၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ

 533

ရဲထက် (NP News) - စက်တင်ဘာ ၂ဝ

(၂၀၂၄-၂၀၂၅) ခုနှစ်ရဲ့ အင်္ဂလန်ပရီးမီး ယားလိဂ်ပြိုင်ပွဲဟာ ပွဲစဉ်(၅)ကိုရောက်ရှိလာခဲ့ပြီဖြစ် ပြီး ပြိုင်ဆိုင်မှုတွေဟာလည်း ပိုမိုပြင်းထန်လာပြီဖြစ် ပါတယ်။ ဇယားထိပ်ပိုင်းက ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့ မန်စီးတီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပြိုင်ဆိုင်မှုတွေကို ပိုပြီးမြင်တွေ့လာရဖို့ရှိနေသလို ပွဲစဉ် (၅)အထိရောက်လာချိန်မှာ ပုံမှန်ခြေစွမ်းပြနေတဲ့ အသင်းလေးတွေရဲ့ ခြေစွမ်းခြေစကိုလည်း ဆက် လက်စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။ ဒါ့ပြင် မန်ယူ အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ထင်သ လောက်ခြေစွမ်းမပြနိုင်ခဲ့ဘဲ ရလဒ်ပိုင်းဆိုးရွား မှုတွေကြောင့် အခုပွဲစဉ်(၅)မှာ မဖြစ်မနေ အနိုင်ကန် သွားရမယ့် ပွဲစဉ်တွေလည်းဖြစ်ပါတယ်။ အထူးခြား ဆုံးအနေနဲ့ကတော့ ပွဲစဉ်(၅)မှာ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေကြ တဲ့ မန်စီးတီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို စောင့်ကြည့်ရမှာဖြစ်လို့ အမှတ်ပေးဇယားထိပ်ဆုံးမှာလည်း အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ NP News ကနေ ပရီးမီးယားလိဂ်အသင်းကြီး(၅)သင်းရဲ့ ပွဲစဉ်(၅)ယှဉ်ပြိုင်မှုတွေကို ပွဲကြိုသုံးသပ်ချက်အနေနဲ့ တင်ဆက်ပေးသွားချင်ပါတယ်။

မန်စီးတီး Vs အာဆင်နယ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
မန်စီးတီး ဝ - ဝ အာဆင်နယ် (၃၁-၃-၂၀၂၄)
အာဆင်နယ် ၁ - ဝ မန်စီးတီး (၈-၁၀-၂၀၂၃)
မန်စီးတီး ၄ - ၁ အာဆင်နယ် (၂၇-၄-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
မန်စီးတီး ၂ - ၁ အာဆင်နယ်
မန်စီးတီး ၃ - ၂ အာဆင်နယ်

အာဆင်နယ်အသင်းအတွက် ဒီပွဲစဉ်က အရေးကြီးတဲ့ပွဲစဉ်ဖြစ်သလို မန်စီးတီးအသင်းအတွက်လည်း ချန်ပီယံလမ်းကြောင်းအတွက် အရေး ကြီးတဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ လက်ရှိခြေစွမ်း ပိုင်းအရကြည့်ရင် မန်စီးတီးအသင်းက ရလဒ်ပိုင်း ရော စိတ်ဓာတ်ပိုင်းမှာပါ ပိုကောင်းတဲ့အသင်းဖြစ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကိုကာကွယ်ဖို့ အကောင်း ဆုံးအနေအထားမှာရှိနေပါတယ်။ မန်စီးတီးအသင်းရဲ့ ကစားပုံမှာ ဒီနှစ်ရာသီမှာ ပိုကောင်းလာသလို တိုက် စစ်ပိုင်းမှာလည်း ဟာလန်းက ဟက်ထရစ်(၂)ကြိမ်ရ ရှိထားတဲ့အထိ ဂိုးမြူးနေတဲ့ အနေအထားဖြစ်ပြီး ဒီဘ ရိုင်း၊ ဆေးဗားလ်နဲ့ ဂမ်ဒိုဂမ်တို့အပြင် ဖိုဒန်နဲ့ရိုဒရီသာ ထပ်ပေါင်းထည့်လိုက်ရင် ကွင်းလယ်မှာရော တိုက်စစ် မှာပါ ပြီးပြည့်စုံတဲ့အနေအထားဖြစ်လာနိုင်ပါတယ်။ ဟာလန်းအတွက်လည်း ဒီကစားသမားတွေသာ ပါ လာရင် သွင်းဂိုးရဖို့မခက်ခဲပါဘူး။ အာဆင်နယ်အသင်း မှာကျတော့ ဘေးတောင်ပံနှစ်ဖက်မှာ ဆာကာနဲ့ မာ တင်နယ်လီအပြင် နောက်ထပ်ရွေးချယ်စရာ ထရော ဆက်တို့ရှိနေပေမယ့် ကွင်းလယ်ပိုင်းမှာ အိုဒီဂတ်က ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ရင် ဂျော် ဂျင်ဟို၊ ရိုက်စ်နဲ့ သောမတ်ပါတေးတို့ ပွဲထွက်လာခဲ့ရင် မန်စီးတီးအသင်းရဲ့ ကွင်းလယ်ပိုင်းကိုယှဉ်ထိန်းဖို့ ဖြစ်နိုင်ပါ့မလားဆိုတဲ့မေးခွန်းအပြင် ဖန်တီးမှုပိုင်းမှာပါ အားနည်းသွားနိုင်တာကြောင့် အာဆင်နယ်အသင်းအ တွက် မလွယ်ကူပါဘူး။ ဒါ့ပြင် တိုက်စစ်ပိုင်းမှာလည်း အထောင်တိုက်စစ်မှူး စစ်စစ်မရှိတာကြောင့် သွင်းဂိုး ရရှိဖို့ခက်ခဲနေတတ်တဲ့ အာဆင်နယ်အသင်းအတွက် ဒီတစ်ကြိမ် မန်စီးတီးကို ရင်ဆိုင်နိုင်ဖို့က ခက်ခဲလာ နိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီ ထိပ်တိုက်တွေ့ဆုံမှု(၂)ကြိမ်မှာတော့ အာဆင်နယ်အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေကျအောင် ကစားထားနိုင်ခဲ့တာကိုတွေ့ ရပြီး ခြေစွမ်းကလည်း ဒီနှစ်ရာသီထက် ပိုကောင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါ့ပြင် နောက် တန်းခံစစ်မှာဆို ရင်လည်း မန်စီးတီးအသင်းက ပေးဂိုးပိုနည်းပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာတော့ အာဆင်နယ်အသင်းရဲ့ နောက်တန်းခံစစ်က ပိုကောင်းတာကိုတွေ့ရပြီး ဘရိုက်တန်အသင်းကို တစ်ယောက်လျော့အနေအ ထားနဲ့ သရေကျအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ခံစစ်ပိုင်းမှာ အာဆင်နယ်အသင်းက ပိုပြီး ကောင်းမွန် နေပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းက ပွဲစဉ်တိုင်းမှာ အမှားကင်းကင်းနဲ့ အကောင်းဆုံးကျော်ဖြတ်ပြနေပြီး မနှစ်ကရာသီထက် ပိုပြီးတည်ငြိမ်တဲ့ ခြေစွမ်းလို့လည်း ပြောလို့ရနေပါတယ်။ အာဆင်နယ်အသင်းကတော့ မနှစ်ကရာသီရဲ့ ခြေစွမ်းကိုမီဖို့ အနည်းငယ်အချိန် ပေးရဖို့ရှိနေပြီး ကွင်းလယ်နဲ့တိုက်စစ်မှာ စွမ်းဆောင် ရည်ပိုကောင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒီနှစ် သင်းရဲ့ရလဒ်ပိုင်းကို ခန့်မှန်းရမယ်ဆိုရင်တော့ မန်စီး တီးအသင်းက အိမ်ကွင်းဖြစ်တဲ့အပြင် ခြေစွမ်းပိုင်းမှာ အာဆင်နယ်အသင်းထက် ပိုကောင်းနေပြီး အာဆင် နယ်အသင်းကတော့ ကွင်းလယ်ပိုင်းအားနည်းသွား မှုအပြင် တိုက်စစ်ပိုင်းမှာလည်း သွင်းဂိုးရဖို့ ရုန်းကန်ရ လာနိုင်တာကြောင့် မန်စီးတီးအသင်းက (၁)ဂိုးအသာ လောက်နဲ့ အနိုင်ယူသွားနိုင်ပါတယ်။

