ့ ဗီယက်နမ်နိုင်ငံများကို အိန္ဒိယ က အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးပို့ခဲ့ပါတယ်။

အိန္ဒိယဟာ လာအိုနိုင်ငံသို့ ဒေါ်လာ ၁၀၀,၀၀၀ တန်ဖိုးရှိ မီးစက်များ၊ ရေသန့်စင်စက်များနဲ့ တစ်ကိုယ်ရေသန့်ရှင်း ရေးကိရိယာများ အပါအဝင် အကူအညီ ၁၀ တန်၊ မြန်မာနိုင်ငံသို့ ရိက္ခာခြောက်၊ အဝတ်အထည်နဲ့ ဆေးဝါးများ အပါအဝင် အခြားအကူအညီ ၁၀ တန်ကို ပေးပို့ခဲ့ပါတယ်။
အိန္ဒိယက ဗီယက်နမ်နိုင်ငံသိူ့လည်း ဒေါ်လာ ၁ သန်းတန်ဖိုးရှိ အကူအညီ ၃၅ တန်ကို ပေးပို့ခဲ့ပါတယ်။
လူပေါင်း ၂၅၀ သေဆုံးပြီး ၈၀၀ ကျော်ဒဏ်ရာရရှိခဲ့ရတဲ့ ဗီယက်နမ်ဟာ တိုင်ဖွန်းယာဂီရဲ့ဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့နိုင်ငံဖြစ်ပါတယ်။ မြေပြိုမှုကြောင့် လမ်းများပြတ်တောက်ပြီး အိမ်ခြေပေါင်း ၁၈၈၀၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။ ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး အခြေခံအဆောက်အအုံများ၊ တံတားများနဲ့ ပညာရေးဆိုင်ရာအဆောက်အအုံများမှာ ဆိုးရွားစွာ ထိခိုက်ခဲ့ရပါတယ်။

သီးခြားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အဖြစ် အိန္ဒိယနိုင်ငံဟာ မိုးခေါင်ရေရှားမှုဒဏ်ခံကို ပြင်းပြင်းထန်ထန် ခံစားနေ ရသူများကို ထောက်ပံ့တဲ့အနေနဲ့ လူသားချင်းစာနာမှုအကူအညီအဖြစ် အာဖရိကတိုက်တောင်ပိုင်း နမီးဘီးယား နိုင်ငံသို့ ဆန်တန်ချိန် ၁,၀၀၀ ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ ၃ဝ ရက် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်း ပလောကျွန်းနိုင်ငံအနောက်မြောက်ဘက် မိုင် ၃၃၀ ခန့်အကွာမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် “ယာဂီ” ကို စတင်သန္ဓေတည်ခဲ့ပြီး စက်တင်ဘာလ ၁ ရက်မှာ အပူပိုင်း မုန်တိုင်းအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ တိုင်ဖွန်းရဲ့အမည် “ယာဂီ” ကို ဂျပန်မိုးလေဝသဌာနက အမည် ပေးခဲ့ခြင်း ဖြစ်ပြီး “ဆိတ်” သို့မဟုတ် “မကာရ ရာသီ” လို့ အဓိပ္ပါယ်ရသလို “ပြောင်းလဲလွယ်ခြင်း” လို့လည်း အနက် ပေးနိုင် ပါတယ်။
တိုင်ဖွန်းယာဂီကြောင့် လာအိုနိုင်ငံမှာ လူ ၄ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူနဲ့ ပျောက်ဆုံးသူအရေအတွက်ကို မသိရ ကြောင်း၊ မြန်မာနိုင်ငံမှာတော့ ၂၃၆ ဦးသေဆုံး ၇၇ ဦး ပျောက်ဆုံးပြီး လူရာပေါင်းများစွာ ဒဏ်ရာရရှိကြောင်း၊ တရုတ်-ဟောင်ကောင်-မကာအို အပါအဝင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လော၊ ထိုင်း၊ မြန်မာ စသဖြင့် နိုင်ငံ နဲ့ နယ်မြေ ၈ ခုတို့မှာ ထိခိုက်ပျက်စီးမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄.၄ ဘီလျံရှိတဲ့အတွက် ပစိဖိတ်သမုဒ္ဒရာ တိုင်ဖွန်းများ သမိုင်းအနက် တတိယမြောက် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်လိမ့်မယ်လို့ ဒေသတွင်း မီဒီယာများက ရေးသားကြပါ တယ်။
..
မြန်မာနိုင်ငံမှာ ယာဂီတိုင်ဖွန်းအကြွင်းအကျန် လေပွေလှိုင်းများနဲ့ အနောက်တောင်မုတ်သုန်လေပေါင်းစပ်မှု ကြောင့် နိုင်ငံ့အလယ်ပိုင်းဒေသများမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခြင်း မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှာ အဆိုးရွားဆုံး သဘာဝဘေးဒဏ်သင့်မှုဖြစ် ပေါ်လာရပါ တယ်။

