ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်

 4468

NP News - စက်တင်ဘာ ၂ဝ

ရေဘေးသင့် ပြည်သူများကို လှူဒါန်းရန်အတွက် လေလံတင်သော ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅၀၀ ဖြင့် လေလံအောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ လေလံအခမ်းအနားကို စက်တင်ဘာလ ၂ဝ ရက် နံနက်ပိုင်း ၁ဝ နာရီအချိန်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူလက်ဝှေ့အားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ လုပ်ငန်းရှင်တစ်ဦးက အထက်ပါအတိုင်း ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။

တန်ဖိုးထားမြတ်နိုးသည့် ခါးပတ်ဖြစ်သော်လည်း ရေဘေးသင့်ပြည်သူများ နှင့် ယှဥ်လာသောအခါ ခံနိုင်ရည်မရှိတော့သောကြောင့် လေလံပွဲကိုကျင်းပ ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ထွန်းထွန်းမင်းက ၎င်း၏လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ်အကောင့်တွင် စတင်လေလံတင်မည်ဖြစ်ကြောင်း အသိပေးစဉ်က ရေးသားထားသည်။

ယခုလေလံပွဲကို စေတနာရှင်များက ဖုန်းဖြင့်ဆက်သွယ်ခြင်း(သို့မဟုတ်) ထွန်းထွန်းမင်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် အကောင့်တွင် စာပေးပို့ခြင်း၊ မှတ်ချက်ပေးခြင်းဖြင့် စိတ်အားထက်သန်စွာ လေလံဆွဲကြကြောင်း တွေ့မြင်ရသည်။ ရရှိသောငွေကိုလည်း ရေဘေးသင့်ပြည်သူများအတွက် တပြားမကျန်လှူဒါန်းသွားမည်ဖြစ်ကာ မီဒီယာရှေ့မှောက်တွင် အတိအလင်း လှူဒါန်းမည်ဟုလည်း ထွန်းထွန်းမင်းက ပြောကြားထားသည်။

zawgyi version
ထြန္းထြန္းမင္း၏ ျမန္မာ့လက္ေဝွ႔ကမာၻ႔ ခ်န္ပီယံခါးပတ္ကို လုပ္ငန္းရွင္တစ္ဦးက က်ပ္သိန္း (၅ဝဝ)ျဖင့္ ေလလံေအာင္
NP News - စက္တင္ဘာ ၂ဝ

ေရေဘးသင့္ ျပည္သူမ်ားကို လႉဒါန္းရန္အတြက္ ေလလံတင္ေသာ ထြန္းထြန္းမင္း၏ ျမန္မာ့လက္ေဝွ႔ကမာၻ႔ခ်န္ပီယံခါးပတ္ကို လုပ္ငန္းရွင္တစ္ဦးက က်ပ္သိန္း (၅၀၀ ျဖင့္ ေလလံေအာင္သြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေလလံအခမ္းအနားကို စက္တင္ဘာလ ၂ဝ ရက္ နံနက္ပိုင္း ၁ဝ နာရီအခ်ိန္က ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ၫြန႔္ၿမိဳ႕နယ္ရွိ သိမ္ျဖဴလက္ေဝွ႔အားကစားကြင္းတြင္ျပဳလုပ္ခဲ့ရာ လုပ္ငန္းရွင္တစ္ဦးက အထက္ပါအတိုင္း က်ပ္သိန္း (၅ဝဝ)ျဖင့္ ေလလံေအာင္ခဲ့ျခင္းျဖစ္သည္။

တန္ဖိုးထားျမတ္ႏိုးသည့္ ခါးပတ္ျဖစ္ေသာ္လည္း ေရေဘးသင့္ျပည္သူမ်ား ႏွင့္ ယွဥ္လာေသာအခါ ခံႏိုင္ရည္မရွိေတာ့ေသာေၾကာင့္ ေလလံပြဲကိုက်င္းပ ျပဳလုပ္ျခင္းျဖစ္သည္ဟုလည္း ထြန္းထြန္းမင္းက ၎၏လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္အေကာင့္တြင္ စတင္ေလလံတင္မည္ျဖစ္ေၾကာင္း အသိေပးစဥ္က ေရးသားထားသည္။

ယခုေလလံပြဲကို ေစတနာရွင္မ်ားက ဖုန္းျဖင့္ဆက္သြယ္ျခင္း(သို႔မဟုတ္) ထြန္းထြန္းမင္း၏ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ အေကာင့္တြင္ စာေပးပို႔ျခင္း၊ မွတ္ခ်က္ေပးျခင္းျဖင့္ စိတ္အားထက္သန္စြာ ေလလံဆြဲၾကေၾကာင္း ေတြ႕ျမင္ရသည္။ ရရွိေသာေငြကိုလည္း ေရေဘးသင့္ျပည္သူမ်ားအတြက္ တျပားမက်န္လႉဒါန္းသြားမည္ျဖစ္ကာ မီဒီယာေရွ႕ေမွာက္တြင္ အတိအလင္း လႉဒါန္းမည္ဟုလည္း ထြန္းထြန္းမင္းက ေျပာၾကားထားသည္။

Related news

© 2021. All rights reserved.