ဝက်စ်ဟမ်း Vs ချဲလ်ဆီး
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၅ - ဝ ဝက်စ်ဟမ်း (၅-၅-၂၀၂၄)
ဝက်စ်ဟမ်း ၃ - ၁ ချဲလ်ဆီး (၁၁-၂-၂၀၂၃)
ဝက်စ်ဟမ်း ၁ - ၁ ချဲလ်ဆီး (၁၄-၅-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
ဝက်စ်ဟမ်း ၁ - ၃ ချဲလ်ဆီး
ဝက်စ်ဟမ်း ၂ - ၂ ချဲလ်ဆီး

ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုက စိတ် ဝင်စားစရာကောင်းပြီး လန်ဒန်ဒါဘီဖြစ်တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်လာဦးမှာသေချာပါတယ်။ ထိပ် တိုက်တွေ့ဆုံမှုပိုင်းမှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ အပြင် သွင်းဂိုးတွေလည်း အများအပြား မြင်တွေ့ရ လေ့ရှိပါတယ်။ ဝက်စ်ဟမ်းအသင်းက ဒီနှစ်ရာသီမှာ ခြေစွမ်းပိုင်းမှာ ကောင်းတယ်လို့လည်း ပြောလို့မရသ လို ညံ့တယ်လို့လည်း ပြောလို့မရတဲ့အနေအထားပါ။ ဝက်စ်ဟမ်းအသင်းက နည်းပြသစ်လက်ထက်မှာ ခြေ စွမ်းပိုင်းသိသိသာသာကောင်းမလာသေးတာမှန်ပေ မယ့် ချဲလ်ဆီးအသင်းနဲ့တွေ့တိုင်း ဒုက္ခကောင်းကောင်း ပေးတတ်တဲ့အသင်းဖြစ်တဲ့အပြင် နိုင်ပွဲရအောင်ပါ စွမ်းဆောင်တတ်တာကြောင့် ဒီပွဲစဉ်မှာလည်း ချဲလ် ဆီးအသင်းအနေနဲ့ သတိထားရင်ဆိုင်ရမှာဖြစ်ပါ တယ်။ လက်ရှိခြေစွမ်းအရ ချဲလ်ဆီးအသင်းဟာ လည်း လိုအပ်ချက်များစွာရှိနေသေးတဲ့အသင်းဖြစ် ပြီး နည်းပြနဲ့ကစားသမားတွေရဲ့ အချိတ်အဆက်မီဖို့ ဆိုရင် အချိန်ထပ်ပေးရဦးမယ့်သဘောဖြစ်ပါတယ်။ နိုင်ပွဲရတယ်ဆိုရင်တောင် ခြေစွမ်းပိုင်းမှာ အားရစရာ မရှိသလို ကစားကွက်အရလည်း အဆင်ပြေမနေသေး တာဖြစ်ပါတယ်။ ဒါ့ပြင် တိုက်စစ်ဦးစားပေးကစား ဟန်ကြောင့် တစ်ဖက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ရင်ဆိုင်ရချိန်တိုင်း ဂိုးပေးရဖို့များတဲ့ ကစားကွက် အနေအထားကို ပြန်လည်ပြင်ဆင်ဖို့လိုအပ်နေသလို ကစားသမားတွေရဲ့ လူမှန်နေရာမှန်ကို နေရာချကစား နိုင်ဖို့လည်း လိုအပ်နေပါသေးတယ်။ ပြီးခဲ့တဲ့ရာသီ ထိပ်တိုက်တွေ့ဆုံမှုနှစ်ကြိမ်မှာလည်း အိမ်ကွင်းမှာ ကန်ရတဲ့အသင်းက ပိုပြီး ခြေစွမ်းကောင်းသလို ဂိုးပြတ် လည်းနိုင်လေ့ရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် ရလဒ်ပိုင်းကို ခန့်မှန်းရရင် အိမ်ကွင်းအားသာချက်ရှိတဲ့ ဝက်စ်ဟမ်းအသင်းကို နိုင်ဖို့မလွယ်တာကြောင့် ‌ချဲလ် ဆီးအသင်းအနေနဲ့ ခက်ခက်ခဲခဲနိုင်ပွဲရရှိအောင် ရုန်းကန်ရဖို့ရှိနေပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေကျသွားနိုင်သလို နိုင်မယ်ဆိုရင်တော့ ချဲလ်ဆီး အသင်းက(၁)ဂိုးအသာလောက်နဲ့သာ နိုင်ပါမယ်။

လီဗာပူးလ် Vs ဘုန်းမောက်စ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ဘုန်းမောက်စ် ဝ - ၄ လီဗာပူးလ် (၂၁-၁-၂၀၂၄)
လီဗာပူးလ် ၃ - ၁ ဘုန်းမောက်စ် (၁၉-၈-၂၀၂၃)
ဘုန်းမောက်စ် ၁ - ဝ လီဗာပူးလ် (၃-၁၁-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
လီဗာပူးလ် ၂ - ဝ ဘုန်းမောက်စ်
လီဗာပူးလ် ၃ - ၁ ဘုန်းမောက်စ်

