၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း

 17579

ကျော်နု(NP News) - စက်တင်ဘာ ၂ဝ

“ ဒီမနက် ကျွန်မအိမ်ကို သူတို့ထပ်ရောက်လာပါတယ်။ ဘယ်လိုပြစ်မှုနဲ့ရှာမှာလဲ မေးတော့ ကျွန်မ ဘဏ်အကောင့်ထဲမှာ ပိုက်ဆံတွေများနေလို့ပါတဲ့။ ကျွန်မသမီးနဲ့ ကျွန်မရဲ့သက်ရှိထင်ရှား မိဘနဲ့ ကျိန်တွယ်ပြီးပြောပါတယ်” - အိမ့်ပိုးဥ(ခ) ပန် ဆယ်လို ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်။

ဒီစကားစုတွေပါဝင်တဲ့ စာအရှည်ကြီးကိုတော့ အသေးစိတ် ရေးမပြတော့ပါဘူး။ ဒါတွေက (၂၀၂၁) ခုနှစ် နိုင်ငံရေးအပြောင်းအလဲကြီးမှာ ပန်ဆယ်လိုဆိုတဲ့ အမျိုးသမီး ရေးခဲ့တဲ့စာတွေထဲက အ ပိုင်းအစတွေဖြစ်ပါတယ်။ ဆဲဆိုရိုင်းစိုင်းတဲ့ အရေးအသား အပြုအမူတွေနဲ့ ဖေစ့်ဘွတ်ခ်ကနေ နာမည်ရ လာသူ အိမ့်ပိုးဥဟာ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်းမှာ ဖမ်းဆီးခြင်းမခံလိုက်ရဘဲ အမေရိကန်ကို ထွက်ပြေး တိမ်းရှောင်သွားနိုင်ခဲ့ပါတယ်။ အိမ့်ပိုးဥ ဘယ်လို လွတ်မြောက်သွားသလဲဆိုတာက ပဟေဠိ အဖြစ် ရှိနေဆဲပါ။ DCS ဆရာဝန် သက္ကမိုးညိုကိုယ်တိုင်ကလည်း ဘယ်လမ်းကနေပြေးတာလဲလို့ မကြာခဏ ပို့စ်တင်ပြီး မေးလေ့ရှိပါတယ်။ ဘယ်လိုပဲမေးမေး အိမ့်ပိုးဥ ဘက်ကတော့ လွတ်မြောက်သွားခဲ့မှုကို ကွယ်ဝှက်ထားဆဲပါ။ အတွင်းသိတချို့ရဲ့ ဖွင့်ဟမှုအရဆိုရင်တော့ အိမ့်ပိုးဥဟာ ဖေဖော်ဝါရီ မတိုင်မီ ကတည်းက မြန်မာပြည်ထဲ ကနေ ရှောင်ထွက်သွားခဲ့တာလို့ ဆိုနိုင်ပါတယ်။ အိမ့်ပိုးဥ ခေါ် ပန်ဆယ်လိုရဲ့ (၂၀၂၁) ခုနှစ် မတိုင်မီ အပေါင်းအပါတွေက ဘယ်သူတွေလဲဆိုရင် အရည်ကြို၊ မောင်မောင်အေး၊ သက် မွန်၊ သက္ကမိုးညို၊ ဒီမိုဖက်တီး အပါအဝင် ပုဂ္ဂိုလ်တချို့ပါပဲ။ ပန်ဆယ်လိုရဲ့လုပ်ဖော်ကိုင် ဖက် အမည်မဖော်လိုသူ တချို့ကတော့ (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီ(၁)ရက်မတိုင်မီမှာပဲ မြောက်ဒဂုံကအိမ်မှာ ပန်ဆယ် လို ဆက်လက်နေထိုင်ခြင်းမရှိတော့တာ ဖြစ်တယ်လို့ ဖွင့်ဟပါတယ်။ ဖြစ်စဉ်ကတော့ ဒီလိုပါ။

