အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ

 179

Pika (NP News) - စက်တင်ဘာ ၂ဝ

တောင်ကိုရီးယား နာမည်ကျော်အမျိုးသမီး အဆိုတော်အဖွဲ့ Blackpink ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျင်းနီသည် ၎င်း၏အေဂျင်စီ OA (Odd Atelier) နှင့်ပူးပေါင်းကာ တစ်ကိုယ်တော်အနုပညာရှင်အဖြစ် အမေရိကန် အသံသွင်းအဖွဲ့အစည်း Columbia Records နှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဂျင်းနီ၏ တစ်ကိုယ်တော်သီချင်းကို လာမည့် အောက်တိုဘာလတွင် ဖြန့်ချိသွားမည်ဖြစ်ကြောင်း OA အေဂျင်စီက စက်တင်ဘာလ (၉) ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဂျင်းနီ၏ နောက်ဆုံးထွက်ရှိထားသော တစ်ကိုယ်တော်သီချင်းမှာ (၂၀၂၃) ခုနှစ် အောက်တို ဘာလတွင် ထွက်ရှိခဲ့သော You & Me သီချင်းဖြစ်ကြောင်းသိရသည်။ Columbia Records နှင့် လက်မှတ်ရေးထိုးခဲ့သော အခြားနာမည်ကြီး အနုပညာရှင်များထဲတွင် ဘီယွန်ဆေး၊ ဟယ်ရီစတိုင်နှင့် Adele တို့ပါဝင်ကြောင်းလည်းသိရသည်။ ပြီးခဲ့သည့်နှစ်တွင် အသက်(၂၈) နှစ်အရွယ် ဂျင်းနီသည် HBO စီးရီး The Idol တွင် The Weeknd ၊ Lily-Rose Depp တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၎င်း၏သရုပ် ဆောင်လုပ်ငန်းကို စတင်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် Blackpink အဖွဲ့ဝင် အားလုံးသည် တစ်ကိုယ်တော်ခရီးများကို စတင်နေကြကြောင်းလည်း သိရသည်။

အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျီဆိုးသည် Newtopia အမည်ရှိ ဇွန်ဘီးဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ရန်စီစဉ်ထားပြီး လီဆာက စပိန် အဆို တော် Rosalia နှင့်ပူးပေါင်းထားသည့် New Wo- man သီချင်းကိုမကြာသေးမီက ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။ ထို့ပြင် လီဆာသည် HBO စီးရီး The White Lotus season 3 တွင် ပါဝင်သရုပ်ဆောင်သွား မည်ဖြစ်ကြောင်းလည်းသိရသည်။ အခြားအဖွဲ့ ဝင်တစ်ဦးဖြစ်သူ Roseန သည် The Black Label ကုမ္ပဏီ နှင့်အတူ စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီချက် အသစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး သီချင်းအသစ်များကို ဖန်တီးလျက်ရှိကြောင်းလည်း သိရသည်။

zawgyi version
ေအာက္တိုဘာလမွာ တစ္ကိုယ္ေတာ္သီခ်င္း ထပ္မံထြက္ရွိလာမယ့္ Blackpink အဖြဲ႕ဝင္ ဂ်င္းနီ
Pika (NP News) - စက္တင္ဘာ ၂ဝ

ေတာင္ကိုရီးယား နာမည္ေက်ာ္အမ်ိဳးသမီး အဆိုေတာ္အဖြဲ႕ Blackpink ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်င္းနီသည္ ၎၏ေအဂ်င္စီ OA (Odd Atelier) ႏွင့္ပူးေပါင္းကာ တစ္ကိုယ္ေတာ္အႏုပညာရွင္အျဖစ္ အေမရိကန္ အသံသြင္းအဖြဲ႕အစည္း Columbia Records ႏွင့္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ဂ်င္းနီ၏ တစ္ကိုယ္ေတာ္သီခ်င္းကို လာမည့္ ေအာက္တိုဘာလတြင္ ျဖန႔္ခ်ိသြားမည္ျဖစ္ေၾကာင္း OA ေအဂ်င္စီက စက္တင္ဘာလ (၉) ရက္ ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ဂ်င္းနီ၏ ေနာက္ဆုံးထြက္ရွိထားေသာ တစ္ကိုယ္ေတာ္သီခ်င္းမွာ (၂၀၂၃) ခုႏွစ္ ေအာက္တို ဘာလတြင္ ထြက္ရွိခဲ့ေသာ You & Me သီခ်င္းျဖစ္ေၾကာင္းသိရသည္။ Columbia Records ႏွင့္ လက္မွတ္ေရးထိုးခဲ့ေသာ အျခားနာမည္ႀကီး အႏုပညာရွင္မ်ားထဲတြင္ ဘီယြန္ေဆး၊ ဟယ္ရီစတိုင္ႏွင့္ Adele တို႔ပါဝင္ေၾကာင္းလည္းသိရသည္။ ၿပီးခဲ့သည့္ႏွစ္တြင္ အသက္(၂၈) ႏွစ္အ႐ြယ္ ဂ်င္းနီသည္ HBO စီးရီး The Idol တြင္ The Weeknd ၊ Lily-Rose Depp တို႔ႏွင့္အတူ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ၎၏သ႐ုပ္ ေဆာင္လုပ္ငန္းကို စတင္ခဲ့ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ Blackpink အဖြဲ႕ဝင္ အားလုံးသည္ တစ္ကိုယ္ေတာ္ခရီးမ်ားကို စတင္ေနၾကေၾကာင္းလည္း သိရသည္။

အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ဂ်ီဆိုးသည္ Newtopia အမည္ရွိ ဇြန္ဘီးဇာတ္ကားတြင္ ပါဝင္ သ႐ုပ္ေဆာင္ရန္စီစဥ္ထားၿပီး လီဆာက စပိန္ အဆို ေတာ္ Rosalia ႏွင့္ပူးေပါင္းထားသည့္ New Wo- man သီခ်င္းကိုမၾကာေသးမီက ထုတ္လႊင့္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ လီဆာသည္ HBO စီးရီး The White Lotus season 3 တြင္ ပါဝင္သ႐ုပ္ေဆာင္သြား မည္ျဖစ္ေၾကာင္းလည္းသိရသည္။ အျခားအဖြဲ႕ ဝင္တစ္ဦးျဖစ္သူ Roseန သည္ The Black Label ကုမၸဏီ ႏွင့္အတူ စီမံခန႔္ခြဲမႈဆိုင္ရာ သေဘာတူညီခ်က္ အသစ္ကို လက္မွတ္ေရးထိုးခဲ့ၿပီး သီခ်င္းအသစ္မ်ားကို ဖန္တီးလ်က္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.