လီဗာပူးလ်က ဒီရာသီမှာ မနှစ်ကထက် ပိုကောင်းတဲ့ စတင်မှုတွေနဲ့အတူ ခြေစွမ်းပိုင်း ကောင်း မွန်နေတဲ့အသင်းဖြစ်ပါတယ်။ နည်းပြသစ်လက်ထက် ပထမဆုံးရာသီလို့မထင်ရလောက်အောင် စွမ်းဆောင် ရည်ကောင်းတွေပြသနေပြီး နိုင်ပွဲတွေလည်း ရယူ ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။ လီဗာပူးလ်အသင်း ရဲ့ အဓိကအားသာချက်ကတော့ တိုက်စစ်ပိုင်းနဲ့ကွင်း လယ်အချိတ်အဆက် တော်တော်လေးကောင်းမွန် တာပါ။ တိုက်စစ်ပိုင်းက ဆာလက်၊ လူးဝစ်ဒီရက်ဇ်နဲ့ ဂျိုတာတို့အတွဲက သွင်းဂိုးတွေအတွက်ရော တန်ပြန် တိုက်စစ်အပြင် ဖန်တီးမှုအပိုင်းမှာပါ အကွက်မြင်မြင်နဲ့ ပေးပို့မှုတွေကို မြင်တွေ့ရပါတယ်။ ကွင်းလယ်ပိုင်းမှာ လည်း ဆဘိုးစလိုင်းနဲ့ မက်အလစ္စတာတို့ရဲ့ အတွဲအ ဖက်က ဒီရာသီမှာ မန်စီးတီးကွင်းလယ်ထက်ပိုပြီး တည်ငြိမ်တာကိုတွေ့ရပြီး မန်ယူအသင်းကို နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရယူခဲ့တဲ့သွင်းဂိုးတွေက သူတို့နှစ်ယောက် ဆီကနေအခြေခံပြီး ဖန်တီးပေးမှုတွေကနေရရှိခဲ့တာ ကိုတွေ့ရပါတယ်။ ဒါ့ပြင် ကွင်းလယ်အဖျက်နေရာ က ဂရာဘန်ဘက်ရဲ့ခြေစွမ်းတွေကလည်း လီဗာပူးလ် အသင်းကို ပိုပြီးမာကျောလာစေကာ ကွင်းလယ်နဲ့ တိုက်စစ်ကို အချိတ်အဆက်ပိုမိစေခဲ့တာဖြစ်ပါတယ်။ ဒီလိုလူစာရင်းနဲ့ ခြေစွမ်းပိုင်းတွေကို ပိုင်ဆိုင်ထားတဲ့ လီဗာပူးလ်အသင်းအတွက် ဒီနှစ်ရာသီမှာ ပရီးမီး ယားလိဂ်ဖလားကိုတောင် စိန်ခေါ်နိုင်ဖို့ အလားအ လာရှိပြီး မန်စီးတီးအသင်းကို အနီးကပ်ဆုံးဖိအား ပေးနိုင်မယ့်အသင်းလည်းဖြစ်ပါတယ်။ ဘုန်းမောက်စ် အသင်းကတော့ ဒီနှစ်ရာသီမှာ ခြေစွမ်းပိုင်း ပြန်တက် လာတဲ့အသင်းလို့ ပြောလို့ရနေပြီး ရာသီအစပွဲစဉ် တွေမှာ မန်ယူနဲ့ချဲလ်ဆီးအသင်းထက်တောင် ရလဒ် ပိုင်းပိုကောင်းတဲ့အသင်းလည်းဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ အိမ်ကွင်းမှာ လျှော့တွက် မယ်ဆိုရင် ပေးဆပ်မှုကြီးသွားနိုင်တဲ့အသင်းဖြစ်ပါ တယ်။ ဒါကြောင့် ရလဒ်ပိုင်းကိုပြောရရင် လီဗာပူးလ် က အိမ်ကွင်းဖြစ်တဲ့အပြင် ခြေစွမ်းပိုင်းမှာရော လူစာ ရင်းပိုင်းမှာပါ အသာစီးရယူသွားနိုင်ပြီး (၂)ဂိုးအသာ လောက်နဲ့ နိုင်ပွဲရယူသွားနိုင်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် Vs မန်ယူ
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ခရစ္စတယ်ပဲလေ့စ် ၄ - ဝ မန်ယူ (၇-၅-၂၀၂၄)
မန်ယူ ၁ - ၂ ခရစ္စတယ်ပဲလေ့စ် (၃၀-၉-၂၀ ၂၃)
မန်ယူ ၁ - ဝ ခရစ္စတယ်ပဲလေ့စ် (၂၇-၉-၂၀ ၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
ခရစ္စတယ်ပဲလေ့စ် ၁ - ၁ မန်ယူ
ခရစ္စတယ်ပဲလေ့စ် ၂ - ၃ မန်ယူ

မန်ယူအသင်းအနေနဲ့ ဒီပွဲစဉ်က နိုင်ပွဲရဖို့ ထက် ရှုံးကြွေးပြန်ဆပ်ရဖို့ အခွင့်အရေးတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ရာသီမှာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၂)ပွဲစလုံး မန်ယူ အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို တစ်ပွဲမှ အနိုင်မရခဲ့တဲ့အပြင် တစ်ပွဲက(၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး တစ်ပွဲကတော့(၁)ဂိုးသာခွင့်ပြုထားရပါတယ်။ ဒါ ကြောင့် မန်ယူအသင်းအနေနဲ့ ဒီနှစ်ရာသီအစော ပိုင်းမှာ ရလဒ်ပိုင်းကိုမကြည့်ဘဲ ရှုံးကြွေးကို ပြန်ဆပ်ဖို့ အာရုံစိုက်လာနိုင်ပါတယ်။ နှစ်သင်းလုံးရဲ့ ခြေစွမ်းပိုင်း ကိုပြန်ကြည့်ရင် မန်ယူအသင်းက ရလဒ်ပိုင်းအရ ကျေနပ်စရာမရှိပေမယ့် ခရစ္စတယ်ပဲလေ့စ်အသင်းက ခြေစွမ်းပိုင်းအပြင် အသင်းရဲ့ အဓိက ကစားသမားတွေ ကို လက်လွှတ်ထားရတာကြောင့် ပိုပြီးရုန်းကန်နေရ တဲ့အသင်းဖြစ်ပါတယ်။ ဒါပေမဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းက ချဲလ်ဆီးအသင်းကို သရေကန်ထားတာ ကြောင့် မန်ယူအသင်းအနေနဲ့လည်း ခက်ခက်ခဲခဲရင် ဆိုင်ရဖို့ရှိနေပါတယ်။ မန်ယူအသင်းဟာ နောက်ပိုင်း မှာ တိုက်စစ်က ဂိုးရဖို့မလွယ်တော့သလို ကွင်းလယ် ပိုင်းနဲ့ နောက်တန်းကစားသမားတွေရဲ့အမှားတွေ ကနေ ဂိုးတွေပေးနေရတာဖြစ်ပါတယ်။ ကတ်စီ မီရိုးနဲ့ကိုဘီမေးနူးတို့ရဲ့ ခြေစွမ်းတွေကလည်း ကတ်စီ မီရိုးက အမှားများလာသလို ကိုဘီမေးနူးအနေနဲ့ လည်း ပွဲထွက်ကစားဖို့ ထိုက်တန်သေးရဲ့လားဆိုတာ ကလည်း မေးခွန်းထုတ်စရာရှိလာပါတယ်။ နည်းပြ တန်းဟတ်အနေနဲ့လည်း ကစားသမားတွေရဲ့ အနိမ့် အမြင့်ကိုသာ မသုံးသပ်နိုင်ခဲ့ရင် ရလဒ်ပိုင်းလည်း ထူးမခြားနားဖြစ်နေဦးမှာပါ။ ဒါကြောင့် ဒီနှစ်သင်းရဲ့ ပွဲစဉ်ကိုခန့်မှန်းရရင် ခရစ္စတယ်ပဲလေ့စ်အသင်းက အိမ်ကွင်းဖြစ်ပေမယ့် မန်ယူအသင်းက ရလဒ်ပိုင်းဆိုး ရွားမှုတွေကြောင့် ဒီပွဲစဉ်ကို မဖြစ်မနေ အနိုင်ကန်ပြီး ရမှတ်(၃)မှတ် အပြည့်ယူသွားနိုင်ပါတယ်။ ဂိုးတော့ မပြတ်ပါဘူး။