“ ဖမ်းတဲ့အဖွဲ့တွေ အိမ်ထဲရောက်တဲ့ အချိန်မှာ သူ့အဖေရယ်၊ သူ့အမေရယ်၊ သူ့ ညီမရယ်၊ သူ့ ကလေးရယ်ပဲရှိတယ်။ သူနဲ့ သူ့ယောကျာ်းက မရှိတော့ဘူး” လို့ အတွင်းသိတစ်ဦးက ဖွင့်ဟပါတယ်။ (၂၀၂၁) ခုနှစ် ဇန်နဝါရီနောက်ဆုံးပတ်တွေဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးအပြောင်းအလဲဖြစ်ဖို့ အပြင်း ထန်ဆုံး ရာသီဥတု ဝင်နေချိန်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည် အိမ်တော်နဲ့ ပုံမှန်အဆက်အသွယ်ရှိနေတဲ့ ပန်ဆယ်လိုတို့အဖွဲ့ဟာ ဇန်နဝါရီ (၂၈)ရက် မတိုင်မီ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချပြီး ရှောင်တိမ်းဖို့ စီစဉ် ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ပိုင်ဆိုင်တဲ့ပစ္စည်းတွေထဲက အရေးကြီးတာတွေကို ထုပ်ပိုး ပြင်ဆင်နေပြီဆိုတဲ့ သတင်းစကားမျိုး ပန်ဆယ်လိုတို့အဖွဲ့က လက်ခံရရှိခဲ့ကြပါတယ်။ တပ်မတော်ဟာ ဇန်နဝါရီ(၂၈) ရက် မတိုင်မီအထိ အာဏာထိန်းဖို့ အသင့်ဖြစ်မနေသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ခဲ့တဲ့စာနဲ့ သမ္မတဟောင်း ဦးဝင်းမြင့်ထံ ပေးပို့ခဲ့တဲ့စာတွေကနေ တုံ့ပြန် လာမယ့်သတင်းစကားကို စောင့်ဆိုင်းနေကြပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းတို့ ဦးဝင်းမြင့်နဲ့ တွေ့ဆုံစဉ်မှာ ဦးဝင်းမြင့်ရဲ့ ချိုးနှိမ်စော်ကားပြောဆိုမှုအပေါ် “ခင်ဗျားတို့ လူပါးဝလွန်းနေပြီ။ ကျွန်တော် တို့က လူကြီးလူကောင်းဆန်ဆန် လာတင်ပြတာနော်” ဆိုတဲ့အထိ တင်းမာ မှုက အဖြေတစ်ခု ထွက်သွားစေခဲ့တာပါပဲ။ အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အိမ်တော်တို့ဆီကနေ အထုပ် ပြင်နေတဲ့သတင်းဟာ ပန်ဆယ်လိုတို့ကို ဆုံးဖြတ်ချက်ခိုင်မာသွားစေခဲ့တာပါပဲ။ “သိရသလောက် ပန် ဆယ်လိုက စစ်တပ်ဘက်က ဖမ်းဆီးရမယ့်စာရင်းထဲမှာ ဦးစားပေးအဖြစ်မပါဘူး။ စောင့်ကြည့်စာရင်းအရ သူ့အိမ်ရှေ့နားတစ်ဝိုက်မှာ အရိပ်အခြည်ကြည့်နေသူတွေတော့ ရှိတယ်။ စောင့်တဲ့သူတွေက ဖေဖော်ဝါရီ (၁)ရက် နောက်ပိုင်းမှပါ။ ဒါပေမဲ့ သူတို့ မသိတာက အဲဒီမတိုင်ခင်ကတည်းက ပန်ဆယ်လိုက မရှိတော့ ဘူး” လို့ ပန်ဆယ်လိုရဲ့မိတ်ဆွေတစ်ဦးက ပြောပါတယ်။ ဇန်နဝါရီ နောက်ဆုံးပတ်နဲ့ ဖေဖော်ဝါရီ လ လယ်အထိ ပန်ဆယ်လို ဆက်သွယ်စကားပြောခဲ့သူက လက်ဆယ်ချောင်းမပြည့်ပါဘူး။ ဒီအထဲက တစ်ဦး ကတော့ ပန်ဆယ်လိုဟာ အမေရိကန်သံရုံး အကူအညီနဲ့ မဲဆောက်ဘက်ကို ဇန်နဝါရီ(၂၈)လောက် ကတည်းက ရှောင်ထွက်သွားခဲ့ပြီးပြီလို့ ပြောပါတယ်။ သူနဲ့ ရှေ့ဆင့်နောက်ဆင့် ထွက်ပြေးသူထဲမှာ မောင်မောင်အေးလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ပန်ဆယ်လိုဟာ မှင်ကောင်း ကောင်းနဲ့ မြောက်ဒဂုံအိမ်ထဲမှာ ရှိနေသယောင်ယောင် Live လွှင့်ခဲ့ပါတယ်။ လူတွေ သတိမထားမိတာကတော့ သူ့အိမ်အခန်း ထဲက အရောင်နဲ့ Live လွှင့်စဉ် အရောင်က တူညီခြင်းရှိမနေတာပါ။ ဒါကို သူ့မိတ်ဆွေဖြစ်ခဲ့သူက ကောင်းကောင်းသတိပြုမိခဲ့ပါတယ်။ သို့သော်လည်း သုံးနှစ်ကျော်ကြာတဲ့အထိ နှုတ်ဆိတ်နေခဲ့ပုံရပါ တယ် ” သူ့ အိမ်မှာ CCTV တပ်ထားတယ်လေ။ ဖုန်းထဲကနေ ကြည့်ပြီး Live လွှင့်ချိန်မှာ သူ့အိမ်ကို ဘယ်သူတွေ ဝိုင်းထားပါပြီ။ ဘယ်လိုတွေလုပ်နေပါတယ်ဆိုပြီး သူ့ကို အားပေးသူတွေကို လှည့်စား လိုက်တာ။ တကယ်တော့ အိမ်ထဲမှာသူမရှိဘူး။ CCTV ကနေ ကြည့်ပြီးပြောတယ်။ သူ့အဖေ၊ သူ့ညီမနဲ့ ဆက် သွယ်ပြီး ချိတ်ဆက်လုပ်နေခဲ့တာ” လို့ ပြည်တွင်းမှာ ကျန်နေခဲ့သူ ပန်ဆယ်လိုရဲ့မိတ်ဆွေဟောင်းက ဖွင့်ဟပါတယ်။

မြောက်ဒဂုံနယ်မြေရဲစခန်းနဲ့ နီးစပ်သူ တွေဆီ၊ ရပ်ကွက်နေ သတင်းရင်းမြစ်တွေဆီ မေးမြန်း ကြည့်မှုအရ ဖေဖော်ဝါရီပထမပတ်အတွင်းမှာ စစ်သားတွေက ပန်ဆယ်လိုအိမ်ကို ဝရမ်းမရှိတာကြောင့် ဝင်ရောက်ရှာဖွေခြင်းမလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ထူးခြားချက်က နယ်မြေရဲစခန်းတာဝန်ရှိသူတွေနဲ့ မြို့နယ်တရားရုံးဥပဒေအရာရှိတို့ဟာ ရှုပ်ထွေးနေဆဲအခြေအနေကြောင့် စစ်တပ် တာဝန်ရှိသူတွေကို ဝရမ်းထုတ်ပေးဖို့ ကြန့်ကြာခဲ့တယ်လို့ သိရပါတယ်။ ဝရမ်း မရှိတဲ့အတွက် အိမ်ထဲကို အတင်းဖျက်ဝင် တာမျိုးတွေ စစ်တပ်ဘက်က မလုပ်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။ ဥပဒေကို လေးစား လိုက်နာမှုအရပါပဲ။ ဝရမ်းရတဲ့အချိန် အိမ်ထဲကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်သွားချိန်မှာတော့ ပန်ဆယ်လိုနဲ့ သူ့ယောကျာ်းကို မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့ မှတ်တမ်းမှာ ဖော်ပြပါတယ်။