လူပေါင်း ၇၇ ဦးအထိ ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံဟာ ယာဂီဖြတ်သန်းရာ တိုင်းပြည်များအားလုံးအနက် အများ ဆုံးဖြစ်ပါတယ်။ လူပေါင်း ၃၂၀,၀၀၀ ထက်မနည်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး တံတား ၂၄ စင်း၊ စာသင်ကျောင်း ၁ဝ၄ဝ၊ အစိုးရရုံး အဆောက်အအုံ ၁၁၇ ခု၊ ဘာသာရေးအဆောက်အအုံ ၃၈၆ ခု၊ လျှပ်စစ်ထ ရန်စဖော်မာ ၁၂ ခုအပါအဝင် အိမ်ခြေ ၁၆ဝ,၄၈၉ လုံးနဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ် ပုဂံမှာလည်း ရှေးဟောင်းစေတီတော်အများအပြား ပြိုကျခဲ့ ရပါတယ်။ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံ ဧက ၆၄၀,၀၀၀ ခန့် ရေနစ်မြုပ်ပျက်စီးပြီး တိရစ္ဆာန်ပေါင်း ၁၃၀,၀၀၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာများကို ကိုးကားပြီး အေပီသတင်း အေဂျင်စီ စက်တင်ဘာလ ၁၈ ရက် က ရေးသားပါတယ်။
#တိုင်ဖွန်း_ယာဂီ #အိန္ဒိယ #မြန်မာ #လာအို #ဗီယက်နမ်
(Hindustan Times., 17 September 2024,” Op Sadbhav: India sends second tranche of aid to Myanmar” ကို #HtayOung, #OungMarine ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
တိုင္ဖြန္းရာဂိမုန္တိုင္းဒဏ္ကို ဗီယက္နမ္က အဆိုး႐ြားဆုံး ခံစားခဲ့ရၿပီး ျမန္မာမွာ ေပ်ာက္ဆုံးသူ အမ်ားဆုံးျဖစ္
Htay Oung (NP News) - စက္တင္ဘာ ၁၉

အိႏၵိယဟာ တိုင္ဖြန္း ယာဂီမုန္တိုင္းဒဏ္ခံခဲ့စားခဲ့ရတဲ့ ျပည္သူမ်ားအား အကူအညီေပးတဲ့အေနနဲ႔ ျမန္မာႏိုင္ငံသို႔ မီးစက္နဲ႔ ေဆးဝါးမ်ားအပါအဝင္ ကယ္ဆယ္ေရးပစၥည္း တန္ခ်ိန္ ၄၀ ေက်ာ္ကို အဂၤါေန႔က ေပးပို႔ခဲ့ေၾကာင္း၊ အဲဒီ ပစၥည္းေတြဟာ ေဒသအတြင္း ေနရာအႏွံ႔ပ်က္စီးေစခဲ့တဲ့ တိုင္ဖြန္းမုန္တိုင္းဒဏ္ကို ခံစားခဲ့ရတဲ့ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားကို ကူညီရန္အတြက္ ယခုသီတင္းပတ္မွာ စတင္လိုက္တဲ့ “ေအာ့ပေရးရွင္း ဆက္ဒက္ဗ္” အစီအစဥ္ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ နယူးေဒလီအေျခစိုက္ “ဟိႏၵဴစတန္တိုင္းမ္စ္” က စက္တင္ဘာလ ၁၇ ရက္က ေရးသားခဲ့ပါတယ္။

ျမန္မာႏိုင္ငံအတြက္ ဒုတိယေျမာက္ ေထာက္ပံ့မႈကို အိႏၵိယေလတပ္ (IAF) ေလယာဥ္အျပင္ ေရတပ္သေဘၤာ တစ္စင္းျဖင့္လည္း ေပးပို႔ခဲ့ေၾကာင္း၊ အိႏၵိယစစ္ေလယာဥ္ဟာ မီးစက္မ်ား၊ ေဆးဝါးမ်ား၊ တစ္ကိုယ္ေရ သန႔္ရွင္းေရး သုံးပစၥည္းမ်ား၊ ယာယီအမိုးအကာမ်ားနဲ႔ ေရသန႔္စင္ေရးပစၥည္းမ်ား အပါအဝင္ ကယ္ဆယ္ေရးပစၥည္း ၃၂ တန္ကို သယ္ေဆာင္သြားတယ္လို႔ နယူးေဒလီႏိုင္ငံျခားေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူက သူ႔ရဲ႕ X လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