စပါးစ် Vs ဘရန်းဖို့ဒ်
ပရီးမီးယားလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
စပါးစ် ၃ - ၂ ဘရန်းဖို့ဒ် (၁-၂-၂၀၂၄)
ဘရန်းဖို့ဒ် ၂ - ၂ စပါးစ် (၁၃-၈-၂၀၂၃)
စပါးစ် ၃ - ၂ ဘရန်းဖို့ဒ် (၂၀-၅-၂၀၂၃)
The Statesman အကြိုက် ပွဲကြိုသုံးသပ်ချက်
စပါးစ် ၃- ၂ ဘရန်းဖို့ဒ်
စပါးစ် ၂ - ၂ ဘရန်းဖို့ဒ်

စပါးစ်အသင်းက မနှစ်ကရာသီနဲ့ယှဉ်ရင် ခြေစွမ်းပိုင်း ကျဆင်းသွားတယ်လို့ ပြောလို့ရပါတယ်။ မနှစ်ကနည်းပြသစ်လက်ထက်မှာ တိုက်စစ်ကစား ဟန်ကောင်းခဲ့တဲ့အပြင် တစ်သင်းလုံးအတက် အ ဆင်းမှန်မှန်ကစားခဲ့တဲ့ စပါးစ်အသင်းအနေနဲ့ ဒီနှစ်ရာ သီမှာတော့ တိုက်စစ်ပိုင်းမှာ ဂိုးရဖို့မခက်ဘူးဆိုပေမယ့် ကွင်းလယ်နဲ့ တိုက်စစ်ချိတ်ဆက်မှုအပိုင်းမှာအား နည်းသလို နောက်တန်းခံစစ်မှာလည်း လိုအပ်ချက် တွေရှိနေပါတယ်။ အဓိကအချက်တော့ နောက်တန်း ကစားသမားတွေရဲ့ ကြမ်းကြမ်းတမ်းတမ်းဖြတ်ထုတ် ကစားတတ်တဲ့အကျင့်က ပွဲတိုင်းမကောင်းနိုင်တဲ့ အ ပြင် တိုက်စစ်အထိလိုက်ပါလွန်းတာကြောင့် တန်ပြန် တိုက်စစ်ကနေ ဂိုးတွေများစွာပြန်ပေးလိုက်ရတာမျိုးတွေရှိလာပါတယ်။ ဘရန်းဖို့ဒ်အသင်းကတော့ စပါးစ် အသင်းထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ပိုင်းကို ရာသီအစပွဲစဉ်တွေမှာပြသထားပြီး ကစားပုံကောင်း သလို ဘောလုံးဖြတ်ထုတ်မှုအားကောင်းတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု တွေအရလည်း ဘရန်းဖို့ဒ်အသင်းက စပါးစ်အသင်းကို (၂၀၂၁) ခုနှစ်ကတည်းကနေ လက်ရှိ (၂၀၂၄-၂၀၂၅) ဘောလုံးရာသီအထိ ပွဲပေါင်း(၆)ပွဲတွေ့ဆုံ ရာမှာ တစ်ပွဲသာနိုင်ခဲ့တာကိုတွေ့ရပြီး စပါးစ်အသင်း က (၂)ပွဲနိုင်ထားကာ(၃)ပွဲသရေကျထားတာကိုတွေ့ရ ပါတယ်။ စပါးစ်အသင်းက အိမ်ကွင်းမှာဆိုရင် ဘရန်း ဖို့ဒ်ကို နိုင်ပွဲပိုရတတ်တာကြောင့် ဒီပွဲစဉ်က စပါးစ်အ သင်းကနိုင်ဖို့များပေမယ့် အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ သရေလည်းကျသွားနိုင်ပါတယ်။
၂၁ -၉-၂၀၂၄ (စနေနေ့ညပိုင်း)
ည (၆းဝဝ) ဝက်စ်ဟမ်း Vs ချဲလ်ဆီး
ည (၈း၃၀) လီဗာပူးလ် Vs ဘုန်းမောက်စ်
ည (၈း၃၀) စပါးစ် Vs ဘရန်းဖို့ဒ်
ည (၁၁းဝဝ) ခရစ္စတယ်ပဲလေ့စ် Vs မန်ယူ

၂၂-၉-၂၀၂၄ (တနင်္ဂနွေနေ့ညပိုင်း)
ည(၁၀းဝဝ) မန်စီးတီး Vs အာဆင်နယ်

zawgyi version
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ္ ပြဲစဥ္(၅) ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - စက္တင္ဘာ ၂ဝ

(၂၀၂၄-၂၀၂၅) ခုႏွစ္ရဲ႕ အဂၤလန္ပရီးမီး ယားလိဂ္ၿပိဳင္ပြဲဟာ ပြဲစဥ္(၅)ကိုေရာက္ရွိလာခဲ့ၿပီျဖစ္ ၿပီး ၿပိဳင္ဆိုင္မႈေတြဟာလည္း ပိုမိုျပင္းထန္လာၿပီျဖစ္ ပါတယ္။ ဇယားထိပ္ပိုင္းက ရာႏႈန္းျပည့္ႏိုင္ပြဲရထားတဲ့ မန္စီးတီး၊ လီဗာပူးလ္နဲ႔ အာဆင္နယ္အသင္းတို႔ရဲ႕ ၿပိဳင္ဆိုင္မႈေတြကို ပိုၿပီးျမင္ေတြ႕လာရဖို႔ရွိေနသလို ပြဲစဥ္ (၅)အထိေရာက္လာခ်ိန္မွာ ပုံမွန္ေျခစြမ္းျပေနတဲ့ အသင္းေလးေတြရဲ႕ ေျခစြမ္းေျခစကိုလည္း ဆက္ လက္ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။ ဒါ့ျပင္ မန္ယူ အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ထင္သ ေလာက္ေျခစြမ္းမျပႏိုင္ခဲ့ဘဲ ရလဒ္ပိုင္းဆိုး႐ြား မႈေတြေၾကာင့္ အခုပြဲစဥ္(၅)မွာ မျဖစ္မေန အႏိုင္ကန္ သြားရမယ့္ ပြဲစဥ္ေတြလည္းျဖစ္ပါတယ္။ အထူးျခား ဆုံးအေနနဲ႔ကေတာ့ ပြဲစဥ္(၅)မွာ ၿပိဳင္ဆိုင္မႈ ျပင္းထန္ၿပီး ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ တိုက္ပြဲဝင္ေနၾက တဲ့ မန္စီးတီးအသင္းနဲ႔ အာဆင္နယ္အသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကို ေစာင့္ၾကည့္ရမွာျဖစ္လို႔ အမွတ္ေပးဇယားထိပ္ဆုံးမွာလည္း အေျပာင္းအလဲ ရွိလာႏိုင္ပါတယ္။ ဒီတစ္ပတ္မွာေတာ့ NP News ကေန ပရီးမီးယားလိဂ္အသင္းႀကီး(၅)သင္းရဲ႕ ပြဲစဥ္(၅)ယွဥ္ၿပိဳင္မႈေတြကို ပြဲႀကိဳသုံးသပ္ခ်က္အေနနဲ႔ တင္ဆက္ေပးသြားခ်င္ပါတယ္။