ပန်ဆယ်လိုရဲ့ဖခင်ကို မေးမြန်းထားချက်အရ ပန်ဆယ်လိုနဲ့ သူ့ယောကျာ်းဟာ အာဏာထိန်းမှု မဖြစ်ခင် သုံးရက်လောက်အလိုကတည်းက ထွက်ပြေးသွားခဲ့ပြီးပြီလို့ ဆိုပါတယ်။ အဲဒီအချိန်မှာ နယ်မြေ ရဲတပ်ဖွဲ့နဲ့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ထုချေလွှာ ရေးရပါတော့တယ်။ မသက်ဆိုင်သူတွေဖြစ် တဲ့ ပန်ဆယ်လိုရဲ့မိသားစုဝင်တွေကိုတော့ ဖမ်းဆီးခြင်းမလုပ်ဘဲ အိမ်ကိုသာ ချိပ်ပိတ်လိုက်တာမျိုး ဖြစ် ပါတယ်။ ထူးခြားချက်ကတော့ သရုပ်ဆောင် ဥက္ကာမင်းမောင်နဲ့ အချေအတင်ဖြစ်နေတဲ့ရက်ပိုင်းအတွင်း မှာပဲ ပန်ဆယ်လိုဘက်က အမေရိကန်မှာ နေထိုင်ခွင့်ဘယ်လိုရခဲ့တယ်ဆိုတာနဲ့ ဘယ်သူတွေ ကယ် ထုတ်ပေးသွားတယ်ဆိုတာကို အချက် အလက်တချို့ကို ချန်ပြီး ဖော်ပြလာတာတွေ့ရပါတယ်။ “အာဏာမသိမ်းခင် ရက်ပိုင်းလေးအလိုမှာ ပန်ဆယ်လိုရဲ့ဖေ့စ်ဘွတ်ခ်အကောင့်က ဘာပို့စ်မှမတင်ဘူး။ ပျက်သွားတယ်လို့ ပြောပြီး ဖျက်ချလိုက်တဲ့အကောင့်မှာ သုံးလေးရက်လောက် ဘာပို့စ်မှ မတင်ဘူး။ အဲဒီရက်တွေက နယ်စပ်ကိုရှောင်ပြေးနေချိန်၊ လမ်းမှာလည်း ကိုဗစ် စစ်ဆေးမှုတွေကို ကျော်နေရတာတွေကြောင့်။ ထိုင်းဘက်ရောက်သွားပြီးတော့ နေရာ ထိုင်ခင်းသာတော့မှ Live လွှင့်တဲ့လုပ်ငန်းစဉ်ကို စတင်ခဲ့တာ”လို့ အဲဒီရက်ပိုင်းတွေအတွင်း ပန်ဆယ်လို ဆက်သွယ်ခဲ့သူထဲက တစ်ဦးက ပြောပါတယ်။ စာတွေလည်း ရေးတင်ခဲ့သလို အဲဒီစာတွေထဲက တစ် စောင်ကတော့ အကောင့်ဖျက်သွားသည့်တိုင် စခရင် ရှော့ခ်တွေအဖြစ် ပြန်တင်သူတွေ ရှိလာခဲ့ပါတယ်။

အမေရိကန်ကို ရောက်ရှိချိန်မှာ ကိုယ်ပိုင် အိမ်နဲ့လုပ်ငန်းတွေ ပိုင်ဆိုင်သွားတဲ့အထိ အဆင်ပြေ သွားခဲ့သူ ပန်ဆယ်လိုဟာ မြန်မာပြည်ကနေ ထွက်ပြေးစ ရက်ပိုင်းအတွင်း ပို့စ်တင်ခဲ့တာကတော့” ကျွန် မဘဝမှာ သိန်းပေါင်းသောင်းချီဆိုတဲ့ငွေကို မမြင်ခဲ့ဖူးပါ။ မကိုင်ခဲ့ဖူးပါ။ အခုဝယ်ထားတဲ့ အိမ်(မြောက် ဒဂုံ အိမ်ကိုဆိုလို)ဟာ ကျွန်မနဲ့ကျွန်မမိသားစု ဆယ်နှစ်တာ ရှာဖွေထားတဲ့ငွေပါ။ ဘဏ်မှာ Home Loan ချေးငွေနဲ့လစဉ် အပ်နေတာပါ” လို့ ရေးခဲ့သလို ဒီအတွက်လည်း မိဘတွေနဲ့ ကျိန်ဆိုပါတယ်လို့ တိုင်တည် ထားပါတယ်။ သစ္စာဆိုခြင်း၊ ကျိန်ဆိုခြင်းတွေဟာ ကိုယ့်အသက်နဲ့ ကျိန်ဆိုခြင်းမျိုးလုပ်ရတာ ဖြစ်ပေမယ့် ပန်ဆယ်လိုကတော့ မိဘနှစ်ပါးနဲ့ သမီးကိုသာ ကျိန်ဆိုထားခဲ့ပါတယ်။

အလားတူ ရန်ကုန်မှာရှိစဉ် ရတနာရောင်းချခြင်းလုပ်ငန်းဟာလည်း ရွှေဆိုင်နဲ့ ပန်းထိမ်တွေရဲ့ ယုံကြည်မှုအရ ပစ္စည်းပေး၊ အမြတ်ယူစနစ် ပုံစံမျိုး နဲ့သာဖြစ်တယ်လို့ ပန်ဆယ်လိုက ဖျက်ချခဲ့တဲ့ အ ကောင့်မှာ ရေးသားထားခဲ့ပါတယ်။ သိန်းပေါင်း သောင်းချီ မကိုင်ခဲ့ဖူးဘဲ သိန်းထောင်ဂဏန်းပတ် လည်သာ ရှိခဲ့ဖူးတယ်လို့ ဆိုထားပါတယ်။

“သူချေးထားတဲ့ သိန်း(၁၅၀ဝဝ)လောက်ကိုလည်း ဆပ်စရာမလိုတော့ဘူးပေါ့။ ဘဏ်မှာရှိတဲ့ ငွေလည်းထုတ်ချိန်ရလိုက်တယ်။ လက်ဝတ် လက်စားတွေလည်း ယူသွားချိန်ရတယ်။ သူတို့က အောက် လမ်းက ပြေးတာ။ မဲအပို နှစ်သန်းလောက် ရိုက်ထားတဲ့အဖိုးအခတွေလည်း သူထုတ်ချိန်ရလိုက်တယ်။ ဇေယျာသော်ရဲ့အစ်မတောင် သန်းချီထုတ်သွားသေးတယ်” လို့ ပန်ဆယ်လိုရဲ့ပြည်တွင်းက အသိမိတ်ဆွေကလည်း ပြောပါတယ်။

ပန်ဆယ်လိုဟာ ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းအတွက် ကွီးဖြိုးဆိုတဲ့ ဝါဒဖြန့်ရေးလုပ် ငန်းစဉ်မှာ ပါဝင်ခွင့်ရသူဖြစ်သလို နေဘုန်းလတ်တို့ ရဲ့MIDO မှာလည်း ပါဝင်ခွင့်ရခဲ့ပါတယ်။ MIDO ဟာ ဖေ့စ်ဘွတ်ခ်ပေါ်က အမုန်းစကားစောင့်ကြည့်ထိန်းချုပ်ရေးခေါင်းစဉ်နဲ့ “ကုလား”ဆိုသောအသုံးအနှုန်းကို ဘယ်သူမှမသုံးရဲအောင် လုပ်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ NLD အစိုးရရဲ့ကျပ်သန်းပေါင်း(၆၄၂၆) ကျော် သော ငွေပမာဏကို လိုသလိုသုံးစွဲခွင့်ရခဲ့သော အဖွဲ့(၆)ခုထဲက အဓိက တစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ပန်ဆယ်လိုဟာ နေပြည်တော်စည်ပင်ဘဏ် ဥက္ကဋ္ဌဖြစ်ခဲ့သူ ရန်ကုန်စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးရဲမင်းဦး ဆီကနေ စီမံကိန်းတစ်ခုခေါင်းစဉ်တပ်ပြီး ချေးငွေရခဲ့သူလည်း ဖြစ်ပါတယ်။ နေပြည်တော် မြို့မဈေး နားက အိမ်ရာစီမံကိန်းတစ်ခုမှာ မောင်မောင်အေး၊ အရည်ကြိုနဲ့ ပန်ဆယ်လိုတို့ ပတ်သက်မှု ရှိခဲ့ကြပါ တယ်။ အခုအချိန်အထိလည်း ပန်ဆယ်လိုက နိုင်ငံတော်ကို ဆပ်ရမယ့်အကြွေးတွေ ရှိနေပါသေးတယ်။

