တောင်ငူခရိုင်တွင် နှစ်ပေါင်း(၁၀၀)အတွင်း စံချိန်တင်ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လူဦးရေ(၉)သောင်းခွဲကျော် ရေဘေးသင့်ခဲ့

 48

NP News - စက်တင်ဘာ ၂ဝ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်တွင် နှစ်ပေါင်း(၁၀၀)အတွင်း စံချိန်တင်ရေးကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လူဦးရေ(၉)သောင်းခွဲကျော် ရေဘေးသင့်ခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီးဦးတင်ဦးထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေ၊ ချောင်းရေမြင့်တက်ခြင်းကြောင့် စက်တင်ဘာ ၁၂ ရက်မှစတင်ဘာ တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ရေတာ ရှည်မြို့၊ ထန်းတပင်မြို့နှင့် ဖြူးမြို့တို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် တောင်ငူခရိုင်အတွင်းရှိ အထက်ပါမြို့(၅)မြို့ရှိ အိမ်ထောင်စုပေါင်းများကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးခဲ့ရပြီး ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

“ရေဝင်ရောက်ခဲ့တာကတော့ (၂၆၁၅၉)အိမ်ရေဝင်ရောက်ခဲ့တာပေါ့။ ရေဘေးရှောင်စခန်း (၁၃၅)ခု ဖွင့် ထားပြီးတော့ စုစုပေါင်းအိမ်ထောင်စု (၁၅၈၈၂)စု နဲ့ လူဦးရေ(၆၇၄၅၄)ဦးကို ရွှေ့ပြောင်းဆောင်ရွက်ထားတယ်ပ။ နောက်တစ်ခါ နီးစပ်ရာဆွေမျိုးတွေ အိမ်မှာသွားရောက် နေထိုင်ကြတဲ့ အိမ်ထောင်စုပေါင်းက (၆၇၄၅)စုရှိတယ်။ လူဦးရေက (၂၈၄၁၄)ဦး ရှိတယ်။ စုစုပေါင်းရေဘေးသင့်ခဲ့တဲ့ အိမ်ထောင်စုပေါင်း ဆိုရင် (၂၃၆၂၇)စု နဲ့ လူဦးရေ(၉၅၈၇၈)ဦး ရှိခဲ့ပါတယ်” ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုတွင် လူထိခိုက်သေဆုံးမှုမရှိခဲ့သော်လည်း လမ်းတံတားများ ကျိုးကျပျက်စီးမှုအချို့ရှိခဲ့ကြောင်းလည်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
“သဘာဝဘေးရေကြီးရေလျှံမှုကြောင့် ပိတ်ထားခဲ့တဲ့ ရုံးဌာနတွေဆိုရင် (၃၈)ခုရှိပါတယ်။ စာသင် ကျောင်းဆိုရင်လည်း အထက်တန်းကျောင်းက (၃၁)ကျောင်း၊ အလယ်တန်းကျောင်းက (၁၉၂)ကျောင်း၊ မူလတန်းကျောင်းက (၁၈)ကျောင်း စုစုပေါင်း (၂၄၁)ကျောင်း ရှိတယ်။ အခုအချိန်မှာ ရေပြန်ကျသွားတာမို့ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်ကြီးရဲ့ အစီအမံနဲ့ တစ်ကျောင်းရေကျရင် တစ်ကျောင်းပြန် ရှင်းလင်းပြီး တော့ ပြန်ဖွင့်တဲ့စနစ်နဲ့ ဆောက်ရွက်နေပါတယ်။‌ တော်တော်များများလည်း ပြန်ဖွင့်နေပါပြီ။ ဒီနေ့ဆိုရင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ရေ‌ဘေးသင့်ပြည်သူတွေကို ပံ့ပိုးပေးထားတာ ငွေကျပ်ပေါင်းသိန်း(၁၀၀၀)ကျော်ရှိပါပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ပြင် တောက်ငူခရိုင်အတွင်း စံချိန်တင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက် စိုက်ပျိုးမြေဧက(၉၆၃၅၂)ဧက ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
ေတာင္ငူခ႐ိုင္တြင္ ႏွစ္ေပါင္း(၁၀၀)အတြင္း စံခ်ိန္တင္ေရးႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ၿပီး လူဦးေရ(၉)ေသာင္းခြဲေက်ာ္ ေရေဘးသင့္ခဲ့
NP News - စက္တင္ဘာ ၂ဝ