မန္စီးတီး Vs အာဆင္နယ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
မန္စီးတီး ဝ - ဝ အာဆင္နယ္ (၃၁-၃-၂၀၂၄)
အာဆင္နယ္ ၁ - ဝ မန္စီးတီး (၈-၁၀-၂၀၂၃)
မန္စီးတီး ၄ - ၁ အာဆင္နယ္ (၂၇-၄-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
မန္စီးတီး ၂ - ၁ အာဆင္နယ္
မန္စီးတီး ၃ - ၂ အာဆင္နယ္

အာဆင္နယ္အသင္းအတြက္ ဒီပြဲစဥ္က အေရးႀကီးတဲ့ပြဲစဥ္ျဖစ္သလို မန္စီးတီးအသင္းအတြက္လည္း ခ်န္ပီယံလမ္းေၾကာင္းအတြက္ အေရး ႀကီးတဲ့ ပြဲေကာင္းတစ္ပြဲျဖစ္လာမွာပါ။ လက္ရွိေျခစြမ္း ပိုင္းအရၾကည့္ရင္ မန္စီးတီးအသင္းက ရလဒ္ပိုင္း ေရာ စိတ္ဓာတ္ပိုင္းမွာပါ ပိုေကာင္းတဲ့အသင္းျဖစ္ၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကိုကာကြယ္ဖို႔ အေကာင္း ဆုံးအေနအထားမွာရွိေနပါတယ္။ မန္စီးတီးအသင္းရဲ႕ ကစားပုံမွာ ဒီႏွစ္ရာသီမွာ ပိုေကာင္းလာသလို တိုက္ စစ္ပိုင္းမွာလည္း ဟာလန္းက ဟက္ထရစ္(၂)ႀကိမ္ရ ရွိထားတဲ့အထိ ဂိုးျမဴးေနတဲ့ အေနအထားျဖစ္ၿပီး ဒီဘ ႐ိုင္း၊ ေဆးဗားလ္နဲ႔ ဂမ္ဒိုဂမ္တို႔အျပင္ ဖိုဒန္နဲ႔႐ိုဒရီသာ ထပ္ေပါင္းထည့္လိုက္ရင္ ကြင္းလယ္မွာေရာ တိုက္စစ္ မွာပါ ၿပီးျပည့္စုံတဲ့အေနအထားျဖစ္လာႏိုင္ပါတယ္။ ဟာလန္းအတြက္လည္း ဒီကစားသမားေတြသာ ပါ လာရင္ သြင္းဂိုးရဖို႔မခက္ခဲပါဘူး။ အာဆင္နယ္အသင္း မွာက်ေတာ့ ေဘးေတာင္ပံႏွစ္ဖက္မွာ ဆာကာနဲ႔ မာ တင္နယ္လီအျပင္ ေနာက္ထပ္ေ႐ြးခ်ယ္စရာ ထေရာ ဆက္တို႔ရွိေနေပမယ့္ ကြင္းလယ္ပိုင္းမွာ အိုဒီဂတ္က ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္ႏိုင္ခဲ့ျခင္းမရွိခဲ့ရင္ ေဂ်ာ္ ဂ်င္ဟို၊ ႐ိုက္စ္နဲ႔ ေသာမတ္ပါေတးတို႔ ပြဲထြက္လာခဲ့ရင္ မန္စီးတီးအသင္းရဲ႕ ကြင္းလယ္ပိုင္းကိုယွဥ္ထိန္းဖို႔ ျဖစ္ႏိုင္ပါ့မလားဆိုတဲ့ေမးခြန္းအျပင္ ဖန္တီးမႈပိုင္းမွာပါ အားနည္းသြားႏိုင္တာေၾကာင့္ အာဆင္နယ္အသင္းအ တြက္ မလြယ္ကူပါဘူး။ ဒါ့ျပင္ တိုက္စစ္ပိုင္းမွာလည္း အေထာင္တိုက္စစ္မႉး စစ္စစ္မရွိတာေၾကာင့္ သြင္းဂိုး ရရွိဖို႔ခက္ခဲေနတတ္တဲ့ အာဆင္နယ္အသင္းအတြက္ ဒီတစ္ႀကိမ္ မန္စီးတီးကို ရင္ဆိုင္ႏိုင္ဖို႔က ခက္ခဲလာ ႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ရာသီ ထိပ္တိုက္ေတြ႕ဆုံမႈ(၂)ႀကိမ္မွာေတာ့ အာဆင္နယ္အသင္းက တစ္ပြဲႏိုင္ တစ္ပြဲသေရက်ေအာင္ ကစားထားႏိုင္ခဲ့တာကိုေတြ႕ ရၿပီး ေျခစြမ္းကလည္း ဒီႏွစ္ရာသီထက္ ပိုေကာင္းေနတဲ့အခ်ိန္ျဖစ္ပါတယ္။ ဒါ့ျပင္ ေနာက္ တန္းခံစစ္မွာဆို ရင္လည္း မန္စီးတီးအသင္းက ေပးဂိုးပိုနည္းေပမယ့္ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ အာဆင္နယ္အသင္းရဲ႕ ေနာက္တန္းခံစစ္က ပိုေကာင္းတာကိုေတြ႕ရၿပီး ဘ႐ိုက္တန္အသင္းကို တစ္ေယာက္ေလ်ာ့အေနအ ထားနဲ႔ သေရက်ေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာေၾကာင့္ ခံစစ္ပိုင္းမွာ အာဆင္နယ္အသင္းက ပိုၿပီး ေကာင္းမြန္ ေနပါတယ္။ ဒါေပမဲ့ မန္စီးတီးအသင္းက ပြဲစဥ္တိုင္းမွာ အမွားကင္းကင္းနဲ႔ အေကာင္းဆုံးေက်ာ္ျဖတ္ျပေနၿပီး မႏွစ္ကရာသီထက္ ပိုၿပီးတည္ၿငိမ္တဲ့ ေျခစြမ္းလို႔လည္း ေျပာလို႔ရေနပါတယ္။ အာဆင္နယ္အသင္းကေတာ့ မႏွစ္ကရာသီရဲ႕ ေျခစြမ္းကိုမီဖို႔ အနည္းငယ္အခ်ိန္ ေပးရဖို႔ရွိေနၿပီး ကြင္းလယ္နဲ႔တိုက္စစ္မွာ စြမ္းေဆာင္ ရည္ပိုေကာင္းဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ ဒီႏွစ္ သင္းရဲ႕ရလဒ္ပိုင္းကို ခန႔္မွန္းရမယ္ဆိုရင္ေတာ့ မန္စီး တီးအသင္းက အိမ္ကြင္းျဖစ္တဲ့အျပင္ ေျခစြမ္းပိုင္းမွာ အာဆင္နယ္အသင္းထက္ ပိုေကာင္းေနၿပီး အာဆင္ နယ္အသင္းကေတာ့ ကြင္းလယ္ပိုင္းအားနည္းသြား မႈအျပင္ တိုက္စစ္ပိုင္းမွာလည္း သြင္းဂိုးရဖို႔ ႐ုန္းကန္ရ လာႏိုင္တာေၾကာင့္ မန္စီးတီးအသင္းက (၁)ဂိုးအသာ ေလာက္နဲ႔ အႏိုင္ယူသြားႏိုင္ပါတယ္။