NLD အာဏာရခဲ့တဲ့ ငါးနှစ်ထဲက နောက်ဆုံးသုံးနှစ်ဟာ ပန်ဆယ်လိုအတွက် နေ့ချင်းညချင်း အိမ်ပိုင်၊ ကားပိုင်၊ လုပ်ငန်းပိုင် ဖြစ်လာစေခဲ့ပါတယ်။ နွမ်းပါးတဲ့မိသားစုဘဝကနေ ကြီးပြင်းလာတဲ့ ၁၄/ သူဟာ (၂၀၁၅) မတိုင်မီအထိ သူရိယနေဝန်းဂျာနယ် ဦးမိုးဟိန်းရဲ့ရုံးဝန်ထမ်းတစ်ဦးအဆင့်ကနေ (၂၀၂၀) မတိုင်မီမှာပဲ မြောက်ဒဂုံမှာ အိမ်နဲ့ခြံ ပိုင်ဆိုင်ခဲ့ခြင်းဟာ မအေးအေးဝင်း စီစဉ်ပေးခဲ့တာတော့ မဟုတ် ပါဘူး။ (၂၀၁၆) မှသာ မျက်နှာထွက်ပြရဲခဲ့သူ အမျိုးသမီးဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ကောင်းမှု ကြောင့် ဘဝပြောင်းလဲမှုမြန်ဆန်ခဲ့ပါတယ်။ မြန်ဆန်လွန်းလှတဲ့ဘဝ အတက်အကျမှာ ပန်ဆယ်လိုဟာ လှိုင်းအမျိုးမျိုးကို ပါးနပ်စွာ စီးနိုင်ခဲ့သလို မြန်မာပြည်ကနေ ထွက်ပြေးမှသာ အမှုပေါင်းများစွာကနေ လွတ်ကင်းလိမ့်မယ်လို့ ယုံကြည်ခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း (၂၀၂၁) ဖေဖော်ဝါရီ (၁) ရက်မတိုင်မီက တည်းက အကင်းပါးစွာနဲ့ပဲ ရှောင်တိမ်း ထွက်ခဲ့တာဖြစ်ပေမယ့် သူနဲ့စီးပွားဖက်တွေထဲက တချို့ကတော့ မြန်မာပြည်တွင်းမှာ အလုပ်တွေ လုပ်နေမြဲပဲ ဖြစ်ပါတယ်။ နောင်တစ်ချိန် ဦးရဲမင်းဦး အကျဉ်းထောင်က လွတ်လာခဲ့ရင် အချို့သော အချက်တွေဟာ ပိုမိုခိုင်မာစွာ ထွက်ပေါ်လာနိုင်ခြေလည်း ရှိနေပါတယ်။ သို့သော်လည်း ပန်ဆယ်လိုဟာ သူ့ဗီဇအတိုင်း ဆက်လက်ရှင်သန်သွားမယ့်သဘောမှာရှိသလို သူ့အကြောင်းပြောလာသမျှကိုလည်း သိပ်ဂရုစိုက်မယ့်သူမျိုး မဟုတ်ပါဘူး။ ခေါင်းမာလွန်းပြီး အကျောတင်း တင်းနေနိုင်သူဖြစ်တာကြောင့် တချို့အချက်အလက် တွေကို ပြန်ရှင်းမယ့်သူမျိုးလည်း မဟုတ်နိုင်ပါ။ မည်သို့ပင်ဖြစ်စေ ပန်ဆယ်လိုဟာ (၂၀၂၁) နိုင်ငံရေးအခင်းအကျင်းနဲ့အတူ လူတန်းစား တစ်စု ကြားမှာ ပန်းပန်လျက်ရှိနေဦးမယ်လို့ ခန့်မှန်းမိပါတယ်။ တစ်တိုင်းပြည်လုံး မသိသူမရှိလောက်အောင် အစွမ်းအစရှိသော အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာကတော့ အသေအချာပါပဲ။ သို့သော်လည်း တစ် နေ့နေ့မှာ သူနားလည်လာရမယ့်အရာ ပေါ်ပေါက်လာလိမ့်မယ်လို့ မှန်းဆရင်း ပန်ဆယ်လိုရဲ့ဘဝခရီးရှည် ကို စိတ်ဝင်စားနေမိကြောင်း ရေးသားလိုက်ရပါတယ်။

zawgyi version
၁၄ မ်ဥ္းေစာင္းသူ အိမ့္ပိုးဥ (ခ) ပန္ဆယ္လို စစ္တပ္ဖမ္းဆီးျခင္းမခံရမႈ ဇာတ္လမ္း
ေက်ာ္ႏု(NP News) - စက္တင္ဘာ ၂ဝ

“ ဒီမနက္ ကြၽန္မအိမ္ကို သူတို႔ထပ္ေရာက္လာပါတယ္။ ဘယ္လိုျပစ္မႈနဲ႔ရွာမွာလဲ ေမးေတာ့ ကြၽန္မ ဘဏ္အေကာင့္ထဲမွာ ပိုက္ဆံေတြမ်ားေနလို႔ပါတဲ့။ ကြၽန္မသမီးနဲ႔ ကြၽန္မရဲ႕သက္ရွိထင္ရွား မိဘနဲ႔ က်ိန္တြယ္ၿပီးေျပာပါတယ္” - အိမ့္ပိုးဥ(ခ) ပန္ ဆယ္လို ၊ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ပထမပတ္။