အလားတူ အိႏၵိယေရတပ္ စစ္သေဘၤာနဲ႔ ျမန္မာႏိုင္ငံကို ရိကၡာ ၁ဝ တန္ ထပ္မံ ပို႔ေဆာင္ေပးလိုက္ေၾကာင္း သိရွိရပါတယ္။
တိုင္ဖြန္း ယာဂီဟာ ႏွစ္ေပါင္း ၃၀ အတြင္း ေတာင္တ႐ုတ္ပင္လယ္ကို ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ မုန္တိုင္းမ်ား အနက္ အင္အားအျပင္းဆုံးျဖစ္ပါတယ္။ မုန္တိုင္းဒဏ္ခံခဲ့ရတဲ့ ျမန္မာ၊ လာအို နဲ႔ ဗီယက္နမ္ႏိုင္ငံမ်ားကို အိႏၵိယ က အေရးေပၚလူသားခ်င္းစာနာမႈဆိုင္ရာ အကူအညီမ်ား ေပးပို႔ခဲ့ပါတယ္။

အိႏၵိယဟာ လာအိုႏိုင္ငံသို႔ ေဒၚလာ ၁၀၀,၀၀၀ တန္ဖိုးရွိ မီးစက္မ်ား၊ ေရသန႔္စင္စက္မ်ားနဲ႔ တစ္ကိုယ္ေရသန႔္ရွင္း ေရးကိရိယာမ်ား အပါအဝင္ အကူအညီ ၁၀ တန္၊ ျမန္မာႏိုင္ငံသို႔ ရိကၡာေျခာက္၊ အဝတ္အထည္နဲ႔ ေဆးဝါးမ်ား အပါအဝင္ အျခားအကူအညီ ၁၀ တန္ကို ေပးပို႔ခဲ့ပါတယ္။
အိႏၵိယက ဗီယက္နမ္ႏိုင္ငံသိူ႔လည္း ေဒၚလာ ၁ သန္းတန္ဖိုးရွိ အကူအညီ ၃၅ တန္ကို ေပးပို႔ခဲ့ပါတယ္။
လူေပါင္း ၂၅၀ ေသဆုံးၿပီး ၈၀၀ ေက်ာ္ဒဏ္ရာရရွိခဲ့ရတဲ့ ဗီယက္နမ္ဟာ တိုင္ဖြန္းယာဂီရဲ႕ဒဏ္ကို အျပင္းထန္ဆုံး ခံစားခဲ့ရတဲ့ႏိုင္ငံျဖစ္ပါတယ္။ ေျမၿပိဳမႈေၾကာင့္ လမ္းမ်ားျပတ္ေတာက္ၿပီး အိမ္ေျခေပါင္း ၁၈၈၀၀၀ ေက်ာ္ ပ်က္စီးခဲ့ရပါတယ္။ ေရႀကီးေရလွ်ံမႈျဖစ္ပြားျခင္းေၾကာင့္ လွ်ပ္စစ္ဓါတ္အားျဖန႔္ျဖဴးေရး အေျခခံအေဆာက္အအုံမ်ား၊ တံတားမ်ားနဲ႔ ပညာေရးဆိုင္ရာအေဆာက္အအုံမ်ားမွာ ဆိုး႐ြားစြာ ထိခိုက္ခဲ့ရပါတယ္။