ဝက္စ္ဟမ္း Vs ခ်ဲလ္ဆီး
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၅ - ဝ ဝက္စ္ဟမ္း (၅-၅-၂၀၂၄)
ဝက္စ္ဟမ္း ၃ - ၁ ခ်ဲလ္ဆီး (၁၁-၂-၂၀၂၃)
ဝက္စ္ဟမ္း ၁ - ၁ ခ်ဲလ္ဆီး (၁၄-၅-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ဝက္စ္ဟမ္း ၁ - ၃ ခ်ဲလ္ဆီး
ဝက္စ္ဟမ္း ၂ - ၂ ခ်ဲလ္ဆီး

ဒီႏွစ္သင္းရဲ႕ထိပ္တိုက္ေတြ႕ဆုံမႈက စိတ္ ဝင္စားစရာေကာင္းၿပီး လန္ဒန္ဒါဘီျဖစ္တာေၾကာင့္ ပြဲေကာင္းတစ္ပြဲျဖစ္လာဦးမွာေသခ်ာပါတယ္။ ထိပ္ တိုက္ေတြ႕ဆုံမႈပိုင္းမွာလည္း ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ အျပင္ သြင္းဂိုးေတြလည္း အမ်ားအျပား ျမင္ေတြ႕ရ ေလ့ရွိပါတယ္။ ဝက္စ္ဟမ္းအသင္းက ဒီႏွစ္ရာသီမွာ ေျခစြမ္းပိုင္းမွာ ေကာင္းတယ္လို႔လည္း ေျပာလို႔မရသ လို ညံ့တယ္လို႔လည္း ေျပာလို႔မရတဲ့အေနအထားပါ။ ဝက္စ္ဟမ္းအသင္းက နည္းျပသစ္လက္ထက္မွာ ေျခ စြမ္းပိုင္းသိသိသာသာေကာင္းမလာေသးတာမွန္ေပ မယ့္ ခ်ဲလ္ဆီးအသင္းနဲ႔ေတြ႕တိုင္း ဒုကၡေကာင္းေကာင္း ေပးတတ္တဲ့အသင္းျဖစ္တဲ့အျပင္ ႏိုင္ပြဲရေအာင္ပါ စြမ္းေဆာင္တတ္တာေၾကာင့္ ဒီပြဲစဥ္မွာလည္း ခ်ဲလ္ ဆီးအသင္းအေနနဲ႔ သတိထားရင္ဆိုင္ရမွာျဖစ္ပါ တယ္။ လက္ရွိေျခစြမ္းအရ ခ်ဲလ္ဆီးအသင္းဟာ လည္း လိုအပ္ခ်က္မ်ားစြာရွိေနေသးတဲ့အသင္းျဖစ္ ၿပီး နည္းျပနဲ႔ကစားသမားေတြရဲ႕ အခ်ိတ္အဆက္မီဖို႔ ဆိုရင္ အခ်ိန္ထပ္ေပးရဦးမယ့္သေဘာျဖစ္ပါတယ္။ ႏိုင္ပြဲရတယ္ဆိုရင္ေတာင္ ေျခစြမ္းပိုင္းမွာ အားရစရာ မရွိသလို ကစားကြက္အရလည္း အဆင္ေျပမေနေသး တာျဖစ္ပါတယ္။ ဒါ့ျပင္ တိုက္စစ္ဦးစားေပးကစား ဟန္ေၾကာင့္ တစ္ဖက္အသင္းရဲ႕ တန္ျပန္တိုက္စစ္ကို ရင္ဆိုင္ရခ်ိန္တိုင္း ဂိုးေပးရဖို႔မ်ားတဲ့ ကစားကြက္ အေနအထားကို ျပန္လည္ျပင္ဆင္ဖို႔လိုအပ္ေနသလို ကစားသမားေတြရဲ႕ လူမွန္ေနရာမွန္ကို ေနရာခ်ကစား ႏိုင္ဖို႔လည္း လိုအပ္ေနပါေသးတယ္။ ၿပီးခဲ့တဲ့ရာသီ ထိပ္တိုက္ေတြ႕ဆုံမႈႏွစ္ႀကိမ္မွာလည္း အိမ္ကြင္းမွာ ကန္ရတဲ့အသင္းက ပိုၿပီး ေျခစြမ္းေကာင္းသလို ဂိုးျပတ္ လည္းႏိုင္ေလ့ရွိတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ရလဒ္ပိုင္းကို ခန႔္မွန္းရရင္ အိမ္ကြင္းအားသာခ်က္ရွိတဲ့ ဝက္စ္ဟမ္းအသင္းကို ႏိုင္ဖို႔မလြယ္တာေၾကာင့္ ‌ခ်ဲလ္ ဆီးအသင္းအေနနဲ႔ ခက္ခက္ခဲခဲႏိုင္ပြဲရရွိေအာင္ ႐ုန္းကန္ရဖို႔ရွိေနၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ သေရက်သြားႏိုင္သလို ႏိုင္မယ္ဆိုရင္ေတာ့ ခ်ဲလ္ဆီး အသင္းက(၁)ဂိုးအသာေလာက္နဲ႔သာ ႏိုင္ပါမယ္။

လီဗာပူးလ္ Vs ဘုန္းေမာက္စ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ဘုန္းေမာက္စ္ ဝ - ၄ လီဗာပူးလ္ (၂၁-၁-၂၀၂၄)
လီဗာပူးလ္ ၃ - ၁ ဘုန္းေမာက္စ္ (၁၉-၈-၂၀၂၃)
ဘုန္းေမာက္စ္ ၁ - ဝ လီဗာပူးလ္ (၃-၁၁-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
လီဗာပူးလ္ ၂ - ဝ ဘုန္းေမာက္စ္
လီဗာပူးလ္ ၃ - ၁ ဘုန္းေမာက္စ္