ဒီစကားစုေတြပါဝင္တဲ့ စာအရွည္ႀကီးကိုေတာ့ အေသးစိတ္ ေရးမျပေတာ့ပါဘူး။ ဒါေတြက (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးအေျပာင္းအလဲႀကီးမွာ ပန္ဆယ္လိုဆိုတဲ့ အမ်ိဳးသမီး ေရးခဲ့တဲ့စာေတြထဲက အ ပိုင္းအစေတြျဖစ္ပါတယ္။ ဆဲဆို႐ိုင္းစိုင္းတဲ့ အေရးအသား အျပဳအမူေတြနဲ႔ ေဖစ့္ဘြတ္ခ္ကေန နာမည္ရ လာသူ အိမ့္ပိုးဥဟာ (၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္းမွာ ဖမ္းဆီးျခင္းမခံလိုက္ရဘဲ အေမရိကန္ကို ထြက္ေျပး တိမ္းေရွာင္သြားႏိုင္ခဲ့ပါတယ္။ အိမ့္ပိုးဥ ဘယ္လို လြတ္ေျမာက္သြားသလဲဆိုတာက ပေဟဠိ အျဖစ္ ရွိေနဆဲပါ။ DCS ဆရာဝန္ သကၠမိုးညိဳကိုယ္တိုင္ကလည္း ဘယ္လမ္းကေနေျပးတာလဲလို႔ မၾကာခဏ ပို႔စ္တင္ၿပီး ေမးေလ့ရွိပါတယ္။ ဘယ္လိုပဲေမးေမး အိမ့္ပိုးဥ ဘက္ကေတာ့ လြတ္ေျမာက္သြားခဲ့မႈကို ကြယ္ဝွက္ထားဆဲပါ။ အတြင္းသိတခ်ိဳ႕ရဲ႕ ဖြင့္ဟမႈအရဆိုရင္ေတာ့ အိမ့္ပိုးဥဟာ ေဖေဖာ္ဝါရီ မတိုင္မီ ကတည္းက ျမန္မာျပည္ထဲ ကေန ေရွာင္ထြက္သြားခဲ့တာလို႔ ဆိုႏိုင္ပါတယ္။ အိမ့္ပိုးဥ ေခၚ ပန္ဆယ္လိုရဲ႕ (၂၀၂၁) ခုႏွစ္ မတိုင္မီ အေပါင္းအပါေတြက ဘယ္သူေတြလဲဆိုရင္ အရည္ႀကိဳ၊ ေမာင္ေမာင္ေအး၊ သက္ မြန္၊ သကၠမိုးညိဳ၊ ဒီမိုဖက္တီး အပါအဝင္ ပုဂၢိဳလ္တခ်ိဳ႕ပါပဲ။ ပန္ဆယ္လိုရဲ႕လုပ္ေဖာ္ကိုင္ ဖက္ အမည္မေဖာ္လိုသူ တခ်ိဳ႕ကေတာ့ (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီ(၁)ရက္မတိုင္မီမွာပဲ ေျမာက္ဒဂုံကအိမ္မွာ ပန္ဆယ္ လို ဆက္လက္ေနထိုင္ျခင္းမရွိေတာ့တာ ျဖစ္တယ္လို႔ ဖြင့္ဟပါတယ္။ ျဖစ္စဥ္ကေတာ့ ဒီလိုပါ။

“ ဖမ္းတဲ့အဖြဲ႕ေတြ အိမ္ထဲေရာက္တဲ့ အခ်ိန္မွာ သူ႔အေဖရယ္၊ သူ႔အေမရယ္၊ သူ႔ ညီမရယ္၊ သူ႔ ကေလးရယ္ပဲရွိတယ္။ သူနဲ႔ သူ႔ေယာက်ာ္းက မရွိေတာ့ဘူး” လို႔ အတြင္းသိတစ္ဦးက ဖြင့္ဟပါတယ္။ (၂၀၂၁) ခုႏွစ္ ဇန္နဝါရီေနာက္ဆုံးပတ္ေတြဟာ ျမန္မာႏိုင္ငံအတြက္ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ဖို႔ အျပင္း ထန္ဆုံး ရာသီဥတု ဝင္ေနခ်ိန္ပါပဲ။ ေဒၚေအာင္ဆန္းစုၾကည္ အိမ္ေတာ္နဲ႔ ပုံမွန္အဆက္အသြယ္ရွိေနတဲ့ ပန္ဆယ္လိုတို႔အဖြဲ႕ဟာ ဇန္နဝါရီ (၂၈)ရက္ မတိုင္မီ ဆုံးျဖတ္ခ်က္ ခိုင္ခိုင္မာမာခ်ၿပီး ေရွာင္တိမ္းဖို႔ စီစဥ္ ၾကပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာလည္း ပိုင္ဆိုင္တဲ့ပစၥည္းေတြထဲက အေရးႀကီးတာေတြကို ထုပ္ပိုး ျပင္ဆင္ေနၿပီဆိုတဲ့ သတင္းစကားမ်ိဳး ပန္ဆယ္လိုတို႔အဖြဲ႕က လက္ခံရရွိခဲ့ၾကပါတယ္။ တပ္မေတာ္ဟာ ဇန္နဝါရီ(၂၈) ရက္ မတိုင္မီအထိ အာဏာထိန္းဖို႔ အသင့္ျဖစ္မေနေသးပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ထံ ေပးပို႔ခဲ့တဲ့စာနဲ႔ သမၼတေဟာင္း ဦးဝင္းျမင့္ထံ ေပးပို႔ခဲ့တဲ့စာေတြကေန တုံ႔ျပန္ လာမယ့္သတင္းစကားကို ေစာင့္ဆိုင္းေနၾကပါတယ္။ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မိုးျမင့္ထြန္းတို႔ ဦးဝင္းျမင့္နဲ႔ ေတြ႕ဆုံစဥ္မွာ ဦးဝင္းျမင့္ရဲ႕ ခ်ိဳးႏွိမ္ေစာ္ကားေျပာဆိုမႈအေပၚ “ခင္ဗ်ားတို႔ လူပါးဝလြန္းေနၿပီ။ ကြၽန္ေတာ္ တို႔က လူႀကီးလူေကာင္းဆန္ဆန္ လာတင္ျပတာေနာ္” ဆိုတဲ့အထိ တင္းမာ မႈက အေျဖတစ္ခု ထြက္သြားေစခဲ့တာပါပဲ။ အဲဒီေနာက္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္ အိမ္ေတာ္တို႔ဆီကေန အထုပ္ ျပင္ေနတဲ့သတင္းဟာ ပန္ဆယ္လိုတို႔ကို ဆုံးျဖတ္ခ်က္ခိုင္မာသြားေစခဲ့တာပါပဲ။ “သိရသေလာက္ ပန္ ဆယ္လိုက စစ္တပ္ဘက္က ဖမ္းဆီးရမယ့္စာရင္းထဲမွာ ဦးစားေပးအျဖစ္မပါဘူး။ ေစာင့္ၾကည့္စာရင္းအရ သူ႔အိမ္ေရွ႕နားတစ္ဝိုက္မွာ အရိပ္အျခည္ၾကည့္ေနသူေတြေတာ့ ရွိတယ္။ ေစာင့္တဲ့သူေတြက ေဖေဖာ္ဝါရီ (၁)ရက္ ေနာက္ပိုင္းမွပါ။ ဒါေပမဲ့ သူတို႔ မသိတာက အဲဒီမတိုင္ခင္ကတည္းက ပန္ဆယ္လိုက မရွိေတာ့ ဘူး” လို႔ ပန္ဆယ္လိုရဲ႕မိတ္ေဆြတစ္ဦးက ေျပာပါတယ္။ ဇန္နဝါရီ ေနာက္ဆုံးပတ္နဲ႔ ေဖေဖာ္ဝါရီ လ လယ္အထိ ပန္ဆယ္လို ဆက္သြယ္စကားေျပာခဲ့သူက လက္ဆယ္ေခ်ာင္းမျပည့္ပါဘူး။ ဒီအထဲက တစ္ဦး ကေတာ့ ပန္ဆယ္လိုဟာ အေမရိကန္သံ႐ုံး အကူအညီနဲ႔ မဲေဆာက္ဘက္ကို ဇန္နဝါရီ(၂၈)ေလာက္ ကတည္းက ေရွာင္ထြက္သြားခဲ့ၿပီးၿပီလို႔ ေျပာပါတယ္။ သူနဲ႔ ေရွ႕ဆင့္ေနာက္ဆင့္ ထြက္ေျပးသူထဲမွာ ေမာင္ေမာင္ေအးလည္း ပါဝင္ခဲ့ပါတယ္။ ဒါေပမဲ့ ပန္ဆယ္လိုဟာ မွင္ေကာင္း ေကာင္းနဲ႔ ေျမာက္ဒဂုံအိမ္ထဲမွာ ရွိေနသေယာင္ေယာင္ Live လႊင့္ခဲ့ပါတယ္။ လူေတြ သတိမထားမိတာကေတာ့ သူ႔အိမ္အခန္း ထဲက အေရာင္နဲ႔ Live လႊင့္စဥ္ အေရာင္က တူညီျခင္းရွိမေနတာပါ။ ဒါကို သူ႔မိတ္ေဆြျဖစ္ခဲ့သူက ေကာင္းေကာင္းသတိျပဳမိခဲ့ပါတယ္။ သို႔ေသာ္လည္း သုံးႏွစ္ေက်ာ္ၾကာတဲ့အထိ ႏႈတ္ဆိတ္ေနခဲ့ပုံရပါ တယ္ ” သူ႔ အိမ္မွာ CCTV တပ္ထားတယ္ေလ။ ဖုန္းထဲကေန ၾကည့္ၿပီး Live လႊင့္ခ်ိန္မွာ သူ႔အိမ္ကို ဘယ္သူေတြ ဝိုင္းထားပါၿပီ။ ဘယ္လိုေတြလုပ္ေနပါတယ္ဆိုၿပီး သူ႔ကို အားေပးသူေတြကို လွည့္စား လိုက္တာ။ တကယ္ေတာ့ အိမ္ထဲမွာသူမရွိဘူး။ CCTV ကေန ၾကည့္ၿပီးေျပာတယ္။ သူ႔အေဖ၊ သူ႔ညီမနဲ႔ ဆက္ သြယ္ၿပီး ခ်ိတ္ဆက္လုပ္ေနခဲ့တာ” လို႔ ျပည္တြင္းမွာ က်န္ေနခဲ့သူ ပန္ဆယ္လိုရဲ႕မိတ္ေဆြေဟာင္းက ဖြင့္ဟပါတယ္။

