ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ

 181

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၂ဝ

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ငါးများတင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် (၅) လတာကာလအတွင်း ပြည်ပသို့ ငါးတင်ပို့မှုအနေဖြင့် မက်ထရစ်တန် တစ်သိန်းကျော်တင်ပို့ထားနိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း (၁၄ဝ)နီးပါး ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

အဆိုပါ ငါးတင်ပို့မှုသည် ယခု ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာနှစ်၏ ပြီးခဲ့သော ဧပြီလ မှ ဩဂုတ်လကုန်အထိ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၆၅,၆၁၁ ဒသမ ၉၆ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၆၄၃ သန်းရရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၅၉,၁၈၁ ဒသမ ၇၁၁ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၉ ဒသမ ၀၈၈ သန်း ရရှိခဲ့သည့်အတွက် စုစုပေါင်း ငါးမက်ထရစ်တန် ၁၂၄,၇၉၃ ဒသမ ၆၇၁ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၇၃၁ သန်း ရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူတွင် ငါးတင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၅၉,၈၈၅ ဒသမ ၂၃၄ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၂၅၃ သန်းသာရရှိခဲ့သည့်အတွက် ယခုနှစ်တွင် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းရေထွက်ကုန်တင်ပို့မှုတွင် ငါးနှင့်ပုစွန်အပါအဝင် ကျန်ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် နှင့် နိုင်ငံပေါင်း(၄ဝ)ကျော်သို့တင်ပို့နေပြီး ရန်ကုန်မြို့မှတဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့နေကြောင်း သိရသည်။

zawgyi version
ယခုဘ႑ာႏွစ္၌ ျပည္ပသို႔ ငါးတင္ပို႔မႈမွ ေဒၚလာသန္း (၁၄ဝ) နီးပါးရရွိ
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၂ဝ

ျမန္မာႏိုင္ငံအေနျဖင့္ ျပည္ပသို႔ ငါးမ်ားတင္ပို႔လ်က္ရွိရာ ယခုဘ႑ာႏွစ္ (၅) လတာကာလအတြင္း ျပည္ပသို႔ ငါးတင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ တစ္သိန္းေက်ာ္တင္ပို႔ထားႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ သန္း (၁၄ဝ)နီးပါး ရရွိခဲ့ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။

အဆိုပါ ငါးတင္ပို႔မႈသည္ ယခု ၂ဝ၂၄-၂ဝ၂၅ ဘ႑ာႏွစ္၏ ၿပီးခဲ့ေသာ ဧၿပီလ မွ ဩဂုတ္လကုန္အထိ တင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အဆိုပါကာလအတြင္း ပုံမွန္ကုန္သြယ္မႈမွ ငါးမက္ထရစ္တန္ ၆၅,၆၁၁ ဒသမ ၉၆ တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ ၈၈ ဒသမ ၆၄၃ သန္းရရွိခဲ့ကာ နယ္စပ္ကုန္သြယ္မႈမွ ငါးမက္ထရစ္တန္ ၅၉,၁၈၁ ဒသမ ၇၁၁ တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ ၄၉ ဒသမ ၀၈၈ သန္း ရရွိခဲ့သည့္အတြက္ စုစုေပါင္း ငါးမက္ထရစ္တန္ ၁၂၄,၇၉၃ ဒသမ ၆၇၁ တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ ၁၃၇ ဒသမ ၇၃၁ သန္း ရရွိခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဘ႑ာႏွစ္ကာလတူတြင္ ငါးတင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ ၅၉,၈၈၅ ဒသမ ၂၃၄ တန္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ ၇၄ ဒသမ ၂၅၃ သန္းသာရရွိခဲ့သည့္အတြက္ ယခုႏွစ္တြင္ ပိုမိုတင္ပို႔ႏိုင္ခဲ့ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံအေနျဖင့္ ျပည္တြင္းေရထြက္ကုန္တင္ပို႔မႈတြင္ ငါးႏွင့္ပုစြန္အပါအဝင္ က်န္ေရထြက္ကုန္မ်ားကို တ႐ုတ္၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္၊ ဂ်ပန္ ႏွင့္ ႏိုင္ငံေပါင္း(၄ဝ)ေက်ာ္သို႔တင္ပို႔ေနၿပီး ရန္ကုန္ၿမိဳ႕မွတဆင့္ ပုံမွန္တင္ပို႔သည့္အျပင္ နယ္စပ္ကုန္သြယ္ေရးမွလည္း တိုက္႐ိုက္တင္ပို႔ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.