လီဗာပူးလ္က ဒီရာသီမွာ မႏွစ္ကထက္ ပိုေကာင္းတဲ့ စတင္မႈေတြနဲ႔အတူ ေျခစြမ္းပိုင္း ေကာင္း မြန္ေနတဲ့အသင္းျဖစ္ပါတယ္။ နည္းျပသစ္လက္ထက္ ပထမဆုံးရာသီလို႔မထင္ရေလာက္ေအာင္ စြမ္းေဆာင္ ရည္ေကာင္းေတြျပသေနၿပီး ႏိုင္ပြဲေတြလည္း ရယူ ထားႏိုင္ခဲ့တာကိုေတြ႕ရပါတယ္။ လီဗာပူးလ္အသင္း ရဲ႕ အဓိကအားသာခ်က္ကေတာ့ တိုက္စစ္ပိုင္းနဲ႔ကြင္း လယ္အခ်ိတ္အဆက္ ေတာ္ေတာ္ေလးေကာင္းမြန္ တာပါ။ တိုက္စစ္ပိုင္းက ဆာလက္၊ လူးဝစ္ဒီရက္ဇ္နဲ႔ ဂ်ိဳတာတို႔အတြဲက သြင္းဂိုးေတြအတြက္ေရာ တန္ျပန္ တိုက္စစ္အျပင္ ဖန္တီးမႈအပိုင္းမွာပါ အကြက္ျမင္ျမင္နဲ႔ ေပးပို႔မႈေတြကို ျမင္ေတြ႕ရပါတယ္။ ကြင္းလယ္ပိုင္းမွာ လည္း ဆဘိုးစလိုင္းနဲ႔ မက္အလစၥတာတို႔ရဲ႕ အတြဲအ ဖက္က ဒီရာသီမွာ မန္စီးတီးကြင္းလယ္ထက္ပိုၿပီး တည္ၿငိမ္တာကိုေတြ႕ရၿပီး မန္ယူအသင္းကို ႏိုင္ခဲ့တဲ့ ပြဲစဥ္မွာ ရယူခဲ့တဲ့သြင္းဂိုးေတြက သူတို႔ႏွစ္ေယာက္ ဆီကေနအေျခခံၿပီး ဖန္တီးေပးမႈေတြကေနရရွိခဲ့တာ ကိုေတြ႕ရပါတယ္။ ဒါ့ျပင္ ကြင္းလယ္အဖ်က္ေနရာ က ဂရာဘန္ဘက္ရဲ႕ေျခစြမ္းေတြကလည္း လီဗာပူးလ္ အသင္းကို ပိုၿပီးမာေက်ာလာေစကာ ကြင္းလယ္နဲ႔ တိုက္စစ္ကို အခ်ိတ္အဆက္ပိုမိေစခဲ့တာျဖစ္ပါတယ္။ ဒီလိုလူစာရင္းနဲ႔ ေျခစြမ္းပိုင္းေတြကို ပိုင္ဆိုင္ထားတဲ့ လီဗာပူးလ္အသင္းအတြက္ ဒီႏွစ္ရာသီမွာ ပရီးမီး ယားလိဂ္ဖလားကိုေတာင္ စိန္ေခၚႏိုင္ဖို႔ အလားအ လာရွိၿပီး မန္စီးတီးအသင္းကို အနီးကပ္ဆုံးဖိအား ေပးႏိုင္မယ့္အသင္းလည္းျဖစ္ပါတယ္။ ဘုန္းေမာက္စ္ အသင္းကေတာ့ ဒီႏွစ္ရာသီမွာ ေျခစြမ္းပိုင္း ျပန္တက္ လာတဲ့အသင္းလို႔ ေျပာလို႔ရေနၿပီး ရာသီအစပြဲစဥ္ ေတြမွာ မန္ယူနဲ႔ခ်ဲလ္ဆီးအသင္းထက္ေတာင္ ရလဒ္ ပိုင္းပိုေကာင္းတဲ့အသင္းလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ အိမ္ကြင္းမွာ ေလွ်ာ့တြက္ မယ္ဆိုရင္ ေပးဆပ္မႈႀကီးသြားႏိုင္တဲ့အသင္းျဖစ္ပါ တယ္။ ဒါေၾကာင့္ ရလဒ္ပိုင္းကိုေျပာရရင္ လီဗာပူးလ္ က အိမ္ကြင္းျဖစ္တဲ့အျပင္ ေျခစြမ္းပိုင္းမွာေရာ လူစာ ရင္းပိုင္းမွာပါ အသာစီးရယူသြားႏိုင္ၿပီး (၂)ဂိုးအသာ ေလာက္နဲ႔ ႏိုင္ပြဲရယူသြားႏိုင္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ Vs မန္ယူ
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခရစၥတယ္ပဲေလ့စ္ ၄ - ဝ မန္ယူ (၇-၅-၂၀၂၄)
မန္ယူ ၁ - ၂ ခရစၥတယ္ပဲေလ့စ္ (၃၀-၉-၂၀ ၂၃)
မန္ယူ ၁ - ဝ ခရစၥတယ္ပဲေလ့စ္ (၂၇-၉-၂၀ ၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ခရစၥတယ္ပဲေလ့စ္ ၁ - ၁ မန္ယူ
ခရစၥတယ္ပဲေလ့စ္ ၂ - ၃ မန္ယူ