ေျမာက္ဒဂုံနယ္ေျမရဲစခန္းနဲ႔ နီးစပ္သူ ေတြဆီ၊ ရပ္ကြက္ေန သတင္းရင္းျမစ္ေတြဆီ ေမးျမန္း ၾကည့္မႈအရ ေဖေဖာ္ဝါရီပထမပတ္အတြင္းမွာ စစ္သားေတြက ပန္ဆယ္လိုအိမ္ကို ဝရမ္းမရွိတာေၾကာင့္ ဝင္ေရာက္ရွာေဖြျခင္းမလုပ္ခဲ့ဘူးလို႔ ဆိုပါတယ္။ ထူးျခားခ်က္က နယ္ေျမရဲစခန္းတာဝန္ရွိသူေတြနဲ႔ ၿမိဳ႕နယ္တရား႐ုံးဥပေဒအရာရွိတို႔ဟာ ရႈပ္ေထြးေနဆဲအေျခအေနေၾကာင့္ စစ္တပ္ တာဝန္ရွိသူေတြကို ဝရမ္းထုတ္ေပးဖို႔ ၾကန႔္ၾကာခဲ့တယ္လို႔ သိရပါတယ္။ ဝရမ္း မရွိတဲ့အတြက္ အိမ္ထဲကို အတင္းဖ်က္ဝင္ တာမ်ိဳးေတြ စစ္တပ္ဘက္က မလုပ္ခဲ့ဘူးလို႔ ဆိုႏိုင္ပါတယ္။ ဥပေဒကို ေလးစား လိုက္နာမႈအရပါပဲ။ ဝရမ္းရတဲ့အခ်ိန္ အိမ္ထဲကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြ ေရာက္သြားခ်ိန္မွာေတာ့ ပန္ဆယ္လိုနဲ႔ သူ႔ေယာက်ာ္းကို မေတြ႕ရဘူးလို႔ ရဲတပ္ဖြဲ႕ မွတ္တမ္းမွာ ေဖာ္ျပပါတယ္။