သီးျခားဖြံ႕ၿဖိဳးတိုးတက္ေရးအစီအစဥ္အျဖစ္ အိႏၵိယႏိုင္ငံဟာ မိုးေခါင္ေရရွားမႈဒဏ္ခံကို ျပင္းျပင္းထန္ထန္ ခံစားေန ရသူမ်ားကို ေထာက္ပံ့တဲ့အေနနဲ႔ လူသားခ်င္းစာနာမႈအကူအညီအျဖစ္ အာဖရိကတိုက္ေတာင္ပိုင္း နမီးဘီးယား ႏိုင္ငံသို႔ ဆန္တန္ခ်ိန္ ၁,၀၀၀ ေပးပို႔ခဲ့တယ္လို႔ ဆိုပါတယ္။
လြန္ခဲ့တဲ့ ၾသဂုတ္လ ၃ဝ ရက္ ပစိဖိတ္သမုဒၵရာ အေနာက္ပိုင္း ပေလာကြၽန္းႏိုင္ငံအေနာက္ေျမာက္ဘက္ မိုင္ ၃၃၀ ခန႔္အကြာမွာ ေလဖိအားနည္းရပ္ဝန္းအျဖစ္ “ယာဂီ” ကို စတင္သေႏၶတည္ခဲ့ၿပီး စက္တင္ဘာလ ၁ ရက္မွာ အပူပိုင္း မုန္တိုင္းအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။ တိုင္ဖြန္းရဲ႕အမည္ “ယာဂီ” ကို ဂ်ပန္မိုးေလဝသဌာနက အမည္ ေပးခဲ့ျခင္း ျဖစ္ၿပီး “ဆိတ္” သို႔မဟုတ္ “မကာရ ရာသီ” လို႔ အဓိပၸါယ္ရသလို “ေျပာင္းလဲလြယ္ျခင္း” လို႔လည္း အနက္ ေပးႏိုင္ ပါတယ္။
တိုင္ဖြန္းယာဂီေၾကာင့္ လာအိုႏိုင္ငံမွာ လူ ၄ ဦး ေသဆုံးၿပီး ဒဏ္ရာရရွိသူနဲ႔ ေပ်ာက္ဆုံးသူအေရအတြက္ကို မသိရ ေၾကာင္း၊ ျမန္မာႏိုင္ငံမွာေတာ့ ၂၃၆ ဦးေသဆုံး ၇၇ ဦး ေပ်ာက္ဆုံးၿပီး လူရာေပါင္းမ်ားစြာ ဒဏ္ရာရရွိေၾကာင္း၊ တ႐ုတ္-ေဟာင္ေကာင္-မကာအို အပါအဝင္ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ ေလာ၊ ထိုင္း၊ ျမန္မာ စသျဖင့္ ႏိုင္ငံ နဲ႔ နယ္ေျမ ၈ ခုတို႔မွာ ထိခိုက္ပ်က္စီးမႈ စုစုေပါင္း အေမရိကန္ေဒၚလာ ၁၄.၄ ဘီလ်ံရွိတဲ့အတြက္ ပစိဖိတ္သမုဒၵရာ တိုင္ဖြန္းမ်ား သမိုင္းအနက္ တတိယေျမာက္ ပ်က္စီးဆုံးရႈံးမႈ အမ်ားဆုံးျဖစ္လိမ့္မယ္လို႔ ေဒသတြင္း မီဒီယာမ်ားက ေရးသားၾကပါ တယ္။
..
ျမန္မာႏိုင္ငံမွာ ယာဂီတိုင္ဖြန္းအႂကြင္းအက်န္ ေလေပြလႈိင္းမ်ားနဲ႔ အေနာက္ေတာင္မုတ္သုန္ေလေပါင္းစပ္မႈ ေၾကာင့္ ႏိုင္ငံ့အလယ္ပိုင္းေဒသမ်ားမွာ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ေရႀကီးေရလွ်ံျခင္း ေျမၿပိဳျခင္းမ်ား ျဖစ္ေပၚခဲ့ပါတယ္။ ႏွစ္ေပါင္း ၆၀ အတြင္း ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားမွာ အဆိုး႐ြားဆုံး သဘာဝေဘးဒဏ္သင့္မႈျဖစ္ ေပၚလာရပါ တယ္။

လူေပါင္း ၇၇ ဦးအထိ ေပ်ာက္ဆုံးေနတဲ့ ျမန္မာႏိုင္ငံဟာ ယာဂီျဖတ္သန္းရာ တိုင္းျပည္မ်ားအားလုံးအနက္ အမ်ား ဆုံးျဖစ္ပါတယ္။ လူေပါင္း ၃၂၀,၀၀၀ ထက္မနည္း အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရၿပီး တံတား ၂၄ စင္း၊ စာသင္ေက်ာင္း ၁ဝ၄ဝ၊ အစိုးရ႐ုံး အေဆာက္အအုံ ၁၁၇ ခု၊ ဘာသာေရးအေဆာက္အအုံ ၃၈၆ ခု၊ လွ်ပ္စစ္ထ ရန္စေဖာ္မာ ၁၂ ခုအပါအဝင္ အိမ္ေျခ ၁၆ဝ,၄၈၉ လုံးနဲ႔ ယူနက္စကို ကမာၻ႔အေမြအႏွစ္ ပုဂံမွာလည္း ေရွးေဟာင္းေစတီေတာ္အမ်ားအျပား ၿပိဳက်ခဲ့ ရပါတယ္။ စိုက္ပ်ိဳးထားတဲ့ ေကာက္ပဲသီးႏွံ ဧက ၆၄၀,၀၀၀ ခန႔္ ေရနစ္ျမဳပ္ပ်က္စီးၿပီး တိရစာၦန္ေပါင္း ၁၃၀,၀၀၀ နီးပါး ေသဆုံးခဲ့ရတယ္လို႔ ေဒသတြင္း မီဒီယာမ်ားကို ကိုးကားၿပီး ေအပီသတင္း ေအဂ်င္စီ စက္တင္ဘာလ ၁၈ ရက္ က ေရးသားပါတယ္။
#တိုင္ဖြန္း_ယာဂီ #အိႏၵိယ #ျမန္မာ #လာအို #ဗီယက္နမ္
(Hindustan Times., 17 September 2024,” Op Sadbhav: India sends second tranche of aid to Myanmar” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.