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူခ႐ိုင္တြင္ ႏွစ္ေပါင္း(၁၀၀)အတြင္း စံခ်ိန္တင္ေရးႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ၿပီး လူဦးေရ(၉)ေသာင္းခြဲေက်ာ္ ေရေဘးသင့္ခဲ့ေၾကာင္း ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွေျပာေရးဆိုခြင့္ရွိသူ စီးပြားေရးရာဝန္ႀကီးဦးတင္ဦးထံမွ သိရသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ျမစ္ေရ၊ ေခ်ာင္းေရျမင့္တက္ျခင္းေၾကာင့္ စက္တင္ဘာ ၁၂ ရက္မွစတင္ဘာ ေတာင္ငူၿမိဳ႕၊ အုတ္တြင္းၿမိဳ႕၊ ေရတာ ရွည္ၿမိဳ႕၊ ထန္းတပင္ၿမိဳ႕ႏွင့္ ျဖဴးၿမိဳ႕တို႔တြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေရႀကီးေရလွ်ံမႈေၾကာင့္ ေတာင္ငူခ႐ိုင္အတြင္းရွိ အထက္ပါၿမိဳ႕(၅)ၿမိဳ႕ရွိ အိမ္ေထာင္စုေပါင္းမ်ားကို ေဘးလြတ္ရာသို႔ ေျပာင္းေ႐ြ႕ေပးခဲ့ရၿပီး ထိခိုက္ပ်က္စီးမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။

“ေရဝင္ေရာက္ခဲ့တာကေတာ့ (၂၆၁၅၉)အိမ္ေရဝင္ေရာက္ခဲ့တာေပါ့။ ေရေဘးေရွာင္စခန္း (၁၃၅)ခု ဖြင့္ ထားၿပီးေတာ့ စုစုေပါင္းအိမ္ေထာင္စု (၁၅၈၈၂)စု နဲ႔ လူဦးေရ(၆၇၄၅၄)ဦးကို ေ႐ႊ႕ေျပာင္းေဆာင္႐ြက္ထားတယ္ပ။ ေနာက္တစ္ခါ နီးစပ္ရာေဆြမ်ိဳးေတြ အိမ္မွာသြားေရာက္ ေနထိုင္ၾကတဲ့ အိမ္ေထာင္စုေပါင္းက (၆၇၄၅)စုရွိတယ္။ လူဦးေရက (၂၈၄၁၄)ဦး ရွိတယ္။ စုစုေပါင္းေရေဘးသင့္ခဲ့တဲ့ အိမ္ေထာင္စုေပါင္း ဆိုရင္ (၂၃၆၂၇)စု နဲ႔ လူဦးေရ(၉၅၈၇၈)ဦး ရွိခဲ့ပါတယ္” ဟု ပဲခူးတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ေတာင္ငူခ႐ိုင္အတြင္း ေရႀကီးေရလွ်ံမႈတြင္ လူထိခိုက္ေသဆုံးမႈမရွိခဲ့ေသာ္လည္း လမ္းတံတားမ်ား က်ိဳးက်ပ်က္စီးမႈအခ်ိဳ႕ရွိခဲ့ေၾကာင္းလည္း အထက္ပါတာဝန္ရွိသူက ဆိုသည္။
“သဘာဝေဘးေရႀကီးေရလွ်ံမႈေၾကာင့္ ပိတ္ထားခဲ့တဲ့ ႐ုံးဌာနေတြဆိုရင္ (၃၈)ခုရွိပါတယ္။ စာသင္ ေက်ာင္းဆိုရင္လည္း အထက္တန္းေက်ာင္းက (၃၁)ေက်ာင္း၊ အလယ္တန္းေက်ာင္းက (၁၉၂)ေက်ာင္း၊ မူလတန္းေက်ာင္းက (၁၈)ေက်ာင္း စုစုေပါင္း (၂၄၁)ေက်ာင္း ရွိတယ္။ အခုအခ်ိန္မွာ ေရျပန္က်သြားတာမို႔ တိုင္း‌ေဒသႀကီးဝန္ႀကီးခ်ဳပ္ႀကီးရဲ႕ အစီအမံနဲ႔ တစ္ေက်ာင္းေရက်ရင္ တစ္ေက်ာင္းျပန္ ရွင္းလင္းၿပီး ေတာ့ ျပန္ဖြင့္တဲ့စနစ္နဲ႔ ေဆာက္႐ြက္ေနပါတယ္။‌ ေတာ္ေတာ္မ်ားမ်ားလည္း ျပန္ဖြင့္ေနပါၿပီ။ ဒီေန႔ဆိုရင္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနနဲ႔ ေရ‌ေဘးသင့္ျပည္သူေတြကို ပံ့ပိုးေပးထားတာ ေငြက်ပ္ေပါင္းသိန္း(၁၀၀၀)ေက်ာ္ရွိပါၿပီ” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ျပင္ ေတာက္ငူခ႐ိုင္အတြင္း စံခ်ိန္တင္ ေရႀကီးေရလွ်ံမႈျဖစ္ပြားခဲ့ၿပီးေနာက္ စိုက္ပ်ိဳးေျမဧက(၉၆၃၅၂)ဧက ေရလႊမ္းမိုးမႈျဖစ္ပြားခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.