ပန္ဆယ္လိုရဲ႕ဖခင္ကို ေမးျမန္းထားခ်က္အရ ပန္ဆယ္လိုနဲ႔ သူ႔ေယာက်ာ္းဟာ အာဏာထိန္းမႈ မျဖစ္ခင္ သုံးရက္ေလာက္အလိုကတည္းက ထြက္ေျပးသြားခဲ့ၿပီးၿပီလို႔ ဆိုပါတယ္။ အဲဒီအခ်ိန္မွာ နယ္ေျမ ရဲတပ္ဖြဲ႕နဲ႔ နယ္ေျမလုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြဟာ ထုေခ်လႊာ ေရးရပါေတာ့တယ္။ မသက္ဆိုင္သူေတြျဖစ္ တဲ့ ပန္ဆယ္လိုရဲ႕မိသားစုဝင္ေတြကိုေတာ့ ဖမ္းဆီးျခင္းမလုပ္ဘဲ အိမ္ကိုသာ ခ်ိပ္ပိတ္လိုက္တာမ်ိဳး ျဖစ္ ပါတယ္။ ထူးျခားခ်က္ကေတာ့ သ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္နဲ႔ အေခ်အတင္ျဖစ္ေနတဲ့ရက္ပိုင္းအတြင္း မွာပဲ ပန္ဆယ္လိုဘက္က အေမရိကန္မွာ ေနထိုင္ခြင့္ဘယ္လိုရခဲ့တယ္ဆိုတာနဲ႔ ဘယ္သူေတြ ကယ္ ထုတ္ေပးသြားတယ္ဆိုတာကို အခ်က္ အလက္တခ်ိဳ႕ကို ခ်န္ၿပီး ေဖာ္ျပလာတာေတြ႕ရပါတယ္။ “အာဏာမသိမ္းခင္ ရက္ပိုင္းေလးအလိုမွာ ပန္ဆယ္လိုရဲ႕ေဖ့စ္ဘြတ္ခ္အေကာင့္က ဘာပို႔စ္မွမတင္ဘူး။ ပ်က္သြားတယ္လို႔ ေျပာၿပီး ဖ်က္ခ်လိုက္တဲ့အေကာင့္မွာ သုံးေလးရက္ေလာက္ ဘာပို႔စ္မွ မတင္ဘူး။ အဲဒီရက္ေတြက နယ္စပ္ကိုေရွာင္ေျပးေနခ်ိန္၊ လမ္းမွာလည္း ကိုဗစ္ စစ္ေဆးမႈေတြကို ေက်ာ္ေနရတာေတြေၾကာင့္။ ထိုင္းဘက္ေရာက္သြားၿပီးေတာ့ ေနရာ ထိုင္ခင္းသာေတာ့မွ Live လႊင့္တဲ့လုပ္ငန္းစဥ္ကို စတင္ခဲ့တာ”လို႔ အဲဒီရက္ပိုင္းေတြအတြင္း ပန္ဆယ္လို ဆက္သြယ္ခဲ့သူထဲက တစ္ဦးက ေျပာပါတယ္။ စာေတြလည္း ေရးတင္ခဲ့သလို အဲဒီစာေတြထဲက တစ္ ေစာင္ကေတာ့ အေကာင့္ဖ်က္သြားသည့္တိုင္ စခရင္ ေရွာ့ခ္ေတြအျဖစ္ ျပန္တင္သူေတြ ရွိလာခဲ့ပါတယ္။

အေမရိကန္ကို ေရာက္ရွိခ်ိန္မွာ ကိုယ္ပိုင္ အိမ္နဲ႔လုပ္ငန္းေတြ ပိုင္ဆိုင္သြားတဲ့အထိ အဆင္ေျပ သြားခဲ့သူ ပန္ဆယ္လိုဟာ ျမန္မာျပည္ကေန ထြက္ေျပးစ ရက္ပိုင္းအတြင္း ပို႔စ္တင္ခဲ့တာကေတာ့” ကြၽန္ မဘဝမွာ သိန္းေပါင္းေသာင္းခ်ီဆိုတဲ့ေငြကို မျမင္ခဲ့ဖူးပါ။ မကိုင္ခဲ့ဖူးပါ။ အခုဝယ္ထားတဲ့ အိမ္(ေျမာက္ ဒဂုံ အိမ္ကိုဆိုလို)ဟာ ကြၽန္မနဲ႔ကြၽန္မမိသားစု ဆယ္ႏွစ္တာ ရွာေဖြထားတဲ့ေငြပါ။ ဘဏ္မွာ Home Loan ေခ်းေငြနဲ႔လစဥ္ အပ္ေနတာပါ” လို႔ ေရးခဲ့သလို ဒီအတြက္လည္း မိဘေတြနဲ႔ က်ိန္ဆိုပါတယ္လို႔ တိုင္တည္ ထားပါတယ္။ သစၥာဆိုျခင္း၊ က်ိန္ဆိုျခင္းေတြဟာ ကိုယ့္အသက္နဲ႔ က်ိန္ဆိုျခင္းမ်ိဳးလုပ္ရတာ ျဖစ္ေပမယ့္ ပန္ဆယ္လိုကေတာ့ မိဘႏွစ္ပါးနဲ႔ သမီးကိုသာ က်ိန္ဆိုထားခဲ့ပါတယ္။

အလားတူ ရန္ကုန္မွာရွိစဥ္ ရတနာေရာင္းခ်ျခင္းလုပ္ငန္းဟာလည္း ေ႐ႊဆိုင္နဲ႔ ပန္းထိမ္ေတြရဲ႕ ယုံၾကည္မႈအရ ပစၥည္းေပး၊ အျမတ္ယူစနစ္ ပုံစံမ်ိဳး နဲ႔သာျဖစ္တယ္လို႔ ပန္ဆယ္လိုက ဖ်က္ခ်ခဲ့တဲ့ အ ေကာင့္မွာ ေရးသားထားခဲ့ပါတယ္။ သိန္းေပါင္း ေသာင္းခ်ီ မကိုင္ခဲ့ဖူးဘဲ သိန္းေထာင္ဂဏန္းပတ္ လည္သာ ရွိခဲ့ဖူးတယ္လို႔ ဆိုထားပါတယ္။

“သူေခ်းထားတဲ့ သိန္း(၁၅၀ဝဝ)ေလာက္ကိုလည္း ဆပ္စရာမလိုေတာ့ဘူးေပါ့။ ဘဏ္မွာရွိတဲ့ ေငြလည္းထုတ္ခ်ိန္ရလိုက္တယ္။ လက္ဝတ္ လက္စားေတြလည္း ယူသြားခ်ိန္ရတယ္။ သူတို႔က ေအာက္ လမ္းက ေျပးတာ။ မဲအပို ႏွစ္သန္းေလာက္ ႐ိုက္ထားတဲ့အဖိုးအခေတြလည္း သူထုတ္ခ်ိန္ရလိုက္တယ္။ ေဇယ်ာေသာ္ရဲ႕အစ္မေတာင္ သန္းခ်ီထုတ္သြားေသးတယ္” လို႔ ပန္ဆယ္လိုရဲ႕ျပည္တြင္းက အသိမိတ္ေဆြကလည္း ေျပာပါတယ္။