မန္ယူအသင္းအေနနဲ႔ ဒီပြဲစဥ္က ႏိုင္ပြဲရဖို႔ ထက္ ရႈံးေႂကြးျပန္ဆပ္ရဖို႔ အခြင့္အေရးတစ္ရပ္လို႔ ဆိုႏိုင္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ ရာသီမွာ ေနာက္ဆုံးေတြ႕ဆုံခဲ့တဲ့ (၂)ပြဲစလုံး မန္ယူ အသင္းက ခရစၥတယ္ပဲေလ့စ္အသင္းကို တစ္ပြဲမွ အႏိုင္မရခဲ့တဲ့အျပင္ တစ္ပြဲက(၄)ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီး တစ္ပြဲကေတာ့(၁)ဂိုးသာခြင့္ျပဳထားရပါတယ္။ ဒါ ေၾကာင့္ မန္ယူအသင္းအေနနဲ႔ ဒီႏွစ္ရာသီအေစာ ပိုင္းမွာ ရလဒ္ပိုင္းကိုမၾကည့္ဘဲ ရႈံးေႂကြးကို ျပန္ဆပ္ဖို႔ အာ႐ုံစိုက္လာႏိုင္ပါတယ္။ ႏွစ္သင္းလုံးရဲ႕ ေျခစြမ္းပိုင္း ကိုျပန္ၾကည့္ရင္ မန္ယူအသင္းက ရလဒ္ပိုင္းအရ ေက်နပ္စရာမရွိေပမယ့္ ခရစၥတယ္ပဲေလ့စ္အသင္းက ေျခစြမ္းပိုင္းအျပင္ အသင္းရဲ႕ အဓိက ကစားသမားေတြ ကို လက္လႊတ္ထားရတာေၾကာင့္ ပိုၿပီး႐ုန္းကန္ေနရ တဲ့အသင္းျဖစ္ပါတယ္။ ဒါေပမဲ့ ခရစၥတယ္ပဲေလ့စ္ အသင္းက ခ်ဲလ္ဆီးအသင္းကို သေရကန္ထားတာ ေၾကာင့္ မန္ယူအသင္းအေနနဲ႔လည္း ခက္ခက္ခဲခဲရင္ ဆိုင္ရဖို႔ရွိေနပါတယ္။ မန္ယူအသင္းဟာ ေနာက္ပိုင္း မွာ တိုက္စစ္က ဂိုးရဖို႔မလြယ္ေတာ့သလို ကြင္းလယ္ ပိုင္းနဲ႔ ေနာက္တန္းကစားသမားေတြရဲ႕အမွားေတြ ကေန ဂိုးေတြေပးေနရတာျဖစ္ပါတယ္။ ကတ္စီ မီ႐ိုးနဲ႔ကိုဘီေမးႏူးတို႔ရဲ႕ ေျခစြမ္းေတြကလည္း ကတ္စီ မီ႐ိုးက အမွားမ်ားလာသလို ကိုဘီေမးႏူးအေနနဲ႔ လည္း ပြဲထြက္ကစားဖို႔ ထိုက္တန္ေသးရဲ႕လားဆိုတာ ကလည္း ေမးခြန္းထုတ္စရာရွိလာပါတယ္။ နည္းျပ တန္းဟတ္အေနနဲ႔လည္း ကစားသမားေတြရဲ႕ အနိမ့္ အျမင့္ကိုသာ မသုံးသပ္ႏိုင္ခဲ့ရင္ ရလဒ္ပိုင္းလည္း ထူးမျခားနားျဖစ္ေနဦးမွာပါ။ ဒါေၾကာင့္ ဒီႏွစ္သင္းရဲ႕ ပြဲစဥ္ကိုခန႔္မွန္းရရင္ ခရစၥတယ္ပဲေလ့စ္အသင္းက အိမ္ကြင္းျဖစ္ေပမယ့္ မန္ယူအသင္းက ရလဒ္ပိုင္းဆိုး ႐ြားမႈေတြေၾကာင့္ ဒီပြဲစဥ္ကို မျဖစ္မေန အႏိုင္ကန္ၿပီး ရမွတ္(၃)မွတ္ အျပည့္ယူသြားႏိုင္ပါတယ္။ ဂိုးေတာ့ မျပတ္ပါဘူး။

စပါးစ္ Vs ဘရန္းဖို႔ဒ္
ပရီးမီးယားလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
စပါးစ္ ၃ - ၂ ဘရန္းဖို႔ဒ္ (၁-၂-၂၀၂၄)
ဘရန္းဖို႔ဒ္ ၂ - ၂ စပါးစ္ (၁၃-၈-၂၀၂၃)
စပါးစ္ ၃ - ၂ ဘရန္းဖို႔ဒ္ (၂၀-၅-၂၀၂၃)
The Statesman အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
စပါးစ္ ၃- ၂ ဘရန္းဖို႔ဒ္
စပါးစ္ ၂ - ၂ ဘရန္းဖို႔ဒ္

စပါးစ္အသင္းက မႏွစ္ကရာသီနဲ႔ယွဥ္ရင္ ေျခစြမ္းပိုင္း က်ဆင္းသြားတယ္လို႔ ေျပာလို႔ရပါတယ္။ မႏွစ္ကနည္းျပသစ္လက္ထက္မွာ တိုက္စစ္ကစား ဟန္ေကာင္းခဲ့တဲ့အျပင္ တစ္သင္းလုံးအတက္ အ ဆင္းမွန္မွန္ကစားခဲ့တဲ့ စပါးစ္အသင္းအေနနဲ႔ ဒီႏွစ္ရာ သီမွာေတာ့ တိုက္စစ္ပိုင္းမွာ ဂိုးရဖို႔မခက္ဘူးဆိုေပမယ့္ ကြင္းလယ္နဲ႔ တိုက္စစ္ခ်ိတ္ဆက္မႈအပိုင္းမွာအား နည္းသလို ေနာက္တန္းခံစစ္မွာလည္း လိုအပ္ခ်က္ ေတြရွိေနပါတယ္။ အဓိကအခ်က္ေတာ့ ေနာက္တန္း ကစားသမားေတြရဲ႕ ၾကမ္းၾကမ္းတမ္းတမ္းျဖတ္ထုတ္ ကစားတတ္တဲ့အက်င့္က ပြဲတိုင္းမေကာင္းႏိုင္တဲ့ အ ျပင္ တိုက္စစ္အထိလိုက္ပါလြန္းတာေၾကာင့္ တန္ျပန္ တိုက္စစ္ကေန ဂိုးေတြမ်ားစြာျပန္ေပးလိုက္ရတာမ်ိဳးေတြရွိလာပါတယ္။ ဘရန္းဖို႔ဒ္အသင္းကေတာ့ စပါးစ္ အသင္းထက္ပိုေကာင္းတဲ့ စြမ္းေဆာင္ရည္ပိုင္းကို ရာသီအစပြဲစဥ္ေတြမွာျပသထားၿပီး ကစားပုံေကာင္း သလို ေဘာလုံးျဖတ္ထုတ္မႈအားေကာင္းတဲ့အသင္းတစ္သင္းလည္းျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈ ေတြအရလည္း ဘရန္းဖို႔ဒ္အသင္းက စပါးစ္အသင္းကို (၂၀၂၁) ခုႏွစ္ကတည္းကေန လက္ရွိ (၂၀၂၄-၂၀၂၅) ေဘာလုံးရာသီအထိ ပြဲေပါင္း(၆)ပြဲေတြ႕ဆုံ ရာမွာ တစ္ပြဲသာႏိုင္ခဲ့တာကိုေတြ႕ရၿပီး စပါးစ္အသင္း က (၂)ပြဲႏိုင္ထားကာ(၃)ပြဲသေရက်ထားတာကိုေတြ႕ရ ပါတယ္။ စပါးစ္အသင္းက အိမ္ကြင္းမွာဆိုရင္ ဘရန္း ဖို႔ဒ္ကို ႏိုင္ပြဲပိုရတတ္တာေၾကာင့္ ဒီပြဲစဥ္က စပါးစ္အ သင္းကႏိုင္ဖို႔မ်ားေပမယ့္ အျပန္အလွန္ သြင္းဂိုးေတြနဲ႔ အတူ သေရလည္းက်သြားႏိုင္ပါတယ္။
၂၁ -၉-၂၀၂၄ (စေနေန႔ညပိုင္း)
ည (၆းဝဝ) ဝက္စ္ဟမ္း Vs ခ်ဲလ္ဆီး
ည (၈း၃၀) လီဗာပူးလ္ Vs ဘုန္းေမာက္စ္
ည (၈း၃၀) စပါးစ္ Vs ဘရန္းဖို႔ဒ္
ည (၁၁းဝဝ) ခရစၥတယ္ပဲေလ့စ္ Vs မန္ယူ

၂၂-၉-၂၀၂၄ (တနဂၤေႏြေန႔ညပိုင္း)
ည(၁၀းဝဝ) မန္စီးတီး Vs အာဆင္နယ္

Related news

© 2021. All rights reserved.