ပန္ဆယ္လိုဟာ ရန္ကုန္ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳး မင္းသိန္းအတြက္ ကြီးၿဖိဳးဆိုတဲ့ ဝါဒျဖန႔္ေရးလုပ္ ငန္းစဥ္မွာ ပါဝင္ခြင့္ရသူျဖစ္သလို ေနဘုန္းလတ္တို႔ ရဲ႕MIDO မွာလည္း ပါဝင္ခြင့္ရခဲ့ပါတယ္။ MIDO ဟာ ေဖ့စ္ဘြတ္ခ္ေပၚက အမုန္းစကားေစာင့္ၾကည့္ထိန္းခ်ဳပ္ေရးေခါင္းစဥ္နဲ႔ “ကုလား”ဆိုေသာအသုံးအႏႈန္းကို ဘယ္သူမွမသုံးရဲေအာင္ လုပ္ခဲ့တဲ့အဖြဲ႕လည္း ျဖစ္ပါတယ္။ NLD အစိုးရရဲ႕က်ပ္သန္းေပါင္း(၆၄၂၆) ေက်ာ္ ေသာ ေငြပမာဏကို လိုသလိုသုံးစြဲခြင့္ရခဲ့ေသာ အဖြဲ႕(၆)ခုထဲက အဓိက တစ္ခုလည္း ျဖစ္ပါတယ္။ ဒါ့ျပင္ ပန္ဆယ္လိုဟာ ေနျပည္ေတာ္စည္ပင္ဘဏ္ ဥကၠ႒ျဖစ္ခဲ့သူ ရန္ကုန္စီမံဘ႑ာဝန္ႀကီးေဟာင္း ဦးရဲမင္းဦး ဆီကေန စီမံကိန္းတစ္ခုေခါင္းစဥ္တပ္ၿပီး ေခ်းေငြရခဲ့သူလည္း ျဖစ္ပါတယ္။ ေနျပည္ေတာ္ ၿမိဳ႕မေဈး နားက အိမ္ရာစီမံကိန္းတစ္ခုမွာ ေမာင္ေမာင္ေအး၊ အရည္ႀကိဳနဲ႔ ပန္ဆယ္လိုတို႔ ပတ္သက္မႈ ရွိခဲ့ၾကပါ တယ္။ အခုအခ်ိန္အထိလည္း ပန္ဆယ္လိုက ႏိုင္ငံေတာ္ကို ဆပ္ရမယ့္အေႂကြးေတြ ရွိေနပါေသးတယ္။

NLD အာဏာရခဲ့တဲ့ ငါးႏွစ္ထဲက ေနာက္ဆုံးသုံးႏွစ္ဟာ ပန္ဆယ္လိုအတြက္ ေန႔ခ်င္းညခ်င္း အိမ္ပိုင္၊ ကားပိုင္၊ လုပ္ငန္းပိုင္ ျဖစ္လာေစခဲ့ပါတယ္။ ႏြမ္းပါးတဲ့မိသားစုဘဝကေန ႀကီးျပင္းလာတဲ့ ၁၄/ သူဟာ (၂၀၁၅) မတိုင္မီအထိ သူရိယေနဝန္းဂ်ာနယ္ ဦးမိုးဟိန္းရဲ႕႐ုံးဝန္ထမ္းတစ္ဦးအဆင့္ကေန (၂၀၂၀) မတိုင္မီမွာပဲ ေျမာက္ဒဂုံမွာ အိမ္နဲ႔ၿခံ ပိုင္ဆိုင္ခဲ့ျခင္းဟာ မေအးေအးဝင္း စီစဥ္ေပးခဲ့တာေတာ့ မဟုတ္ ပါဘူး။ (၂၀၁၆) မွသာ မ်က္ႏွာထြက္ျပရဲခဲ့သူ အမ်ိဳးသမီးဟာ NLD နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေကာင္းမႈ ေၾကာင့္ ဘဝေျပာင္းလဲမႈျမန္ဆန္ခဲ့ပါတယ္။ ျမန္ဆန္လြန္းလွတဲ့ဘဝ အတက္အက်မွာ ပန္ဆယ္လိုဟာ လႈိင္းအမ်ိဳးမ်ိဳးကို ပါးနပ္စြာ စီးႏိုင္ခဲ့သလို ျမန္မာျပည္ကေန ထြက္ေျပးမွသာ အမႈေပါင္းမ်ားစြာကေန လြတ္ကင္းလိမ့္မယ္လို႔ ယုံၾကည္ခဲ့ပုံရပါတယ္။ ဒါေၾကာင့္လည္း (၂၀၂၁) ေဖေဖာ္ဝါရီ (၁) ရက္မတိုင္မီက တည္းက အကင္းပါးစြာနဲ႔ပဲ ေရွာင္တိမ္း ထြက္ခဲ့တာျဖစ္ေပမယ့္ သူနဲ႔စီးပြားဖက္ေတြထဲက တခ်ိဳ႕ကေတာ့ ျမန္မာျပည္တြင္းမွာ အလုပ္ေတြ လုပ္ေနၿမဲပဲ ျဖစ္ပါတယ္။ ေနာင္တစ္ခ်ိန္ ဦးရဲမင္းဦး အက်ဥ္းေထာင္က လြတ္လာခဲ့ရင္ အခ်ိဳ႕ေသာ အခ်က္ေတြဟာ ပိုမိုခိုင္မာစြာ ထြက္ေပၚလာႏိုင္ေျခလည္း ရွိေနပါတယ္။ သို႔ေသာ္လည္း ပန္ဆယ္လိုဟာ သူ႔ဗီဇအတိုင္း ဆက္လက္ရွင္သန္သြားမယ့္သေဘာမွာရွိသလို သူ႔အေၾကာင္းေျပာလာသမွ်ကိုလည္း သိပ္ဂ႐ုစိုက္မယ့္သူမ်ိဳး မဟုတ္ပါဘူး။ ေခါင္းမာလြန္းၿပီး အေက်ာတင္း တင္းေနႏိုင္သူျဖစ္တာေၾကာင့္ တခ်ိဳ႕အခ်က္အလက္ ေတြကို ျပန္ရွင္းမယ့္သူမ်ိဳးလည္း မဟုတ္ႏိုင္ပါ။ မည္သို႔ပင္ျဖစ္ေစ ပန္ဆယ္လိုဟာ (၂၀၂၁) ႏိုင္ငံေရးအခင္းအက်င္းနဲ႔အတူ လူတန္းစား တစ္စု ၾကားမွာ ပန္းပန္လ်က္ရွိေနဦးမယ္လို႔ ခန႔္မွန္းမိပါတယ္။ တစ္တိုင္းျပည္လုံး မသိသူမရွိေလာက္ေအာင္ အစြမ္းအစရွိေသာ အမ်ိဳးသမီးတစ္ဦးျဖစ္တယ္ဆိုတာကေတာ့ အေသအခ်ာပါပဲ။ သို႔ေသာ္လည္း တစ္ ေန႔ေန႔မွာ သူနားလည္လာရမယ့္အရာ ေပၚေပါက္လာလိမ့္မယ္လို႔ မွန္းဆရင္း ပန္ဆယ္လိုရဲ႕ဘဝခရီးရွည္ ကို စိတ္ဝင္စားေနမိေၾကာင္း ေရးသားလိုက္ရပါတယ္။

Picture

Thapyay Ywet Nu Soe

20/09/2024 12:56

FB မှာ share ချင်လိုက်တာ

Related news

© 2021. All rights reserved.